YouVersion လိုဂို
ရှာရန် အိုင်ကွန်

မာလခိ 3:8-11

မာလခိ 3:8-11 Judson Bible (JBMLE)

လူ​သည် ဘု​ရား​သ​ခင်၏​ဥ​စ္စာ​တော်​ကို လု​ယူ​ရ​မည်​လော။ သို့​သော်​လည်း၊ သင်​တို့​သည် ငါ့​ဥ​စ္စာ​ကို လု​ယူ​ကြ​ပြီ။ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့ လု​ယူ​ပါ​သ​နည်း​ဟု သင်​တို့​မေး​လျှင်၊ ဆယ်​ဖို့​တစ်​ဖို့​ကို​လည်း​ကောင်း၊ ပူ​ဇော်​သ​ကာ​တို့​ကို​လည်း​ကောင်း လု​ယူ​ကြ​ပြီ။ သင်​တို့​သည် ကျိန်​ခြင်း​အ​မင်္ဂ​လာ​ကို ခံ​ရ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ငါ့​ဥ​စ္စာ​ကို လု​ယူ​ကြ​ပြီ။ ဆယ်​ဖို့​တစ်​ဖို့​ရှိ​သ​မျှ​ကို ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း၍၊ ငါ့​အိမ်​တော်၌ စား​စ​ရာ​ရှိ​စေ​ခြင်း​ငှာ ပြု​ကြ​လော့။ ငါ​သည် မိုး​ကောင်း​ကင်​ပြတင်း​ပေါက်​တို့​ကို​ဖွင့်၍ ကောင်း​ကြီး​မင်္ဂ​လာ​ကို အ​ကုန်​အ​စင်​သွန်း​လောင်း​မည် မ​သွန်း​လောင်း​မည်​ကို ထို​သို့ စုံ​စမ်း​ကြ​လော့​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ကိုက်​စား​တတ်​သော အ​ကောင်​ကို သင်​တို့​အ​တွက် ငါ​ဆုံး​မ၍၊ သင်​တို့၏ မြေ​အ​သီး​အ​နှံ​ကို မ​ဖျက်​ဆီး​ရ။ သင်​တို့၏​စ​ပျစ်​ဥ​ယျာဉ်​သည် အ​သီး​မ​သီး​ဘဲ မ​နေ​ရ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

မာလခိ 3:8-11 Common Language Bible (BCL)

လူ​သည်​ဘု​ရား​သ​ခင်​ကို​လိမ်​လည်​လှည့်​စား အပ်​ပါ​သ​လော​ဟု သင်​တို့​အား​ငါ​မေး​ပါ ၏။ ဤ​သို့​မ​ပြု​အပ်​သော်​လည်း​သင်​တို့​သည် ငါ့​အား​လိမ်​လည်​လှည့်​စား​လျက်​နေ​ပေ သည်။ သင်​တို့​က`ကျွန်​တော်​မျိုး​တို့​သည် အ​ဘယ်​သို့​လိမ်​လည်​လှည့်​စား​ကြ​ပါ သ​နည်း' ဟု​ဆို​ပါ​မူ​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ နှင့်​ပူ​ဇော်​သ​ကာ​များ​ဆက်​သ​မျှ​ဟူ​၍ ဖြေ​ရ​ပေ​မည်။- တစ်​နိုင်​ငံ​လုံး​ပင်​ငါ့​အား​လိမ်​လည်​လှည့် စား​လျက်​နေ​သ​ဖြင့် သင်​တို့​အား​လုံး​သည် ကျိန်​စာ​သင့်​လျက်​ရှိ​ကြ​၏။- ဗိ​မာန်​တော်​တွင်​စား​နပ်​ရိက္ခာ​အ​မြောက် အ​မြား​ရှိ​စေ​ရန် သင်​တို့​၏​ဆယ်​ဖို့​တစ်​ဖို့ အ​လှူ​ကို​အ​ပြည့်​အ​ဝ​ယူ​ဆောင်​ခဲ့​ကြ လော့။ ငါ​၏​အ​ကဲ​ကို​စမ်း​၍​ကြည့်​ကြ​လော့။ ထို​အ​ခါ​ငါ​သည်​ကောင်း​ကင်​ပြူ​တင်း​ပေါက် များ​ကို​ဖွင့်​၍ သင်​တို့​အ​ပေါ်​သို့​ကောင်း​ချီး မင်္ဂ​လာ​အ​မျိုး​မျိုး​သွန်း​လောင်း​တော်​မူ သည်​ကို​သင်​တို့​တွေ့​မြင်​ကြ​ရ​လိမ့်​မည်။- ငါ​သည်​ပိုး​မွှား​များ​အား​သင်​တို့​အ​သီး အ​နှံ​များ​ကို​ဖျက်​ဆီး​ခွင့်​ပြု​လိမ့်​မည် မ​ဟုတ်။ သင်​တို့​၏​စ​ပျစ်​နွယ်​များ​သည် လည်း​အ​သီး​များ​နှင့်​ပြည့်​လျက်​နေ​လိမ့် မည်။-''

မာလခိ 3:8-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

“လူ​သည် ဘုရားသခင်​ထံမှ လုယူ​ရ​မည်​လော​။ မှန်ပေ​၏​။ သင်​တို့​သည် ငါ့​ထံမှ​လုယူ​ကြ​ပြီ​။ သို့သော် သင်​တို့​က ‘အကျွန်ုပ်​တို့​သည် ကိုယ်တော့်​ထံမှ မည်သို့​လုယူ​သနည်း’​ဟု မေး​လျှင် သင်​တို့​သည် ဆယ်ဖို့တစ်ဖို့​နှင့် အလှူပစ္စည်း​တို့​ကို လုယူ​ကြ​ပြီ​။ သင်​တို့​တစ်မျိုးသားလုံး ငါ့​ထံမှ​လုယူ​ကြ​သောကြောင့် သင်​တို့​သည် ကျိန်​ခြင်း​ကို​ခံရ​၍ ကျိန်စာသင့်​လေ​ပြီ​။ ငါ့​အိမ်​တော်​၌​စားစရာ​ရှိ​နေ​စေရန် ဆယ်ဖို့တစ်ဖို့​ရှိသမျှ​ကို ဘဏ္ဍာတိုက်​ထဲသို့ ယူဆောင်​လာ​ကြ​လော့​။ ငါ​သည် ကောင်းကင်​တံခါး​တို့​ကို​ဖွင့်​၍ နေရာလပ်​မ​ကျန်​သည့်​တိုင်အောင် ကောင်းချီးမင်္ဂလာ​သွန်းလောင်း​မည်​၊ မ​သွန်းလောင်း​မည်​ကို ဤနည်းဖြင့် ငါ့​ကို စမ်းသပ်​ကြ​လော့”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။ “လောင်မီးပိုး​ကို ငါ​တားဆီး​မည်​။ သင်​တို့​မြေ​မှ​အသီးအနှံ​ကို မ​ဖျက်ဆီး​စေ​ရ​။ သင်​တို့​မြေ​မှ​စပျစ်ပင်​သည် အသီး​မ​သီး​ဘဲ​မ​နေ​ရ”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။