YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 14:1-6

ရှင်လုကာ 14:1-6 Judson Bible (JBMLE)

တစ်​နေ့​သော​ဥ​ပုသ်​နေ့၌ ကိုယ်​တော်​သည် အ​စာ​ကို​သုံး​ဆောင်​ခြင်း​ငှာ အ​ရာ​ရှိ​ဖြစ်​သော ဖာ​ရိ​ရှဲ​တစ်​ယောက်၏​အိမ်​သို့ ဝင်​တော်​မူ​လျှင်၊ ထို​သူ​တို့​သည် ကိုယ်​တော်​ကို ချောင်း​ကြည့်​ကြ၏။- ရေ​ဖျဉ်း​နာ​စွဲ​သော သူ​တစ်​ယောက်​သည် ရှေ့​တော်၌​ရှိ၏။- ဥ​ပုသ်​နေ့၌ အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​အပ်​သ​လော​ဟု ဖာ​ရိ​ရှဲ​နှင့် ကျမ်း​တတ်​တို့​ကို မေး​တော်​မူ​စေ​ပြီး​မှ၊- သူ​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ကြ၏။ ယေ​ရှု​သည် ထို​သူ​ကို​ယူ၍ အ​နာ​ရော​ဂါ​နှင့် ကင်း​လွတ်​စေ​ပြီး​မှ၊ လွှတ်​လိုက်​တော်​မူ၏။- ပ​ရိ​သတ်​တို့​ကို​လည်း၊ မိ​မိ​မြည်း၊ နွား​သည် ဥ​ပုသ်​နေ့၌ တွင်း​ထဲ​သို့​ကျ​လျှင် ချက်​ချင်း​မ​ဆွဲ​မ​တင်​ဘဲ နေ​မည့်​သူ တစ်​စုံ​တစ်​ယောက်​သည် သင်​တို့​တွင်​ရှိ​သ​လော​ဟု မေး​တော်​မူ​လျှင်၊- ထို​သူ​တို့​သည် စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြန်​နိုင်​ကြ။

ရှင်လုကာ 14:1-6 Common Language Bible (BCL)

ဥ​ပုသ်​နေ့​တစ်​နေ့​၌​ကိုယ်​တော်​သည်​အ​စား အ​စာ​သုံး​ဆောင်​တော်​မူ​ရန် ဖာ​ရိ​ရှဲ​အ​ကြီး အ​ကဲ​တစ်​ဦး​၏​အိမ်​သို့​ဝင်​တော်​မူ​၏။ ထို အ​ခါ​သူ​တို့​သည်​ကိုယ်​တော်​ကို​ချောင်း ကြည့်​နေ​ကြ​၏။- ကိုယ်​တော်​၏​ရှေ့​တွင်​ရေ​ဖျင်း​နာ​စွဲ​သူ​လူ တစ်​ယောက်​ရှိ​၏။- ကိုယ်​တော်​က ``ဥ​ပုသ်​နေ့​၌​အ​နာ​ရော​ဂါ​ကို ပျောက်​ကင်း​စေ​အပ်​သ​လော'' ဟု​ကျမ်း​တတ် ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ​အား​မေး​တော် မူ​၏။ သို့​ရာ​တွင်​သူ​တို့​သည်​ဆိတ်​ဆိတ်​နေ​ကြ​၏။ ကိုယ်​တော်​သည်​သူ​နာ​ကို​ခေါ်​လျက်​ရော​ဂါ​ကို ပျောက်​ကင်း​စေ​ပြီး​လျှင်​သူ့​အား​ထွက်​သွား စေ​တော်​မူ​၏။- ကိုယ်​တော်​က ``သင်​တို့​အ​နက်​အ​ဘယ်​သူ​သည် မိ​မိ​၏​သား​ဖြစ်​စေ၊ နွား​ဖြစ်​စေ​ဥ​ပုသ်​နေ့​၌ ရေ​တွင်း​ထဲ​သို့​ကျ​ခဲ့​သော်​ချက်​ချင်း​မ​ဆွဲ မ​တင်​ဘဲ​နေ​ပါ​မည်​နည်း'' ဟု​မေး​တော်​မူ​၏။ သို့​ရာ​တွင်​သူ​တို့​သည်​အ​ဘယ်​သို့​မျှ​အ​ဖြေ မ​ပေး​တတ်​ကြ။

ရှင်လုကာ 14:1-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်​နေ့​သော​ဥပုသ်နေ့​၌ ကိုယ်တော်​သည် အစားအစာ​သုံးဆောင်​ရန် ဖာရိရှဲ​အကြီးအကဲ​တစ်​ဦး​၏​အိမ်​သို့​ဝင်​တော်မူ​လျှင် သူ​တို့​သည် ကိုယ်တော်​ကို​စောင့်ကြည့်​နေ​ကြ​၏။ ကိုယ်တော်​၏​ရှေ့၌ ရေဖျဉ်း​စွဲ​သော​သူ​တစ်​ဦး​ရှိ​၏။ ယေရှု​က ကျမ်းတတ်​ပုဂ္ဂိုလ်​နှင့် ဖာရိရှဲ​တို့​အား“ဥပုသ်နေ့​၌ အနာရောဂါ​ကို​ငြိမ်း​စေ​ခြင်း​သည် တရား​တော်​နှင့်​ညီ​သလော​၊ သို့မဟုတ် မ​ညီ​သလော”​ဟု မေး​တော်မူ​၏။ သို့သော် သူ​တို့​သည် တိတ်ဆိတ်​စွာ​နေ​ကြ​၏။ ကိုယ်တော်​သည် ထို​လူနာ​ကို ခေါ်​၍ အနာရောဂါ​ပျောက်ကင်း​စေ​ပြီးလျှင် ပြန်လွှတ်​တော်မူ​၏။ ထို့နောက် ထို​သူ​တို့​အား“သင်​တို့​တွင် မိမိ​သား​၊ သို့မဟုတ် နွား​သည် ဥပုသ်​နေ့​၌ ရေတွင်း​ထဲသို့​ကျ​ခဲ့​လျှင် မည်သူ​သည်​ချက်ချင်း​မ​ဆွဲတင်​ဘဲ​နေ​မည်နည်း”​ဟု မိန့်​တော်မူ​၏။ သူ​တို့​သည် ဤ​အရာ​များ​နှင့်​ပတ်သက်​ပြီး တုံ့ပြန်​ပြောဆို​၍​မ​ရ​နိုင်​ကြ​ချေ။