YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 12:1-8

ရှင်မဿဲ 12:1-8 Judson Bible (JBMLE)

ထို​ကာ​လ​အ​ခါ ယေ​ရှု​သည် ဥ​ပုသ်​နေ့၌ ဂျုံ​စ​ပါး​လယ်​ကွက်​တို့​ကို လျှောက်​ကြွ​တော်​မူ​လျှင်၊ တ​ပည့်​တော်​တို့​သည် ဆာ​မွတ်​သော​ကြောင့် စ​ပါး​အ​သီး​အ​နှံ​ကို ဆွတ်၍​စား​ကြ၏။- ဖာ​ရိ​ရှဲ​တို့​သည် မြင်​လျှင်၊ ကိုယ်​တော်၏ တ​ပည့်​တို့​သည် ဥ​ပုသ်​နေ့၌ မ​ပြု​အပ်​သော​အ​မှု​ကို ပြု​ကြ​ပါ​သည် တ​ကား​ဟု လျှောက်​ကြ​သော်၊- ကိုယ်​တော်​က ဒါ​ဝိဒ်​သည် မိ​မိ​အ​ဖော်​တို့​နှင့်​တ​ကွ မွတ်​သိပ်​သော​အ​ခါ၊- ဘု​ရား​သ​ခင်၏ အိမ်​တော်​သို့​ဝင်၍ မိ​မိ​မ​စား​အပ်၊ မိ​မိ​အ​ဖော်​မ​စား​အပ်၊ ယဇ်​ပု​ရော​ဟိတ်​တို့​သာ စား​အပ်​သော ရှေ့​တော်​မုန့်​ကို စား​သည်​အ​ကြောင်း​ကို သင်​တို့​သည် မ​ဖတ်​ဖူး​သ​လော။- ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း ဗိ​မာန်​တော်​တွင် ဥ​ပုသ်​နေ့၌ ဥ​ပုသ်​ပျက်​သော်​လည်း၊ အ​ပြစ်​မ​သင့်​သည်​ကို ပ​ည​တ္တိ​ကျမ်း၌ မ​ဖတ်​ဖူး​သ​လော။- ငါ​ဆို​သည်​ကား၊ ဤ​အ​ရပ်၌ ဗိ​မာန်​တော်​ထက်​သာ၍ ကြီး​မြတ်​သော​အ​ရာ​ရှိ၏။- ယဇ်​ပူ​ဇော်​ခြင်း​အ​ကျင့်​ထက် သ​နား​ခြင်း​က​ရု​ဏာ​အ​ကျင့်​ကို ငါ​နှစ်​သက်၏​ဟူ​သော ကျမ်း​စ​ကား​ကို သင်​တို့​သည် နား​လည်​လျှင်၊ အ​ပြစ်​ကင်း​သော​သူ​တို့​ကို အ​ပြစ်​မ​တင် မ​စီ​ရင်​ကြ​ပြီ။- လူ​သား​သည် ဥ​ပုသ်​နေ့​ကို အ​စိုး​ရ​သည်​ဟု မိန့်​တော်​မူ၏။

ရှင်မဿဲ 12:1-8 Common Language Bible (BCL)

