YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 19:37-40

ရှင်လုကာခရစ်ဝင် 19:37-40 MSBU

ကိုယ်တော်​သည် သံလွင်​တောင်​၏​အဆင်း​လမ်း​အနီး​သို့ ရောက်​တော်မူ​သောအခါ တပည့်​တော်​အစုအဝေး​အပေါင်း​တို့​သည် မိမိ​တို့​တွေ့မြင်​ခဲ့​ရ​သည့် တန်ခိုး​လက္ခဏာ​အားလုံး​အတွက် ဝမ်းမြောက်​လျက် ကျယ်လောင်​သော​အသံ​ဖြင့် ဘုရားသခင်​ကို​ချီးမွမ်း​ကာ “ထာဝရ​ဘုရား​၏​နာမ​တော်​၌ ကြွလာ​တော်မူ​သော​ရှင်ဘုရင်​သည် မင်္ဂလာရှိ​စေ​သတည်း။ ကောင်းကင်​၌ ငြိမ်သက်​ခြင်း​ရှိ​၍ အမြင့်ဆုံး​သော​အရပ်​၌ ဘုန်း​ကြီး​တော်မူ​စေ​သတည်း”​ဟု ကြွေးကြော်​ကြ​၏။ ထိုအခါ လူထု​ပရိသတ်​ထဲမှ ဖာရိရှဲ​အချို့​တို့​က “ဆရာ၊ ဆရာ့​တပည့်​များ​ကို​ဆုံးမ​ပါ”​ဟု ကိုယ်တော်​အား​လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​အား ငါ​ဆို​မည်။ ဤ​သူ​တို့​တိတ်ဆိတ်​စွာ​နေ​ကြ​လျှင် ကျောက်ခဲ​တို့​သည် ကြွေးကြော်​ကြ​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။