YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 9:1-36

ရှင်လုကာ 9:1-36 Judson Bible (JBMLE)

တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို စု​ဝေး​စေ​တော်​မူ​ပြီး​မှ၊ နတ်​ဆိုး​အ​ပေါင်း​တို့​ကို နိုင်​သော​တန်​ခိုး​နှင့် အ​နာ​ရော​ဂါ​တို့​ကို ငြိမ်း​စေ​ခြင်း​ငှာ အ​ခွင့်​တန်​ခိုး​ကို ပေး​တော်​မူ၏။- ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​ကို ဟော​ပြော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လူ​နာ​တို့​ကို ချမ်း​သာ​စေ​ခြင်း​ငှာ​လည်း​ကောင်း စေ​လွှတ်​တော်​မူ၍၊- သင်​တို့​သည် လမ်း​ခ​ရီး​ဖို့ အ​ဘယ်​အ​ရာ​ကို​မျှ မ​ယူ​ကြ​နှင့်။ တောင်​ဝှေး၊ လွယ်​အိတ်၊ မုန့်၊ ငွေ​ကို မ​ယူ​ကြ​နှင့်။ အင်္ကျီ​နှစ်​ထည်​ကို​လည်း မ​ပါ​စေ​ကြ​နှင့်။- မည်​သည့် အိမ်​သို့​ဝင်​လျှင် ထို​အိမ်​တွင် ထို​အ​ရပ်​မှ မ​ထွက်​မ​သွား​မီ​တိုင်​အောင် နေ​ကြ​လော့။ အ​ကြင်​သူ​တို့​သည် သင်​တို့​အား ဧည့်​သည်​ဝတ်​ကို မ​ပြု​ဘဲ​နေ၏။- ထို​သူ​တို့​နေ​ရာ​မြို့​မှ ထွက်​သွား​စဉ်၊ သူ​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ သင်​တို့၏​ခြေ​ဖ​ဝါး​မှ မြေ​မှုန့်​ကို ခါ​လိုက်​ကြ​လော့​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​သည် ထွက်​သွား၍ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ ခပ်​သိမ်း​သော​အ​ရပ်​တို့၌ အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​လျက်၊ မြို့​ရွာ​တို့​တွင် ဒေ​သ​စာ​ရီ လှည့်​လည်​ကြ၏။ ယေ​ရှု​ပြု​တော်​မူ​သ​မျှ​တို့​ကို စော်​ဘွား​ဟေ​ရုဒ်​သည် ကြား​လျှင် တွေး​တော​သော​စိတ်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ လူ​အ​ချို့​က၊ ယော​ဟန်​သည် သေ​ခြင်း​မှ​ထ​မြောက်​လေ​ပြီ​ဟု ဆို​ကြ၏။- အ​ချို့​က ဧ​လိ​ယ​ပေါ်​ထွန်း​ပြီ​ဟု ဆို​ကြ၏။ အ​ချို့​က ရှေး​ပ​ရော​ဖက်​တစ်​ပါး​ပါး ထ​ပြန်​ပြီ​ဟု ဆို​ကြ၏။- ဟေ​ရုဒ်​မင်း​က​လည်း၊ ယော​ဟန်၏​လည်​ပင်း​ကို ငါ​ဖြတ်​လေ​ပြီ။ ဤ​မျှ​လောက်​သော​သ​တင်း​ကို ငါ​ကြား​ရ​သော ဤ​သူ​ကား အ​ဘယ်​သူ​နည်း​ဟု​ဆို​လျက် ယေ​ရှု​ကို​မြင်​ခြင်း​ငှာ အ​လို​ရှိ၏။ တ​မန်​တော်​တို့​သည် အ​ထံ​တော်​သို့​ပြန်​လာ၍ မိ​မိ​တို့​ပြု​သ​မျှ​တို့​ကို ကြား​လျှောက်​ကြ၏။ ကိုယ်​တော်​သည် သူ​တို့​ကို​ခေါ်၍၊ ဗက်​ဇဲ​ဒ​မြို့​နယ်​အ​တွင်း တော၌ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ကြွ​တော်​မူ၏။ လူ​အ​စု​အ​ဝေး​တို့​သည် သိ​လျှင် နောက်​တော်​သို့ လိုက်​ကြ၏။- ထို​လူ​များ​ကို လက်​ခံ​တော်​မူ​လျက်၊ ဘု​ရား​သ​ခင့် နိုင်​ငံ​တော်၏​အ​ကြောင်း​ကို ဟော​ပြော၍၊ နာ​သော​သူ​တို့​ကို ချမ်း​သာ​ပေး​တော်​မူ၏။ မိုး​ချုပ်​သော​အ​ခါ တစ်​ကျိပ်​နှစ်​ပါး​သော​သူ​တို့​သည် ချဉ်း​ကပ်​လျက်၊ လူ​များ​တို့​သည် ပတ်​ဝန်း​ကျင်​ရွာ​ဇ​န​ပုဒ်​သို့​သွား၍၊ အိပ်​ရာ၊ စား​စ​ရာ​ကို ရှာ​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မူ​ပါ။ ဤ​အ​ရပ်​သည် တော​အ​ရပ်​ဖြစ်​ပါ၏​ဟု လျှောက်​ကြ​လျှင်၊- ကိုယ်​တော်​က၊ သူ​တို့​စား​စ​ရာ​ဖို့ သင်​တို့​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ၏။ တ​ပည့်​တော်​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည်​သွား၍ ဤ​လူ​အ​ပေါင်း​တို့ စား​စ​ရာ​ဖို့​မ​ဝယ်​လျှင်၊ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​မှ​တစ်​ပါး