ဥပုသ်နေ့၌ကိုယ်တော်သည်ဂျုံခင်းများကို ဖြတ်၍လျှောက်သွားတော်မူစဉ် တပည့်တော် သည်ဂျုံများကိုဆွတ်၍ပွတ်နယ်စားကြ၏။- ဖာရိရှဲအချို့က ``သင်တို့သည်အဘယ်ကြောင့် ဥပုသ်နေ့၌မပြုအပ်သောအမှုကိုပြုဘိ သနည်း'' ဟုမေးကြ၏။ သခင်ယေရှုက ``ဒါဝိဒ်မင်းသည်မိမိနှင့်အဖော် တစ်စုတို့ဆာလောင်မွတ်သိပ်သောအခါ အဘယ် သို့ပြုမူခဲ့ကြောင်းကို သင်တို့မဖတ်ဖူးကြ သလော။- သူသည်ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ပညတ်တရားအရယဇ်ပုရောဟိတ်များမှ တစ်ပါး မည်သူမျှမစားထိုက်သောရှေ့တော် မုန့်ကိုယူ၍စားခဲ့၏။ မိမိ၏အဖော်များ အားလည်းပေးခဲ့၏။- လူသားသည်ဥပုသ်နေ့၏အရှင်ဖြစ်သည်'' ဟုမိန့်တော်မူ၏။
လုကာ 6 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: လုကာ 6:1-5
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