YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 6:1-5

ရှင်လုကာ 6:1-5 Judson Bible (JBMLE)

ဒု​တိ​ယ​ဧ​က​ဒက်​ဥ​ပုသ်​နေ့၌ ကိုယ်​တော်​သည် ဂျုံ​စ​ပါး​လယ်​ကွက်​တို့​ကို လျှောက်​ကြွ​တော်​မူ​လျှင်၊ တ​ပည့်​တော်​တို့​သည် စ​ပါး​အ​သီး​အ​နှံ​ကို​ဆွတ်၍ လက်​နှင့် ပွတ်​နယ်​စား​ကြ၏။- ဖာ​ရိ​ရှဲ​အ​ချို့​တို့​က၊ ဥ​ပုသ်​နေ့၌ မ​ပြု​အပ်​သော​အ​မှု​ကို သင်​တို့​သည် အ​ဘယ်​ကြောင့်​ပြု​ကြ​သ​နည်း​ဟု ဆို​ကြ​သော်၊- ယေ​ရှု​က၊ ဒါ​ဝိဒ်​သည် မိ​မိ​အ​ဖော်​တို့​နှင့်​တ​ကွ မွတ်​သိပ်​သော​အ​ခါ၊- ဘု​ရား​သ​ခင်၏ အိမ်​တော်​သို့​ဝင်၍ ယဇ်​ပု​ရော​ဟိတ်​တို့​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​မ​စား​အပ်​သော ရှေ့​တော်​မုန့်​ကို ယူ​စား၍၊ မိ​မိ​အ​ဖော်​တို့​အား ပေး​သည်​အ​ကြောင်း​ကို​မျှ သင်​တို့​သည် မ​ဖတ်​ဖူး​သ​လော။- ထို​မှ​တစ်​ပါး၊ လူ​သား​သည် ဥ​ပုသ်​နေ့​ကို​ပင် အ​စိုး​ရ​သည်​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 6:1-5 Common Language Bible (BCL)

ဥ​ပုသ်​နေ့​၌​ကိုယ်​တော်​သည်​ဂျုံ​ခင်း​များ​ကို ဖြတ်​၍​လျှောက်​သွား​တော်​မူ​စဉ် တ​ပည့်​တော် သည်​ဂျုံ​များ​ကို​ဆွတ်​၍​ပွတ်​နယ်​စား​ကြ​၏။- ဖာ​ရိ​ရှဲ​အ​ချို့​က ``သင်​တို့​သည်​အ​ဘယ်​ကြောင့် ဥ​ပုသ်​နေ့​၌​မ​ပြု​အပ်​သော​အ​မှု​ကို​ပြု​ဘိ သ​နည်း'' ဟု​မေး​ကြ​၏။ သ​ခင်​ယေ​ရှု​က ``ဒါ​ဝိဒ်​မင်း​သည်​မိ​မိ​နှင့်​အ​ဖော် တစ်​စု​တို့​ဆာ​လောင်​မွတ်​သိပ်​သော​အ​ခါ အ​ဘယ် သို့​ပြု​မူ​ခဲ့​ကြောင်း​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ သ​လော။- သူ​သည်​ဘု​ရား​သ​ခင်​၏​အိမ်​တော်​သို့​ဝင်​၍ ပ​ညတ်​တ​ရား​အ​ရ​ယဇ်​ပု​ရော​ဟိတ်​များ​မှ တစ်​ပါး မည်​သူ​မျှ​မ​စား​ထိုက်​သော​ရှေ့​တော် မုန့်​ကို​ယူ​၍​စား​ခဲ့​၏။ မိ​မိ​၏​အ​ဖော်​များ အား​လည်း​ပေး​ခဲ့​၏။- လူ​သား​သည်​ဥ​ပုသ်​နေ့​၏​အ​ရှင်​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။

ရှင်လုကာ 6:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်နေ့သော​ဥပုသ်နေ့​၌ ကိုယ်တော်​သည် ဂျုံခင်း​များ​ကို​ဖြတ်​လျက်​ကြွ​တော်မူ​ရာ တပည့်​တော်​တို့​သည် ဂျုံနှံ​များ​ကို​ဆွတ်ခူး​၍ လက်​နှင့်​ပွတ်နယ်​ပြီး​စား​ကြ​၏။ ထိုအခါ ဖာရိရှဲ​အချို့​တို့​က “သင်​တို့​သည် ဥပုသ်နေ့​၌​ပြု​ခွင့်​မ​ရှိ​သော​အရာ​ကို အဘယ်ကြောင့်​ပြု​ကြ​သနည်း”​ဟု ဆို​ကြ​၏။ ယေရှု​က​လည်း“ဒါဝိဒ်​သည် သူ​မှစ၍ သူ​နှင့်အတူ​ရှိ​သော​သူ​တို့​ဆာလောင်​ကြ​သောအခါ မည်သည့်​အရာ​ပြု​ခဲ့​သည်​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​သလော။ သူ​သည် ဘုရားသခင်​၏​အိမ်​တော်​သို့​ဝင်​၍ ယဇ်ပုရောဟိတ်​များ​မှတစ်ပါး အခြား​မည်သူမျှ​စား​ခွင့်​မ​ရှိ​သော ရှေ့​တော်​မုန့်​ကို​ယူ​စား​ပြီးလျှင် သူ​နှင့်အတူ​ရှိ​သော​သူ​တို့​ကို​လည်း ပေး​ခဲ့​၏”​ဟု ပြန်​၍​မိန့်​တော်မူ​ပြီးလျှင် “လူ့သား​သည် ဥပုသ်နေ့​၏​အရှင်​သခင်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။