YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 21:29-38

ရှင်လုကာ 21:29-38 Judson Bible (JBMLE)

တစ်​ဖန် ထပ်၍ မိန့်​တော်​မူ​သော ဥ​ပ​မာ​ကား၊ သင်္ဘော​သ​ဖန်း​ပင်​မှ​စ၍ သစ်​ပင်​များ​တို့​ကို မှတ်​ကြ​လော့။- အ​ရွက်​ပေါက်​သော​အ​ခါ နွေ​ကာ​လ​နီး​သည်​ကို သင်​တို့​သည် အ​လို​အ​လျောက်​သိ​မြင်​ကြ၏။- ထို​နည်း​တူ ထို​အ​ကြောင်း​အ​ရာ​များ​ဖြစ်​သည်​ကို မြင်​ရ​လျှင်၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော် တည်​လု​နီး​သည်​ကို သိ​မှတ်​ကြ​လော့။- ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​ခု​ဖြစ်​သော​လူ​များ မ​ကုန်​မီ ထို​အ​ကြောင်း​အ​ရာ အ​လုံး​စုံ​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။- ကောင်း​ကင်​နှင့် မြေ​ကြီး​မ​တည်​သော်​လည်း ငါ့​စ​ကား တည်​လိမ့်​မည်။ သင်​တို့​သည် ကိုယ်​ကို​ကိုယ် သ​တိ​ပြု​ကြ​လော့။ သို့​မ​ဟုတ် အ​စား​အ​သောက်​လွန်​ကြူး​ခြင်း၊ လော​ကီ စိုး​ရိမ်​ခြင်း​အား​ဖြင့် စိတ်​နှ​လုံး​ပင်​ပန်း​လျက်​နေ​စဉ်၊ ထို​နေ့​ရက်​သည် အ​မှတ်​တ​မဲ့ သင်​တို့​နှင့် တွေ့​ကြုံ​လိမ့်​မည်။- ထို​နေ့​ရက်​သည် ပိုက်​ကွန်​ကဲ့​သို မြေ​တစ်​ပြင်​လုံး၌​နေ​သော လူ​အ​ပေါင်း​တို့​ကို အုပ်​မိ​လိမ့်​မည်။- ထို​ကြောင့် သင်​တို့​သည် ဖြစ်​လ​တ္တံ့​သော အ​မှု​အ​ရာ​တို့​နှင့် ကင်း​လွတ်၍ လူ​သား​ထံ​သို့ ရောက်​ခြင်း​ကို ခံ​ထိုက်​သော​သူ​ဖြစ်​သည်​ဟု မှတ်​တော်​မူ​မည်​အ​ကြောင်း၊ အ​စဉ်​ဆု​တောင်း​လျက် စောင့်​နေ​ကြ​လော့​ဟု မိန့်​တော်​မူ၏။ ထို​သို့ ကိုယ်​တော်​သည် နေ့​ရက်​အ​စဉ်​အ​တိုင်း ဗိ​မာန်​တော်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။ ည​အ​ချိန်​ရောက်​လျှင် သံ​လွင်​အ​မည်​ရှိ​သော​တောင်​သို့ သွား၍ ည​ကို လွန်​စေ​တော်​မူ၏။- နံ​နက်​စော​စော လူ​များ​အ​ပေါင်း​တို့​သည် ဗိ​မာန်​တော်​သို့​သွား၍ အ​ထံ​တော်၌ ဒေ​သ​နာ​တော်​ကို နား​ထောင်​ကြ၏။

ရှင်လုကာ 21:29-38 Common Language Bible (BCL)

ထို​နောက်​ကိုယ်​တော်​သည် သူ​တို့​အား​ပုံ​ဥ​ပ​မာ ဆောင်​၍ ``သင်္ဘော​သ​ဖန်း​ပင်​နှင့် အ​ခြား​သစ်​ပင် တို့​ကို​ကြည့်​ကြ​လော့။- ထို​အ​ပင်​များ​ရွက်​နု​ပေါက်​သော​အ​ခါ သင်​တို့ သည်​ကြည့်​၍​နွေ​ရာ​သီ​နီး​ကြောင်း​သိ​ကြ​၏။- ထို​နည်း​တူ​စွာ​ဖော်​ပြ​ခဲ့​သည့်​အ​မှု​အ​ရာ​များ ဖြစ်​ပျက်​လျက်​ရှိ​သည်​ကို​တွေ့​မြင်​ရ​သော​အ​ခါ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည်​ချိန်​နီး​ပြီ​ဟု သိ​မှတ်​ကြ​လော့။ ``ငါ​အ​မှန်​ဆို​သည်​ကား​ဤ​အ​မှု​အ​ရာ​အ​လုံး​စုံ တို့​မ​ဖြစ်​မ​ပျက်​မီ ယ​ခု​အ​သက်​ရှင်​နေ​သူ​တို့ သေ​လွန်​ရ​လိမ့်​မည်​မ​ဟုတ်။- ကောင်း​ကင်​နှင့်​မြေ​ကြီး​မ​တည်​သော်​လည်း ငါ​၏​စ​ကား​တည်​လိမ့်​မည်။ ``သင်​တို့​သည်​ပျော်​ရွှင်​သောက်​စား​မူး​ယစ်​ခြင်း၊ လော​ကီ​မှု​ရေး​အ​တွက် စိုး​ရိမ်​ပူ​ပန်​ခြင်း​တို့​ဖြင့် အ​ချိန်​မ​ကုန်​စေ​ရန်​သ​တိ​နှင့်​နေ​ကြ​လော့။ ယင်း သို့​သ​တိ​နှင့်​မ​နေ​ပါ​မူ တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​ရက်​သည်​ထောင်​ချောက်​ကျ​သ​ကဲ့​သို့ သင်​တို့ အ​ပေါ်​သို့​ရုတ်​တ​ရက်​ကျ​ရောက်​လိမ့်​မည်။ ထို နေ့​ရက်​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​သား​အ​ပေါင်း တို့​အ​ပေါ်​သို့​ကျ​ရောက်​လာ​လိမ့်​မည်။- နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။ ကျ​ရောက်​လတ္တံ့ သော​ဘေး​များ​ကို​ခံ​ရပ်​၍ လူ​သား​၏​ရှေ့​တော် တွင်​မတ်​မတ်​ရပ်​၍​တ​ရား​စီ​ရင်​ခြင်း​ကို​ခံ​နိုင် ကြ​ရန်​အ​မြဲ​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​လော့'' ဟု​မိန့်​တော်​၏။ ကိုယ်​တော်​သည်​နေ့​အ​ခါ​များ​၌​ဗိ​မာန်​တော် တွင်​ဟော​ပြော​သွန်​သင်​တော်​မူ​ပြီး​လျှင် ည​အ​ခါ များ​၌​သံ​လွင်​နာ​မည်​တွင်​သော​တောင်​ပေါ်​သို့ သွား​၍​ညဥ့်​ကို​လွန်​စေ​တော်​မူ​၏။- လူ​အ​ပေါင်း​တို့​သည်​ဗိမာန်​တော်​တွင်​တ​ရား တော်​ကို​ကြား​နာ​ရန် နံ​နက်​စော​စော​ထ​၍ အ​ထံ​တော်​သို့​လာ​ကြ​၏။

