YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 13:10-17

ရှင်မဿဲခရစ်ဝင် 13:10-17 MSBU

ထို့နောက် တပည့်​တော်​တို့​သည် ချဉ်းကပ်​လာ​၍ “ကိုယ်တော်​သည် အဘယ်ကြောင့် သူ​တို့​အား ပုံ​ဥပမာ​များ​ဖြင့် မြွက်ဆို​တော်မူ​သနည်း”​ဟု မေးလျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​အား ကောင်းကင်​နိုင်ငံ​တော်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​များ​ကို သိ​ခွင့်​ပေး​ထား​သော်လည်း သူ​တို့​ကို​မူကား သိ​ခွင့်​မ​ပေး​ထား​သောကြောင့်​ဖြစ်​၏။ အကြောင်းမှာ ရှိ​သော​သူ​အား ထပ်၍​ပေး​သဖြင့် သူ​သည် ကြွယ်ဝ​ပြည့်စုံ​လိမ့်မည်။ မ​ရှိ​သော​သူ​ထံမှ​မူကား သူ​၌​ရှိ​သော​အရာ​ကိုပင် သိမ်းယူ​လိမ့်မည်။ ဤ​အကြောင်း​ကြောင့် ငါ​သည် သူ​တို့​အား ပုံ​ဥပမာ​များ​ဖြင့်​မြွက်ဆို​ရ​၏။ အဘယ်ကြောင့်​ဆိုသော် သူ​တို့​သည် မြင်​လျက်​ပင်​မ​မြင်၊ ကြား​လျက်​ပင်​မ​ကြား၊ နား​လည်း​မ​လည်​ကြ​သောကြောင့်​ဖြစ်​၏။ ဤသို့ဖြင့် ဟေရှာယ​၏​ပရောဖက်ပြု​ဟောပြော​ချက်​သည် သူ​တို့​၌ ပြည့်စုံ​ခြင်း​သို့​ရောက်​လေ​၏။ ဟောပြော​ချက်​ကား ‘သင်​တို့​သည် ကြား​လျက်​ပင် လုံးဝ​နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်မည်။ မြင်​လျက်​ပင် လုံးဝ​သတိ​မ​မူ​ဘဲ မြင်​ကြ​လိမ့်မည်။ အကြောင်းမူကား ဤ​လူ​တို့​၏​စိတ်နှလုံး​သည် ထုံထိုင်း​လျက်​၊ နား​သည်​လည်း လေး​လျက်​၊ မျက်စိ​သည်​လည်း ပိတ်​လျက်​ရှိ​ကြ​၏။ သို့မဟုတ်​လျှင် သူ​တို့​သည် မျက်စိ​ဖြင့်​မြင်​လျက် ၊ နား​ဖြင့်​ကြား​လျက်​၊စိတ်နှလုံး​ဖြင့်​နားလည်​ကာ ပြောင်းလဲ​ကြ​သဖြင့် ငါ​သည် သူ​တို့​ကို​ကျန်းမာ​စေ​ရ​မည်’ဟူ၍​ဖြစ်​၏။ သို့သော် သင်​တို့​၏​မျက်စိ​သည်​မြင်​၍ သင်​တို့​၏​နား​သည်​လည်း ကြား​သောကြောင့် မင်္ဂလာရှိ​၏။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား များစွာ​သော​ပရောဖက်​တို့​နှင့် ဖြောင့်မတ်​သော​သူ​တို့​သည် သင်​တို့​မြင်​နေ​ရ​သော​အရာ​တို့​ကို​မြင်​ရ​ရန်အလွန်​အလို​ရှိ​သော်လည်း မ​မြင်​ခဲ့​ရ​ကြ​ပေ။ သင်​တို့​ကြား​နေ​ရ​သော​အရာ​တို့​ကို​ကြား​ရ​ရန် အလွန်​အလို​ရှိ​သော်လည်းမ​ကြား​ခဲ့​ရ​ကြ​ပေ။