YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 12:1-8

ရှင်မဿဲခရစ်ဝင် 12:1-8 MSBU

ထို​အချိန်အခါ​တွင် ယေရှု​သည် ဥပုသ်နေ့​၌ ဂျုံခင်း​များ​ကို​ဖြတ်​လျက်​ကြွ​တော်မူ​ရာ တပည့်​တော်​တို့​သည် ဆာလောင်​သောကြောင့် ဂျုံနှံ​များ​ကို ဆွတ်ခူး​၍ စား​ကြ​၏။ ဖာရိရှဲ​တို့​သည် ထို​အခြင်းအရာ​ကို​မြင်​လျှင် “သင်​၏​တပည့်​တို့​သည် ဥပုသ်နေ့​၌​ပြု​ခွင့်​မ​ရှိ​သော​အရာ​ကို ပြု​နေ​ကြ​ပါ​သည်​တကား”​ဟု ကိုယ်တော်​အား လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“ဒါဝိဒ်​သည် သူ​မှစ၍ သူ​နှင့်အတူ​ရှိ​သော​သူ​တို့​ဆာလောင်​ကြ​သောအခါ မည်သည့်​အရာ​ပြု​ခဲ့​သည်​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​သလော။ သူ​သည် ဘုရားသခင်​၏​အိမ်​တော်​သို့​ဝင်​၍ ယဇ်ပုရောဟိတ်​များ​မှတစ်ပါး သူ​ကိုယ်တိုင်​ရော သူ​နှင့်အတူ​ရှိ​သော​သူ​တို့​ပါ စား​ခွင့်​မ​ရှိ​သော​ရှေ့​တော်​မုန့်​ကို စား​ခဲ့​ကြ​၏။ ထို့ပြင် ဥပုသ်နေ့​တွင် ဗိမာန်​တော်​၌​ရှိ​သော ယဇ်ပုရောဟိတ်​များ​သည် ဥပုသ်နေ့​ဆိုင်ရာ​ပညတ်ချက်​ကို​ချိုးဖောက်​ကြ​သော်လည်း အပြစ်​မ​ရှိ​ကြောင်း ပညတ်​တရား​ကျမ်း​၌ မ​ဖတ်​ဖူး​ကြ​သလော။ သင်​တို့​အား ငါ​ဆို​သည်​ကား ဗိမာန်​တော်​ထက်​ကြီးမြတ်​သော​သူ​သည် ဤ​နေရာ​၌​ရှိ​၏။ ‘ငါ​သည် ယဇ်​ပူဇော်​ခြင်း​ကို​မ​ဟုတ်​ဘဲ ကရုဏာ​ကို အလိုရှိ​၏’ဟူသော​ကျမ်း​စကား​သည် မည်သည့်​အရာ​ကို​ဆိုလို​ကြောင်း သင်​တို့​သိ​ခဲ့​လျှင် အပြစ်​မ​ရှိ​သော​သူ​တို့​ကို ပြစ်တင်​ရှုတ်ချ​ခဲ့​ကြ​လိမ့်မည်​မ​ဟုတ်။ အကြောင်းမူကား လူ့သား​သည် ဥပုသ်နေ့​၏​အရှင်​သခင်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။