တစ်နေ့သောဥပုသ်နေ့၌ ကိုယ်တော်သည် အစားအစာသုံးဆောင်ရန် ဖာရိရှဲအကြီးအကဲတစ်ဦး၏အိမ်သို့ဝင်တော်မူလျှင် သူတို့သည် ကိုယ်တော်ကိုစောင့်ကြည့်နေကြ၏။ ကိုယ်တော်၏ရှေ့၌ ရေဖျဉ်းစွဲသောသူတစ်ဦးရှိ၏။ ယေရှုက ကျမ်းတတ်ပုဂ္ဂိုလ်နှင့် ဖာရိရှဲတို့အား“ဥပုသ်နေ့၌ အနာရောဂါကိုငြိမ်းစေခြင်းသည် တရားတော်နှင့်ညီသလော၊ သို့မဟုတ် မညီသလော”ဟု မေးတော်မူ၏။ သို့သော် သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ ကိုယ်တော်သည် ထိုလူနာကို ခေါ်၍ အနာရောဂါပျောက်ကင်းစေပြီးလျှင် ပြန်လွှတ်တော်မူ၏။ ထို့နောက် ထိုသူတို့အား“သင်တို့တွင် မိမိသား၊ သို့မဟုတ် နွားသည် ဥပုသ်နေ့၌ ရေတွင်းထဲသို့ကျခဲ့လျှင် မည်သူသည်ချက်ချင်းမဆွဲတင်ဘဲနေမည်နည်း”ဟု မိန့်တော်မူ၏။ သူတို့သည် ဤအရာများနှင့်ပတ်သက်ပြီး တုံ့ပြန်ပြောဆို၍မရနိုင်ကြချေ။
ရှင်လုကာခရစ်ဝင် 14 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာခရစ်ဝင် 14
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာခရစ်ဝင် 14:1-6
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