YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 19:28-44

ရှင်လုကာ 19:28-44 Judson Bible (JBMLE)

ထို​သို့ မိန့်​တော်​မူ​ပြီး​မှ၊ တ​ပည့်​တော်​တို့ ရှေ့၌​ကြွ၍ ယေ​ရု​ရှ​လင်​မြို့​သို့ ခ​ရီး​သွား​တော်​မူ၏။- သံ​လွင်​အ​မည်​ရှိ​သော တောင်​ခြေ​ရင်း၌ ဗက်​ဖာ​ဂေ​ရွာ​နှင့် ဗေ​သ​နိ​ရွာ​အ​နီး​သို့ ရောက်​တော်​မူ​သော​အ​ခါ၊ တ​ပည့်​တော်​နှစ်​ယောက်​တို့​ကို စေ​လွှတ်၍၊- သင်​တို့​ရှေ့၌​ရှိ​သော​ရွာ​သို့ သွား​ကြ။ ထို​ရွာ​သို့ ရောက်​လျှင် အ​ဘယ်​သူ​မျှ မ​စီး​ဖူး​သော​မြည်း​က​လေး ချည်​နှောင်​လျက်​ရှိ​သည်​ကို သင်​တို့​သည် တွေ့​လိမ့်​မည်။ မြည်း​ကြိုး​ကို​ဖြည်၍ ဆောင်​ခဲ့​ကြ။- သူ​တစ်​ပါး​က အ​ဘယ်​ကြောင့် မြည်း​ကြိုး​ကို ဖြည်​သ​နည်း​ဟု သင်​တို့​ကို​ဆို​လျှင်၊ သ​ခင်​အ​လို​ရှိ​သည်​ဟု ပြန်​ပြော​ကြ​လော့​ဟု မှာ​ထား​တော်​မူ၏။- ထို​သို့ စေ​လွှတ်​သော​သူ​တို့​သည် သွား၍ စ​ကား​တော်​အ​တိုင်း တွေ့​ကြ၏။- မြည်း​ကြိုး​ကို ဖြည်​စဉ်​တွင် မြည်း​ရှင်​တို့​က၊ အ​ဘယ်​ကြောင့် မြည်း​ကြိုး​ကို ဖြည်​သ​နည်း​ဟု​ဆို​လျှင်၊- သ​ခင်​အ​လို​ရှိ​သည်​ဟု ပြန်​ပြော​ကြ၏။ ယေ​ရှု​ထံ​တော်​သို့ မြည်း​က​လေး​ကို ဆောင်​ခဲ့၍၊- မြည်း​ကျော​ပေါ်​မှာ မိ​မိ​တို့​အ​ဝတ်​ကို တင်​ပြီး​လျှင် ကိုယ်​တော်​ကို စီး​စေ​ကြ၏။- ခ​ရီး​သွား​တော်​မူ​စဉ်​တွင် လူ​များ​တို့​သည် မိ​မိ​တို့ အ​ဝတ်​ကို လမ်း၌​ခင်း​ကြ၏။- သံ​လွင်​တောင်​ပေါ်​က ဆင်း​ရာ​အ​ရပ်​သို့ ရောက်​တော်​မူ​သော​အ​ခါ၊ တ​ပည့်​တော်​များ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​မြင်​ခဲ့​ပြီး​သော တန်​ခိုး​တော်​များ​ကို​ထောက်၍ ဝမ်း​မြောက်​သော​စိတ်​နှင့် ဘု​ရား​သ​ခင်​ကို ထော​မ​နာ​ပြု၍၊- ထာ​ဝ​ရ​ဘု​ရား၏ အ​ခွင့်​နှင့်​ကြွ​လာ​တော်​မူ​သော​ရှင်​ဘု​ရင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ကောင်း​ကင်ဘုံ၌ ငြိမ်သက်ခြင်းဖြစ်စေ သတည်း။ ကောင်းကင်ဘ​ဝဂ်​ဝယ် ဘုန်း​ကြီး​ပါ​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ၏။- လူ​အ​စု​အ​ဝေး၌​ပါ​သော ဖာ​ရိ​ရှဲ​အ​ချို့​တို့​က၊ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်၏​တ​ပည့်​တို့​ကို ဆုံး​မ​ပါ​ဟု လျှောက်​ကြ​သော်၊- ယေ​ရှု​က​လည်း၊ ငါ​ဆို​သည်​ကား၊ ဤ​သူ​တို့​သည် တိတ်​ဆိတ်​စွာ​နေ​လျှင် ကျောက်​ခဲ​တို့​သည် ချက်​ချင်း ကြွေး​ကြော်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့ ရောက်၍ ကြည့်​မြင်​လျက် ငို​ကြွေး​တော်​မူ၍၊- အ​ချင်း​မြို့၊ သင်၏​ငြိမ်​သက်​ခြင်း​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့​ကို သင်၏​လက်​ထက် ယ​ခု​ကာ​လ၌​ပင် သင်​သည်​သိ​ရ​လျှင် မင်္ဂ​လာ​ရှိ၏။ ယ​ခု​မူ​ကား၊ ထို​အ​ရာ​တို့​ကို သင်၏​မျက်​စိ​ရှေ့​မှာ မ​ထင်​ရှား​စေ​ခြင်း​ငှာ ဝှက်​ထား​လျက်​ရှိ၏။- အ​ကြောင်း​မူ​ကား၊ သင့်​ကို ကြည့်​ရှု​ပြု​စု​တော်​မူ​သော ကျေး​ဇူး​ကို သင်​သည် မ​သိ​မ​မှတ်​သော​ကြောင့်၊ သင်၏​ရန်​သူ​တို့​သည် သင့်​ပတ်​လည်​တွင် တပ်​တည်၍ လေး​မျက်​နှာ၌ ဝိုင်း​ရံ​လျက် ချုပ်​ထား​ပြီး​လျှင်၊- သင်၏​ကိုယ်​မှ​စ၍ သင်၏ သား​သ​မီး​တို့​ကို မြေ​နှင့်​တ​ညီ​တည်း ညှိ​သ​ဖြင့်၊ သင်၏​ကျောက်​တစ်​ခု​ပေါ်​မှာ တစ်​ခု​မျှ ထပ်​ဆင့်၍ မ​ကျန်​ရစ်​စေ​ခြင်း​ငှာ ပြု​ကြ​သော​အ​ချိန်​ကာ​လ​သည် ရောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 19:28-44 Common Language Bible (BCL)

ထို​သို့​မိန့်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​တ​ပည့်​တော်​တို့​၏​ရှေ့ က​ကြွ​တော်​မူ​၏။- သံ​လွင်​နာ​မည်​တွင်​သော​တောင်​အ​နီး​ရှိ​ဗက်​ဖာ ဂေ​နှင့်​ဗေ​သ​နိ​ရွာ​များ​အ​နီး​သို့​ရောက်​တော်​မူ သော​အ​ခါ တ​ပည့်​တော်​နှစ်​ယောက်​တို့​အား``သင် တို့​ရှေ့​တွင်​ရှိ​သော​ရွာ​သို့​သွား​ကြ​လော့။- ရွာ​ကို​ဝင်​လျှင်​ဝင်​ချင်း​မည်​သူ​မျှ​မ​စီး​ဘူး​သေး သော​မြည်း​က​လေး​တစ်​ကောင်​ကို​တွေ့​လိမ့်​မည်။ ထို​မြည်း​ကို​ကြိုး​ဖြင့်​လှန်​ထား​၏။ ကြိုး​ဖြေ​၍ မြည်း​ကို​ယူ​ခဲ့​လော့။- အ​ကယ်​၍​လူ​တစ်​စုံ​တစ်​ယောက်​က​သင်​တို့ အား `အ​ဘယ်​ကြောင့်​မြည်း​ကို​ဖြေ​သ​နည်း' ဟု မေး​လျှင် `ထို​မြည်း​ကို​အ​ကျွန်ုပ်​တို့​သ​ခင် အ​သုံး​ပြု​လို​ပါ​သည်' ဟု​ဖြေ​ကြ​လော့'' ဟု​မှာ​ကြား​စေ​လွှတ်​တော်​မူ​၏။ စေ​လွှတ်​ခြင်း​ခံ​ရ​သူ​တို့​သည်​လည်း​သွား​ကြ သော​အ​ခါ ကိုယ်​တော်​မိန့်​ကြား​တော်​မူ​သည့် အ​တိုင်း​အ​ရာ​ခပ်​သိမ်း​ကို​တွေ့​မြင်​ကြ​၏။ - သူ​တို့​သည်​မြည်း​ကြိုး​ကို​ဖြေ​နေ​စဉ်​မြည်း​ရှင် က ``သင်​တို့​အ​ဘယ်​ကြောင့်​မြည်း​ကြိုး​ကို​ဖြေ သ​နည်း'' ဟု​မေး​၏။ သူ​တို့​က ``ထို​မြည်း​ကို​အ​ကျွန်ုပ်​တို့​သ​ခင် အ​သုံး​ပြု​လို​ပါ​သည်'' ဟု​ဖြေ​ကြား​၏။- ထို​နောက်​မြည်း​ကို​သ​ခင်​ယေ​ရှု​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ​၏။ မြည်း​၏​ကျော​ပေါ်​မှာ​မိ​မိ​တို့ ၏​အ​ဝတ်​များ​ကို​လွှမ်း​တင်​ကာ သ​ခင်​ယေ​ရှု အား​ထို​မြည်း​ကို​စီး​စေ​ကြ​၏။- ကိုယ်​တော်​မြည်း​စီး​၍​ကြွ​တော်​မူ​စဉ်​လူ​တို့ သည် မိ​မိ​တို့​၏​အ​ဝတ်​များ​ကို​လမ်း​ပေါ်​မှာ ဖြန့်​ခင်း​ကြ​၏။ ယေ​ရု​ရှ​လင်​မြို့​သို့​ကိုယ်​တော်​ချဉ်း​ကပ်​လာ စဉ်​သံ​လွင်​တောင်​အ​ဆင်း​လမ်း​တွင်​တ​ပည့် နောက်​လိုက်​ပ​ရိ​သတ်​ကြီး​သည် မိ​မိ​တို့​တွေ့ မြင်​ခဲ့​ရ​သည့်​အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​အ​ပေါင်း အ​တွက်​ဝမ်း​မြောက်​ရွှင်​လန်း​လျက် ဘု​ရား​သ​ခင် ၏​ဂုဏ်​တော်​ကို​အ​သံ​ကျယ်​စွာ​ချီး​ကူး​ကြ ၏။- ထို​သူ​တို့​က ``ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​နှင့် ကြွ​လာ​သော​ဘု​ရင်​သည်​မင်္ဂလာ​ရှိ​တော်​မူ​စေ သ​တည်း။ ကောင်း​ကင်​ဘုံ​တွင်​ငြိမ်​သက်​ခြင်း​ရှိ စေ​သ​တည်း။ ဘုရား​သခင်​သည်​ဘုန်း​ကြီး​တော်​မူ စေ​သ​တည်း'' ဟု​ကြွေး​ကြော်​ကြ​၏။ ထို​အ​ခါ​လူ​ပ​ရိ​သတ်​အ​ထဲ​မှ​ဖာ​ရိ​ရှဲ​အ​ချို့ တို့​က ``ဆ​ရာ​တော်၊ ကိုယ်​တော်​၏​တ​ပည့်​တော် များ​အား​တိတ်​ဆိတ်​စေ​ရန်​ဆုံး​မ​တော်​မူ​ပါ'' ဟု ကိုယ်​တော်​အား​လျှောက်​ထား​ကြ​၏။ ကိုယ်​တော်​က ``သင်​တို့​အား​ငါ​ဆို​သည်​ကား ဤ​သူ​တို့​တိတ်​ဆိတ်​စွာ​နေ​ကြ​လျှင်​ကျောက် ခဲ​များ​က​ကြွေး​ကြော်​ကြ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။ ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့​ရောက် ၍ ထို​မြို့​ကို​မြင်​တော်​မူ​လျှင်​ငို​ကြွေး​တော်​မူ​၏။- ကိုယ်​တော်​က ``အ​ချင်း​မြို့၊ သင်​သည်​ငြိမ်း​ချမ်း သာ​ယာ​မှု​ကို​ရ​စေ​သည့်​လမ်း​ကို​ယ​နေ့​သိ မြင်​လျှင်​မင်္ဂ​လာ​ရှိ​၏။ သို့​ရာ​တွင်​ထို​လမ်း​ကို သင်​သည်​မ​သိ​မ​မြင်​နိုင်။- ရန်​သူ​များ​သည်​သင့်​အား​ရင်​တား​ဖြင့်​ကာ​ဆီး လျက် အ​ဘက်​ဘက်​မှ​ဝိုင်း​ရံ​ပိတ်​ဆို့​နေ​သည့် အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။- သူ​တို့​သည်​သင့်​ကို​လည်း​ကောင်း၊ သင်​၏​မြို့​ရိုး အ​တွင်း​ရှိ​လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ဖျက် ဆီး​သုတ်​သင်​ကြ​လိမ့်​မည်။ ကျောက်​တစ်​ချပ် ပေါ်​တစ်​ချပ်​မျှ​တင်​၍​နေ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​သည်​မိ​မိ​အား ကယ်​တင်​ရန် ဘု​ရား​သ​ခင်​ကြွ​လာ​သည့် အ​ချိန်​ကာ​လ​ကို​မ​သိ​မ​မြင်​သော​ကြောင့် ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ရှင်လုကာ 19:28-44 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကိုယ်တော်​သည် ထိုသို့​မိန့်​တော်မူ​ပြီးနောက် ရှေ့သို့​ခရီးသွား​လျက် ဂျေရုဆလင်​မြို့​သို့​တက်​သွား​တော်မူ​၏။ သံလွင်​ဟု​ခေါ်​သော​တောင်​အနီး​ရှိ ဗက်ဖာဂေ​ရွာ​နှင့်​ဗေသနိ​ရွာ​အနီး​သို့ ရောက်​တော်မူ​သောအခါ တပည့်​တော်​နှစ်​ပါး​ကို​စေလွှတ်​၍ “သင်​တို့​ရှေ့​က​ရွာ​ထဲသို့ သွား​ကြ​လော့။ ရွာ​ထဲသို့​ဝင်​သည်​နှင့် မည်သူမျှ​မ​စီး​ဖူး​သော မြည်း​ကလေး​တစ်​ကောင်​ချည်​ထား​သည်​ကို တွေ့​ကြ​လိမ့်မည်။ ၎င်း​ကို​ကြိုး​ဖြေ​၍ ခေါ်ဆောင်​လာ​ကြ​လော့။ တစ်စုံတစ်ယောက်​က ‘အဘယ်ကြောင့်​ကြိုး​ဖြေ​ကြ​သနည်း’​ဟု သင်​တို့​ကို မေး​လျှင် ‘သခင်​ဘုရား​အလို​ရှိ​သည်’​ဟု ပြော​ကြ​လော့”​ဟူ၍ မိန့်​တော်မူ​၏။ စေလွှတ်​ခြင်း​ခံရ​သော​သူ​တို့​သည်​လည်း ထွက်သွား​၍ သူ​တို့​အား​ကိုယ်တော်​မိန့်​တော်မူ​သည့်​အတိုင်း တွေ့မြင်​ကြ​၏။ သူ​တို့​သည် မြည်း​ကလေး​ကို​ကြိုး​ဖြေ​နေ​ကြ​စဉ် ၎င်း​၏​ပိုင်ရှင်​တို့​က “အဘယ်ကြောင့် မြည်း​ကလေး​ကို​ကြိုး​ဖြေ​ကြ​သနည်း”​ဟု မေး​ကြ​၏။ သူ​တို့​က​လည်း “သခင်​ဘုရား​အလို​ရှိ​သည်”​ဟု