YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 7:11-17

ရှင်လုကာခရစ်ဝင် 7:11-17 MSBU

နောက်တစ်နေ့​တွင် ကိုယ်တော်​သည် နာဣန​ဟု​ခေါ်​သော​မြို့​သို့ ကြွ​တော်မူ​ရာ တပည့်​တော်​တို့​မှစ၍ များစွာ​သော​လူထု​ပရိသတ်​သည် ကိုယ်တော်​နှင့်အတူ​လိုက်ပါ​လာ​ကြ​၏။ မြို့​တံခါး​အနီး​သို့​ရောက်​တော်မူ​သော​အချိန်​တွင် လူ​တို့​သည် သေဆုံး​သော​သူ​တစ်​ယောက်​ကို မြို့​ပြင်​သို့​ထုတ်ဆောင်​လာ​ကြ​၏။ သူ​သည် မိခင်​ဖြစ်​သူ​မုဆိုးမ​၏​တစ်ဦးတည်း​သော​သား​ဖြစ်​၏။ များစွာ​သော​မြို့သူ​မြို့သား​တို့​သည်​လည်း ထို​အမျိုးသမီး​နှင့်အတူ​ရှိ​ကြ​၏။ သခင်​ဘုရား​သည် ထို​အမျိုးသမီး​ကို​မြင်​သောအခါ သူ့​အပေါ်​ကြင်နာ​စိတ်​ရှိ​တော်မူ​၍“မ​ငို​နှင့်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ချဉ်းကပ်​လျက် အလောင်းစင်​ကို တို့ထိ​တော်မူ​ရာ အလောင်းစင်​ထမ်း​သော​သူ​တို့​သည် ရပ်တန့်​ကြ​၏။ ထိုအခါ ကိုယ်တော်​က“အချင်း​လူငယ်၊ သင့်​အား ငါ​ဆို​မည်။ ထ​လော့”​ဟု မိန့်​တော်မူ​ရာ သေ​သော​သူ​သည် ထ​ထိုင်​ပြီး စကား​ပြော​လေ​၏။ ကိုယ်တော်​သည်​လည်း သူ့​ကို သူ့​မိခင်​ထံ​ပြန်အပ်​တော်မူ​၏။ လူ​တို့​သည်​ထိတ်လန့်​အံ့ဩ​လျက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကာ “ပရောဖက်​ကြီး​တစ်​ပါး​သည် ငါ​တို့​တွင် ပေါ်ထွန်း​လေ​ပြီ”​ဟူ၍​လည်းကောင်း၊ “ဘုရားသခင်​သည် မိမိ​လူမျိုး​တော်​ကို​အကြည့်အရှု ကြွလာ​တော်မူ​ပြီ”​ဟူ၍​လည်းကောင်း ပြောဆို​ကြ​၏။ ကိုယ်တော်​၏​သတင်း​သည်​လည်း ယုဒ​နယ်​တစ်လျှောက်လုံး​နှင့် ပတ်ဝန်းကျင်​တစ်ခုလုံး​သို့ ပျံ့နှံ့​သွား​လေ​၏။

စပ်ဆိုင်သော ဗီဒီယိုများ