YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 13:1-17

ရှင်လုကာ 13:1-17 Judson Bible (JBMLE)

ထို​အ​ခါ လူ​အ​ချို့​တို့​သည်​လာ၍၊ ပိ​လတ်​မင်း​သည် ဂါ​လိ​လဲ​လူ​အ​ချို့​တို့၏ အ​သွေး​ကို မိ​မိ​တို့​ပူ​ဇော်​သော ယဇ်​ကောင်​တို့​နှင့် ရော​နှော​ကြောင်း​ကို လျှောက်​ကြ​လျှင်၊- ယေ​ရှု​က၊ ထို​ဂါ​လိ​လဲ​လူ​တို့​သည် ထို​သို့​ခံ​ရ​သော​ကြောင့်၊ အ​ခြား​သော ဂါ​လိ​လဲ​လူ​အ​ပေါင်း​တို့​ထက် သာ၍ အ​ပြစ်​ရှိ​သည်​ဟု ထင်​ကြ​သ​လော။- သာ၍ အ​ပြစ်​ရှိ​သည်​မ​ဟုတ်။ သင်​တို့​ရှိ​သ​မျှ​သည်​လည်း နောင်​တ​မ​ရ​လျှင် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ငါ​ဆို၏။- ထို​မှ​တစ်​ပါး၊ ရှိ​လောင်​ပြ​အိုး​လဲ၍ ပိ​သော​သူ တစ်​ကျိပ်​ရှစ်​ယောက်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​ထက် သာ၍ အ​ပြစ်​ရှိ​သည်​ဟု ထင်​ကြ​သ​လော။- သာ၍​အ​ပြစ်​ရှိ​သည် မ​ဟုတ်။ သင်​တို့ ရှိ​သ​မျှ​သည်​လည်း နောင်​တ​မ​ရ​လျှင် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်၊ ငါ​ဆို​သည်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် ဥ​ပ​မာ​ကို မိန့်​တော်​မူ​သည်​ကား၊ လူ​တစ်​ယောက်​သည် ဥ​ယျာဉ်၌​စိုက်​သော သင်္ဘော​သ​ဖန်း​ပင်​တစ်​ပင် ရှိ၏။ ထို​အ​ပင်​သို့ လာ၍ အ​သီး​ကို​ရှာ​သော်​လည်း မ​တွေ့။- ထို​အ​ခါ ဥ​ယျာဉ်​စောင့်​အား​လည်း၊ သုံး​နှစ်​ပတ်​လုံး ဤ​သင်္ဘော​သ​ဖန်း​ပင်​သို့ ငါ​လာ၍ အ​သီး​ကို ရှာ​သော်​လည်း မ​တွေ့​မ​ရ။ ခုတ်​ပစ်​လော့။ အ​ဘယ်​ကြောင့် မြေ​ကို နှောင့်​ယှက်​ရ​သ​နည်း​ဟု အ​မိန့်​ရှိ​သော်၊ ဥ​ယျာဉ်​စောင့်​က၊ သ​ခင်၊ ယ​ခု​နှစ်​ရှိ​ပါ​စေ​ဦး။- အ​ကျွန်ုပ်​သည် အ​ပင်​နား​ပတ်​လည်​ကို တူး​ဆွ၍ နောက်​ချေး​ကို ဖို့​ပါ​မည်။- အ​သီး​သီး​ကောင်း သီး​ပါ​လိမ့်​မည်။ သို့​မ​ဟုတ် နောက်​မှ ခုတ်​ပစ်​တော်​မူ​ပါ​ဟု လျှောက်​လေ​သည်​ဟု မိန့်​တော်​မူ၏။ တစ်​နေ့​သော​ဥ​ပုသ်​နေ့၌ ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တွင် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​သော​အ​ခါ၊ တစ်​ဆယ်​ရှစ်​နှစ်​ပတ်​လုံး နတ်​စွဲ၍ ရော​ဂါ​နှိပ်​စက်​ခြင်း​ကို​ခံ​ရ​သော မိန်း​မ​တစ်​ယောက်​ရှိ၏။ ထို​မိန်း​မ​သည် ကျော​ကုန်း၍ ကိုယ်​ကို အ​လျှင်း​မ​ဆန့်​နိုင်။- ယေ​ရှု​သည် ထို​မိန်း​မ​ကို မြင်​တော်​မူ​လျှင် အ​ထံ​တော်​သို့​ခေါ်၍၊ အ​ချင်း​မိန်း​မ၊ သင်​သည် အ​နာ​ရော​ဂါ​နှင့် လွတ်၏​ဟု မိန့်​တော်​မူ​လျက်၊- သူ့​အ​ပေါ်​မှာ​လက်​တော်​ကို တင်​တော်​မူ​သ​ဖြင့်၊ သူ​သည် ချက်​ချင်း တည့်​မတ်​ခြင်း​သို့​ရောက်၍ ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​လေ၏။- ထို​သို့ ဥ​ပုသ်​နေ့၌ ယေ​ရှု​သည် အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ​သော​ကြောင့် တ​ရား​ဇ​ရပ်​မှူး​သည် အ​မျက်​ထွက်၍၊ အ​လုပ်​လုပ်​ရ​သော​နေ့​ရက် ခြောက်​ရက်​ရှိ၏။ ထို​နေ့​ရက်​တွင်​လာ၍ အ​နာ​ရော​ဂါ​ငြိမ်း​စေ​ခြင်း ကျေး​ဇူး​ကို ခံ​ကြ​လော့။ ဥ​ပုသ်​နေ့၌ မ​လာ​မ​ခံ​ကြ​နှင့်​ဟု ပ​ရိ​သတ်​တို့​အား​ဆို၏။- သ​ခင်​ဘု​ရား​က​လည်း၊ လျှို့​ဝှက်​သော​သူ၊ သင်​တို့​ရှိ​သ​မျှ​သည် ဥ​ပုသ်​နေ့၌ မြင်း၊ နွား​ကို တင်း​ကုပ်​မှ လွှတ်၍ ရေ​တိုက်​ခြင်း​ငှာ ဆောင်​သွား​တတ်​သည် မ​ဟုတ်​လော။- တစ်​ဆယ်​ရှစ်​နှစ်​ပတ်​လုံး စာ​တန်​ချည်​နှောင်​သော အာ​ဗြ​ဟံ၏​သ​မီး​ဖြစ်​သော ဤ​မိန်း​မ​ကို ဤ​ချည်​နှောင်​ခြင်း​မှ ဥ​ပုသ်​နေ့၌ မ​လွှတ်​ရ​သ​လော​ဟု မိန့်​တော်​မူ၏။- ထို​သို့ မိန့်​တော်​မူ​ပြီး​မှ ရန်​ဘက်​နေ​သော သူ​အ​ပေါင်း​တို့​သည် ရှက်​ကြောက်​ခြင်း​ရှိ​၍၊ ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​အ​မှု​များ​တို့​ကို လူအပေါင်းတို့သည်နှစ်​သက်​ဝမ်း​မြောက်​ကြ၏။

ရှင်လုကာ 13:1-17 Common Language Bible (BCL)

