YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 19:37-40

ရှင်လုကာ 19:37-40 Judson Bible (JBMLE)

သံ​လွင်​တောင်​ပေါ်​က ဆင်း​ရာ​အ​ရပ်​သို့ ရောက်​တော်​မူ​သော​အ​ခါ၊ တ​ပည့်​တော်​များ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​မြင်​ခဲ့​ပြီး​သော တန်​ခိုး​တော်​များ​ကို​ထောက်၍ ဝမ်း​မြောက်​သော​စိတ်​နှင့် ဘု​ရား​သ​ခင်​ကို ထော​မ​နာ​ပြု၍၊- ထာ​ဝ​ရ​ဘု​ရား၏ အ​ခွင့်​နှင့်​ကြွ​လာ​တော်​မူ​သော​ရှင်​ဘု​ရင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ကောင်း​ကင်ဘုံ၌ ငြိမ်သက်ခြင်းဖြစ်စေ သတည်း။ ကောင်းကင်ဘ​ဝဂ်​ဝယ် ဘုန်း​ကြီး​ပါ​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ၏။- လူ​အ​စု​အ​ဝေး၌​ပါ​သော ဖာ​ရိ​ရှဲ​အ​ချို့​တို့​က၊ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်၏​တ​ပည့်​တို့​ကို ဆုံး​မ​ပါ​ဟု လျှောက်​ကြ​သော်၊- ယေ​ရှု​က​လည်း၊ ငါ​ဆို​သည်​ကား၊ ဤ​သူ​တို့​သည် တိတ်​ဆိတ်​စွာ​နေ​လျှင် ကျောက်​ခဲ​တို့​သည် ချက်​ချင်း ကြွေး​ကြော်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 19:37-40 Common Language Bible (BCL)

ယေ​ရု​ရှ​လင်​မြို့​သို့​ကိုယ်​တော်​ချဉ်း​ကပ်​လာ စဉ်​သံ​လွင်​တောင်​အ​ဆင်း​လမ်း​တွင်​တ​ပည့် နောက်​လိုက်​ပ​ရိ​သတ်​ကြီး​သည် မိ​မိ​တို့​တွေ့ မြင်​ခဲ့​ရ​သည့်​အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​အ​ပေါင်း အ​တွက်​ဝမ်း​မြောက်​ရွှင်​လန်း​လျက် ဘု​ရား​သ​ခင် ၏​ဂုဏ်​တော်​ကို​အ​သံ​ကျယ်​စွာ​ချီး​ကူး​ကြ ၏။- ထို​သူ​တို့​က ``ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​နှင့် ကြွ​လာ​သော​ဘု​ရင်​သည်​မင်္ဂလာ​ရှိ​တော်​မူ​စေ သ​တည်း။ ကောင်း​ကင်​ဘုံ​တွင်​ငြိမ်​သက်​ခြင်း​ရှိ စေ​သ​တည်း။ ဘုရား​သခင်​သည်​ဘုန်း​ကြီး​တော်​မူ စေ​သ​တည်း'' ဟု​ကြွေး​ကြော်​ကြ​၏။ ထို​အ​ခါ​လူ​ပ​ရိ​သတ်​အ​ထဲ​မှ​ဖာ​ရိ​ရှဲ​အ​ချို့ တို့​က ``ဆ​ရာ​တော်၊ ကိုယ်​တော်​၏​တ​ပည့်​တော် များ​အား​တိတ်​ဆိတ်​စေ​ရန်​ဆုံး​မ​တော်​မူ​ပါ'' ဟု ကိုယ်​တော်​အား​လျှောက်​ထား​ကြ​၏။ ကိုယ်​တော်​က ``သင်​တို့​အား​ငါ​ဆို​သည်​ကား ဤ​သူ​တို့​တိတ်​ဆိတ်​စွာ​နေ​ကြ​လျှင်​ကျောက် ခဲ​များ​က​ကြွေး​ကြော်​ကြ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။

ရှင်လုကာ 19:37-40 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကိုယ်တော်​သည် သံလွင်​တောင်​၏​အဆင်း​လမ်း​အနီး​သို့ ရောက်​တော်မူ​သောအခါ တပည့်​တော်​အစုအဝေး​အပေါင်း​တို့​သည် မိမိ​တို့​တွေ့မြင်​ခဲ့​ရ​သည့် တန်ခိုး​လက္ခဏာ​အားလုံး​အတွက် ဝမ်းမြောက်​လျက် ကျယ်လောင်​သော​အသံ​ဖြင့် ဘုရားသခင်​ကို​ချီးမွမ်း​ကာ “ထာဝရ​ဘုရား​၏​နာမ​တော်​၌ ကြွလာ​တော်မူ​သော​ရှင်ဘုရင်​သည် မင်္ဂလာရှိ​စေ​သတည်း။ ကောင်းကင်​၌ ငြိမ်သက်​ခြင်း​ရှိ​၍ အမြင့်ဆုံး​သော​အရပ်​၌ ဘုန်း​ကြီး​တော်မူ​စေ​သတည်း”​ဟု ကြွေးကြော်​ကြ​၏။ ထိုအခါ လူထု​ပရိသတ်​ထဲမှ ဖာရိရှဲ​အချို့​တို့​က “ဆရာ၊ ဆရာ့​တပည့်​များ​ကို​ဆုံးမ​ပါ”​ဟု ကိုယ်တော်​အား​လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​အား ငါ​ဆို​မည်။ ဤ​သူ​တို့​တိတ်ဆိတ်​စွာ​နေ​ကြ​လျှင် ကျောက်ခဲ​တို့​သည် ကြွေးကြော်​ကြ​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။