YouVersion လိုဂို
ရှာရန် အိုင်ကွန်

လုကာ 2:1-17

လုကာ 2:1-17 BCL

ထို​ကာ​လ​၌​ရော​မ​နိုင်​ငံ​တစ်​ဝန်း​လုံး​ရှိ​လူ​ဦး ရေ​စာ​ရင်း​ကို​ယူ​ရန် ကဲ​သာ​သြ​ဂုတ္တု​ဘု​ရင်​သည် အ​မိန့်​ထုတ်​ပြန်​တော်​မူ​၏။- ဤ​လူ​ဦး​ရေ​စာ​ရင်း​ယူ​ခြင်း​သည် ရှု​ရိ​ပြည် ဘု​ရင်​ခံ၊ ကု​ရေ​နိ​လက်​ထက်​တွင်​ပ​ထ​မ​ဆုံး အ​ကြိမ်​ဖြစ်​၏။- လူ​အ​ပေါင်း​တို့​သည် မှတ်​ပုံ​တင်​ရန်​မိ​မိ​တို့ မြို့​ရွာ​သို့​သွား​ကြ​၏။ ယော​သပ်​သည်​လည်း​မိ​မိ​ထိမ်း​မြား​ရန်​သစ္စာ က​တိ​ပြု​ထား​သူ​မာ​ရိ​နှင့်​အ​တူ ဂါ​လိ​လဲ​ပြည် နာ​ဇ​ရက်​မြို့​မှ​ယု​ဒ​ပြည်​ဗက်​လင်​မြို့​ဟု​နာ​မည် တွင်​သော​ဒါ​ဝိဒ်​မင်း​၏​မြို့​သို့​သွား​၏။ ထို​အ​ခါ မာ​ရိ​တွင်​ကိုယ်​ဝန်​အ​ရင့်​အ​မာ​ရှိ​၏။ ယော​သပ် သည်​ဒါ​ဝိဒ်​မင်း​၏​အ​ဆက်​အ​နွယ်​ဖြစ်​သော ကြောင့်​ဗက်​လင်​မြို့​သို့​သွား​ခြင်း​ဖြစ်​၏။- ဗက်​လင်​မြို့​တွင်​ရှိ​နေ​ကြ​စဉ်​မာ​ရိ​မျက်​နှာ​မြင် ရန်​နေ့​လ​စေ့​သ​ဖြင့်​သား​ဦး​ကို​ဖွား​မြင်​လေ​၏။- ဧည့်​ရိပ်​သာ​တွင်​သူ​တို့​တည်း​ခို​ရန်​နေ​ရာ​မ​ရှိ သော​ကြောင့် သူ​ငယ်​တော်​ကို​အ​နှီး​ဖြင့်​ပတ်​၍ နွား​စား​ခွက်​တွင်​သိပ်​ထား​ကြ​၏။ ထို​အ​ရပ်​ဒေ​သ​တွင်​သိုး​ထိန်း​အ​ချို့​ရှိ​၏။ သူ တို့​သည်​ည​အ​ခါ​ကွင်း​ပြင်​များ​တွင်​သိုး​များ ကို​စောင့်​လျက်​နေ​ကြ​၏။- ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည်​သူ​တို့​၏​ရှေ့​မှာ​ပေါ်​လာ​၏။ သူ​တို့​ပတ်​လည် တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ထွန်း လင်း​တောက်​ပ​လျက်​နေ​သ​ဖြင့် သူ​တို့​သည် အ​လွန်​ကြောက်​လန့်​ကြ​၏။- ကောင်း​ကင်​တမန်​က ``မ​ကြောက်​ကြ​နှင့်၊ ငါ​သည် လူ​အ​ပေါင်း​တို့​အ​လွန်​ဝမ်း​မြောက်​စ​ရာ​သ​တင်း ကောင်း​ကို​သင်​တို့​ထံ​သို့​ယူ​ဆောင်​လာ​၏။- ဒါ​ဝိဒ်​မင်း​၏​မြို့​တွင်​သ​ခင်​ခ​ရစ်​တော်​တည်း ဟူ​သော​ကယ်​တင်​ရှင်​သည်​သင်​တို့​အ​ဖို့​ယ​နေ့ ဖွား​မြင်​တော်​မူ​ပြီ။- နို့​စို့​သူ​ငယ်​တစ်​ဦး​ကို​အ​နှီး​ဖြင့်​ပတ်​လျက် နွား​စား​ခွက်​တွင်​သိပ်​ထား​သည်​ကို​သင်​တို့ တွေ့​မြင်​ကြ​လိမ့်​မည်။ ဤ​အ​ခြင်း​အ​ရာ​ကို တွေ့​မြင်​သော်​သူ​ငယ်​တော်​ဖြစ်​ကြောင်း​သိ​ရှိ နိုင်​ကြ​လိမ့်​မည်'' ဟု​ဆို​၏။ ထို​ကောင်း​ကင်​တ​မန်​အ​နီး​တွင်​များ​စွာ​သော ကောင်း​ကင်​ဗိုလ်​ခြေ​တို့​သည်​ရုတ်​တ​ရက်​ပေါ် လာ​၍၊ ဘု​ရား​သ​ခင်​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက် ``ကောင်း​ကင်​ဘ​ဝဂ်​ဝယ်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ ကမ္ဘာ​ပေါ်​တွင်​ကိုယ်​တော်​နှစ်​သက်​တော်​မူ​သော လူ​အ​ပေါင်း​တို့​၌​ငြိမ်း​ချမ်း​သာ​ယာ​ခြင်း​ရှိ​စေ​သ​တည်း'' ဟု​မြွက်​ဆို​ကြ၏။ ကောင်း​ကင်​တ​မန်​များ​ကောင်း​ကင်​ဘုံ​သို့​ပြန် သွား​ကြ​သော​အ​ခါ​သိုး​ထိန်း​တို့​က``ငါ​တို့ သည်​ဗက်​လင်​မြို့​သို့​သွား​ကြ​ကုန်​အံ့။ ငါ​တို့ အား​ထာ​ဝ​ရ​ဘု​ရား​ဖော်​ပြ​တော်​မူ​သော အ​ခြင်း​အ​ရာ​ကို​ကြည့်​ရှု​ကြ​ကုန်​အံ့'' ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။ သူ​တို့​သည်​အ​လျင်​အ​မြန်​သွား​၍​မာ​ရိ​နှင့် ယော​သပ်​ကို​လည်း​ကောင်း၊ နွား​စား​ခွက်​တွင်​သိပ် ထား​သော​သူ​ငယ်​တော်​ကို​လည်း​ကောင်း​တွေ့ ကြ​၏။- သူ​ငယ်​တော်​ကို​တွေ့​သော​အ​ခါ​သူ​ငယ်​တော်​နှင့် စပ်​လျဉ်း​၍ မိ​မိ​တို့​ကြား​သိ​ခဲ့​သော​အ​ကြောင်း အ​ရာ​များ​ကို​ပြော​ကြား​ကြ​၏။