YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 13:1-17

ရှင်လုကာ 13:1-17 JBMLE

ထို​အ​ခါ လူ​အ​ချို့​တို့​သည်​လာ၍၊ ပိ​လတ်​မင်း​သည် ဂါ​လိ​လဲ​လူ​အ​ချို့​တို့၏ အ​သွေး​ကို မိ​မိ​တို့​ပူ​ဇော်​သော ယဇ်​ကောင်​တို့​နှင့် ရော​နှော​ကြောင်း​ကို လျှောက်​ကြ​လျှင်၊- ယေ​ရှု​က၊ ထို​ဂါ​လိ​လဲ​လူ​တို့​သည် ထို​သို့​ခံ​ရ​သော​ကြောင့်၊ အ​ခြား​သော ဂါ​လိ​လဲ​လူ​အ​ပေါင်း​တို့​ထက် သာ၍ အ​ပြစ်​ရှိ​သည်​ဟု ထင်​ကြ​သ​လော။- သာ၍ အ​ပြစ်​ရှိ​သည်​မ​ဟုတ်။ သင်​တို့​ရှိ​သ​မျှ​သည်​လည်း နောင်​တ​မ​ရ​လျှင် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ငါ​ဆို၏။- ထို​မှ​တစ်​ပါး၊ ရှိ​လောင်​ပြ​အိုး​လဲ၍ ပိ​သော​သူ တစ်​ကျိပ်​ရှစ်​ယောက်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​ထက် သာ၍ အ​ပြစ်​ရှိ​သည်​ဟု ထင်​ကြ​သ​လော။- သာ၍​အ​ပြစ်​ရှိ​သည် မ​ဟုတ်။ သင်​တို့ ရှိ​သ​မျှ​သည်​လည်း နောင်​တ​မ​ရ​လျှင် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်၊ ငါ​ဆို​သည်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် ဥ​ပ​မာ​ကို မိန့်​တော်​မူ​သည်​ကား၊ လူ​တစ်​ယောက်​သည် ဥ​ယျာဉ်၌​စိုက်​သော သင်္ဘော​သ​ဖန်း​ပင်​တစ်​ပင် ရှိ၏။ ထို​အ​ပင်​သို့ လာ၍ အ​သီး​ကို​ရှာ​သော်​လည်း မ​တွေ့။- ထို​အ​ခါ ဥ​ယျာဉ်​စောင့်​အား​လည်း၊ သုံး​နှစ်​ပတ်​လုံး ဤ​သင်္ဘော​သ​ဖန်း​ပင်​သို့ ငါ​လာ၍ အ​သီး​ကို ရှာ​သော်​လည်း မ​တွေ့​မ​ရ။ ခုတ်​ပစ်​လော့။ အ​ဘယ်​ကြောင့် မြေ​ကို နှောင့်​ယှက်​ရ​သ​နည်း​ဟု အ​မိန့်​ရှိ​သော်၊ ဥ​ယျာဉ်​စောင့်​က၊ သ​ခင်၊ ယ​ခု​နှစ်​ရှိ​ပါ​စေ​ဦး။- အ​ကျွန်ုပ်​သည် အ​ပင်​နား​ပတ်​လည်​ကို တူး​ဆွ၍ နောက်​ချေး​ကို ဖို့​ပါ​မည်။- အ​သီး​သီး​ကောင်း သီး​ပါ​လိမ့်​မည်။ သို့​မ​ဟုတ် နောက်​မှ ခုတ်​ပစ်​တော်​မူ​ပါ​ဟု လျှောက်​လေ​သည်​ဟု မိန့်​တော်​မူ၏။ တစ်​နေ့​သော​ဥ​ပုသ်​နေ့၌ ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တွင် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​သော​အ​ခါ၊ တစ်​ဆယ်​ရှစ်​နှစ်​ပတ်​လုံး နတ်​စွဲ၍ ရော​ဂါ​နှိပ်​စက်​ခြင်း​ကို​ခံ​ရ​သော မိန်း​မ​တစ်​ယောက်​ရှိ၏။ ထို​မိန်း​မ​သည် ကျော​ကုန်း၍ ကိုယ်​ကို အ​လျှင်း​မ​ဆန့်​နိုင်။- ယေ​ရှု​သည် ထို​မိန်း​မ​ကို မြင်​တော်​မူ​လျှင် အ​ထံ​တော်​သို့​ခေါ်၍၊ အ​ချင်း​မိန်း​မ၊ သင်​သည် အ​နာ​ရော​ဂါ​နှင့် လွတ်၏​ဟု မိန့်​တော်​မူ​လျက်၊- သူ့​အ​ပေါ်​မှာ​လက်​တော်​ကို တင်​တော်​မူ​သ​ဖြင့်၊ သူ​သည် ချက်​ချင်း တည့်​မတ်​ခြင်း​သို့​ရောက်၍ ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​လေ၏။- ထို​သို့ ဥ​ပုသ်​နေ့၌ ယေ​ရှု​သည် အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ​သော​ကြောင့် တ​ရား​ဇ​ရပ်​မှူး​သည် အ​မျက်​ထွက်၍၊ အ​လုပ်​လုပ်​ရ​သော​နေ့​ရက် ခြောက်​ရက်​ရှိ၏။ ထို​နေ့​ရက်​တွင်​လာ၍ အ​နာ​ရော​ဂါ​ငြိမ်း​စေ​ခြင်း ကျေး​ဇူး​ကို ခံ​ကြ​လော့။ ဥ​ပုသ်​နေ့၌ မ​လာ​မ​ခံ​ကြ​နှင့်​ဟု ပ​ရိ​သတ်​တို့​အား​ဆို၏။- သ​ခင်​ဘု​ရား​က​လည်း၊ လျှို့​ဝှက်​သော​သူ၊ သင်​တို့​ရှိ​သ​မျှ​သည် ဥ​ပုသ်​နေ့၌ မြင်း၊ နွား​ကို တင်း​ကုပ်​မှ လွှတ်၍ ရေ​တိုက်​ခြင်း​ငှာ ဆောင်​သွား​တတ်​သည် မ​ဟုတ်​လော။- တစ်​ဆယ်​ရှစ်​နှစ်​ပတ်​လုံး စာ​တန်​ချည်​နှောင်​သော အာ​ဗြ​ဟံ၏​သ​မီး​ဖြစ်​သော ဤ​မိန်း​မ​ကို ဤ​ချည်​နှောင်​ခြင်း​မှ ဥ​ပုသ်​နေ့၌ မ​လွှတ်​ရ​သ​လော​ဟု မိန့်​တော်​မူ၏။- ထို​သို့ မိန့်​တော်​မူ​ပြီး​မှ ရန်​ဘက်​နေ​သော သူ​အ​ပေါင်း​တို့​သည် ရှက်​ကြောက်​ခြင်း​ရှိ​၍၊ ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​အ​မှု​များ​တို့​ကို လူအပေါင်းတို့သည်နှစ်​သက်​ဝမ်း​မြောက်​ကြ၏။

ရှင်လုကာ 13:1-17 အကြောင်း ဗီဒီယိုများ

​ရှင်လုကာ 13:1-17 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။