YouVersion လိုဂို
ရှာရန် အိုင်ကွန်

မာလခိအနာဂတ္တိကျမ်း 3:8-11

မာလခိအနာဂတ္တိကျမ်း 3:8-11 MSBU

“လူ​သည် ဘုရားသခင်​ထံမှ လုယူ​ရ​မည်​လော​။ မှန်ပေ​၏​။ သင်​တို့​သည် ငါ့​ထံမှ​လုယူ​ကြ​ပြီ​။ သို့သော် သင်​တို့​က ‘အကျွန်ုပ်​တို့​သည် ကိုယ်တော့်​ထံမှ မည်သို့​လုယူ​သနည်း’​ဟု မေး​လျှင် သင်​တို့​သည် ဆယ်ဖို့တစ်ဖို့​နှင့် အလှူပစ္စည်း​တို့​ကို လုယူ​ကြ​ပြီ​။ သင်​တို့​တစ်မျိုးသားလုံး ငါ့​ထံမှ​လုယူ​ကြ​သောကြောင့် သင်​တို့​သည် ကျိန်​ခြင်း​ကို​ခံရ​၍ ကျိန်စာသင့်​လေ​ပြီ​။ ငါ့​အိမ်​တော်​၌​စားစရာ​ရှိ​နေ​စေရန် ဆယ်ဖို့တစ်ဖို့​ရှိသမျှ​ကို ဘဏ္ဍာတိုက်​ထဲသို့ ယူဆောင်​လာ​ကြ​လော့​။ ငါ​သည် ကောင်းကင်​တံခါး​တို့​ကို​ဖွင့်​၍ နေရာလပ်​မ​ကျန်​သည့်​တိုင်အောင် ကောင်းချီးမင်္ဂလာ​သွန်းလောင်း​မည်​၊ မ​သွန်းလောင်း​မည်​ကို ဤနည်းဖြင့် ငါ့​ကို စမ်းသပ်​ကြ​လော့”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။ “လောင်မီးပိုး​ကို ငါ​တားဆီး​မည်​။ သင်​တို့​မြေ​မှ​အသီးအနှံ​ကို မ​ဖျက်ဆီး​စေ​ရ​။ သင်​တို့​မြေ​မှ​စပျစ်ပင်​သည် အသီး​မ​သီး​ဘဲ​မ​နေ​ရ”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။