YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 10:16-33

ရှင်မဿဲ 10:16-33 Judson Bible (JBMLE)

တော​ခွေး​စု​ထဲ​သို့ သိုး​တို့​ကို စေ​လွှတ်​သ​ကဲ့​သို့ သင်​တို့​ကို ငါ​စေ​လွှတ်၏။ ထို​ကြောင့် သင်​တို့​သည် မြွေ​ကဲ့​သို့ လိ​မ္မာ​လျက်၊ ချိုး​ငှက်​ကဲ့​သို့ အ​ဆိပ်​ကင်း​လျက် ရှိ​ကြ​လော့။- လူ​တို့​ကို သ​တိ​ပြု​ကြ။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ကို လွှတ်​ရုံး​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ တ​ရား​ဇ​ရပ်​တို့၌ ရိုက်​ကြ​လိမ့်​မည်။- ထို​သူ​တို့​မှ​စ၍ တစ်​ပါး​အ​မျိုး​သား​တို့​အား သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ၊ မြို့​ဝန်​မင်း၊ ရှင်​ဘု​ရင်​ထံ​သို့ ငါ့​ကြောင့် သင်​တို့​ကို ပို့​ဆောင်​ကြ​လိမ့်​မည်။- သင်​တို့​ကို အပ်​နှံ​သော​အ​ခါ အ​ဘယ်​သို့ ပြော​ရ​မည်​ကို မ​စိုး​ရိမ်​ကြ​နှင့်။ ပြော​ရ​သော​စ​ကား​ကို ထို​ခ​ဏ​ချင်း​တွင် သင်​တို့​သည် ရ​ကြ​လိမ့်​မည်။- အ​ကြောင်း​မူ​ကား၊ သင်​တို့ အ​လို​အ​လျောက် ပြော​ကြ​သည်​မ​ဟုတ်။ သင်​တို့​အ​ဘ၏ ဝိ​ညာဉ်​တော်​သည် သင်​တို့​အား​ဖြင့် ပြော​တော်​မူ၏။- ထို​အ​ခါ ညီ​အစ်​ကို​ချင်း တစ်​ယောက်​ကို​တစ်​ယောက် သေ​စေ​ခြင်း​ငှာ အပ်​ကြ​လိမ့်​မည်။ အ​ဘ​သည်​လည်း သား​ကို အပ်​လိမ့်​မည်။ သား​သ​မီး​တို့​သည်​လည်း မိ​ဘ​ကို ရန်​ဘက်​ပြု၍ သေ​စေ​ကြ​လိမ့်​မည်။- လူ​အ​ပေါင်း​တို့​သည်​လည်း ငါ၏​နာ​မ​ကြောင့် သင်​တို့​ကို မုန်း​ကြ​လိမ့်​မည်။ အ​ကြင်​သူ​သည် အ​ဆုံး​တိုင်​အောင် တည်​ကြည်၏။ ထို​သူ​သည် ကယ်​တင်​ခြင်း​သို့ ရောက်​လိမ့်​မည်။ တစ်​မြို့၌ သင်​တို့​ကို​ညှဉ်း​ဆဲ​လျှင် တစ်​မြို့​သို့​ပြေး ကြ​လော့။ ငါ​အ​မှန်​ဆို​သည်​ကား၊ ဣ​သ​ရေ​လ​မြို့​ရွာ ရှိ​သ​မျှ​တို့​ကို သင်​တို့ လှည့်​လည်၍ မ​ကုန်​မီ လူ​သား​သည် ကြွ​လာ​လိမ့်​မည်။- တ​ပည့်​သည် ဆ​ရာ​ထက်​မ​သာ။ ကျွန်​သည် သ​ခင်​ထက်​မ​သာ။- တ​ပည့်​သည် ဆ​ရာ​ကဲ့​သို့​လည်း​ကောင်း၊ ကျွန်​သည်​သ​ခင်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လျှင် သင့်​လောက်​ပေ၏။ အိမ်​ရှင်​ကို ဗေ​လ​ဇေ​ဗု​လ​ဟု ခေါ်​ဝေါ်​ကြ​လျှင်၊ အိမ်​သူ​အိမ်​သား​တို့​ကို သာ၍ ခေါ်​ဝေါ်​ကြ​လိမ့်​မည်။- ထို​ကြောင့် သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ဖုံး​ထား​လျက်​ရှိ​သ​မျှ​သော