YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 21:1-28

ရှင်လုကာ 21:1-28 Judson Bible (JBMLE)

ထို​နောက် ကိုယ်​တော်​သည် မျှော်​ကြည့်၍၊ ငွေ​ရ​တတ်​သော​သူ​တို့​သည် အ​လှူ​ဒါ​န​ကို ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း​ချ​သည်​ကို မြင်​တော်​မူ၏။- ဆင်း​ရဲ​သော မု​ဆိုး​မ​တစ်​ယောက်​သည်​လည်း ကြေး​နီ​ဒင်္ဂါး​နှစ်​ပြား သွင်း​ချ​သည်​ကို မြင်​တော်​မူ​လျှင်၊- ငါ​အ​မှန်​ဆို​သည်​ကား၊ ထို​ဆင်း​ရဲ​သော မု​ဆိုး​မ​သည် အ​ခြား​သော​သူ​အ​ပေါင်း​တို့​ထက် သာ၍ သွင်း​ချ​ပြီ။- အ​ကြောင်း​မူ​ကား၊ ထို​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​ကြွယ်​ဝ​သော စည်း​စိမ်​ထဲ​က​နုတ်၍ ဘု​ရား​သ​ခင်၏ အ​လှူ​တော်​စု​ထဲ​သို့ သွင်း​ချ​ကြ၏။ ထို​မိန်း​မ​မူ​ကား၊ အ​လွန်​ဆင်း​ရဲ​လျက်​ပင် မိ​မိ​အ​သက်​မွေး​စ​ရာ ဥ​စ္စာ​ရှိ​သ​မျှ​ကို သွင်း​ချ​လေ​ပြီ​ဟု မိန့်​တော်​မူ၏။ လူ​အ​ချို့​တို့​သည် လာ၍ ဗိ​မာန်​တော်​သည် တင့်​တယ်​သော ကျောက်​ပြား​နှင့်​လည်း​ကောင်း၊ ပူ​ဇော်​သ​ကာ​များ​နှင့်​လည်း​ကောင်း ဆင်​ပြင်​လျက် ရှိ​ပါ၏​ဟု လျှောက်​ကြ​လျှင်၊- ကိုယ်​တော်​က၊ ဤ​အ​ရာ​များ​ကို သင်​တို့​သည် ယ​ခု​မြင်​ရ​ကြ၏။ မ​ဖြို​မ​ချ​ဘဲ ကျောက်​တစ်​ခု​ပေါ်​မှာ တစ်​ခု​မျှ မ​တည်​မ​နေ​ရ​သော အ​ချိန်​ကာ​လ​ရောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ သူ​တို့​က​လည်း၊ အ​ရှင်​ဘု​ရား၊ ထို​အ​မူ​အ​ရာ​တို့​သည် အ​ဘယ်​ကာ​လ​မှ ဖြစ်​ပါ​မည်​နည်း။ ထို​အ​မှု​အ​ရာ​တို့​သည် ဖြစ်​ချိန်​နီး​သော​အ​ခါ အ​ဘယ်​ပု​ပ္ပ​နိ​မိတ် ပေါ်​ထွန်း​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊- ကိုယ်​တော်​က၊ သင်​တို့​သည် လှည့်​ဖြား​ခြင်း​သို့ မ​လိုက်​မ​ပါ​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ အ​များ​သော​သူ​တို့​က၊ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်၏။ အ​ချိန်​ကာ​လ​လည်း ရောက်​လာ​ပြီ​ဟု​ဆို​လျက် ငါ၏​အ​ယောင်​ကို ဆောင်၍ ပေါ်​လာ​ကြ​လိမ့်​မည်။ ထို​သူ​တို့​နောက်​သို့ မ​လိုက်​ကြ​နှင့်။- သင်​တို့​သည် စစ်​တိုက်​ခြင်း​အ​ကြောင်း၊ ပုန်​ကန်​ခြင်း​အ​ကြောင်း​ကို သ​တင်း​ကြား​ရ​သော​အ​ခါ စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​ကြ​နှင့်။ ထို​အ​မှု​အ​ရာ​များ​သည် အ​ရင်​ဖြစ်​ရ​မည်။ သို့​သော်​လည်း အ​ဆုံး​သည် အ​လျင်​အ​မြန်​မ​ဖြစ်​သေး။ ထို​မှ​တစ်​ပါး၊ လူ​တစ်​မျိုး​နှင့် တစ်​မျိုး၊ တစ်​နိုင်​ငံ​နှင့် တစ်​နိုင်​ငံ ရန်​ဘက်​ပြု​ကြ​လိမ့်​မည်။- အ​ရပ်​ရပ်​တို့၌ ကြီး​စွာ​သော မြေ​လှုပ်​ခြင်း၊ အ​စာ​ခေါင်း​ပါး​ခြင်း၊ ကာ​လ​နာ​များ​ပြား​ခြင်း​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။ မိုး​ကောင်း​ကင်၌​လည်း ကြောက်​မက်​ဖွယ်​သော​အ​ရာ​နှင့် ကြီး​စွာ​သော​ပု​ပ္ပ​နိ​မိတ်​တို့​သည် ပေါ်​ထွန်း​ကြ​လိမ့်​မည်။- ထို​အ​မှု​အ​ရာ​များ​မ​ဖြစ်​မီ လူ​များ​တို့​သည် ငါ၏​နာ​မ​ကြောင့် သင်​တို့​ကို ဖမ်း​ဆီး​ညှဉ်း​ဆဲ၍ တ​ရား​ဇ​ရပ်၌​လည်း​ကောင်း၊ ထောင်​ထဲ၌​လည်း​ကောင်း အပ်​နှံ​ကြ​လိမ့်​မည်။ ရှင်​ဘု​ရင်၊ ဝန်​မင်း​ထံ​သို့ ပို့​ဆောင်​ကြ​လိ​မ့်​မည်။- ထို​သို့​သော​အား​ဖြင့် သင်​တို့​သည် သက်​သေ​ခံ​ရ​သော​အ​ခွင့် ရှိ​ကြ​လိမ့်​မည်။- ထို​ကြောင့် သင်​တို့​သည် အ​ဘယ်​သို့​ပြန်​ပြော​ရ​မည်​ကို ရှေ့​မ​ဆွ​က မ​ဆင်​ခြင်​ခြင်း​ငှာ သ​တိ​ထား​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ရန်​သူ​အ​ပေါင်း​တို့​သည် မ​ငြင်း​ခုံ​မ​ဟန့်​တား​နိုင်​သော နှုတ်​သ​တ္တိ၊ ဉာဏ်​သ​တ္တိ​ကို ငါ​ပေး​မည်။- သင်​တို့​မိ​ဘ၊ ညီ​အစ်​ကို၊ ပေါက်​ဖော်၊ အ​ဆွေ​ခင်​ပွန်း​တို့​သည် သင်​တို့​ကို အပ်​နှံ​ကြ​လိမ့်​မည်။ အ​ချို့​တို့​ကို​လည်း သတ်​ကြ​လိမ့်​မည်။- လူ​အ​ပေါင်း​တို့​သည်​လည်း ငါ၏​နာ​မ​ကြောင့် သင်​တို့​ကို မုန်း​ကြ​လိမ့်​မည်။- သို့​သော်​လည်း သင်​တို့ ဆံ​ခြည်​တစ်​ပင်​မျှ မ​ပျက်​စီး​ရ။- သင်​တို့​သည် တည်​ကြည်​သော​အား​ဖြင့် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လော့။ ယေ​ရု​ရှ​လင်​မြို့​ကို ဗိုလ်​ခြေ​များ ဝန်း​ရံ​လျက်​ရှိ​သည်​ကို သင်​တို့​မြင်​သော​အ​ခါ၊ ထို​မြို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​လု​သည်​ကို သိ​မှတ်​ကြ​လော့။- ထို​အ​ခါ ယု​ဒ​ပြည်၌​ရှိ​သော​သူ​တို့​သည် တောင်​ပေါ်​သို့​ပြေး​ကြ​စေ။ မြို့​ထဲ၌​ရှိ​သော​သူ​တို့​သည် မြို့​ပြင်​သို့ ထွက်​ကြ​စေ။ တော​ရွာ​မှာ ရှိ​သော​သူ​တို့​သည် မြို့​ထဲ​သို့ မ​ဝင်​ကြ​စေ​နှင့်။- အ​ကြောင်း​မူ​ကား၊ ထို​နေ့​ရက်​ကာ​လ​သည် ကျမ်း​စာ​ချက်​များ ပြည့်​စုံ​ရ​သော ဒဏ်​စီ​ရင်​ခြင်း​နေ့​ရက်​ကာ​လ ဖြစ်​သ​တည်း။- ထို​နေ့​ရက်၌ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ​နှင့် နို့​စို့​သူ​ငယ်​ရှိ​သော​မိန်း​မ​တို့​သည် အ​လွန်​ခက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ယု​ဒ​ပြည်၌ ကြီး​စွာ​သော ဆင်း​ရဲ​ဒု​က္ခ​ဖြစ်၍ ယု​ဒ​အ​မျိုး​အ​ပေါ်၌ အ​မျက်​ဒေါ​သ သင့်​ရောက်​လိမ့်​မည်။- သူ​တို့​သည် ဓား​ဘေး​ဖြင့် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ အ​ခြား​သော​ပြည်​အ​ရပ်​ရပ်​သို့ ဖမ်း​သွား​ကြ​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​တို့​သည် မိ​မိ​တို့ အ​ချိန်​ကာ​လ မ​ပြည့်​စုံ​မီ​တိုင်​အောင် ယေ​ရု​ရှ​လင်​မြို့​ကို ခြေ​နှင့် နင်း​ကြ​လိမ့်​မည်။ ထို​အ​ခါ၊ နေ၊ လ၊ ကြယ်​န​က္ခတ်​တို့၌ ပု​ပ္ပ​နိ​မိတ် ထင်​ရှား​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ​လည်း လူ​အ​မျိုး​မျိုး မ​ငြိမ်​မ​သက် စိုး​ရိမ်​ကြောင့်​ကြ​ခြင်း၊ သ​မု​ဒ္ဒ​ရာ​လှိုင်း​တံ​ပိုး​ကြီး​ခြင်း၊- မြေ​ကြီး​ပေါ်​မှာ ဖြစ်​လ​တ္တံ့​သော ဘေး​များ​ကို​မျှော်၍ ကြောက်​လန့်​သ​ဖြင့်၊ လူ​များ​တို့၏ အ​သက်​ဆုံး​ခြင်း အ​မှု​အ​ရာ​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​တန်​ခိုး​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။- ထို​အ​ခါ လူ​သား​သည် ကြီး​စွာ​သော ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ကို ဆောင်​လျက်၊ မိုး​တိမ်​ကို​စီး​လျက် ကြွ​လာ​သည်​ကို မြင်​ရ​ကြ​လိမ့်​မည်။- ထို​အ​မှု​အ​ရာ​တို့​သည် ဖြစ်​စ​ရှိ​သော​အ​ခါ၊ သင်​တို့​ကို ရွေး​နုတ်​သော​အ​ချိန်​ကာ​လ ရောက်​လု​နီး​သည်​ကို ထောက်​သ​ဖြင့်၊ မျှော်​ကြည့်၍ ခေါင်း​ကို​ကြွ​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 21:1-28 Common Language Bible (BCL)

ကိုယ်​တော်​သည်​မော်​၍​ကြည့်​လိုက်​ရာ​ချမ်း​သာ ကြွယ်​ဝ​သူ​များ​ဗိ​မာန်​တော်​ဘဏ္ဍာ​တိုက်​ထဲ​သို့ အ​လှူ​ဒါ​န​ထည့်​ဝင်​နေ​ကြ​သည်​ကို​မြင်​တော် မူ​၏။- ကြေး​ပြား​နှစ်​ပြား​ကို​ဆင်း​ရဲ​သူ​မု​ဆိုး​မ တစ်​ယောက်​ထည့်​ဝင်​လှူ​ဒါန်း​သည်​ကို​လည်း မြင်​တော်​မူ​၏။- ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား​ဤ​ဆင်း​ရဲ​သော​မု​ဆိုး​မ သည်​ဤ​သူ​အ​ပေါင်း​တို့​ထက်​ပို​၍​ထည့်​ဝင် လှူ​ဒါန်း​လေ​ပြီ။- ထို​သူ​တို့​သည်​မိ​မိ​တို့​၏​ငွေ​ပို​ငွေ​လျှံ​ထဲ​မှ ပေး​လှူ​ကြ​၏။ ဤ​အ​မျိုး​သ​မီး​မူ​ကား​ဆင်း​ရဲ လျက်​နှင့်​မိ​မိ​၏​ချွေး​နှဲ​စာ​ရှိ​သ​မျှ​ကို​ပင် ပေး​လှူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ တ​ပည့်​တော်​အ​ချို့​တို့​က ဗိ​မာန်​တော်​သည်​လှ​ပ သော​ကျောက်​တုံး​များ၊ ပူ​ဇော်​ဆက်​ကပ်​ထား​သည့် ဝတ္ထု​ပစ္စည်း​များ​ဖြင့်​အ​လွန်​တင့်​တယ်​လျက်​ရှိ ကြောင်း​ပြော​ဆို​ကြ​၏။- ထို​အ​ခါ​ကိုယ်​တော်​က ``သင်​တို့​မြင်​ရ​ကြ​သည့် အ​ရာ​အား​လုံး​တို့​သည်​ပြို​ကျ​ရ​လိမ့်​မည်။ ကျောက်​တစ်​လုံး​မျှ​မူ​လ​နေ​ရာ​တွင်​တင်​၍ မ​ကျန်​ရစ်​သည့်​တိုင်​အောင်​ပြို​ပျက်​ရ​သည့် အ​ချိန်​ကျ​ရောက်​လာ​ပေ​အံ့'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​တို့​က ``အ​ရှင်​ဘု​ရား၊ ဤ​အ​မှု​အ​ရာ များ​သည်​အ​ဘယ်​ကာ​လ​တွင်​ဖြစ်​ပျက်​ပါ မည်​နည်း။ ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ချိန်​၌ အ​ဘယ်​ပုဗ္ဗ​နိ​မိတ်​များ​ပေါ်​ထွန်း​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ ကိုယ်​တော်​က ``သင်​တို့​သည်​လှည့်​စား​ခြင်း​မ​ခံ​ရ ကြ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။ လူ​အ​များ​ပင် ငါ​၏​အ​ယောင်​ဆောင်​လျက်`ငါ​သည်​မေ​ရှိ​ယ​ဖြစ် သည်' ဟု​ဆို​၍​လည်း​ကောင်း၊ `ချိန်း​ချက်​သတ်​မှတ် တော်​မူ​ရာ​အ​ချိန်​ရောက်​ပြီ' ဟု​ဆို​၍​လည်း​ကောင်း လူ​တို့​ကို​လှည့်​စား​ကြ​လိမ့်​မည်။ ထို​သူ​တို့​၏ နောက်​သို့​မ​လိုက်​ကြ​နှင့်။- သင်​တို့​သည်​စစ်​မက်​သ​တင်း​များ​နှင့်​ပုန်​ကန် တော်​လှန်​မှု​သ​တင်း​များ​ကို​ကြား​ကြ​သော အ​ခါ​မ​ထိတ်​လန့်​ကြ​နှင့်။ ဤ​အ​မှု​အ​ရာ​များ သည်​ဦး​စွာ​ဖြစ်​ပျက်​ရ​မည်။ သို့​သော်​လည်း​ကပ် ကမ္ဘာ​ကုန်​ဆုံး​ချိန်​ကား​မ​ရောက်​သေး'' ဟု​မိန့် တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​က ``လူ​တစ်​မျိုး​နှင့်​တစ်​မျိုး၊ နိုင်ငံ​တစ်​နိုင်​ငံ​နှင့်​တစ်​နိုင်​ငံ​စစ်​ဖြစ်​ကြ​လိမ့်​မည်။- နေ​ရာ​အ​နှံ့​အ​ပြား​တွင်​မြေ​င​လျင်​ပြင်း​ထန် စွာ​လှုပ်​ခြင်း၊ အ​စာ​ခေါင်း​ပါး​ခြင်း၊ အ​နာ​ရော​ဂါ ကပ်​သင့်​ခြင်း​တို့​ဖြစ်​လိမ့်​မည်။ ကောင်း​ကင်​တွင် ကြောက်​မက်​ဖွယ်​ကောင်း​သော​အ​ရာ​များ​နှင့်​ပုဗ္ဗ နိ​မိတ်​များ​ပေါ်​ထွန်း​ကြ​လိမ့်​မည်။- သို့​ရာ​တွင်​ဤ​အ​မှု​အ​ရာ​များ​မ​ဖြစ်​မ​ပျက် မီ​လူ​တို့​သည်​သင်​တို့​အား​ဖမ်း​ဆီး​ညှဉ်း​ဆဲ​ကြ လိမ့်​မည်။ သင်​တို့​အား​တ​ရား​ဇ​ရပ်​များ​တွင် တ​ရား​စီ​ရင်​ရန်​အပ်​နှံ​၍​ထောင်​များ​တွင် အကျဉ်း​ချ​ထား​ကြ​လိမ့်​မည်။ သင်​တို့​သည် ငါ​၏​နာ​မ​ကြောင့်​ရှင်​ဘု​ရင်​များ၊ အာဏာ​ပိုင် များ​၏​ရှေ့​မှောက်​သို့​ရောက်​ရ​ကြ​လိမ့်​မည်။- ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​သတင်း​ကောင်း ကို​ကြေ​ညာ​ရန်​အ​ခွင့်​ထူး​ရ​ကြ​လိမ့်​မည်။- ထို့​ကြောင့်​မိ​မိ​တို့​မည်​သို့​ချေ​ပ​ရ​မည်​ကို မ​စိုး​ရိမ်​ရန်​ကြို​တင်​၍​စိတ်​ပြ​ဋ္ဌာန်း​ကြ​လော့။- အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ရန်​သူ​များ မ​ငြင်း​ခုံ​မ​ခု​ခံ​နိုင်​အောင်​သင်​တို့​အား​နှုတ် သတ္တိ၊ ဉာဏ်​သတ္တိ​ကို​ငါ​ပေး​မည်​ဖြစ်​သော​ကြောင့် တည်း။- သင်​တို့​အား​မိ​ဘ​ဆွေ​မျိုး​မိတ်​သင်္ဂ​ဟ​များ​က ရန်​သူ့​လက်​သို့​အပ်​ကြ​လိမ့်​မည်။ သင်​တို့​အ​နက် အ​ချို့​သော​သူ​တို့​ကို​သတ်​ကြ​လိမ့်​မည်။- ငါ​၏​နာ​မ​ကြောင့်​သင်​တို့​ကို​လူ​အ​ပေါင်း​တို့ မုန်း​ကြ​လိမ့်​မည်။- သို့​ရာ​တွင်​သင်​တို့​ဦး​ခေါင်း​က​ဆံ​ပင်​တစ်​ပင် မျှ​ပျက်​စီး​ရ​လိမ့်​မည်​မ​ဟုတ်။- သင်​တို့​သည်​ကြံ့​ကြံ့​ခံ​နိုင်​ရည်​ရှိ​ကြ​လော့။ သို့​ပြု​လျှင်​ကယ်​တင်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို​စစ်​တပ်​များ​ဝိုင်း​ရံ​လျက်​ရှိ သည်​ကို သင်​တို့​မြင်​သော​အ​ခါ ထို​မြို့​ပျက်​ခါ နီး​ပြီ​ဟု​သိ​မှတ်​ကြ​လော့။- ထို​အ​ခါ​၌​ယု​ဒ​ပြည်​ရှိ​လူ​တို့​သည်​တောင်​များ ပေါ်​သို့​ပြေး​ကြ​စေ။ မြို့​ထဲ​မှာ​ရှိ​လူ​တို့​မြို့​ပြင် သို့​ထွက်​ကြ​စေ။ ကျေး​လက်​တော​ရွာ​မှာ​ရှိ​သော သူ​တို့​ကို​မြို့​ထဲ​သို့​မ​ဝင်​ကြ​စေ​နှင့်။- အ​ဘယ်​ကြောင့်​ဆို​သော်​ထို​နေ့​ရက်​ကာ​လ​သည် အ​ပြစ်​ဒဏ်​စီ​ရင်​ရာ​နေ့​ရက်​ကာ​လ​ဖြစ်​သော ကြောင့်​တည်း။ ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ခဲ့​သည့် အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ရာ​ကာ​လ​ပင်​ဖြစ်​၏။- ထို​ကာ​လ​၌​ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​နှင့် သား​သည် မိ​ခင်​တို့​အ​တွက်​အ​ကျိုး​နည်း​ပေ တော့​မည်။ ယု​ဒ​ပြည်​သည်​အတိ​ဒုက္ခ​ရောက်​၍ ပြည်​သူ​တို့​သည်​အ​မျက်​တော်​သင့်​ကြ​လိမ့် မည်။- အ​ချို့​သော​သူ​တို့​သည်​ဋ္ဌား​ဘေး​ဖြင့်​ကျ​ဆုံး ကြ​လိမ့်​မည်။ ကျန်​သူ​တို့​သည်​သုံ့​ပန်း​များ​အ​ဖြစ် ဖြင့် အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​သို့​ဖမ်း​သွား​ခြင်း​ခံ ရ​ကြ​လိမ့်​မည်။ လူ​မျိုး​ခြား​တို့​သည် မိ​မိ​တို့​ကြီး စိုး​သည့်​ခေတ်​မ​ကုန်​မ​ချင်း