ရှင်လုကာ 21:29-38 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ကိုယ်တော်​သည် သူ​တို့​အား ပုံ​ဥပမာ​တစ်​ခု​မြွက်ဆို​တော်မူ​သည်​မှာ“သဖန်းပင်​နှင့် အခြား​သစ်ပင်​အားလုံး​တို့​ကို ကြည့်​ကြ​လော့။ ရွက်နု​ထွက်လာ​သောအခါ သင်​တို့​သည်​မြင်​၍ နွေ​ရာသီ​နီး​ပြီ​ဖြစ်​ကြောင်း အလိုအလျောက်​သိ​ကြ​၏။ ထိုနည်းတူ ဤ​အရာ​များ​ဖြစ်ပျက်​နေ​သည်​ကို သင်​တို့​မြင်​ရ​သောအခါ ဘုရားသခင်​၏​နိုင်ငံ​တော်​ပေါ်ထွန်း​လုနီး​ပြီ​ဖြစ်ကြောင်း သိမှတ်​ကြ​လော့။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဤ​အရာ​အားလုံး​မ​ဖြစ်ပျက်​မီ ဤ​မျိုးဆက်​သည် မည်သည့်​အခါ​မျှ ကွယ်ပျောက်​လိမ့်မည်​မဟုတ်။ ကောင်းကင်​နှင့်​မြေကြီး​သည် ကွယ်ပျောက်​သွား​လိမ့်မည်။ ငါ့​စကား​မူကား မည်သည့်အခါမျှ​ကွယ်ပျောက်​လိမ့်မည်​မ​ဟုတ်။ သင်​တို့​သည် ကိုယ့်ကိုယ်ကိုယ်​သတိထား​ကြ​လော့။ သို့မဟုတ်လျှင် အပျော်ကြူး​ခြင်း၊ သောက်စား​မူးယစ်​ခြင်း​နှင့် အသက်ရှင်​ရေး​အတွက် စိုးရိမ်​ပူပန်​ခြင်း​တို့​ကြောင့် သင်​တို့​စိတ်နှလုံး​လေးလံ​ထိုင်းမှိုင်း​နေ​ကြ​စဉ် ထို​နေ့ရက်​သည် ကျော့ကွင်း​ကဲ့သို့ သင်​တို့​အပေါ်သို့ ရုတ်တရက်​ကျရောက်​လာ​လိမ့်မည်။ အကြောင်းမူကား ထို​နေ့ရက်​သည် မြေ​တစ်ပြင်လုံး​၌​နေထိုင်​သူ​အပေါင်း​တို့​အပေါ်သို့ သက်ရောက်​လာ​လိမ့်မည်။ ထို့ကြောင့် သင်​တို့​သည် ဖြစ်ပျက်​တော့မည့် ဤ​အမှု​ခပ်သိမ်း​တို့​မှ လွတ်မြောက်​၍ လူ့သား​၏​ရှေ့​တော်​၌ မတ်တတ်ရပ်​နိုင်​ရန် အချိန်​ရှိသရွေ့ နိုးနိုးကြားကြား​ရှိ​လျက် ဆုတောင်း​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ကိုယ်တော်​သည် နေ့​အခါ​များ​၌ ဗိမာန်​တော်​တွင် သွန်သင်​တော်မူ​ပြီး ည​အခါ​များ​၌​မူ အပြင်​သို့​ထွက်သွား​၍ သံလွင်​အမည်​ရှိ​သော​တောင်​ပေါ်၌ ည​ကို​ကုန်လွန်​စေ​တော်မူ​၏။ လူ​အပေါင်း​တို့​သည်​လည်း ကိုယ်တော်​၏​တရား​တော်​ကို​ကြားနာ​ရန် နံနက်​စောစော ဗိမာန်​တော်​၌​ရှိ​သော​ကိုယ်တော်​ထံသို့ လာ​ကြ​၏။