အ​ရာ​တို့​သည် ပွင့်​လိမ့်​မည်။ ဆိတ်​ကွယ်​ရာ၌ ရှိ​သ​မျှ​တို့​သည်​လည်း ထင်​ရှား​လိမ့်​မည်။- မှောင်​မိုက်၌ သင်​တို့​အား ငါ​ပြော​သော​အ​ရာ​များ​ကို သင်​တို့​သည် အ​လင်း၌ ကြား​ပြော​ကြ​လော့။ သင်​တို့​နား​အ​ပါး၌ ပြော၍ ကြား​သော​အ​ရာ​များ​ကို အိမ်​မိုး​ပေါ်​မှာ ဟစ်​ကြော်​ကြ​လော့​ဟု မိန့်​တော်​မူ၏။ တစ်​နည်း​ကား၊ ကိုယ်​ခ​န္ဓာ​ကို​သာ သတ်၍ စိတ်​ဝိ​ညာဉ်​ကို မ​သတ်​နိုင်​သော သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကိုယ်​ခ​န္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​ကို င​ရဲ၌ ဖျက်​ဆီး​နိုင်​သော​သူ​ကို သာ၍ ကြောက်​ကြ​လော့။- စာ​ငှက်​နှစ်​ကောင်​ကို အဿ​ရိ​တစ်​ပြား အ​ဖိုး​နှင့် ဝယ်​ရ​သည်​မ​ဟုတ်​လော။ သင်​တို့​အ​ဘ အ​ခွင့်​မ​ရှိ​လျှင် ထို​စာ​ငှက်​တစ်​ကောင်​မျှ မြေ​သို့​မ​ကျ​ရ။- သင်​တို့​ဆံ​ပင်​သည်​လည်း အ​ကုန်​အ​စင် ရေ​တွက်​လျက်​ရှိ၏။- ထို​ကြောင့် မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် စာ​ငှက်​အ​များ​တို့​ထက် သာ၍ မြတ်​ကြ၏။- အ​ကြင်​သူ​သည် လူ​တို့​ရှေ့​မှာ ငါ့​ကို​ဝန်​ခံ​အံ့။ ကောင်း​ကင်​ဘုံ၌​ရှိ​သော ငါ၏​ခ​မည်း​တော်​ရှေ့​မှာ ထို​သူ​ကို ငါ​ဝန်​ခံ​မည်။- အ​ကြင်​သူ​သည် လူ​တို့​ရှေ့​မှာ ငါ့​ကို​ငြင်း​ပယ်​အံ့။ ကောင်း​ကင်​ဘုံ၌​ရှိ​သော ငါ၏​ခ​မည်း​တော်​ရှေ့​မှာ ထို​သူ​ကို ငါ​ငြင်း​ပယ်​မည်။

ရှင်မဿဲ 10:16-33 Common Language Bible (BCL)

``သိုး​များ​အား​ဝံ​ပု​လွေ​စု​ထဲ​သို့​စေ​လွှတ်​သ​ကဲ့ သို့​သင်​တို့​အား​ငါ​စေ​လွှတ်​၏။ သို့​ဖြစ်​၍​မြွေ​ကဲ့​သို့ ပါး​နပ်​လိမ္မာ​ကာ​ချိုး​ကဲ့​သို့​အ​ဆိပ်​ကင်း​၍​နူး​ညံ့ သိမ်​မွေ့​ကြ​လော့။- သ​တိ​နှင့်​နေ​ကြ​လော့။ လူ​တို့​သည်​သင်​တို့​အား တ​ရား​ခုံ​ရုံး​သို့​ပို့​အပ်​ကြ​လိမ့်​မည်။ တ​ရား ဇ​ရပ်​များ​တွင်​ရိုက်​နှက်​ကြ​လိမ့်​မည်။- သင်​တို့​သည်​ငါ့​အ​တွက်​ကြောင့်​အာ​ဏာ​ပိုင်​များ နှင့်​ရှင်​ဘု​ရင်​များ​ရှေ့​မှောက်​သို့​ရောက်​ရ​ကြ​လိမ့် မည်။ သို့​ဖြစ်​၍​ထို​သူ​တို့​အား​လည်း​ကောင်း၊ လူ​မျိုး တ​ကာ​တို့​အား​လည်း​ကောင်း​ငါ​၏​အ​ကြောင်း သ​တင်း​ကောင်း​ကို​ကြေ​ညာ​ခွင့်​ရ​လိမ့်​မည်။- ထို​သူ​တို့​လက်​သို့​အ​အပ်​ခံ​ရ​သော​အ​ခါ​မည်​သို့ ပြော​ဆို​ရ​မည်၊ မည်​သည့်​စ​ကား​ကို​ပြော​ရ​မည်​ကို