ဝတ်ပြုရာ 6:12
ဝတ်ပြုရာ 6:12 Judson Bible (JBMLE)
ယဇ်ပလ္လင်မီးသည် မသေဘဲအစဉ်လောင်ရမည်။ ယဇ်ပုရောဟိတ်သည် နံနက်တိုင်းထင်းမီးထည့်၍၊ ထင်းပေါ်မှာ မီးရှို့ရာယဇ်ကိုခင်းရမည်။ ထိုပလ္လင်ပေါ်မှာလည်း၊ မိတ်သဟာယယဇ်ဆီဥကို မီးရှို့ရမည်။
မျှဝေရန်
ဝတ်ပြုရာ 6 ကိုဖတ်ပါ။ဝတ်ပြုရာ 6:12 Common Language Bible (BCL)
ယဇ်ပလ္လင်မီးကိုအမြဲတောက်လောင်နေစေရ မည်။ မည်သည့်အခါမှမီးမငြိမ်းစေရ။ ယဇ် ပုရောဟိတ်သည်နံနက်တိုင်းယဇ်ပလ္လင်ပေါ်တွင် ထင်းတင်၍ မီးရှို့ရာယဇ်ကိုထင်းပုံပေါ်တွင် စီ၍တင်ရမည်။ ထိုယဇ်ပလ္လင်ပေါ်တွင်မိတ် သဟာယယဇ်၏ဆီဥကိုမီးရှို့ပူဇော်ရမည်။
မျှဝေရန်
ဝတ်ပြုရာ 6 ကိုဖတ်ပါ။ဝတ်ပြုရာ 6:12 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယဇ်ပလ္လင်ပေါ်မှမီးကို မငြိမ်းစေဘဲ တောက်လောင်လျက်နေစေရမည်။ ယဇ်ပုရောဟိတ်သည် နံနက်တိုင်း ယဇ်ပလ္လင်ပေါ်၌ ထင်းမီးထိုး၍ မီးရှို့ရာယဇ်ကိုခင်းကျင်းပြီး ၎င်းပေါ်တွင် မိတ်သဟာယယဇ်နှင့်ဆိုင်သောအဆီကို ရှို့ရမည်။
မျှဝေရန်
ဝတ်ပြုရာ 6 ကိုဖတ်ပါ။