ထို​အ​ချိန်​၌​လူ​အ​ချို့​တို့​သည်​ကိုယ်​တော် ၏​ထံ​သို့​လာ​၍ ပိ​လတ်​မင်း​သတ်​ဖြတ်​လိုက် သည့်​ဂါ​လိ​လဲ​အ​မျိုး​သား​များ​အ​ကြောင်း ကို​လျှောက်​ထား​ကြ​၏။ ထို​သူ​တို့​သည်​ယဇ် ပူ​ဇော်​လျက်​ရှိ​နေ​စဉ်​သတ်​ဖြတ်​ခြင်း​ကို ခံ​ခဲ့​ရ​ကြ​၏။- ကိုယ်​တော်​က ``ထို​လူ​စု​သည်​ယင်း​သို့​အ​သတ် ခံ​ရ​သ​ဖြင့်​အ​ခြား​ဂါ​လိ​လဲ​အ​မျိုး​သား အ​ပေါင်း​တို့​ထက်​ပို​၍ အ​ပြစ်​ကူး​သူ​များ ဖြစ်​သည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​သ​လော။ သူ တို့​ကား​ပို​၍​အ​ပြစ်​ကူး​သူ​များ​မ​ဟုတ် ဟု​သင်​တို့​အား​ငါ​ဆို​၏။- သို့​ရာ​တွင်​သင်​တို့​သည်​လည်း​နောင်​တ​မ​ရ ကြ​လျှင် ထို​သူ​တို့​နည်း​တူ​သေ​ကျေ​ပျက်​စီး ရ​လိမ့်​မည်။- ရှိ​လောင်​မျှော်​စင်​ပြို​ကျ​သ​ဖြင့် ပိ​၍​သေ​သူ လူ​တစ်​ဆယ့်​ရှစ်​ယောက်​တို့​သည် အ​ခြား​ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​များ​ထက်​ပို​၍​အ​ပြစ် ကူး​သူ​များ​ဖြစ်​သည်​ဟု သင်​တို့​ထင်​မှတ် ကြ​သ​လော။- သူ​တို့​ကား​ပို​၍​အ​ပြစ်​ကူး​သူ​များ​မ​ဟုတ် ဟု​သင်​တို့​အား​ငါ​ဆို​၏။ သို့​ရာ​တွင်​သင်​တို့ သည်​လည်း​နောင်​တ​မ​ရ​ကြ​လျှင် ထို​သူ​တို့ နည်း​တူ​သေ​ကျေ​ပျက်​စီး​ရ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား​ပုံ​ဥ​ပ​မာ ဆောင်​၍ ``လူ​တစ်​ယောက်​၏​စ​ပျစ်​ဥ​ယျာဉ်​ထဲ တွင် စိုက်​ပျိုး​ထား​သော​သင်္ဘော​သ​ဖန်း​ပင်​တစ် ပင်​ရှိ​၏။ ဥ​ယျာဉ်​ရှင်​သည်​သ​ဖန်း​ပင်​ကို​လာ​၍ သ​ဖန်း​သီး​ရှာ​သော်​လည်း​တစ်​လုံး​မျှ​မ​တွေ့​ရ။- ဥ​ယျာဉ်​ရှင်​က `ငါ​သည်​ဤ​သ​ဖန်း​ပင်​ကို​လာ​၍ သ​ဖန်း​သီး​ရှာ​သည်​မှာ​သုံး​နှစ်​ရှိ​ချေ​ပြီ။ သို့​ရာ တွင်​တစ်​လုံး​မျှ​မ​တွေ့​ရ။ ဤ​သ​ဖန်း​ပင်​ကို​ခုတ် ပစ်​လော့။ အ​ဘယ်​ကြောင့်​မြေ​ကို​အ​ကျိုး​မဲ့ ဖြစ်​စေ​မည်​နည်း' ဟု​ဥယျာဉ်​မှူး​အား​ဆို​၏။- ဥ​ယျာဉ်​မှူး​က `ထို​အ​ပင်​ကို​ဤ​နှစ်​တစ်​နှစ် ထား​ပါ​ဦး။ အ​ပင်​ရင်း​ပတ်​လည်​ကို​အ​ကျွန်ုပ် တူး​ဆွ​၍​မြေ​သြ​ဇာ​ထည့်​ပါ​ဦး​မည်။- နောင်​နှစ်​ခါ​အ​သီး​သီး​ကောင်း​သီး​ပါ​လိမ့်​မည်။ အ​ကယ်​၍​အ​သီး​မ​သီး​ခဲ့​သော်​ခုတ်​ပစ်​ပါ' ဟု