YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 2:1-17

ရှင်လုကာ 2:1-17 Judson Bible (JBMLE)

ထို​အ​ခါ တစ်​နိုင်​ငံ​လုံး​ကို စာ​ရင်း​ယူ​စေ​ခြင်း​ငှာ ကဲ​သာ​ဘု​ရင် ဩ​ဂု​တ္တု​သည် အ​မိန့်​တော်​ရှိ၏။- ကု​ရေ​နိ​သည် ရှု​ရိ​ပြည်၌ မြို့​ဝန်​ဖြစ်​စဉ်​တွင်၊ ဤ​ပ​ထ​မ​စာ​ရင်း​ယူ​ခြင်း ဖြစ်​သ​တည်း။- လူ​အ​ပေါင်း​တို့​သည် စာ​ရင်း​ဝင်​ခြင်း​ငှာ အ​သီး​အ​သီး မိ​မိ​တို့​မြို့​ရွာ​သို့ သွား​ကြ၏။- ယော​သပ်​သည်​လည်း ဒါ​ဝိဒ်​အ​မျိုး​အ​နွယ်​ဖြစ်၍၊ ထိမ်း​မြား​ဆောင်​နှင်း​သော မ​ယား​မာ​ရိ​နှင့်​အ​တူ စာ​ရင်း​ဝင်​ခြင်း​ငှာ၊ ဂါ​လိ​လဲ​ပြည် နာ​ဇ​ရက်​မြို့​မှ ယု​ဒ​ပြည်​တွင် ဗက်​လင်​အ​မည်​ရှိ​သော ဒါ​ဝိဒ်၏​မြို့​သို့ သွား၏။ ထို​အ​ခါ မာ​ရိ​သည် ပ​ဋိ​သ​န္ဓေ​အ​ရင့်​အ​မာ​ရှိ၏။- ဗက်​လင်​မြို့၌​ရှိ​နေ​စဉ်၊ ဖွား​အံ့​သော နေ့​လ​စေ့​လျှင်၊- သား​ဦး​ကို​ဖွား​မြင်၍ အ​ဝတ်​နှင့်​ပတ်​ရစ်​ပြီး​မှ၊ ဧည့်​သည်​တည်း​ရာ​ဇ​ရပ်၌ သူ​တို့​နေ​စ​ရာ​မ​ရှိ​သော​ကြောင့်၊ သူ​ငယ်​ကို နွား​စား​ခွက်၌ သိပ်​ထား​လေ၏။ ထို​ပြည်​မှာ သိုး​ထိန်း​တို့​သည် ည​အ​ခါ တော​အ​ရပ်၌ တည်း​ခို​လျက်၊ မိ​မိ​သိုး​စု​ကို စောင့်​နေ​ကြ​သည်​ဖြစ်၍၊- ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် သူ​တို့​အ​နား​မှာ​ပေါ်​လာ၍၊ ပတ်​ဝန်း​ကျင်၌ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော် ထွန်း​တောက်​သ​ဖြင့်၊ သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့​ခြင်း​သို့ ရောက်​ကြ၏။- ကောင်း​ကင်​တ​မန်​က​လည်း၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​သည် အ​လွန်​ဝမ်း​မြောက်​ဝမ်း​သာ​စ​ရာ သ​တင်း​ကို ငါ​သည်​သင်​တို့​အား ကြား​ပြော​ရ၏။- ယ​နေ့​တွင် ဒါ​ဝိဒ်၏​မြို့၌ သ​ခင်​ခ​ရစ်​တော်​တည်း​ဟူ​သော ကယ်​တင်​သော​အ​ရှင်​သည် သင်​တို့​အ​ဖို့​အ​လို​ငှာ ဖွား​မြင်​ခြင်း​ကို