ယေ​ရု​ရှ​လင်​မြို့ ကို​ခြေ​ဖြင့်​နင်း​ကြ​လိမ့်​မည်။ ``နေ​လ​ကြယ်​နက္ခတ်​များ​၌​ပုဗ္ဗ​နိ​မိတ်​များ​ပေါ်​ထွန်း လာ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​တွင်​လူ​မျိုး​အ​ပေါင်း​တို့​သည် ပင်​လယ်​လှိုင်း​တံ​ပိုး​မြည်​ဟီး​သံ​ကြောင့်​စိတ်​ပျက် အား​လျော့​ကြောက်​ရွံ့​ကြ​လိမ့်​မည်။- လူ​တို့​သည်​ကမ္ဘာ​ပေါ်​တွင်​ဆိုက်​ရောက်​လတ္တံ့​သော ဘေး​များ​ကို​မြော်​မြင်​၍​ကြောက်​လန့်​ကာ​မူး မော်​လိမ့်​မည်။ ကောင်း​ကင်​နက္ခတ်​တာ​ရာ​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။- ထို​အ​ခါ​တိမ်​ကို​စီး​၍​ကြီး​စွာ​သော​ဘုန်း အ​သ​ရေ​တော်​ဆောင်​လျက်​လူ​သား​ကြွ လာ​တော်​မူ​သည်​ကို​မြင်​ရ​ကြ​လိမ့်​မည်။- ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​သော​အ​ခါ သင်​တို့​အား​ကယ်​တင်​တော်​မူ​မည့်​အ​ချိန်​သည် နီး​ကပ်​လျက်​ရှိ​သည်​ဖြစ်​၍ သင်​တို့​၏​ဦး​ခေါင်း ကို​ကြွ​၍​မျှော်​ကြည့်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

ရှင်လုကာ 21:1-28 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ကိုယ်တော်​သည် မျှော်ကြည့်​၍ ချမ်းသာ​သော​သူ​တို့​သည် အလှူခံ​သေတ္တာ​ထဲသို့ မိမိ​တို့​၏​အလှူ​ငွေ​များ​ထည့်​နေ​ကြ​သည်​ကို မြင်​တော်မူ​၏။ ဆင်းရဲ​သော​မုဆိုးမ​တစ်​ဦး​သည်​လည်း ထို​အလှူခံ​သေတ္တာ​ထဲသို့ လတ္တာ​နှစ်​ပြား​ထည့်​နေ​သည်​ကို မြင်​တော်မူ​၏။ ထိုအခါ ကိုယ်တော်​က“သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဤ​ဆင်းရဲ​သော​မုဆိုးမ​သည် အခြား​သူ​အားလုံး​ထက် ပို၍​ထည့်​လေ​ပြီ။ အကြောင်းမူကား ဤ​သူ​အားလုံး​တို့​သည် မိမိ​တို့​၏​ကြွယ်ဝ​ပြည့်စုံ​မှု​ထဲမှ အလှူ​ငွေ​ကို​ထည့်​ကြ​၏။ ဤ​မုဆိုးမ​မူကား မိမိ​၏​ဆင်းရဲ​ချို့တဲ့​မှု​ထဲမှ သူ​၌​ရှိ​သော​အသက်မွေး​စရာ​အားလုံး​ကို ထည့်​လေ​ပြီ”​ဟု မိန့်​တော်မူ​၏။ ဗိမာန်​တော်​ကို လှပ​သော​ကျောက်တုံး​များ​မှစ၍ လှူဒါန်း​ထား​သော​ဝတ္ထု​ပစ္စည်း​များ​ဖြင့် တန်ဆာဆင်​ထား​ကြောင်း လူ​အချို့​တို့​က​ပြောဆို​နေ​ကြ​၏။ ကိုယ်တော်​က“ဤ​အရာ​များ​ကို သင်​တို့​မြင်​ရ​ကြ​၏။ ၎င်း​ထဲမှ ကျောက်တုံး​တစ်​တုံး​သည် ဖြိုချ​မ​ခံရ​ဘဲ အခြား​ကျောက်တုံး​တစ်​တုံး​ပေါ်၌ ကျန်ရစ်​ခဲ့​သည်​ဟူ၍​မ​ရှိ​သော​နေ့ရက်​ကာလ​ရောက်​လာ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ သူ​တို့​က​လည်း “ဆရာ၊ သို့ဖြစ်လျှင် ထို​အခြင်းအရာ​များ​သည် မည်သည့်​အချိန်​၌ ဖြစ်ပျက်​လာ​မည်နည်း။ ၎င်း​တို့​ဖြစ်ပျက်​လာ​တော့မည့်​အချိန်​တွင် မည်သည့်​အတိတ်​နိမိတ်​ပေါ်ထွန်း​လာ​မည်နည်း”​ဟု မေးလျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​သည် လှည့်ဖြား​ခြင်း​မ​ခံရ​စေရန် သတိပြု​ကြ​လော့။ အကြောင်းမူကား များစွာ​သော​သူ​တို့​သည် ငါ့​အဖြစ်​အယောင်ဆောင်​လျက်​ရောက်လာ​၍ ‘ငါ​သည် ထို​သူ​ပင်​ဖြစ်​၏’​ဟူ၍​လည်းကောင်း၊ ‘အချိန်​နီးကပ်​လာ​ပြီ’​ဟူ၍​လည်းကောင်း ဆို​ကြ​လိမ့်မည်။ ထို​သူ​တို့​၏​နောက်​သို့​မ​လိုက်​ကြ​နှင့်။ သင်​တို့​သည် စစ်ပွဲ​များ​နှင့် ရုန်းရင်းဆန်ခတ်​ဖြစ်​ခြင်း​အကြောင်း​တို့​ကို ကြား​ရ​သောအခါ ထိတ်လန့်​ခြင်း​မ​ရှိ​ကြ​နှင့်။ အကြောင်းမူကား ထို​အရာ​များ​သည် ဦးစွာ​ဖြစ်ပျက်​ရ​မည်။ သို့သော် အဆုံး​သည် ချက်ချင်း​မ​ရောက်​သေး”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​က“လူမျိုး​တစ်မျိုး​နှင့်​တစ်မျိုး၊ နိုင်ငံ​တစ်​နိုင်ငံ​နှင့်​တစ်​နိုင်ငံ​တို့​သည် ရန်ဘက်ပြု​ကြ​၍ အရပ်ရပ်​တို့​၌ ပြင်းထန်​သော​ငလျင်​လှုပ်​ခြင်း၊ ငတ်မွတ်​ခေါင်းပါး​ခြင်း​နှင့် ကပ်ရောဂါ​ဆိုက်​ခြင်း​တို့​ဖြစ်​ကြ​လိမ့်မည်။ မိုး​ကောင်းကင်​၌​လည်း ကြောက်မက်​ဖွယ်​ရာ​များ​နှင့် ကြီးမား​သော​အတိတ်​နိမိတ်​များ​ပေါ်ထွန်း​ကြ​လိမ့်မည်။ သို့သော် ဤ​အခြင်းအရာ​အားလုံး​မ​ဖြစ်​မီ လူ​တို့​သည် သင်​တို့​ကို​ဖမ်းဆီး​၍ ညှဉ်းဆဲ​ကာ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​နှင့် ထောင်​များ​ထဲသို့ ပို့​ကြ​လိမ့်မည်။ သင်​တို့​သည် ငါ​၏​နာမ​ကြောင့် ရှင်ဘုရင်​များ​နှင့်​ဘုရင်ခံ​များ​ရှေ့သို့ ခေါ်ဆောင်​သွား​ခြင်း​ခံရ​ကြ​လိမ့်မည်။ ဤ​အမှုအရာ​သည် သင်​တို့​သက်သေ​ခံရ​သော​အခွင့်အရေး​ဖြစ်လာ​လိမ့်မည်။ ထို့ကြောင့် မည်သို့​ချေပ​ပြောဆို​ရ​မည်​ကို ကြိုတင်​၍​မ​စဉ်းစား​ရန် သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ဆုံးဖြတ်​ထား​ကြ​လော့။ အကြောင်းမူကား သင်​တို့​ကို ဆန့်ကျင်​သော​သူ​တစ်စုံတစ်ဦး​မျှ မ​ငြင်းခုံ​မ​ဟန့်တား​နိုင်​သော နှုတ်​အစွမ်း​နှင့်​ဉာဏ်ပညာ​တို့​ကို သင်​တို့​အား ငါ​ပေး​မည်။ သင်​တို့​၏​မိဘ၊ ညီအစ်ကို၊ ဆွေမျိုး​နှင့် မိတ်ဆွေ​တို့​ပင်လျှင် သင်​တို့​ကို​အပ်နှံ​ကြ​လိမ့်မည်။ သင်​တို့​တွင် အချို့​တို့​သည် အသေ​သတ်​ခြင်း​ခံရ​ကြ​လိမ့်မည်။ လူ​အပေါင်း​တို့​သည်​လည်း