ပြန်​၍​လျှောက်​သည်'' ဟု​မိန့်​တော်​မူ​၏။ ဥ​ပုသ်​နေ့​တစ်​နေ့​၌​ကိုယ်​တော်​ဟော​ပြော​သွန် သင်​လျက်​နေ​တော်​မူ​ရာ တ​ရား​ဇ​ရပ်​တွင်​တစ် ဆယ့်​ရှစ်​နှစ်​ပတ်​လုံး​နတ်​မိစ္ဆာ​ပူး​ဝင်​သ​ဖြင့် မ​သန်​မ​စွမ်း​ဖြစ်​လျက်​နေ​သော​အ​မျိုး​သ​မီး တစ်​ယောက်​ရှိ​၏။ သူ​သည်​ကျော​ကုန်း​၍​မိ​မိ ၏​ခါး​ကို​လုံး​ဝ​မ​ဆန့်​နိုင်။- သ​ခင်​ယေ​ရှု​သည်​ထို​အ​မျိုး​သ​မီး​ကို​မြင် သော​အ​ခါ အ​ထံ​တော်​သို့​ခေါ်​တော်​မူ​လျက် ``အ​ချင်း​အ​မျိုး​သ​မီး​သင့်​ရော​ဂါ​ပျောက် ပြီ'' ဟု​မိန့်​တော်​မူ​၏။- သူ​၏​အ​ပေါ်​မှာ​လက်​တော်​ကို​တင်​တော်​မူ သ​ဖြင့် သူ​သည်​ချက်​ချင်း​ပင်​ခါး​ဆန့်​သွား​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​ကူး လေ​၏။ ထို​အ​ခါ​ယင်း​သို့​ဥ​ပုသ်​နေ့​၌​အ​နာ​ရော​ဂါ​ကို သ​ခင်​ယေ​ရှု​ပျောက်​ကင်း​စေ​တော်​မူ​သ​ဖြင့် တ​ရား ဇ​ရပ်​မှူး​သည်​စိတ်​ဆိုး​လျက် ``အ​လုပ်​လုပ်​အပ် သော​ရက်​ခြောက်​ရက်​ရှိ​၏။ ထို​ရက်​များ​တွင်​လာ​၍ ရော​ဂါ​ပျောက်​အောင်​အ​ကု​ခံ​ကြ​လော့။ ဥ​ပုသ် နေ့​၌​မူ​ကား​လာ​၍​အ​ကု​မ​ခံ​ကြ​နှင့်'' ဟု​လူ ပ​ရိ​သတ်​တို့​အား​ဆို​၏။ သ​ခင်​ဘု​ရား​က ``ကြောင်​သူ​တော်​တို့၊ သင်​တို့​ရှိ သ​မျှ​သည်​ဥ​ပုသ်​နေ့​၌​သင်​တို့​၏​မြည်း​များ၊ နွား​များ​အား​တင်း​ကုတ်​မှ​ကြိုး​ကို​ဖြေ​၍ ရေ တိုက်​ရန်​ခေါ်​ဆောင်​သွား​တတ်​ကြ​သည်​မ​ဟုတ် လော။- အာ​ဗြ​ဟံ​၏​သ​မီး​ဖြစ်​သူ​ဤ​အ​မျိုး​သ​မီး သည် တစ်​ဆယ့်​ရှစ်​နှစ်​ပတ်​လုံး​စာ​တန်​၏​အ​နှောင် အ​ဖွဲ့​ကို​ခံ​ခဲ့​ရ​၏။ သူ့​အား​ဥ​ပုသ်​နေ့​၌​ထို အ​နှောင်​အ​ဖွဲ့​မှ​မ​လွှတ်​အပ်​သ​လော'' ဟု​မိန့် တော်​မူ​၏။- ဤ​သို့​မိန့်​တော်​မူ​လိုက်​သော​အ​ခါ​ကိုယ်​တော် ကို​ရန်​ဘက်​ပြု​သူ​များ​သည်​အ​ရှက်​ရ​သွား ကြ​၏။ လူ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်​ကား ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ များ​ကြောင့်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​၏။