ခံ​တော်​မူ​ပြီ။- သင်​တို့​သည် အ​ဘယ်​နိ​မိတ်​ဖြင့် သိ​ရ​မည်​နည်း​ဟူ​မူ​ကား၊ သူ​ငယ်​သည် အ​ဝတ်​နှင့်​ပတ်​ရစ်၍ နွား​စား​ခွက်၌ သိပ်​ထား​လျက်​ရှိ​သည်​ကို တွေ့​ကြ​လိမ့်​မည်​ဟု ဆို​ပြီး​လျှင်၊- ထို​ကောင်း​ကင်​တ​မန်​နှင့်​အ​တူ ကောင်း​ကင်​ဗိုလ်​ခြေ အ​များ​တို့​သည် ချက်​ချင်း​ထင်​ရှား၍၊- ကောင်း​ကင်​ဘ​ဝဂ်​ဝယ် ဘု​ရား​သ​ခင်​သည် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ မြေ​ကြီး​ပေါ်​၌​လည်း ငြိမ်​သက်​ခြင်း ရှိ​စေ​သ​တည်း။ လူ​တို့​အား မေ​တ္တာ​က​ရု​ဏာ ရှိ​စေ​သ​တည်း​ဟု ဘု​ရား​သ​ခင်​ကို ချီး​မွမ်း၍​မြွက်​ဆို​ကြ၏။ ကောင်း​ကင်​တ​မန်​တို့​သည် ကောင်း​ကင်​ဘုံ​သို့ ပြန်​ကြ​ပြီး​မှ သိုး​ထိန်း​တို့​က၊ ငါ​တို့​သည် ဗက်​လင်​မြို့​သို့ သွား​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည် ဖော်​ပြ​တော်​မူ​သော ဤ​အ​မှု​အ​ရာ​ကို ကြည့်​ကြ​ကုန်​အံ့​ဟု အ​ချင်း​ချင်း ပြော​ဆို​ပြီး​လျှင်၊- အ​လျင်​အ​မြန်​သွား၍ မာ​ရိ​နှင့်​ယော​သပ်​ကို​လည်း​ကောင်း၊ နွား​စား​ခွက်၌ သိပ်​ထား​လျက်​ရှိ​သော သူ​ငယ်​ကို​လည်း​ကောင်း တွေ့​ကြ၏။- တွေ့​မြင်​ပြီး​မှ မိ​မိ​တို့​ကြား​သော ထို​သူ​ငယ်၏ အ​ကြောင်း​စ​ကား​ကို အ​နှံ့​အ​ပြား​ပြော​ကြ၏။

ရှင်လုကာ 2:1-17 Common Language Bible (BCL)

ထို​ကာ​လ​၌​ရော​မ​နိုင်​ငံ​တစ်​ဝန်း​လုံး​ရှိ​လူ​ဦး ရေ​စာ​ရင်း​ကို​ယူ​ရန် ကဲ​သာ​သြ​ဂုတ္တု​ဘု​ရင်​သည် အ​မိန့်​ထုတ်​ပြန်​တော်​မူ​၏။- ဤ​လူ​ဦး​ရေ​စာ​ရင်း​ယူ​ခြင်း​သည် ရှု​ရိ​ပြည် ဘု​ရင်​ခံ၊ ကု​ရေ​နိ​လက်​ထက်​တွင်​ပ​ထ​မ​ဆုံး အ​ကြိမ်​ဖြစ်​၏။- လူ​အ​ပေါင်း​တို့​သည် မှတ်​ပုံ​တင်​ရန်​မိ​မိ​တို့ မြို့​ရွာ​သို့​သွား​ကြ​၏။ ယော​သပ်​သည်​လည်း​မိ​မိ​ထိမ်း​မြား​ရန်​သစ္စာ က​တိ​ပြု​ထား​သူ​မာ​ရိ​နှင့်​အ​တူ ဂါ​လိ​လဲ​ပြည် နာ​ဇ​ရက်​မြို့​မှ​ယု​ဒ​ပြည်​ဗက်​လင်​မြို့​ဟု​နာ​မည် တွင်​သော​ဒါ​ဝိဒ်​မင်း​၏​မြို့​သို့​သွား​၏။ ထို​အ​ခါ မာ​ရိ​တွင်​ကိုယ်​ဝန်​အ​ရင့်​အ​မာ​ရှိ​၏။ ယော​သပ် သည်​ဒါ​ဝိဒ်​မင်း​၏​အ​ဆက်​အ​နွယ်​ဖြစ်​သော ကြောင့်​ဗက်​လင်​မြို့​သို့​သွား​ခြင်း​ဖြစ်​၏။- ဗက်​လင်​မြို့​တွင်​ရှိ​နေ​ကြ​စဉ်​မာ​ရိ​မျက်​နှာ​မြင် ရန်​နေ့​လ​စေ့​သ​ဖြင့်​သား​ဦး​ကို​ဖွား​မြင်​လေ​၏။- ဧည့်​ရိပ်​သာ​တွင်​သူ​တို့​တည်း​ခို​ရန်​နေ​ရာ​မ​ရှိ သော​ကြောင့် သူ​ငယ်​တော်​ကို​အ​နှီး​ဖြင့်​ပတ်​၍ နွား​စား​ခွက်​တွင်​သိပ်​ထား​ကြ​၏။ ထို​အ​ရပ်​ဒေ​သ​တွင်​သိုး​ထိန်း​အ​ချို့​ရှိ​၏။ သူ တို့​သည်​ည​အ​ခါ​ကွင်း​ပြင်​များ​တွင်​သိုး​များ ကို​စောင့်​လျက်​နေ​ကြ​၏။- ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည်​သူ​တို့​၏​ရှေ့​မှာ​ပေါ်​လာ​၏။ သူ​တို့​ပတ်​လည် တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ထွန်း လင်း​တောက်​ပ​လျက်​နေ​သ​ဖြင့် သူ​တို့​သည် အ​လွန်​ကြောက်​လန့်​ကြ​၏။- ကောင်း​ကင်​တမန်​က ``မ​ကြောက်​ကြ​နှင့်၊ ငါ​သည် လူ​အ​ပေါင်း​တို့​အ​လွန်​ဝမ်း​မြောက်​စ​ရာ​သ​တင်း ကောင်း​ကို​သင်​တို့​ထံ​သို့​ယူ​ဆောင်​လာ​၏။- ဒါ​ဝိဒ်​မင်း​၏​မြို့​တွင်​သ​ခင်​ခ​ရစ်​တော်​တည်း ဟူ​သော​ကယ်​တင်​ရှင်​သည်​သင်​တို့​အ​ဖို့​ယ​နေ့ ဖွား​မြင်​တော်​မူ​ပြီ။- နို့​စို့​သူ​ငယ်​တစ်​ဦး​ကို​အ​နှီး​ဖြင့်​ပတ်​လျက် နွား​စား​ခွက်​တွင်​သိပ်​ထား​သည်​ကို​သင်​တို့ တွေ့​မြင်​ကြ​လိမ့်​မည်။ ဤ​အ​ခြင်း​အ​ရာ​ကို တွေ့​မြင်​သော်​သူ​ငယ်​တော်​ဖြစ်​ကြောင်း​သိ​ရှိ နိုင်​ကြ​လိမ့်​မည်'' ဟု​ဆို​၏။ ထို​ကောင်း​ကင်​တ​မန်​အ​နီး​တွင်​များ​စွာ​သော ကောင်း​ကင်​ဗိုလ်​ခြေ​တို့​သည်​ရုတ်​တ​ရက်​ပေါ် လာ​၍၊ ဘု​ရား​သ​ခင်​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက် ``ကောင်း​ကင်​ဘ​ဝဂ်​ဝယ်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ ကမ္ဘာ​ပေါ်​တွင်​ကိုယ်​တော်​နှစ်​သက်​တော်​မူ​သော လူ​အ​ပေါင်း​တို့​၌​ငြိမ်း​ချမ်း​သာ​ယာ​ခြင်း​ရှိ​စေ​သ​တည်း'' ဟု​မြွက်​ဆို​ကြ၏။ ကောင်း​ကင်​တ​မန်​များ​ကောင်း​ကင်​ဘုံ​သို့​ပြန် သွား​ကြ​သော​အ​ခါ​သိုး​ထိန်း​တို့​က``ငါ​တို့ သည်​ဗက်​လင်​မြို့​သို့​သွား​ကြ​ကုန်​အံ့။ ငါ​တို့ အား​ထာ​ဝ​ရ​ဘု​ရား​ဖော်​ပြ​တော်​မူ​သော အ​ခြင်း​အ​ရာ​ကို​ကြည့်​ရှု​ကြ​ကုန်​အံ့'' ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။ သူ​တို့​သည်​အ​လျင်​အ​မြန်​သွား​၍​မာ​ရိ​နှင့် ယော​သပ်​ကို​လည်း​ကောင်း၊ နွား​စား​ခွက်​တွင်​သိပ် ထား​သော​သူ​ငယ်​တော်​ကို​လည်း​ကောင်း​တွေ့ ကြ​၏။- သူ​ငယ်​တော်​ကို​တွေ့​သော​အ​ခါ​သူ​ငယ်​တော်​နှင့် စပ်​လျဉ်း​၍ မိ​မိ​တို့​ကြား​သိ​ခဲ့​သော​အ​ကြောင်း အ​ရာ​များ​ကို​ပြော​ကြား​ကြ​၏။

ရှင်လုကာ 2:1-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​နေ့ရက်​များ​၌ ဩဂုတ္တု​ဆီဇာ​သည် လက်အောက်ခံ​နိုင်ငံ​အားလုံး​တွင် သန်းခေါင်စာရင်း​ကောက်​ယူ​ရန် အမိန့်​ထုတ်ပြန်​လေ​၏။ ဤသည်ကား ကုရေနိ​မင်း​သည် ဆီးရီးယား​ပြည်​၏​ဘုရင်ခံ​ဖြစ်​စဉ်တွင် ပထမ​အကြိမ်​သန်းခေါင်စာရင်း​ကောက်​ယူ​ခြင်း​ဖြစ်​၏။ ထိုအခါ လူ​အပေါင်း​တို့​သည် သန်းခေါင်စာရင်း​ဝင်​ရန် မိမိ​တို့​ဇာတိ​မြို့​သို့ အသီးသီး​သွား​ကြ​၏။ ယောသပ်​သည်​လည်း ဒါဝိဒ်​အမျိုး၊ ဒါဝိဒ်​၏​အဆက်အနွယ်​ဖြစ်​သောကြောင့် မိမိ​နှင့်​စေ့စပ်​ထား​သူ​ဖြစ်​သည့် ကိုယ်ဝန်​အရင့်အမာ​ရှိ​သော​မာရိ​နှင့်အတူ သန်းခေါင်စာရင်း​ဝင်​ရန် ဂါလိလဲ​နယ်၊ နာဇရက်​မြို့​မှ ဗက်လင်​မြို့​ဟု​ခေါ်​သော ယုဒ​နယ်​ရှိ ဒါဝိဒ်​မြို့​သို့​သွား​လေ​၏။ ထို​မြို့​၌​သူ​တို့​ရှိ​နေ​ကြ​စဉ် မာရိ​သည် သားဖွား​ရန်​နေ့​လ​စေ့​သဖြင့် သား​ဦး​ကို​ဖွားမြင်​လေ​၏။ ဧည့်ရိပ်သာ​တွင် သူ​တို့​အတွက်​နေရာ​မ​ရှိ​သောကြောင့် သူငယ်​ကို​အနှီး​နှင့်​ပတ်ရစ်​ပြီး နွားစားခွက်​၌​သိပ်​ထား​လေ​၏။ ထို​အရပ်​ဒေသ​တွင် သိုးထိန်း​များ​ရှိ​ကြ​၍ သူ​တို့​သည်​ကွင်းပြင်​၌​နေ​လျက် မိမိ​တို့​၏​သိုးအုပ်​ကို