ငါ့​နာမ​ကြောင့် သင်​တို့​ကို​မုန်းတီး​ကြ​လိမ့်မည်။ သို့သော် သင်​တို့​ဦးခေါင်း​မှ ဆံပင်​တစ်​ပင်​မျှ​မ​ပျက်စီး​ရ။ သင်​တို့​သည် သည်းခံ​သော​အားဖြင့် သင်​တို့​အသက်​ကို​ရရှိ​ကြ​လိမ့်မည်။ ဂျေရုဆလင်​မြို့​အား စစ်မက်​ဗိုလ်ခြေ​တို့​ဝိုင်းရံ​ကြ​သည်​ကို​သင်​တို့​တွေ့မြင်​ကြ​သောအခါ ထို​မြို့​၏​ပျက်စီး​ဆိတ်သုဉ်း​ခြင်း​နီးကပ်​လာ​ပြီ​ဖြစ်ကြောင်း သိမှတ်​ကြ​လော့။ ထိုအခါ ယုဒ​နယ်​၌​ရှိ​သော​သူ​တို့​သည် တောင်​များ​ပေါ်သို့​ထွက်ပြေး​ကြ​စေ။ မြို့​ထဲ​၌​ရှိ​သော​သူ​တို့​သည် မြို့​ပြင်​သို့​ထွက်​ကြ​စေ။ ကျေးလက်​ဒေသ​၌​ရှိ​သော​သူ​တို့​သည်​လည်း မြို့​ထဲသို့​မ​ဝင်​ကြ​စေ​နှင့်။ အကြောင်းမူကား ထို​နေ့ရက်​များ​သည် ကျမ်းစာ​၌​ရေး​ထား​သော​အရာ​အားလုံး​ပြည့်စုံ​မည့် ပြစ်ဒဏ်​ပေး​ရာ​နေ့ရက်​များ​ဖြစ်​၏။ ထို​နေ့ရက်​များ​၌ ကိုယ်ဝန်ဆောင်​အမျိုးသမီး​များ​နှင့် နို့စို့​ကလေး​ငယ်​ရှိ​သော​မိခင်​များ​သည် စိတ်​မချမ်းမြေ့​ဖွယ်​ဖြစ်​ကြ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် ဤ​ပြည်​အပေါ်​၌ ကြီးစွာ​သော​ဒုက္ခ​ဆင်းရဲ​ခြင်း​ကျရောက်​၍ ဤ​လူမျိုး​အပေါ်၌​အမျက်​တော်​သက်ရောက်​လိမ့်မည်။ သူ​တို့​သည် ဓား​ဘေး​ဖြင့်​ကျဆုံး​၍ အခြား​သော​ပြည်​အရပ်ရပ်​သို့ ဖမ်းဆီး​ခေါ်ဆောင်​သွား​ခြင်း​ခံရ​ကြ​လိမ့်မည်။ လူမျိုးခြား​တို့​သည်​လည်း မိမိ​တို့​အချိန်အခါ​များ​ပြည့်စုံ​သည်​အထိ ဂျေရုဆလင်​မြို့​ကို နင်းချေ​ကြ​လိမ့်မည်။ ထို့နောက် နေ၊ လ၊ ကြယ်​တာရာ​များ​၌ အတိတ်​နိမိတ်​များ​ဖြစ်ပေါ်​လာ​လိမ့်မည်။ ကမ္ဘာ​မြေကြီး​ပေါ်​ရှိ လူမျိုး​တကာ​တို့​သည် ပင်လယ်​လှိုင်းတံပိုး​သံ​ကြောင့် စိတ်​မငြိမ်မသက်​ဖြစ်​လျက် တုန်လှုပ်​ချောက်ချား​ကြ​လိမ့်မည်။ အာကာသ​ကောင်းကင်​၏​စွမ်းအား​တို့​သည် တုန်လှုပ်​ကြ​မည်​ဖြစ်၍ လူ​တို့​သည် ကမ္ဘာ​ပေါ်တွင်​သက်ရောက်​လာ​မည့်​အရာ​များ​ကို ကြိုတွေး​လျက် ကြောက်ရွံ့​သဖြင့် သတိလစ်​မေ့မြော​ကြ​လိမ့်မည်။ ထိုအခါ လူ့သား​သည် တန်ခိုး​နှင့် ကြီးမား​သော​ဘုန်း​အသရေ​တို့​ဖြင့် မိုးတိမ်​ကို​စီး​လျက် ကြွလာ​သည်​ကို လူ​တို့​မြင်​ရ​ကြ​လိမ့်မည်။ ဤ​အရာ​များ​စတင်​ဖြစ်ပျက်​လာ​သောအခါ သင်​တို့​ကို ရွေးနုတ်​တော်မူ​သော​အချိန်​နီးကပ်​လာ​ပြီ​ဖြစ်၍ တည့်မတ်​စွာ​ရပ်​လျက် သင်​တို့​ခေါင်း​ကို​မော့​ထား​ကြ​လော့”​ဟု မိန့်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။