ရှင်လုကာ 13:1-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​အချိန်​၌​ပင် လူ​အချို့​တို့​သည်​ရောက်လာ​၍ ပိလတ်​မင်း​သည် ဂါလိလဲ​နယ်သား​အချို့​တို့​၏​သွေး​ကို သူ​တို့​ပူဇော်​သော​ယဇ်​များ​နှင့်​ရောနှော​ခဲ့​ကြောင်း ကိုယ်တော်​အား​ကြားလျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“ထို​ဂါလိလဲ​နယ်သား​တို့​သည် ထိုသို့​သော​ဒုက္ခ​ဝေဒနာ​ကို​ခံစား​ကြ​ရ​သောကြောင့် အခြား​ဂါလိလဲ​နယ်သား​အားလုံး​တို့​ထက် အပြစ်​များ​သည်​ဟု သင်​တို့​ထင်​ကြ​သလော။ ထိုသို့​မ​ဟုတ်​ပေ။ သင်​တို့​အား ငါ​ဆို​သည်​ကား သင်​တို့​အားလုံး​သည်​လည်း နောင်တ​မ​ရ​လျှင် ထိုနည်းတူ​ပျက်စီး​ကြ​လိမ့်မည်။ ထို့ပြင် ရှိလောင်​မျှော်စင်​ပြိုကျ​သဖြင့် ပိ​မိ​၍​သေဆုံး​သော​သူ​တစ်ဆယ့်ရှစ်​ယောက်​တို့​သည် ဂျေရုဆလင်​မြို့​တွင် နေထိုင်​ကြ​သော​အခြား​သူ​အားလုံး​တို့​ထက် အပြစ်​များ​သည်​ဟု သင်​တို့​ထင်​ကြ​သလော။ ထိုသို့​မ​ဟုတ်​ပေ။ သင်​တို့​အား ငါ​ဆို​သည်​ကား သင်​တို့​အားလုံး​သည်​လည်း နောင်တ​မ​ရ​လျှင် ထိုနည်းတူ​ပျက်စီး​ကြ​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် ဤ​ပုံ​ဥပမာ​ကို​ပေး​၍ မြွက်ဆို​တော်မူ​သည်​မှာ“လူ​တစ်​ဦး​တွင် မိမိ​စပျစ်ခြံ​ထဲ၌​စိုက်​ထား​သော သဖန်းပင်​တစ်​ပင်​ရှိ​၏။ သူ​သည် ထို​အပင်​၌ အသီး​ကို​လာ​ရှာ​သော်လည်း မ​တွေ့​ရ​ချေ။ ထိုအခါ သူ​သည် ဥယျာဉ်မှူး​အား ‘ကြည့်​လော့။ ငါ​သည် သုံး​နှစ်​တိုင်တိုင် ဤ​သဖန်းပင်​မှ​အသီး​ကို​လာ​ရှာ​သော်လည်း​မ​တွေ့​ရ။ ဤ​သဖန်းပင်​ကို​ခုတ်​ပစ်​လော့။ အဘယ်ကြောင့် မြေ​ကို အကျိုးမဲ့​ဖြစ်​စေ​မည်နည်း’​ဟု ဆို​၏။ သို့သော် ဥယျာဉ်မှူး​က ‘သခင်၊ ဤ​အပင်​ကို ယခု​နှစ်​လည်း​ထား​ပါ​ဦး။ အပင်​ပတ်လည်​ကို အကျွန်ုပ်​တူးဆွ​၍ မြေသြဇာ​ထည့်​ပါ​ဦး​မည်။ ထိုသို့ပြုလျှင် နောက်​နှစ်​တွင် အသီး သီး​ကောင်း​သီး​ပါ​လိမ့်မည်။ အကယ်၍ မ​သီး​ပါက ခုတ်​ပစ်​နိုင်​ပါ​သည်’​ဟု ပြန်​လျှောက်​၏”​ဟူ၍ မိန့်​တော်မူ​၏။ ကိုယ်တော်​သည် ဥပုသ်နေ့​၌ ဝတ်ပြု​စည်းဝေး​ကျောင်း​တစ်​ကျောင်း​တွင် သွန်သင်​လျက်​နေ​တော်မူ​၏။ ထိုအခါ တစ်ဆယ့်ရှစ်​နှစ်​ပတ်လုံး နာမကျန်း​ဖြစ်​စေ​သော​နတ်​ပူး​သဖြင့် ခါး​ကုန်း​လျက် လုံးဝ​တည့်မတ်​စွာ​မ​ရပ်​နိုင်​သော​အမျိုးသမီး​တစ်​ဦး​ရှိ​၏။ ယေရှု​သည် သူ့​ကို​မြင်​လျှင် အထံ​တော်​သို့​ခေါ်​၍“အချင်း​မိန်းမ၊ သင်​သည် သင်​၏​နာမကျန်း​ဖြစ်​ခြင်း​မှ လွတ်မြောက်​ပြီ”​ဟု မိန့်​တော်မူ​ပြီးလျှင် သူ့​အပေါ် လက်​တော်​ကို​တင်​တော်မူ​၏။ ထို​ခဏချင်း​တွင် သူ​၏​ခါး​သည် ပြန်လည်​တည့်မတ်​သွား​၍ သူ​သည် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​လေ​၏။ သို့သော် ဥပုသ်နေ့​၌ အနာရောဂါ​ကို​ယေရှု​ငြိမ်း​စေ​တော်မူ​သောကြောင့် ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​သည် စိတ်ဆိုး​လျက် “အလုပ်​လုပ်​ရ​မည့်​နေ့ရက်​ခြောက်​ရက်​ရှိ​သည်​ဖြစ်၍ ထို​နေ့ရက်​များ​၌​လာ​၍ ရောဂါ​ငြိမ်း​စေ​ခြင်း​ကို​ခံယူ​ကြ​လော့။ ဥပုသ်​နေ့​၌​မ​လာ​ကြ​နှင့်”​ဟု လူထု​ပရိသတ်​တို့​အား​ဆို​၏။ သခင်​ဘုရား​က​လည်း“သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့၊ သင်​တို့​အသီးသီး​သည် ဥပုသ်နေ့​၌ မိမိ​တို့​နွား​၊ သို့မဟုတ် မြည်း​ကို တင်းကုပ်​မှ​လွှတ်​၍ ရေ​တိုက်​ရန်​ခေါ်ဆောင်​သွား​ကြ​သည်​မ​ဟုတ်​လော။ သို့ဖြစ်လျှင် တစ်ဆယ့်​ရှစ်​နှစ်​ပတ်လုံး စာတန်​ချည်နှောင်​ထား​သည့် အာဗြဟံ​၏​သမီး​ဖြစ်​သော ဤ​သူ​ကို ဥပုသ်​နေ့​၌ ထို​ချည်နှောင်​ခြင်း​မှ လွတ်​စေ​သင့်​သည်​မ​ဟုတ်​လော”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထိုသို့ ကိုယ်တော်​မိန့်​တော်မူ​သောအခါ ကိုယ်တော်​ကို​ဆန့်ကျင်​နေ​သော​သူ​ရှိသမျှ​တို့​သည် အရှက်ရ​ကြ​၏။ လူထု​ပရိသတ်​အပေါင်း​တို့​သည် ကိုယ်တော်​ပြု​တော်မူ​သည့် ထူးမြတ်​သော​အမှု​အလုံးစုံ​တို့​အတွက် ဝမ်းမြောက်​ကြ​၏။