ည​အခါ​စောင့်​နေ​ကြ​၏။ ထိုအခါ ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​တစ်​ပါး​သည် သူ​တို့​ရှေ့၌​ပေါ်လာ​၍ ထာဝရ​ဘုရား​၏​ဘုန်း​အသရေ​တော်​သည် သူ​တို့​ပတ်လည်​တွင်​ထွန်းလင်း​သဖြင့် သူ​တို့​သည် အလွန်​ကြောက်ရွံ့​တုန်လှုပ်​ကြ​၏။ သို့သော် ကောင်းကင်တမန်​က “ကြောက်ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ အကြောင်းမူကား လူ​အပေါင်း​တို့​အတွက် အလွန်​ဝမ်းမြောက်​စရာ​ဖြစ်​မည့် ကောင်းမြတ်​သော​သတင်း​ကို သင်​တို့​အား ငါ​ပြောကြား​မည်။ ယနေ့​တွင် ဒါဝိဒ်​၏​မြို့​၌ သခင်​ခရစ်တော်​တည်းဟူသော​ကယ်တင်ရှင်​သည် သင်​တို့​အတွက် ဖွားမြင်​တော်မူ​ပြီ။ သင်​တို့​သိ​နိုင်​သည့် အမှတ်​လက္ခဏာ​ဟူမူကား အနှီး​နှင့်​ပတ်ရစ်​ပြီး နွားစားခွက်​၌ သိပ်​ထား​သော​ကလေးငယ်​ကို သင်​တို့​တွေ့​ကြ​လိမ့်မည်”​ဟု သူ​တို့​အား မြွက်ဆို​လေ​၏။ ထို​ခဏချင်း​တွင် ထို​ကောင်းကင်တမန်​နှင့်အတူ များစွာ​သော​ကောင်းကင်​ဗိုလ်ခြေ​သည်​ပေါ်လာ​၍ ဘုရားသခင်​ကို​ချီးမွမ်း​ကာ “အမြင့်ဆုံး​သော​အရပ်​၌ ဘုရားသခင်​သည် ဘုန်း​ကြီး​တော်မူ​စေ​သတည်း။ မြေကြီး​ပေါ်၌​လည်း နှစ်သက်​တော်မူ​သော​သူ​တို့​အပေါ် ငြိမ်သက်​ခြင်း​ရှိ​စေ​သတည်း”​ဟု မြွက်ဆို​ကြ​၏။ ကောင်းကင်တမန်​တို့​သည် သူ​တို့​ထံမှ ကောင်းကင်​သို့​ပြန်​တက်သွား​ကြ​သောအခါ သိုးထိန်း​တို့​က “ငါ​တို့​သည်​ဗက်လင်​မြို့​သို့​သွား​၍ ငါ​တို့​အား ထာဝရ​ဘုရား​ဖော်ပြ​တော်မူ​သော​အရာ​ကို ကြည့်ရှု​ကြ​ကုန်စို့”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ ထို့နောက် သူ​တို့​သည် အလျင်အမြန်​သွား​၍ မာရိ​နှင့် ယောသပ်​ကို​လည်းကောင်း၊ နွားစားခွက်​၌​သိပ်​ထား​သော​ကလေးငယ်​ကို​လည်းကောင်း တွေ့​ကြ​၏။ သူ​တို့​ကို​တွေ့မြင်​ကြ​ပြီးနောက် သိုးထိန်း​တို့​သည် ထို​သူငယ်​နှင့်​ပတ်သက်၍ မိမိ​တို့​အား​မြွက်ဆို​တော်မူ​သော​အရာ​ကို အနှံ့အပြား​ပြောကြား​ကြ​၏။