ဖြေ​ကြ​၏။ ထို့နောက် မြည်း​ကလေး​ကို ယေရှု​ထံသို့​ခေါ်ဆောင်​လာ​ပြီးလျှင် ၎င်း​ပေါ်၌ သူ​တို့​၏​အဝတ်​များ​ကို​ခင်း​၍ ယေရှု​အား​စီး​စေ​ကြ​၏။ ကိုယ်တော်​ကြွ​တော်မူ​စဉ်​တွင် လူ​တို့​သည် မိမိ​တို့​၏​ဝတ်ရုံ​များ​ကို လမ်း​ပေါ်၌​ခင်း​ကြ​၏။ ကိုယ်တော်​သည် သံလွင်​တောင်​၏​အဆင်း​လမ်း​အနီး​သို့ ရောက်​တော်မူ​သောအခါ တပည့်​တော်​အစုအဝေး​အပေါင်း​တို့​သည် မိမိ​တို့​တွေ့မြင်​ခဲ့​ရ​သည့် တန်ခိုး​လက္ခဏာ​အားလုံး​အတွက် ဝမ်းမြောက်​လျက် ကျယ်လောင်​သော​အသံ​ဖြင့် ဘုရားသခင်​ကို​ချီးမွမ်း​ကာ “ထာဝရ​ဘုရား​၏​နာမ​တော်​၌ ကြွလာ​တော်မူ​သော​ရှင်ဘုရင်​သည် မင်္ဂလာရှိ​စေ​သတည်း။ ကောင်းကင်​၌ ငြိမ်သက်​ခြင်း​ရှိ​၍ အမြင့်ဆုံး​သော​အရပ်​၌ ဘုန်း​ကြီး​တော်မူ​စေ​သတည်း”​ဟု ကြွေးကြော်​ကြ​၏။ ထိုအခါ လူထု​ပရိသတ်​ထဲမှ ဖာရိရှဲ​အချို့​တို့​က “ဆရာ၊ ဆရာ့​တပည့်​များ​ကို​ဆုံးမ​ပါ”​ဟု ကိုယ်တော်​အား​လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​အား ငါ​ဆို​မည်။ ဤ​သူ​တို့​တိတ်ဆိတ်​စွာ​နေ​ကြ​လျှင် ကျောက်ခဲ​တို့​သည် ကြွေးကြော်​ကြ​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် ဂျေရုဆလင်​မြို့​အနီး​သို့​ရောက်လာ​၍ ထို​မြို့​ကို​မြင်​တော်မူ​လျှင် ၎င်း​အတွက် ငိုကြွေး​လျက် “သင်​သာ ငြိမ်သက်​ခြင်း​ကို​ရ​စေ​သည့်​အရာ​တို့​ကို ယနေ့​ပင်​သိ​ခဲ့​လျှင်... သို့ရာတွင် ထို​အရာ​သည် ယခု​သင်​၏​မျက်စိ​ရှေ့မှ ကွယ်ဝှက်​ထား​ခြင်း​ခံရ​၏။ အကြောင်းမူကား သင်​၏​ရန်သူ​တို့​သည် ကတုတ်​တည်​၍ သင့်​ကို​ဝိုင်းရံ​လျက် အဘက်ဘက်​မှ သင့်​ကို​ပိတ်ဆို့​ထား​ကာ သင်​မှစ၍ သင့်​အထဲ၌​ရှိ​သော သင်​၏​သားသမီး​တို့​ကို မြေ​နှင့်​တစ်ညီ​တည်း​ဖြစ်​စေ​သဖြင့် သင့်​အထဲတွင် ကျောက်တုံး​တစ်​တုံး​ကို​မျှ အခြား​ကျောက်တုံး​တစ်​တုံး​ပေါ်၌​မ​ကျန်ရစ်​စေ​မည့် အချိန်​ကာလ​သည် ရောက်လာ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် သင့်​ထံ အကြည့်အရှု​ကြွလာ​တော်မူ​သော​အချိန်​ကို သင်​မ​သိ​သောကြောင့်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။