YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 5:1-9

ယောရှု 5:1-9 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကူး​စေ​ခြင်း​ငှာ၊ ယော်​ဒန်​မြစ်​ရေ​ကို ခန်း​ခြောက်​စေ​တော်​မူ​သည်​အ​ကြောင်း​ကို၊ ယော်​ဒန်​မြစ် အ​နောက်​ဘက်၌​နေ​သော အာ​မော​ရိ​မင်း​ကြီး​အ​ပေါင်း၊ ပင်​လယ်​နား​မှာ​နေ​သော ခါ​န​နိ​မင်း​ကြီး​အ​ပေါင်း​တို့​သည် ကြား​သိ​သော​အ​ခါ၊ ရဲ​ရင့်​ခြင်း​သ​တ္တိ​အ​လျှင်း​မ​ကြွင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြောင့် စိတ်​ပျက်​ကြ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ယော​ရှု​ကို​ခေါ်၍၊ သင်​သည် ကျောက်​ဓား​များ​ကို​လုပ်​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို တစ်​ဖန်​ပေး​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ယော​ရှု​သည် ကျောက်​ဓား​များ​ကို​လုပ်၍ ဂိ​ဘာ​ရာ​လုတ်​အ​ရပ်၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ပေး​လေ၏။ ထို​သို့ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ပေး​ရ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​လာ​သော စစ်​သူ​ရဲ​ယောက်ျား​အ​ပေါင်း​တို့​သည် တော၌​သေ​ကြ၏။ ထို​ပြည်​မှ​ထွက်​လာ​သော သူ​အ​ပေါင်း​တို့​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ခံ​နှင့်​ကြ​ပြီ။ တော၌ ခ​ရီး​သွား​ရာ​တွင် ဖွား​မြင်​သော​သူ​အ​ပေါင်း​တို့​မူ​ကား အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို မ​ခံ​ရ​ကြ​သေး။ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​လာ​သော စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို နား​မ​ထောင်​ဘဲ​နေ၍၊ မ​သေ​မ​ပျောက်​မီ​တိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​နှစ်​လေး​ဆယ်​ပတ်​လုံး တော၌ လှည့်​လည်​ရ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည်၊ ငါ​ပေး​မည်​ဟု ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်၊ နို့​နှင့် ပျား​ရည်​စီး​သော​ပြည်​ကို ထို​သူ​တို့​သည် မ​မြင်​ရ​ကြ​ဟု ကျိန်​ဆို​တော်​မူ၏။ သူ​တို့​ကိုယ်​စား​ဖြစ်​စေ​တော်​မူ​သော သူ​တို့၏​သား​များ​တို့​သည်၊ လမ်း၌ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို မ​ခံ​ရ​သေး​သော​ကြောင့် ယော​ရှု​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ပေး​လေ၏။ လူ​အ​ပေါင်း​တို့​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ပြီး​မှ၊ အ​နာ​မ​ပျောက်​မီ​တိုင်​အောင် တပ်​ထဲ၌ နေ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အဲ​ဂု​တ္တု​ပြည်​နှင့်​ဆိုင်​သော ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း​ကို သင်​တို့​မှ ယ​နေ့ ငါ​ပယ်​ရှင်း​ပြီ​ဟု ယော​ရှု​အား​မိန့်​တော်​မူ၏။ သို့​ဖြစ်၍ ထို​အ​ရပ်​ကို ဂိ​လ​ဂါ​လ​ဟု ယ​နေ့​တိုင်​အောင် ခေါ်​ဝေါ်​သ​တည်း။

