ရှင်လုကာ 7:11-17
ရှင်လုကာ 7:11-17 Judson Bible (JBMLE)
နက်ဖြန်နေ့၌ နာဣနမြို့သို့ ကြွတော်မူ၍၊ တပည့်တော်များနှင့် လူအစုအဝေးအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။- မြို့တံခါးအနီးသို့ ရောက်သောအခါ၊ မုဆိုးမ၌ တစ်ယောက်တည်းသော သားအသေကောင်ကို သင်္ဂြိုဟ်ခြင်းငှာ ထုတ်သွား၍၊ မြို့သူမြို့သားများတို့သည် လိုက်ကြ၏။- သခင်ဘုရားသည် ထိုမိန်းမကိုမြင်လျှင် သနားခြင်းစိတ်တော်ရှိ၍၊ မငိုနှင့်ဟု မိန့်တော်မူလျက် အနီးသို့ကြွ၍ တလားကို လက်နှင့်တို့တော်မူသဖြင့်၊ ထမ်းသောသူတို့သည် ရပ်၍နေကြ၏၊- ကိုယ်တော်ကလည်း၊ အချင်းလုလင်၊ ထလော့၊ သင့်အား ငါအမိန့်ရှိသည်ဟု မိန့်တော်မူလျှင်၊- သေသောသူသည် ထိုင်၍စကားပြော၏၊ ကိုယ်တော်သည်လည်း ထိုသူကို မိခင်အား အပ်ပေးတော်မူ၏။- လူအပေါင်းတို့သည် ကြောက်ရွံ့ခြင်းသို့ရောက်၍၊ ကြီးစွာသောပရောဖက်သည် ငါတို့တွင်ပေါ်ထွန်းပြီ။ ဘုရားသခင်သည် မိမိလူမျိုးကို အကြည့်အရှု ကြွလာတော်မူပြီ ဟူ၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။- ထိုသတင်းတော်သည် ယုဒပြည်မှစ၍ ပတ်ဝန်းကျင်အရပ်တို့၌ အနှံ့အပြား ကျော်စောလေ၏။
ရှင်လုကာ 7:11-17 Common Language Bible (BCL)
ထိုနောက်ကိုယ်တော်သည်နာဣနမြို့သို့ကြွတော် မူသောအခါ တပည့်တော်တို့နှင့်လူပရိသတ် ကြီးသည်လိုက်ပါလာကြ၏။- မြို့တံခါးအနီးသို့ကိုယ်တော်ရောက်ချိန်၌ လူတို့ သည်မုဆိုးမတစ်ယောက်၏တစ်ဦးတည်းသော သား၏အလောင်းကိုသင်္ဂြိုဟ်ရန် မြို့ပြင်သို့ထုတ် ဆောင်လာကြ၏။ ထိုမုဆိုးမနှင့်အတူမြို့သူ မြို့သားတို့သည်လိုက်ပို့ကြ၏။- ကိုယ်တော်သည်ထိုအမျိုးသမီးကိုမြင်သော အခါသနားတော်မူသဖြင့် ``မငိုနှင့်'' ဟု သူ့အားမိန့်တော်မူ၏။- ထို့နောက်အနီးသို့ကြွတော်မူပြီးလျှင် အလောင်း စင်ကိုလက်တော်ဖြင့်တို့ထိတော်မူ၏။ ထိုအခါ အလောင်းစင်ထမ်းသူတို့သည်ရပ်တန့်ကြ၏။ ကိုယ် တော်က ``အချင်းလူငယ်၊ ထလော့၊ သင့်အားငါ အမိန့်ပေး၏'' ဟုမိန့်တော်မူရာ၊- သူသေသည်ထိုင်ပြီးလျှင်စကားပြောလေ၏။ ထိုနောက်ကိုယ်တော်သည်သူ့ကိုမိခင်အားအပ် ပေးတော်မူ၏။ လူအပေါင်းတို့သည်ကြောက်ရွံ့လျက်ဘုရားသခင် ၏ဂုဏ်ကျေးဇူးတော်ကိုချီးကူးကြ၏။ သူတို့ က ``ငါတို့တွင်ပရောဖက်ကြီးတစ်ပါးပေါ်ထွန်း လေပြီ။ ဘုရားသခင်သည်မိမိလူစုတော်အား ကယ်တင်ရန်ကြွလာတော်မူပြီ'' ဟုဂုဏ်ကျေးဇူး တော်ကိုချီးကူးကြ၏။ ကိုယ်တော်၏သတင်းတော်သည်ယုဒပြည်တစ် လျှောက်လုံးနှင့်ပတ်ဝန်းကျင်တွင်ပျံ့နှံ့သွားတော့ ၏။
ရှင်လုကာ 7:11-17 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
နောက်တစ်နေ့တွင် ကိုယ်တော်သည် နာဣနဟုခေါ်သောမြို့သို့ ကြွတော်မူရာ တပည့်တော်တို့မှစ၍ များစွာသောလူထုပရိသတ်သည် ကိုယ်တော်နှင့်အတူလိုက်ပါလာကြ၏။ မြို့တံခါးအနီးသို့ရောက်တော်မူသောအချိန်တွင် လူတို့သည် သေဆုံးသောသူတစ်ယောက်ကို မြို့ပြင်သို့ထုတ်ဆောင်လာကြ၏။ သူသည် မိခင်ဖြစ်သူမုဆိုးမ၏တစ်ဦးတည်းသောသားဖြစ်၏။ များစွာသောမြို့သူမြို့သားတို့သည်လည်း ထိုအမျိုးသမီးနှင့်အတူရှိကြ၏။ သခင်ဘုရားသည် ထိုအမျိုးသမီးကိုမြင်သောအခါ သူ့အပေါ်ကြင်နာစိတ်ရှိတော်မူ၍“မငိုနှင့်”ဟု မိန့်တော်မူ၏။ ထို့နောက် ချဉ်းကပ်လျက် အလောင်းစင်ကို တို့ထိတော်မူရာ အလောင်းစင်ထမ်းသောသူတို့သည် ရပ်တန့်ကြ၏။ ထိုအခါ ကိုယ်တော်က“အချင်းလူငယ်၊ သင့်အား ငါဆိုမည်။ ထလော့”ဟု မိန့်တော်မူရာ သေသောသူသည် ထထိုင်ပြီး စကားပြောလေ၏။ ကိုယ်တော်သည်လည်း သူ့ကို သူ့မိခင်ထံပြန်အပ်တော်မူ၏။ လူတို့သည်ထိတ်လန့်အံ့ဩလျက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကာ “ပရောဖက်ကြီးတစ်ပါးသည် ငါတို့တွင် ပေါ်ထွန်းလေပြီ”ဟူ၍လည်းကောင်း၊ “ဘုရားသခင်သည် မိမိလူမျိုးတော်ကိုအကြည့်အရှု ကြွလာတော်မူပြီ”ဟူ၍လည်းကောင်း ပြောဆိုကြ၏။ ကိုယ်တော်၏သတင်းသည်လည်း ယုဒနယ်တစ်လျှောက်လုံးနှင့် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။