ထို​နောက်​များ​မ​ကြာ​မီ​ဥ​ပုသ်​နေ့​၌​သ​ခင် ယေ​ရှု​သည် ဂျုံ​ခင်း​တို့​ကို​ဖြတ်​၍​ကြွ​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​ဆာ​လောင်​မွတ်​သိပ်​သ​ဖြင့် ဂျုံ​နှံ​များ​ကို​ဆွတ်​ခူး​၍​စား​ကြ​၏။- ဤ​အ​ခြင်း​အ​ရာ​ကို​ဖာ​ရိ​ရှဲ​တို့​မြင်​လျှင် ``ကြည့် ပါ။ ကိုယ်​တော်​၏​တ​ပည့်​များ​သည်​ဥ​ပုသ်​နေ့​၌​မ​ပြု အပ်​သော​အ​မှု​ကို​ပြု​နေ​ကြ​ပါ​သည်​တ​ကား'' ဟု​ဆို​ကြ​၏။ ကိုယ်​တော်​က ``ဒါ​ဝိဒ်​မင်း​သည်​မိ​မိ​နှင့်​အ​ဖော်​တို့ ဆာ​လောင်​မွတ်​သိပ်​သော​အ​ခါ​အ​ဘယ်​သို့​ပြု​ခဲ့ ကြောင်း သင်​တို့​တစ်​ခါ​မျှ​မ​ဖတ်​ဖူး​ပါ​သ​လော။- သူ​နှင့်​သူ့​အ​ဖော်​တို့​သည်​ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​သို့​ဝင်​၍ ယဇ်​ပု​ရော​ဟိတ်​များ​သာ စား​အပ်​သော​ရှေ့​တော်​မုန့်​ကို​စား​ဖူး​သည် မ​ဟုတ်​လော။- ထို​မှ​တစ်​ပါး​ဗိ​မာန်​တော်​တွင်​ယဇ်​ပု​ရော​ဟိတ် တို့​သည် ဥ​ပုသ်​နေ့​ဆိုင်​ရာ​ပ​ညတ်​ကို​ချိုး​ဖောက် သော်​လည်း​အ​ပြစ်​မ​သင့်​ကြောင်း မော​ရှေ​၏ ပ​ညတ်​ကျမ်း​တွင်​မ​ဖတ်​ဖူး​ကြ​ပါ​သ​လော။- ဤ​အ​ရပ်​တွင်​ဗိ​မာန်​တော်​ထက်​ကြီး​မြတ်​သော အ​ရာ​ရှိ​၏​ဟု​သင်​တို့​အား​ငါ​ဆို​၏။- `ငါ​သည်​သ​နား​ကြင်​နာ​ခြင်း​ကို​ယဇ်​ပူ​ဇော်​ခြင်း ထက်​ပို​၍​နှစ်​သက်​၏' ဟု​ကျမ်း​စ​ကား​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​နား​လည်​ပါ​မူ သင်​တို့​သည်​အ​ပြစ် မ​ရှိ​သူ​များ​ကို​ပြစ်​တင်​ရှုတ်​ချ​ကြ​လိမ့်​မည် မ​ဟုတ်။- လူ​သား​သည်​ဥ​ပုသ်​နေ့​၏​အ​ရှင်​ဖြစ်​သည်'' ဟု မိန့်​တော်​မူ​၏။

ရှင်မဿဲ 12:1-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​အချိန်အခါ​တွင် ယေရှု​သည် ဥပုသ်နေ့​၌ ဂျုံခင်း​များ​ကို​ဖြတ်​လျက်​ကြွ​တော်မူ​ရာ တပည့်​တော်​တို့​သည် ဆာလောင်​သောကြောင့် ဂျုံနှံ​များ​ကို ဆွတ်ခူး​၍ စား​ကြ​၏။ ဖာရိရှဲ​တို့​သည် ထို​အခြင်းအရာ​ကို​မြင်​လျှင် “သင်​၏​တပည့်​တို့​သည် ဥပုသ်နေ့​၌​ပြု​ခွင့်​မ​ရှိ​သော​အရာ​ကို ပြု​နေ​ကြ​ပါ​သည်​တကား”​ဟု ကိုယ်တော်​အား လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“ဒါဝိဒ်​သည် သူ​မှစ၍ သူ​နှင့်အတူ​ရှိ​သော​သူ​တို့​ဆာလောင်​ကြ​သောအခါ မည်သည့်​အရာ​ပြု​ခဲ့​သည်​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​သလော။ သူ​သည် ဘုရားသခင်​၏​အိမ်​တော်​သို့​ဝင်​၍ ယဇ်ပုရောဟိတ်​များ​မှတစ်ပါး သူ​ကိုယ်တိုင်​ရော သူ​နှင့်အတူ​ရှိ​သော​သူ​တို့​ပါ စား​ခွင့်​မ​ရှိ​သော​ရှေ့​တော်​မုန့်​ကို စား​ခဲ့​ကြ​၏။ ထို့ပြင် ဥပုသ်နေ့​တွင် ဗိမာန်​တော်​၌​ရှိ​သော ယဇ်ပုရောဟိတ်​များ​သည် ဥပုသ်နေ့​ဆိုင်ရာ​ပညတ်ချက်​ကို​ချိုးဖောက်​ကြ​သော်လည်း အပြစ်​မ​ရှိ​ကြောင်း ပညတ်​တရား​ကျမ်း​၌ မ​ဖတ်​ဖူး​ကြ​သလော။ သင်​တို့​အား ငါ​ဆို​သည်​ကား ဗိမာန်​တော်​ထက်​ကြီးမြတ်​သော​သူ​သည် ဤ​နေရာ​၌​ရှိ​၏။ ‘ငါ​သည် ယဇ်​ပူဇော်​ခြင်း​ကို​မ​ဟုတ်​ဘဲ ကရုဏာ​ကို အလိုရှိ​၏’ဟူသော​ကျမ်း​စကား​သည် မည်သည့်​အရာ​ကို​ဆိုလို​ကြောင်း သင်​တို့​သိ​ခဲ့​လျှင် အပြစ်​မ​ရှိ​သော​သူ​တို့​ကို ပြစ်တင်​ရှုတ်ချ​ခဲ့​ကြ​လိမ့်မည်​မ​ဟုတ်။ အကြောင်းမူကား လူ့သား​သည် ဥပုသ်နေ့​၏​အရှင်​သခင်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။