ကြို​တင်​၍​မ​စိုး​ရိမ်​ကြ​နှင့်။- သင်​တို့​ပြော​ဆို​ရ​မည့်​စ​ကား​များ​ကို​ထို​အ​ချိန်​၌ ပင်​သင်​တို့​ရ​ရှိ​ကြ​လိမ့်​မည်။ ယင်း​စ​ကား​များ​သည် သင်​တို့​၏​စ​ကား​များ​မ​ဟုတ်။ သင်​တို့​အ​ဖ​ဘု​ရား ၏​ဝိ​ညာဉ်​တော်​က​သင်​တို့​အား​ဖြင့်​မိန့်​တော်​မူ​သော စ​ကား​များ​ဖြစ်​လိမ့်​မည်။ ``ညီ​အစ်​ကို​ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​သေ​စေ ရန်​အပ်​ကြ​လိမ့်​မည်။ မိ​ဘ​တို့​သည်​သား​သ​မီး​များ သေ​စေ​ရန်​အပ်​ကြ​လိမ့်​မည်။ သား​သမီး​တို့​သည်​လည်း မိ​ဘ​များ​ကို​တော်​လှန်​၍​သတ်​ဖြတ်​စေ​ကြ​လိမ့်​မည်။- သင်​တို့​သည်​ငါ​၏​အ​တွက်​ကြောင့်​အ​မုန်း​ခံ​ရ​ကြ လိမ့်​မည်။ သို့​ရာ​တွင်​အ​ဆုံး​တိုင်​အောင်​တည်​ကြည် သူ​ကို​ကယ်​တင်​တော်​မူ​လိမ့်​မည်။- သင်​တို့​ကို​မြို့​တစ်​မြို့​က​ညှဉ်း​ဆဲ​နှိပ်​စက်​လျှင် အ​ခြား​တစ်​မြို့​သို့​ထွက်​ပြေး​ကြ​လော့။ အ​မှန် အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သင်​တို့ သည်​ဣသ​ရေ​လ​မြို့​ရှိ​သ​မျှ​တို့​တွင်​လုပ်​ဆောင် စ​ရာ​မ​ပြီး​စီး​မီ​လူ​သား​သည်​ကြွ​လာ​တော် မူ​လတ္တံ့။ ``တ​ပည့်​သည်​ဆ​ရာ​ထက်​မ​သာ။ ကျွန်​သည်​လည်း သခင်​ထက်​မ​သာ။- ထို့​ကြောင့်​တ​ပည့်​သည်​ဆ​ရာ​ကဲ့​သို့​လည်း​ကောင်း၊ ကျွန်​သည်​သ​ခင်​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​လျှင်​ကျေ နပ်​လောက်​ပေ​ပြီ။ အိမ်​ထောင်​ဦး​စီး​ကို​ဗေ​လ​ဇေ ဗု​လ​ဟု​ခေါ်​ဝေါ်​ကြ​ပါ​လျှင်​အိမ်​သူ​အိမ်​သား တို့​ကို​သာ​၍​ဆိုး​ရွား​သော​နာ​မည်​များ​ဖြင့်​ခေါ် ဝေါ်​ကြ​လိမ့်​မည်။ ``သို့​ဖြစ်​၍​လူ​တို့​ကို​မ​ကြောက်​ကြ​နှင့်။ ဖုံး​အုပ်​ထား သည့်​အ​ရာ​ဟူ​သ​မျှ​သည်​ထင်​ပေါ်​လာ​ရ​လိမ့်​မည်။ လျှို့​ဝှက်​မှု​ဟူ​သ​မျှ​သည်​လည်း​ပေါ်​လွင်​၍​လာ​ရ လိမ့်​မည်။- အ​မှောင်​တွင်​သင်​တို့​အား​ငါ​ပြော​သော​စ​ကား ကို​အ​လင်း​တွင်​ပြော​ကြား​ကြ​လော့။ တီး​တိုး ကြား​ရ​သည့်​စ​ကား​ကို​အိမ်​မိုး​ထက်​မှ​ကြွေး ကြော်​ကြ​လော့။- ကိုယ်​ခန္ဓာ​ကို​ဖျက်​ဆီး​နိုင်​သော်​လည်း​ဝိ​ညာဉ်​ကို မ​ဖျက်​ဆီး​နိုင်​သော​သူ​များ​အား​မ​ကြောက်​ကြ နှင့်။ ကိုယ်​ခန္ဓာ​နှင့်​ဝိ​ညာဉ်​ကို​င​ရဲ​တွင်​ဖျက်​ဆီး နိုင်​သော​ဘု​ရား​သ​ခင်​ကို​သာ​လျှင်​ကြောက်​ကြ လော့။- စာ​က​လေး​နှစ်​ကောင်​ကို​အဿရိ​တစ်​ပြား​ဖြင့်​ဝယ် နိုင်​သည်​မ​ဟုတ်​လော။ သို့​ရာ​တွင်​ထို​စာ​က​လေး