အ​ဘယ်​စား​စ​ရာ​မျှ အ​ကျွန်ုပ်​တို့၌ မ​ရှိ​ပါ​ဟု​လျှောက်​ကြ၏။- ထို​သို့ လျှောက်​သည်​အ​ကြောင်း​ကား၊ လူ​ငါး​ထောင်​ခန့်​မျှ ရှိ​သ​တည်း။ ထို​အ​ခါ​လူ​များ​တို့​ကို တစ်​စု​လျှင် ငါး​ဆယ်​စီ အ​စု​စု​လျောင်း​ကြ​စေ​ဟု အ​မိန့်​တော်​ရှိ၏။- တ​ပည့်​တော်​တို့​သည် အ​မိန့်​တော်​အ​တိုင်း​ပြု၍၊ လူ​အ​ပေါင်း​တို့​ကို လျောင်း​စေ​ပြီး​လျှင်၊- ယေ​ရှု​သည် မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​ယူ၍ ကောင်း​ကင်​သို့​ကြည့်​မျှော်​လျက်၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ လူ​များ​ရှေ့၌ ထည့်​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။- လူ​အ​ပေါင်း​တို့​သည် စား၍​ဝ​ကြ​ပြီး​မှ ကြွင်း​ရစ်​သော​အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ တစ်​ဆယ်​နှစ်​တောင်း အ​ပြည့်​ရ​ကြ၏။ တ​ရံ​ရော​အ​ခါ၊ ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​တ​ကွ ဆိတ်​ကွယ်​ရာ​အ​ရပ်၌ ဆု​တောင်း​တော်​မူ​စဉ်၊ လူ​များ​တို့​သည် ငါ့​ကို​အ​ဘယ်​သူ​ဖြစ်​သည်​ကို ဆို​ကြ​သ​နည်း​ဟု မေး​မြန်း​တော်​မူ​လျှင်၊- လူ​အ​ချို့​က၊ ကိုယ်​တော်​သည် ဗ​တ္တိ​ဇံ​ဆ​ရာ ယော​ဟန်​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ဧ​လိ​ယ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ရှေး​ပ​ရော​ဖက် တစ်​ပါး​ပါး​ထ​ပြန်​သည် ဟူ၍​လည်း​ကောင်း ဆို​ကြ​ပါ၏​ဟု လျှောက်​ကြ​သော်၊- သင်​တို့​လည်း ငါ့​ကို အ​ဘယ်​သူ​ဖြစ်​သည် ဆို​ကြ​သ​နည်း​ဟု မေး​မြန်း​တော်​မူ​လျှင်၊ ပေ​တ​ရု​က၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏ ခ​ရစ်​တော်​ဖြစ်​တော်​မူ​သည်​ဟု လျှောက်​လေ၏။ ထို​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​စိမ့်​သော​ငှာ တ​ပည့်​တော်​တို့​ကို ကြပ်​တည်း​စွာ ပ​ညတ်​တော်​မူ၏။- ထို​မှ​တစ်​ပါး၊ လူ​သား​သည် များ​စွာ​ခံ​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့၏ ငြင်း​ပယ်​ခြင်း​ကို​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​တို့​ကို မိန့်​တော်​မူ၏။ ထို​မှ​တစ်​ပါး၊ လူ​အ​ပေါင်း​တို့​အား မိန့်​တော်​မူ​သည်​ကား၊ ငါ၌​ဆည်း​ကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်​ကို​ကိုယ် ငြင်း​ပယ်​ရ​မည်။ ကိုယ်​လက်​ဝါး​ကပ်​တိုင်​ကို နေ့​တိုင်း​ထမ်း၍ ငါ့​နောက်​သို့​လိုက်​ရ​မည်။- အ​ကြင်​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​ခြင်း​ငှာ အ​လို​ရှိ၏။ ထို​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ အ​ကြင်​သူ​သည် ငါ့​ကြောင့်​အ​သက်​ရှုံး၏၊ ထို​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​လိမ့်​မည်။- ဤ​စ​ကြ​ဝ​ဠာ​ကို အ​ကြွင်း​မဲ့​အ​စိုး​ရ၍ ကိုယ်​ကို​ကိုယ် ဆုံး​ရှုံး​သော​သူ​သည် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။- အ​ကြင်​သူ​သည် ငါ့​ကို​လည်း​ကောင်း၊ ငါ့​စ​ကား​ကို​လည်း​ကောင်း ရှက်၏၊ လူ​သား​သည် မိ​မိ​ဘုန်း၊ မိ​မိ​အ​ဘ​ခ​မည်း​တော်၏​ဘုန်း၊ သန့်​ရှင်း​သော​ကောင်း​ကင်​တ​မန်​တို့၏ ဘုန်း​ကို​ဆောင်​လျက် ကြွ​လာ​သော​အ​ခါ၊ ထို​သူ​ကို ရှက်​တော်​မူ​လ​တ္တံ့။- ငါ​အ​မှန်​ဆို​သည်​ကား၊ ဤ​အ​ရပ်၌​ရှိ​သော သူ​အ​ချို့​တို့​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို​မ​မြင်​မီ သေ​ခြင်း​သို့ မ​ရောက်​ရ​ကြ​ဟု မိန့်​တော်​မူ၏။ ထို​သို့​မိန့်​တော်​မူ​သည်​နောက်၊ ရှစ်​ရက်​လောက်​လွန်​သော​အ​ခါ၊ ယေ​ရှု​သည် ပေ​တ​ရု၊ ယော​ဟန်၊ ယာ​ကုပ်​တို့​ကို​ခေါ်၍ ဆု​တောင်း​ခြင်း​ငှာ တောင်​ပေါ်​သို့ တက်​ကြွ​တော်​မူ၏။- ဆု​တောင်း​တော်​မူ​စဉ်​တွင် မျက်​နှာ​တော်​သည် ထူး​ခြား​သော​အ​ဆင်း​အ​ရောင်​ရှိ၍၊ အ​ဝတ်​တော်​လည်း ပြောင်​ပြောင်​လက်​လက် ဖြူ၏။- မော​ရှေ​နှင့် ဧ​လိ​ယ​တည်း​ဟူ​သော လူ​နှစ်​ယောက်​တို့​သည် ဘုန်း​အ​သ​ရေ​နှင့် ထင်​ရှား၍၊- ကိုယ်​တော်​နှင့်​အ​တူ ဆွေး​နွေး​လျက် ယေ​ရု​ရှ​လင်​မြို့၌ စု​တေတော်​မူ​မည် အ​ကြောင်း​အ​ရာ​ကို ပြော​ကြ၏။- ပေ​တ​ရု​နှင့် သူ၏​အ​ဖော်​တို့​သည် မျက်​စိ​လေး​လံ​သ​ဖြင့် တ​ငိုက်​ငိုက်​ရှိ​ကြ၏၊ နိုး​သော​အ​ခါ ဘုန်း​အ​သ​ရေ​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​နှင့် ရပ်​နေ​သော လူ​နှစ်​ယောက်​ကို​လည်း​ကောင်း မြင်​ကြ၏။- ထို​သူ​တို့​သည် အ​ထံ​တော်​မှ​သွား​ကြ​စဉ်၊ ပေ​တ​ရု​က၊ သ​ခင်၊ ဤ​အ​ရပ်၌ နေ​ဖွယ်​ကောင်း​ပါ၏။ ကိုယ်​တော်​ဖို့ တဲ​တစ်​ဆောင်၊ မော​ရှေ​ဖို့ တစ်​ဆောင်၊ ဧ​လိ​ယ​ဖို့ တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို အ​ကျွန်ုပ်​တို့ ဆောက်​လုပ်​ပါ​ရ​စေ​ဟု ယောင်​ယမ်း၍ လျှောက်​လေ၏။- ထို​သို့​လျှောက်​ပြီး​မှ မိုး​တိမ်​သည် သူ​တို့​ကို​လွှမ်း​မိုး၍၊ မော​ရှေ​နှင့် ဧ​လိ​ယ​သည် တိမ်​ထဲ​သို့​ဝင်​သည်​ကို တ​ပည့်​တော်​တို့​သည် ကြောက်​ခြင်း​ရှိ​ကြ​သည်​ဖြစ်၍၊- ဤ​သူ​ကား ငါ၏​ချစ်​သား​ပေ​တည်း။ သူ၏စကားကို နားထောင်ကြလော့ ဟု မိုးတိမ်ကအသံတော်ဖြစ်လေ၏။ ထို​အ​သံ​တော်​ဖြစ်​သည် ခ​ဏ​ချင်း​တွင်၊ ယေ​ရှု​သည် တစ်​ယောက်​တည်း​ရှိ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည် မိ​မိ​တို့​မြင်​သော​အ​ရာ​ကို ဝှက်​ထား၍၊ ထို​ကာ​လ၌ အ​ဘယ်​သူ​အား​မျှ မ​ကြား​မ​ပြော​ဘဲ​နေ​ကြ၏။

ရှင်လုကာ 9:1-36 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး​တို့ ကို​အ​ထံ​တော်​သို့​ခေါ်​တော်​မူ​ပြီး​လျှင် နတ်​မိစ္ဆာ အ​ပေါင်း​ကို​နှင်​ထုတ်​နိုင်​သော​တန်​ခိုး​အာ​ဏာ နှင့် အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​နိုင် သော​တန်​ခိုး​အာ​ဏာ​ကို​ပေး​အပ်​တော်​မူ​၏။- ထို​နောက်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း ကို​ဟော​ပြော​ရန်​လည်း​ကောင်း၊ ဖျား​နာ​သူ​များ ကို​ကျန်း​မာ​အောင်​ကု​သ​ပေး​ရန်​လည်း​ကောင်း စေ​လွှတ်​တော်​မူ​၏။- ကိုယ်​တော်​က ``လမ်း​ခ​ရီး​အ​တွက်​သင်​တို့​သည် အ​ဘယ်​အ​ရာ​ကို​မျှ​မ​ယူ​ကြ​နှင့်။ တောင်​ဝှေး၊ လွယ်​အိတ်၊ ရိက္ခာ၊ ကြေး​ငွေ​တို့​ကို​မ​ယူ​ရ​ကြ။ လူ​တစ်​ကိုယ်​လျှင်​အင်္ကျီ​အ​ပို​တစ်​ထည်​ပင် မ​ပါ​ရ။- မည်​သည့်​အိမ်​မ​ဆို​သင်​တို့​ကို​ဝင်​ခွင့်​ပြု​လျှင် မြို့​မှ​ထွက်​ခွာ​သည်​တိုင်​အောင်​ထို​အိမ်​မှာ​ပင် တည်း​ခို​ကြ​လော့။- သင်​တို့​အား​လက်​မ​ခံ​သူ​များ​ကို​မူ​သ​တိ ပေး​သည့်​အ​နေ​ဖြင့် ထို​မြို့​မှ​ထွက်​ခွာ​ချိန်​၌ သင်​တို့​ခြေ​ဖ​ဝါး​မှ​မြေ​မှုန့်​ကို​ခါ​ချ​ခဲ့​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။ တ​မန်​တော်​တို့​သည်​အ​ထံ​တော်​မှ​ထွက်​သွား ပြီး​လျှင် အ​ရပ်​ရပ်​သို့​လှည့်​လည်​လျက်​သ​တင်း ကောင်း​ကို​ဟော​ပြော​ကြေ​ညာ​၍​အ​နာ​ရော​ဂါ များ​ကို​ပျောက်​ကင်း​စေ​ကြ​၏။ ဂါ​လိ​လဲ​ဘု​ရင်​ခံ​မင်း​ကြီး​ဟေ​ရုဒ်​မင်း​သည် ကိုယ် တော်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​များ​အ​ကြောင်း ကို​ကြား​၏။ လူ​အ​ချို့​က ``ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် သေ​ရာ​မှ​ရှင်​ပြန်​လေ​ပြီ'' ဟူ​၍​လည်း​ကောင်း၊- အ​ချို့​က ``ဧ​လိ​ယ​ကြွ​လာ​လေ​ပြီ'' ဟူ​၍ လည်း​ကောင်း၊ အ​ချို့​က​မူ ``ရှေး​ပ​ရော​ဖက်​တစ် ပါး​အ​သက်​ပြန်​၍​ရှင်​လာ​လေ​ပြီ'' ဟူ​၍​လည်း ကောင်း​ပြော​ဆို​နေ​ကြ​သည်​ကို​ဟေ​ရုဒ်​သည် ကြား​သ​ဖြင့်​စိတ်​ရှုပ်​ထွေး​လျက်၊- ``ငါ​သည်​ယော​ဟန်​၏​ဦး​ခေါင်း​ကို​ဖြတ်​ခဲ့​၏။ ငါ သ​တင်း​ကြား​နေ​ရ​သော​ဤ​သူ​ကား​အ​ဘယ်​သူ နည်း'' ဟု​ဆို​၍​သ​ခင်​ယေ​ရှု​ကို​တွေ့​မြင်​ရန်​ကြိုး စား​လျက်​နေ​၏။ တ​မန်​တော်​တို့​သည်​ကိုယ်​တော်​ထံ​သို့​ပြန်​လာ​ကြ လျက် မိ​မိ​တို့​လုပ်​ဆောင်​ခဲ့​သ​မျှ​တို့​ကို​လျှောက် ထား​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​ကို​ခေါ်​၍ ဗက်​ဇဲ​ဒ​နာ​မည်​တွင်​သော​မြို့​သို့​ကြွ​တော်​မူ​၏။- လူ​ပရိ​သတ်​တို့​သည်​ထို​သို့​ကြွ​သွား​ကြောင်း​ကို ကြား​သိ​ကြ​သော​အ​ခါ​နောက်​တော်​သို့​လိုက် ကြ​၏။ ကိုယ်​တော်​သည်​ထို​သူ​တို့​အား​ကြို​ဆို လက်​ခံ​ပြီး​လျှင် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် အ​ကြောင်း​ကို​ဟော​ပြော​သွန်​သင်​တော်​မူ​၏။ မ​ကျန်း​မာ​သူ​ကို​လည်း​ကျန်းမာ​စေ​တော်​မူ​၏။ မိုး​ချုပ်​စ​ပြု​သော​အ​ခါ​တစ်​ကျိပ်​နှစ်​ပါး​သော တ​မန်​တော်​တို့​သည်​ကိုယ်​တော်​၏​ထံ​သို့​လာ​၍ ``ဤ လူ​ပ​ရိ​သတ်​ကို​ပတ်​ဝန်း​ကျင်​ကျေး​လက်​နှင့်​တော ရွာ​များ​သို့​သွား​၍ တည်း​ခို​ရန်​နေ​ရာ​နှင့်​အ​စား အ​စာ​ကို​ရှာ​စေ​တော်​မူ​ပါ။ ဤ​အ​ရပ်​သည်​လူ သူ​နှင့်​ဝေး​ရာ​အ​ရပ်​ဖြစ်​ပါ​၏'' ဟု​လျှောက် ထား​ကြ​၏။ ကိုယ်​တော်​က ``သင်​တို့​ပင်​ထို​သူ​တို့​အား​စား စ​ရာ​ကို​ကျွေး​မွေး​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ တ​ပည့်​တော်​တို့​က ``အ​ကျွန်ုပ်​တို့​သည်​ဤ​လူ​ထု အ​တွက်​အ​စား​အ​စာ​များ​ကို​သွား​၍​ဝယ်​ရ ပါ​မည်​လော။ အ​ကျွန်ုပ်​တို့​ထံ​မှာ​မုန့်​ငါး​လုံး နှင့်​ငါး​နှစ်​ကောင်​သာ​ရှိ​ပါ​၏'' ဟု​ပြန်​လည် လျှောက်​ထား​ကြ​၏။- (အ​ဘယ်​ကြောင့်​ဤ​သို့​လျှောက်​ထား​ရ​သ​နည်း ဆို​သော်​လူ​ပ​ရိ​သတ်​ဦး​ရေ​ငါး​ထောင်​ခန့်​ရှိ သော​ကြောင့်​ဖြစ်​၏။) ကိုယ်​တော်​က ``ဤ​သူ​တို့​ကို​ငါး​ဆယ်​ခန့်​စီ အ​စု​လိုက်​ထိုင်​စေ​ကြ​လော့'' ဟု​မိန့်​တော်​မူ သည်။- တ​ပည့်​တော်​တို့​သည်​အ​မိန့်​တော်​အ​တိုင်း ဆောင်​ရွက်​ကြ​၏။- ကိုယ်​တော်​သည်​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ကို ယူ​တော်​မူ​၏။ ထို​နောက်​ကောင်း​ကင်​သို့​မျှော်​ကြည့် လျက်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၍ မုန့်​နှင့်​ငါး​ကို​ဖဲ့​တော်​မူ​ပြီး​လျှင်​လူ​တို့​အား ဝေ​ငှ​ရန်​အ​တွက်​တ​ပည့်​တော်​တို့​အား​ပေး​အပ် တော်​မူ​၏။- လူ​အ​ပေါင်း​တို့​သည်​အ​ဝ​စား​ရ​ကြ​၏။ သူ​တို့ ၏​စား​ကြွင်း​စား​ကျန်​များ​ကို​ကောက်​သိမ်း​ရာ တောင်း​တစ်​ဆယ့်​နှစ်​တောင်း​အ​ပြည့်​ရ​ကြ​၏။ အ​ခါ​တစ်​ပါး​၌​ကိုယ်​တော်​သည်​တစ်​ကိုယ်​တည်း ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​တော်​မူ​သော​အ​ခါ တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​ထံ​တော်​သို့​လာ ကြ​၏။ ကိုယ်​တော်​က ``လူ​တို့​သည်​ငါ့​ကို​အ​ဘယ် သူ​ဟု​ဆို​ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ တ​ပည့်​တော်​တို့​က ``ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဟု အ​ချို့​ဆို​ကြ​ပါ​သည်။ အ​ချို့​က​ဧ​လိ​ယ​ဟူ​၍ လည်း​ကောင်း၊ အ​ချို့​က​မူ​ပြန်​လည်​အ​သက်​ရှင်​လာ သော​ရှေး​ပ​ရော​ဖက်​တစ်​ပါး​ဟူ​၍​လည်း​ကောင်း ပြော​ဆို​ကြ​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။ ထို​အ​ခါ​ကိုယ်​တော်​က ``သင်​တို့​က​မူ​ငါ့​ကို အ​ဘယ်​သူ​ဟု​ဆို​ကြ​သ​နည်း'' ဟု​မေး​တော် မူ​၏။ ပေ​တ​ရု​က ``အ​ရှင်​သည်​ဘု​ရား​သ​ခင်​စေ​လွှတ် တော်​မူ​သည့်​မေ​ရှိ​ယ​ဖြစ်​ပါ​သည်'' ဟု​ဖြေ​ဆို လျှောက်​ထား​၏။ ကိုယ်​တော်​က ``ဤ​အ​ကြောင်း​ကို​မည်​သူ​မျှ မ​သိ​စေ​နှင့်'' ဟု​ကြပ်​တည်း​စွာ​ပ​ညတ်​တော် မူ​၏။- ထို​နောက်​ဆက်​လက်​၍ ``လူ​သား​သည်​ဝေ​ဒ​နာ​များ စွာ​ခံ​တော်​မူ​ရ​မည်။ ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​သူ့​ကို​ပစ်​ပယ်​ကြ​လိမ့်​မည်။ လူ​သား သည်​အ​သေ​ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့ ၌​ရှင်​ပြန်​ထ​မြောက်​လိမ့်​မည်'' ဟု​တ​ပည့်​တော် တို့​အား​မိန့်​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​က​လူ​အ​ပေါင်း​တို့​အား ``ငါ့ တ​ပည့်​ဖြစ်​လို​သူ​သည်​ကိုယ်​ကျိုး​ကို​စွန့်​ရ​မည်။ ကိုယ့်​လက်​ဝါး​ကပ်​တိုင်​ကို​နေ့​စဉ်​ထမ်း​၍​ငါ့ နောက်​သို့​လိုက်​ရ​မည်။- မိ​မိ​အ​သက်​ကို​ကယ်​ဆယ်​လို​သူ​သည်​အ​သက် ဆုံး​ရှုံး​ရ​လိမ့်​မည်။ ငါ့​ကြောင့်​အ​သက်​ဆုံး​ရှုံး သူ​သည်​မိ​မိ​အ​သက်​ကို​ကယ်​ဆယ်​လိမ့်​မည်။- လူ​သည်​တစ်​လော​က​လုံး​ကို​စိုး​ပိုင်​ခွင့်​ရ​သော် လည်း မိ​မိ​၏​အ​သက်​ဆုံး​ရှုံး​လျှင်​အ​ဘယ် အ​ကျိုး​ရှိ​မည်​နည်း။- မည်​သူ​မ​ဆို​ငါ​နှင့်​ငါ​၏​သြ​ဝါဒ​ကြောင့်​ရှက် လျှင်​လူ​သား​သည်​မိ​မိ​၏​ဘုန်း​အ​သ​ရေ၊ ခ​မည်း တော်​၏​ဘုန်း​အ​သ​ရေ၊ သန့်​ရှင်း​သော​ကောင်း​ကင် တ​မန်​များ​၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​လျက် ကြွ​လာ​သော​အ​ခါ​ထို​သူ​ကြောင့်​ရှက်​တော်​မူ လတ္တံ့။- သင်​တို့​အား​အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား ဤ အ​ရပ်​ရှိ​လူ​အ​ချို့​တို့​သည်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​ကို​မ​မြင်​မီ​မ​သေ​ရ​ကြ'' ဟု မိန့်​တော်​မူ​၏။ ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​ရှစ်​ရက်​ခန့်​ကြာ​သော အ​ခါ​ကိုယ်​တော်​သည်​ပေ​တ​ရု၊ ယော​ဟန်၊ ယာ​ကုပ် တို့​ကို​ခေါ်​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​တောင်​ပေါ် သို့​ကြွ​တော်​မူ​၏။- ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​တော်​မူ​စဉ်​မျက်​နှာ တော်​၏​အ​ဆင်း​အ​ရောင်​သည်​ထူး​ခြား​လာ​လျက်၊ အ​ဝတ်​တော်​သည်​ဖြူ​ဖွေး​တောက်​ပ​လာ​၏။- လူ​နှစ်​ယောက်​တို့​သည်​ရုတ်​တ​ရက်​ပေါ်​လာ​၍ ကိုယ်​တော်​နှင့်​စ​ကား​ပြော​လျက်​နေ​၏။ ထို​သူ တို့​သည်​ကား​မော​ရှေ​နှင့်​ဧ​လိ​ယ​ဖြစ်​ကြ​၏။- သူ​တို့​သည်​ဘုန်း​အ​သ​ရေ​နှင့်​တ​ကွ​ပေါ်​လာ ၍​ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ​မ​ကြာ​မီ ယေ​ရု​ရှ​လင်​မြို့​တွင်​ကိုယ်​တော်​အ​သေ​ခံ​တော် မူ​ရ​မည့်​အ​ကြောင်း​ကို​ကိုယ်​တော်​နှင့်​ပြော​ဆို နေ​ကြ​သ​တည်း။- ပေ​တ​ရု​နှင့်​အ​ဖော်​များ​သည်​ငိုက်​မြည်း အိပ်​ပျော်​လျက်​နေ​ကြ​၏။ သို့​ရာ​တွင်​သူ​တို့ နိုး​လာ​သော​အ​ခါ​ကိုယ်​တော်​၏​ဘုန်း​အ​သ ရေ​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​နှင့်​အ​တူ ရပ်​နေ​သူ​နှစ်​ဦး​ကို​လည်း​ကောင်း​မြင်​ကြ​၏။- ထို​သူ​နှစ်​ဦး​တို့​ကိုယ်​တော်​၏​ထံ​မှ​ထွက်​ခွာ​သွား နေ​ကြ​စဉ်​ပေ​တ​ရု​က ``အ​ရှင်​ဘု​ရား၊ ဤ​အ​ရပ် တွင်​နေ​ဖွယ်​ကောင်း​ပါ​၏။ ကိုယ်​တော်​အ​တွက်​တဲ တစ်​ဆောင်၊ မော​ရှေ​အ​တွက်​တဲ​တစ်​ဆောင်၊ ဧ​လိ​ယ အ​တွက်​တဲ​တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို​အ​ကျွန်ုပ် တို့​ဆောက်​ပါ​ရ​စေ'' ဟု​ပြော​မိ​ပြော​ရာ​ပြော​ဆို လျှောက်​ထား​၏။ ဤ​သို့​လျှောက်​ထား​စဉ်​မိုး​တိမ်​တိုက်​တစ်​ခု​သည် ပေါ်​လာ​၍​သူ​တို့​အ​ပေါ်​မှာ​တိမ်​ရိပ်​ကျ​လေ​၏။- မိုး​တိမ်​တိုက်​သူ​တို့​အ​ပေါ်​သို့​ရောက်​လာ​သော အ​ခါ​သူ​တို့​သည်​ကြောက်​လန့်​ကြ​၏။ မိုး​တိမ် ထဲ​က ``ဤ​သူ​ကား​ငါ​၏​သား​တော်​ဖြစ်​၏။ သူ့ အား​ငါ​ရွေး​ကောက်​တော်​မူ​ပြီ။ သူ​၏​စ​ကား ကို​နား​ထောင်​ကြ​လော့'' ဟု​အ​သံ​တော်​ထွက် ပေါ်​လာ​၏။ အ​သံ​တော်​ထွက်​ပေါ်​ပြီး​သည့်​နောက်​သ​ခင်​ယေ​ရှု တစ်​ပါး​တည်း​ကို​သာ​လျှင်​တ​ပည့်​တော်​တို့​မြင် ရ​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​တွေ့​မြင်​ရ​သည့် အ​ကြောင်း​အ​ရာ​ကို​ထို​စဉ်​အ​ခါ​က​မည်​သူ့ ကို​မျှ​မ​ပြော​ဘဲ​ဆိတ်​ဆိတ်​နေ​ကြ​၏။

ရှင်လုကာ 9:1-36 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို​စုရုံး​စေ​ပြီးလျှင် သူ​တို့​အား နတ်ဆိုး​အပေါင်း​တို့​ကို​နိုင်​၍ ရောဂါ​များ​ကို​ငြိမ်း​စေ​နိုင်​သော တန်ခိုး​နှင့်​အခွင့်​အာဏာ​တို့​ကို​ပေး​တော်မူ​၏။ ထို့နောက် ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို​ဟောပြော​ရန်​နှင့် နာမကျန်း​ဖြစ်​သူ​များ​ကို​ကျန်းမာ​စေရန် သူ​တို့​ကို​စေလွှတ်​တော်မူ​၍ “လမ်း​ခရီး​အတွက် မည်သည့်​အရာ​ကို​မျှ မ​ယူ​သွား​ကြ​နှင့်။ တောင်ဝှေး၊ လွယ်အိတ်၊ အစားအစာ​နှင့် ငွေ​တို့​ကို​လည်း မ​ယူ​သွား​ကြ​နှင့်။ အင်္ကျီ​ကို​လည်း အပို​မ​ဆောင်​ကြ​နှင့်။ မည်သည့်​အိမ်​သို့​မဆို သင်​တို့​ဝင်​ကြ​သောအခါ ထို​အရပ်​မှ ပြန်လည်​ထွက်ခွာ​သည့်​တိုင်အောင် ထို​အိမ်​၌​တည်းခို​ကြ​လော့။ မည်သူ​မျှ သင်​တို့​ကို​လက်​မ​ခံ​လျှင် ထို​မြို့​မှ​ထွက်သွား​ကြ​စဉ် သူ​တို့​တစ်ဖက်​၌ သက်သေ​ဖြစ်​စေရန် သင်​တို့​ခြေဖဝါး​မှ​မြေမှုန့်​ကို ခါချ​ခဲ့​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ သူ​တို့​သည်​လည်း ထွက်သွား​ပြီးလျှင် တစ်ရွာ​ပြီး​တစ်ရွာ​လှည့်လည်​ကာ အရပ်ရပ်​တို့​တွင် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လျက် အနာရောဂါ​များ​ကို​ငြိမ်း​စေ​ကြ​၏။ နယ်စား​ဟေရုဒ်​သည် ဖြစ်ပျက်​နေ​သော​အရာ​အားလုံး​ကို​ကြား​ရ​သောအခါ ဝေခွဲမရ​ဖြစ်​လေ​၏။ အဘယ်ကြောင့်​ဆိုသော် လူ​အချို့​တို့​က “ယောဟန်​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​လေ​ပြီ”​ဟူ၍​လည်းကောင်း၊ အချို့​တို့​က “ဧလိယ​ပေါ်ထွန်း​လေ​ပြီ”​ဟူ၍​လည်းကောင်း၊ အချို့​တို့​က​လည်း “ရှေး​ပရောဖက်​တစ်ပါးပါး​ထမြောက်​လာ​ပြီ”​ဟူ၍​လည်းကောင်း ပြောဆို​နေ​ကြ​သောကြောင့်​ဖြစ်​၏။ ဟေရုဒ်​က​လည်း “ယောဟန်​၏​ဦးခေါင်း​ကို ငါ​ဖြတ်​ခဲ့​၏။ သို့ရာတွင် ဤမျှလောက် ငါ​သတင်း​ကြား​နေ​ရ​သော ဤ​သူ​ကား မည်သူ​နည်း”​ဟု ဆို​လျက် ကိုယ်တော်​ကို​တွေ့မြင်​ရ​ရန် ရှာကြံ​လေ​၏။ တမန်တော်​တို့​သည် ပြန်လာ​၍ သူ​တို့​ပြု​ခဲ့​သမျှ​တို့​ကို ကိုယ်တော်​အား ကြားလျှောက်​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် သူ​တို့​ကို​သာ​ခေါ်​၍ ဗက်ဇဲဒ​ဟု​ခေါ်​သော​မြို့​သို့ ကြွ​တော်မူ​၏။ သို့သော် လူထု​ပရိသတ်​များ​သည် သိ​ကြ​သဖြင့် နောက်​တော်​သို့​လိုက်​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် သူ​တို့​ကို​ကြိုဆို​လျက် ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို ဟောပြော​တော်မူ​၏။ ကျန်းမာ​ခြင်း​လိုအပ်​သော​သူ​တို့​ကို​လည်း ကျန်းမာ​စေ​တော်မူ​၏။ ညနေစောင်း​သောအခါ တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လျက် “အကျွန်ုပ်​တို့​ရှိ​နေ​သော​ဤ​အရပ်​သည် လူသူ​ကင်းဝေး​ရာ​အရပ်​ဖြစ်​သောကြောင့် လူထု​ပရိသတ်​တို့​သည် ဝန်းကျင်​ရှိ ကျေးလက်​တောရွာ​များ​သို့​သွား​၍ တည်းခို​နိုင်​ရန်​နှင့် အစားအစာ​များ​ရရှိ​နိုင်​ရန် သူ​တို့​ကို​ပြန်လွှတ်​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ သို့သော် ကိုယ်တော်​က“သင်​တို့​ကိုယ်တိုင် သူ​တို့​အား စား​စရာ​ပေး​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ သူ​တို့​က​လည်း “ဤ​လူ​အားလုံး​အတွက် အစားအစာ​များ​ကို အကျွန်ုပ်​တို့​သွား​၍​မ​ဝယ်​လျှင် အကျွန်ုပ်​တို့​၌ မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​သာ​ရှိ​ပါ​သည်”​ဟု လျှောက်​ကြ​၏။ (ထိုသို့​လျှောက်​ကြ​ခြင်း​မှာ လူ​ငါးထောင်​ခန့်မျှ​ရှိ​သောကြောင့်​ဖြစ်​၏။) ထိုအခါ ကိုယ်တော်​သည် တပည့်​တော်​တို့​အား“လူ​တို့​ကို ငါးဆယ်​ခန့်​စီ​စု​၍ ထိုင်​စေ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း အမိန့်​တော်​အတိုင်း​ဆောင်ရွက်​ကြ​လျက် လူ​အားလုံး​တို့​ကို​ထိုင်​စေ​ကြ​၏။ ကိုယ်တော်​သည် မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ကို​ယူ​၍ မိုး​ကောင်းကင်​သို့​မျှော်ကြည့်​ကာ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် ၎င်း​တို့​ကို​ဖဲ့​၍ လူထု​ပရိသတ်​ကို​ဝေ​ပေး​ရန် တပည့်​တော်​တို့​အား​ပေး​တော်မူ​၏။ လူ​အပေါင်း​တို့​သည် စား​၍​ဝ​ကြ​၏။ ထို့နောက် ကြွင်းကျန်​သော​အကျိုးအပဲ့​များ​ကို ကောက်သိမ်း​ကြ​ရာ တစ်ဆယ့်နှစ်​တောင်း​ရ​ကြ​၏။ တစ်နေ့သ၌ ကိုယ်တော်​သည် တစ်ပါးတည်း​ဆုတောင်း​လျက်​နေ​တော်မူ​စဉ် တပည့်​တော်​တို့​သည် ကိုယ်တော်​နှင့်အတူ​ရှိ​ကြ​၏။ ထိုအခါ ကိုယ်တော်​က“လူထု​ပရိသတ်​တို့​သည် ငါ့​ကို မည်သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သနည်း”​ဟူ၍ သူ​တို့​အား မေး​တော်မူ​၏။ သူ​တို့​က​လည်း “ဗတ္တိဇံ​ဆရာ​ယောဟန်​ဟု ဆို​ကြ​ပါ​သည်။ သို့သော် အချို့​တို့​က ဧလိယ​ဟု ဆိုကြ​၍ အချို့​တို့​က​လည်း ရှေး​ပရောဖက်​တစ်ပါးပါး​ထမြောက်​လာ​သည်​ဟု ဆို​ကြ​ပါ​သည်”​ဟူ၍ ပြန်လျှောက်​ကြ​၏။ ယေရှု​က​လည်း“သင်​တို့​မူကား ငါ့​ကို မည်သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သနည်း”​ဟူ၍ မေး​တော်မူ​လျှင် ပေတရု​က “ဘုရားသခင်​၏​ခရစ်တော်​ဖြစ်​ပါ​သည်”​ဟု ပြန်လျှောက်​လေ​၏။ ထိုအခါ ကိုယ်တော်​သည် သူ​တို့​အား သတိပေး​လျက် ဤ​အကြောင်း​ကို မည်သူ့​ကို​မျှ​မ​ပြော​ရန် အမိန့်​ပေး​တော်မူ​ပြီးလျှင် “လူ့သား​သည် ဒုက္ခ​ဝေဒနာ​များစွာ​ခံစား​ရ​လျက် သက်ကြီးဝါကြီး​များ၊ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​၏​ငြင်းပယ်​ခြင်း​ကို​ခံရ​၍ အသေ​သတ်​ခြင်း​ခံရ​ပြီး သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​ရ​မည်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ထို့နောက် လူ​အပေါင်း​တို့​အား“မည်သူမဆို ငါ့​နောက်​သို့​လိုက်​လို​လျှင် မိမိကိုယ်ကို​ငြင်းပယ်​ပြီး မိမိ​၏​လက်ဝါးကပ်တိုင်​ကို နေ့စဉ်​ထမ်း​လျက် ငါ့​နောက်​သို့​လိုက်​ရ​မည်။ အကြောင်းမှာ မိမိ​အသက်​ကို​ကယ်တင်​လို​သော​သူ​သည် အသက်​ကို​ဆုံးရှုံး​ရ​လိမ့်မည်။ ငါ့​အတွက် မိမိ​အသက်​ကို​ဆုံးရှုံး​ရ​သော​သူ​မူကား မိမိ​အသက်​ကို​ကယ်တင်​လိမ့်မည်။ လူ​သည် ကမ္ဘာ​လောက​တစ်ခုလုံး​ကို​ရရှိ​သော်လည်း သူကိုယ်တိုင်​ပျက်စီး​လျှင်​၊ သို့မဟုတ် ဆုံးရှုံး​လျှင် မည်သည့်​အကျိုး​ရှိ​မည်နည်း။ မည်သူမဆို ငါ​နှင့်​ငါ့​တရား​စကား​အတွက်​ရှက်​လျှင် လူ့သား​သည်​လည်း မိမိ​၏​ဘုန်း​အသရေ၊ ခမည်းတော်​၏​ဘုန်း​အသရေ​နှင့် သန့်ရှင်း​သော​ကောင်းကင်တမန်​များ​၏​ဘုန်း​အသရေ​တို့​ကို​ဆောင်​လျက် ကြွလာ​သောအခါ ထို​သူ​အတွက်​ရှက်​လိမ့်မည်။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ဤ​နေရာ​၌​ရပ်​နေ​သော​သူ​တို့​တွင် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို​မ​မြင်​မီ သေ​ခြင်း​ကို​မ​မြည်းစမ်း​ရ​သော​သူ​အချို့​ရှိ​၏”​ဟု မိန့်​တော်မူ​၏။ ဤ​တရား​စကား​တို့​ကို မိန့်​တော်မူ​ပြီးနောက် ရှစ်​ရက်​ခန့်​ကြာ​သောအခါ ကိုယ်တော်​သည် ပေတရု၊ ယောဟန်​နှင့် ယာကုပ်​တို့​ကို​ခေါ်​၍ ဆုတောင်း​ရန် တောင်​ပေါ်သို့​တက်​သွား​တော်မူ​၏။ ကိုယ်တော်​ဆုတောင်း​လျက်​နေ​တော်မူ​စဉ် မျက်နှာ​တော်​၏​အဆင်း​သဏ္ဌာန်​သည် ထူးခြား​လာ​၍ အဝတ်​တော်​သည် ဖြူဖွေး​တောက်ပ​လာ​၏။ ထို​အချိန်​တွင် လူ​နှစ်​ဦး​တို့​သည် ကိုယ်တော်​နှင့်​စကား​ပြော​နေ​ကြ​၏။ ထို​သူ​တို့​မှာ မောရှေ​နှင့်​ဧလိယ​တို့​ဖြစ်​ကြ​၏။ သူ​တို့​သည် ဘုန်း​အသရေ​နှင့်တကွ​ပေါ်လာ​၍ ဂျေရုဆလင်​မြို့​တွင်​ပြည့်စုံ​တော့မည့် ကိုယ်တော်​၏​အသေ​ခံ​တော်မူ​ခြင်း​အကြောင်း​ကို ပြောဆို​နေ​ကြ​၏။ ပေတရု​နှင့် သူ​၏​အပေါင်းအဖော်​တို့​သည် မျက်စိ​လေး​၍ အိပ်မောကျ​နေ​ကြ​၏။ သို့သော် ကောင်းစွာ​နိုး​လာ​သောအခါ ကိုယ်တော်​၏​ဘုန်း​အသရေ​တော်​ကို​လည်းကောင်း၊ ကိုယ်တော်​နှင့်အတူ​ရပ်​နေ​သူ​နှစ်​ဦး​တို့​ကို​လည်းကောင်း မြင်​ကြ​၏။ ထို​သူ​နှစ်​ဦး​တို့​သည် ကိုယ်တော်​ထံမှ ထွက်ခွာ​သွား​ကြ​စဉ် ပေတရု​က “သခင်၊ ဤ​နေရာ​သည် အကျွန်ုပ်​တို့​အတွက် နေ​စရာ​ကောင်း​ပါ​၏။ တဲ​သုံး​ဆောင်​ကို ကိုယ်တော်​အတွက်​တစ်​ဆောင်၊ မောရှေ​အတွက်​တစ်​ဆောင်၊ ဧလိယ​အတွက်​တစ်​ဆောင် အကျွန်ုပ်​တို့​ဆောက်​ပါရစေ”​ဟု မိမိ​မည်သည့်​အရာ​ပြောဆို​နေ​သည်​ကို​မ​သိ​ဘဲ ယေရှု​အား လျှောက်ထား​လေ​၏။ ထိုသို့ ပေတရု​လျှောက်ထား​စဉ် မိုးတိမ်​သည်​ပေါ်လာ​၍ သူ​တို့​ကို​ဖုံးလွှမ်း​လေ​၏။ သူ​တို့​သည် မိုးတိမ်​ထဲသို့ ရောက်​သွား​စဉ် ကြောက်ရွံ့​ကြ​၏။ ထိုအခါ မိုးတိမ်​ထဲမှ အသံ​တော်​ထွက်ပေါ်​လာ​၍ “ဤ​သူ​ကား ငါ​ရွေးကောက်​သော ငါ​၏​သား​ပေတည်း။ သူ​၏​စကား​ကို နားထောင်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထို​အသံ​တော်​ထွက်ပေါ်​လာ​ပြီး​သည့်​နောက် ယေရှု​တစ်ပါးတည်း​ကို​သာ​တွေ့မြင်​ရ​တော့​၏။ တပည့်​တော်​တို့​သည် မိမိ​တို့​တွေ့မြင်​ရ​သည့်​အရာ​ကို ထို​နေ့ရက်​များ​၌ မည်သူ့​ကို​မျှ​မ​ပြော​ဘဲ တိတ်ဆိတ်​စွာ​နေ​ကြ​၏။