YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိမြည်တမ်း 3:25-31

ယေရမိမြည်တမ်း 3:25-31 Judson Bible (JBMLE)

ကိုယ်​တော်​ကို မျှော်​လင့်​သော​သူ​နှင့် ကိုယ်​တော်​ကို ရှာ​သော​သူ၏​စိတ်​ဝိ​ညာဉ်​အား ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ပြု​တော်​မူ၏။ ကယ်​တင်​တော်​မူ​မည်​ဟု မျှော်​လင့်​လျက်၊ ငြိမ်​ဝပ်​စွာ​စောင့်၍​နေ​ကောင်း၏။ လူ​သည် အ​သက်​ပျို​စဉ်​အ​ခါ ထမ်း​ပိုး​ကို​ထမ်း​ကောင်း၏။ ထမ်း​ပိုး​ကို တင်​တော်​မူ​သော​ကြောင့် တစ်​ယောက်​တည်း​ထိုင်၍ ငြိမ်​ဝပ်​စွာ​နေ​စေ။ မျှော်​လင့်​စ​ရာ​အ​ခွင့် ရှိ​ကောင်း​ရှိ​လိမ့်​မည်​ဟု ထင်​လျက်၊ မိ​မိ​နှုတ်​ကို မြေ​မှုန့်၌​ကပ်​စေ။ ရိုက်​သော​သူ​အား မိ​မိ​ပါး​ကို​ပေး၍၊ ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​နှင့် ပြည့်​ဝ​စေ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ် စွန့်​ပစ်​တော်​မ​မူ​တတ်။

ယေရမိမြည်တမ်း 3:25-31 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​ယုံ​ကြည်​ကိုး​စား သူ​မှန်​သ​မျှ​ကို​ကျေး​ဇူး​ပြု​တော်​မူ​တတ်​၏။ သို့​ဖြစ်​၍​ငါ​တို့​ကို​ကယ်​တော်​မူ​ရန်​ကိုယ်​တော်​အား သည်း​ခံ​စောင့်​မျှော်​နေ​ခြင်း​သည်​ငါ​တို့​အ​ဖို့ အ​ကောင်း​ဆုံး​ပင်​ဖြစ်​ပါ​၏။ ယင်း​သို့​သည်း​ခံ​စောင့်​မျှော်​မှု​ကို အ​သက်​ပျို​ရွယ်​စဉ်​အ​ခါ​က​လေ့​ကျက် ခြင်း​သည် အ​ကောင်း​ဆုံး​ပင်​ဖြစ်​ပါ​၏။ ငါ​တို့​ဒုက္ခ​ရောက်​ချိန်​၌​သည်း​ခံ​လျက် တိတ်​ဆိတ်​စွာ​တစ်​ကိုယ်​တည်း​ထိုင်​နေ​ရ​ကြ​မည်။ မျှော်​လင့်​ဖွယ်​ရှိ​ကောင်း​ရှိ​ဦး​မည်​ဖြစ်​၍​ငါ​တို့​သည် ဝန်​ခံ​လျက်​မြေ​သို့​ခေါင်း​ငုံ့​သင့်​ကြ​၏။ ရိုက်​နှက်​စော်​ကား​မှု​ကို​ခံ​ရ​သော်​လည်း နား​လည်​လက်​ခံ​သင့်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​တတ်​သော ကြောင့် ငါ​တို့​အား​ထာ​ဝ​စဉ်​ပင်​ပစ်​ပယ်​တော်​မူ​လိမ့် မည်​မ​ဟုတ်။

ယေရမိမြည်တမ်း 3:25-31 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​ကို စောင့်မျှော်​သော​သူ​၊ ထာဝရဘုရား​ကို ရှာ​သော​သူ​ကို ကိုယ်တော်​ကောင်းစား​စေ​တော်မူ​ပါ​၏​။ ထာဝရဘုရား​၏​ကယ်တင်​ခြင်း​ကို ငြိမ်ဝပ်​စွာ​မျှော်လင့်စောင့်စား​သော​သူ​သည် ကောင်းကျိုး​ကို ခံစား​ရ​၏​။ လူ​သည် ငယ်ရွယ်​စဉ်အခါ ထမ်းပိုး​ထမ်း​သည်​မှာ ကောင်း​ပေ​၏​။ သူ့​အပေါ် ထမ်းပိုး​ကို တင်​တော်မူ​သည်​ဖြစ်၍ သူ​သည် တစ်ယောက်တည်း ငြိမ်ဝပ်​စွာ​ထိုင်​နေ​စေ​။ မျှော်လင့်ချက်​ရှိ​ကောင်း​ရှိ​နိုင်​သည်​ဖြစ်၍ သူ​သည် မျက်နှာ​ကို မြေမှုန့်​၌​အပ်​ပါစေ​။ ရိုက်​လို​သော​သူ​အား ပါး​ကို​လှည့်ပေး​၍ ကဲ့ရဲ့ပြစ်တင်​သမျှ​ကို​ခံ​ပါစေ​။ အကြောင်းမူကား ဘုရားရှင်​သည် အစဉ်​စွန့်ပစ်​တော်မူ​မည်​မ​ဟုတ်​။