တစ်​ကောင်​မျှ​သင်​တို့​အ​ဖ​အ​ခွင့်​မ​ပြု​ဘဲ​မ​သေ မ​ပျောက်​ရ။- သင်​တို့​ဦး​ခေါင်း​က​ဆံ​ပင်​များ​ကို​ပင်​လျှင် အ​ကုန်​အ​စင်​ရေ​တွက်​ထား​တော်​မူ​၏။- သို့​ဖြစ်​၍​မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည်​စာ က​လေး​အ​မြောက်​အ​မြား​ထက်​လွန်​စွာ​ပို​၍ အ​ဖိုး​ထိုက်​ကြ​၏။ ``သို့​ဖြစ်​၍​ငါ့​ကို​အ​ရှင်​သ​ခင်​အ​ဖြစ်​လူ​တို့ ရှေ့​တွင်​ထုတ်​ဖော်​ဝန်​ခံ​သူ​ကို​ငါ​၏​တ​ပည့်​အ​ဖြစ် ဖြင့် ကောင်း​ကင်​ဘုံ​ရှင်​ငါ့​အ​ဖ​၏​ရှေ့​တော်​တွင်​ငါ ထုတ်​ဖော်​ဝန်​ခံ​မည်။- သို့​ရာ​တွင်​ငါ့​ကို​လူ​တို့​ရှေ့​တွင်​ပစ်​ပယ်​သူ​ကို ကောင်း​ကင်​ဘုံ​ရှင်​ငါ့​အ​ဖ​၏​ရှေ့​တော်​တွင်​ငါ ပစ်​ပယ်​မည်။

ရှင်မဿဲ 10:16-33 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

နားထောင်​ကြ​လော့။ ဝံပုလွေ​များ​ထဲသို့ သိုး​တို့​ကို​စေလွှတ်​သကဲ့သို့ သင်​တို့​ကို ငါ​စေလွှတ်​၏။ ထို့ကြောင့် မြွေ​ကဲ့သို့​လိမ္မာ​ပါးနပ်​လျက် ချိုးငှက်​ကဲ့သို့​ရိုးသား​ဖြူစင်​ကြ​လော့။ လူ​တို့​ကို သတိထား​ကြ​လော့။ အကြောင်းမူကား သူ​တို့​သည် သင်​တို့​ကို တရားရုံး​သို့​အပ်နှံ​လျက် သူ​တို့​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ သင်​တို့​ကို ဒဏ်ခတ်​ရိုက်နှက်​ကြ​လိမ့်မည်။ သင်​တို့​သည် ဘုရင်ခံ​များ​နှင့်​ရှင်ဘုရင်​များ​ရှေ့သို့ ငါ့​အတွက်​ကြောင့် ခေါ်ဆောင်​သွား​ခြင်း​ခံရ​ကြ​လိမ့်မည်။ ဤသို့ဖြင့် သင်​တို့​သည် ထို​သူ​တို့​နှင့်​လူမျိုးခြား​တို့​ထံ သက်သေ​ဖြစ်​ကြ​လိမ့်မည်။ သူ​တို့​သည် သင်​တို့​ကို​အပ်နှံ​ကြ​သောအခါ မည်သည့်​အရာ​ကို မည်ကဲ့သို့​ပြောဆို​ရ​မည်နည်း​ဟူ၍ မ​စိုးရိမ်​ကြ​နှင့်။ အကြောင်းမူကား သင်​တို့​ပြောဆို​ရ​မည့်​အရာ​ကို ထို​အချိန်​နာရီ​၌​ပင် သင်​တို့​ရ​ကြ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် ပြောဆို​သော​သူ​မှာ သင်​တို့​မ​ဟုတ်​ဘဲ သင်​တို့​အားဖြင့်​ပြောဆို​တော်မူ​သော သင်​တို့​အဖ​၏​ဝိညာဉ်​တော်​ဖြစ်​၏။ ညီအစ်ကို​ချင်း တစ်ဦး​က​တစ်ဦး​ကို​လည်းကောင်း၊ အဖ​သည် သားသမီး​ကို​လည်းကောင်း သေ​ခြင်း​သို့​အပ်နှံ​ကြ​လိမ့်မည်။ သားသမီး​တို့​သည်​လည်း မိဘ​များ​ကို​ဆန့်ကျင်​ပုန်ကန်​၍ သူ​တို့​ကို သေ​စေရန်​ပြု​ကြ​လိမ့်မည်။ လူ​အပေါင်း​တို့​သည်​လည်း ငါ့​နာမ​ကြောင့် သင်​တို့​ကို​မုန်းတီး​ကြ​လိမ့်မည်။ သို့သော် အဆုံး​တိုင်အောင်​တည်ကြည်​သော​သူ​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။ မြို့​တစ်​မြို့​တွင် သင်​တို့​ကို​ညှဉ်းဆဲ​ကြ​သောအခါ အခြား​တစ်​မြို့​သို့ ထွက်ပြေး​ကြ​လော့။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား အစ္စရေး​မြို့​များ​ကို သင်​တို့​အနှံ့​မ​ရောက်​မီ လူ့သား​သည်​ကြွလာ​လိမ့်မည်။ တပည့်​သည် ဆရာ​ထက် မြတ်​သည်​မ​ဟုတ်။ ကျွန်​သည်​လည်း သခင်​ထက် မြတ်​သည်​မ​ဟုတ်။ တပည့်​သည် သူ့​ဆရာ​ကဲ့သို့​လည်းကောင်း၊ ကျွန်​သည် သူ့​သခင်​ကဲ့သို့​လည်းကောင်း ဖြစ်လာ​လျှင် လုံလောက်​ပေ​၏။ အိမ်ရှင်​ကို ဗေလဇေဗုလ​ဟု​ခေါ်​ကြ​လျှင် သူ​၏​အိမ်သူအိမ်သား​များ​ကို မည်မျှ ပို၍​ဆိုးရွား​စွာ​ခေါ်​ကြ​လိမ့်​မည်နည်း။ ထို့ကြောင့် သူ​တို့​ကို​မ​ကြောက်​ကြ​နှင့်။ အကြောင်းမူကား ဖုံးအုပ်​ထား​သည့်​အရာ​များ​တွင် ဖွင့်ပြ​ခြင်း​မ​ခံရ​မည့်​အရာ တစ်စုံတစ်ခု​မျှ​မ​ရှိ။ ကွယ်ဝှက်​ထား​သည့်​အရာ​များ​တွင်​လည်း ဖော်ပြ​ခြင်း​မ​ခံရ​မည့်​အရာ တစ်စုံတစ်ခု​မျှ​မ​ရှိ။ သင်​တို့​အား မှောင်မိုက်​၌ ငါ​ပြော​သော​အရာ​တို့​ကို အလင်း​၌​ပြောကြား​ကြ​လော့။ နား​အပါး​ကပ်​ပြော​၍​ကြား​ရ​သော​အရာ​တို့​ကို လေသာဆောင်​အပေါ်​မှ ဟောပြော​ကြ​လော့။ ကိုယ်ခန္ဓာ​ကို​သတ်​၍ အသက်​ဝိညာဉ်​ကို​မ​သတ်​နိုင်​သော​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကိုယ်ခန္ဓာ​နှင့်​အသက်​ဝိညာဉ်​နှစ်မျိုးစလုံး​ကို ငရဲ​၌​ဖျက်ဆီး​နိုင်​သော​အရှင်​ကို​သာ ကြောက်​ကြ​လော့။ စာကလေး​နှစ်​ကောင်​ကို အဿရိ​တစ်​ပြား​နှင့် ရောင်း​သည်​မ​ဟုတ်​လော။ သို့ရာတွင် သင်​တို့​အဖ​၏​အခွင့်​မ​ရှိ​လျှင် ထို​စာကလေး​တစ်​ကောင်​မျှ မြေ​ပေါ်သို့​ကျ​လိမ့်မည်​မ​ဟုတ်။ သင်​တို့​ဦးခေါင်း​မှ ဆံပင်​ရှိသမျှ​ကို​ပင် ရေတွက်​ထား​တော်မူ​၏။ ထို့ကြောင့် မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် စာကလေး​များစွာ​တို့​ထက် အဖိုးထိုက်​ကြ​၏။ သို့ဖြစ်၍ မည်သူမဆို လူ​တို့​ရှေ့၌​ငါ့​ကို​ဝန်ခံ​လျှင် ငါ​သည်​လည်း ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​ငါ့​ခမည်းတော်​ရှေ့၌ ထို​သူ​ကို​ဝန်ခံ​မည်။ သို့သော် လူ​တို့​ရှေ့၌ ငါ့​ကို​ငြင်းပယ်​သော​သူ​ကို ငါ​သည်​လည်း ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​ငါ့​ခမည်းတော်​ရှေ့၌ ငြင်းပယ်​မည်။