ယောရှု 5:1-9 Common Language Bible (BCL)

ယော်​ဒန်​မြစ်​အ​နောက်​ဘက်​တွင်​စိုး​စံ​သော​အာ မော​ရိ​ဘု​ရင်​များ​နှင့် မြေ​ထဲ​ပင်​လယ်​ကမ်း​ခြေ တစ်​လျှောက်​စိုး​စံ​သော​ခါ​နာန်​ဘု​ရင်​အ​ပေါင်း တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ယော်​ဒန် မြစ်​ကို​ဖြတ်​ကူး​ပြီး​သည်​အ​ထိ မြစ်​ရေ​ကို ထာ​ဝ​ရ​ဘု​ရား​ခန်း​ခြောက်​စေ​တော်​မူ​ကြောင်း ကြား​သိ​ရ​ကြ​၏။ ထို​ကြောင့်​သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကြောက်​ရွံ့ ၍​စိတ်​ပျက်​အား​လျော့​ကြ​ကုန်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``ကျောက် စောင်း​ဋ္ဌား​များ​ကို​ပြု​လုပ်​၍​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား အ​ရေ​ဖျား​လှီး​ခြင်း မင်္ဂလာ​ကို​စီ​ရင်​ပေး​လော့''ဟု​မိန့်​တော်​မူ​၏။- သို့​ဖြစ်​၍​ယော​ရှု​သည်``အ​ရေ​ဖျား​လှီး​ခြင်း တောင်​ကုန်း'' ဟု​နာ​မည်​တွင်​သည့်​အ​ရပ်​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ရေ​ဖျား လှီး​ခြင်း​မင်္ဂ​လာ​ကို​စီ​ရင်​ပေး​လေ​၏။- အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​သော​ယောကျာ်း​အား လုံး​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို ခံ​ပြီး​ဖြစ်​သည်။ သို့​ရာ​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် နှစ်​ပေါင်း​လေး​ဆယ်​ကြာ သော​တော​ကန္တာ​ရ​ခ​ရီး​တွင်​မည်​သည့်​ယောကျာ်း က​လေး​မျှ​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​ကို မ​ခံ​ခဲ့​ရ​ချေ။ ထို​အ​နှစ်​လေး​ဆယ်​ကာ​လ ကုန်​ဆုံး​သော​အ​ခါ​၌​အီ​ဂျစ်​ပြည်​မှ​ထွက် လာ​သော​စစ်​မှု​ထမ်း​အ​ရွယ်​ရောက်​သူ​ယောကျာ်း အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ် တော်​ကို​မ​လိုက်​နာ​သ​ဖြင့်​သေ​ဆုံး​ကြ​ကုန်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဘိုး​ဘေး​တို့​အား​ပေး မည်​ဟု​က​တိ​ထား​တော်​မူ​သော​မြေ​သြ​ဇာ ထက်​သန်​၍ အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သည့် ပြည်​ကို ထို​သူ​တို့​မ​မြင်​ရ​ဟု​ကျိန်​ဆို​တော် မူ​သည်​နှင့်​အ​ညီ​မြင်​ခွင့်​ကို​မ​ရ​ကြ​ချေ။- သူ​တို့​၏​သား​များ​သည်​အ​ရေ​ဖျား​လှီး ခြင်း​မင်္ဂ​လာ​ကို​မ​ခံ​ခဲ့​ရ​သ​ဖြင့် ယော​ရှု သည်​ထို​သား​များ​အ​တွက်​အ​ရေ​ဖျား​လှီး ခြင်း​မင်္ဂလာ​ကို​စီ​ရင်​ပေး​ခြင်း​ဖြစ်​သည်။ အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​ကို​စီ​ရင်​ပြီး​နောက် ဣ​သ​ရေ​လ​အမျိုးသား​အ​ပေါင်း​တို့​သည်​အ​နာ ကျက်​သည့်​တိုင်​အောင်​စ​ခန်း​ထဲ​တွင်​နေ​ထိုင် ကြ​လေ​သည်။- ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``အီ​ဂျစ် ပြည်​တွင်​သင်​တို့​ကျွန်​ခံ​ရ​သော​အ​ရှက်​ကို​ငါ သည်​ယ​နေ့​ဖယ်​ရှား​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ထို့ ကြောင့်​ထို​အရပ်​သည်​ယ​နေ့​တိုင်​အောင်​ဂိ​လ ဂါ​လ ဟု​နာ​မည်​တွင်​လေ​သည်။

ယောရှု 5:1-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဂျော်ဒန်​မြစ်​ကို​အစ္စရေး​အမျိုးသား​တို့ ကူး​ပြီး​သည်​အထိ ထာဝရဘုရား​သည် သူ​တို့​မျက်စိ​ရှေ့​တွင် မြစ်​ရေ​ကို​ခန်းခြောက်​စေ​ခဲ့​ကြောင်း​ကို ဂျော်ဒန်​မြစ်​တစ်ဖက်​ရှိ အာမောရိ​ဘုရင်​များ​၊ ပင်လယ်​နား​ရှိ ခါနာန်​ဘုရင်​များ ကြား​ကြ​သောအခါ သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့​သတင်း​ကြောင့် စိတ်ပျက်အားလျော့​၍ အလွန်​ကြောက်ရွံ့​ကြ​၏​။ ထို​အချိန်​ကာလ​တွင် ထာဝရဘုရား​က ယောရှု​အား “​မီးခတ်ကျောက်​ဓား​ကို​ပြုလုပ်​၍ အစ္စရေး​အမျိုးသား​တို့​အား ဒုတိယအကြိမ် အရေဖျားလှီး​ပေး​လော့​”​ဟု မိန့်​တော်မူ​၏​။ ထို့ကြောင့် ယောရှု​သည် မီးခတ်ကျောက်​ဓား​ကို​ပြုလုပ်​ပြီး ဂိဘာ​ဟာရာလုတ်​အရပ်​၌ အစ္စရေး​အမျိုးသား​တို့​ကို အရေဖျားလှီး​ပေး​လေ​၏​။ ယောရှု​သည် အစ္စရေး​အမျိုးသား​တို့​အား အရေဖျားလှီး​ပေး​ရ​သည့်​အကြောင်း​ကား ဤသို့​ဖြစ်​၏​။ အီဂျစ်​ပြည်​မှ​ထွက်လာ​သော​လူ​တို့​တွင် စစ်သူရဲ​ယောက်ျား​အပေါင်း​တို့​သည် တောကန္တာရ​လမ်းခရီး​၌ သေဆုံး​ကြ​ပြီ​ဖြစ်​၏​။ ထို​ပြည်​မှ​ထွက်လာ​သော​သူ​အပေါင်း​တို့​သည် အရေဖျားလှီး​ခြင်း​ခံ​ပြီး​ဖြစ်​၏​။ အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီးနောက် တောကန္တာရ​လမ်းခရီး​၌​မွေးဖွား​သော​သူ​တို့​မူကား အရေဖျားလှီး​ခြင်း​မ​ခံရ​သေး​ပေ​။ အီဂျစ်​ပြည်​မှ​ထွက်လာ​သော အစ္စရေး​လူမျိုး​စစ်သူရဲ​အပေါင်း​တို့​သည် ထာဝရဘုရား​၏​စကား​တော်​ကို မ​နာခံ​သောကြောင့် ထို​ပြည်​ကို ငါ​တို့​အား ပေး​မည်​ဟု ဘိုးဘေး​တို့​အား​ထာဝရဘုရား​ကျိန်ဆို​တော်မူ​ခဲ့​သော်လည်း နို့​နှင့်​ပျားရည်​စီး​သော​ပြည်​ကို သူ​တို့​မြင်​ရ​တော့​မည်​မ​ဟုတ်​ဟု ထာဝရဘုရား​ကျိန်ဆို​တော်မူ​၏​။ ထို့ကြောင့် အစ္စရေး​အမျိုးသား​တို့​သည် တောကန္တာရ​၌ အနှစ်​လေးဆယ်​ပတ်လုံး​လှည့်လည်​၍ သေ​ကြ​ကုန်​၏​။ သူ​တို့​၏​နေရာ​တွင် နောက်ထပ်​မွေးဖွား​လာ​သော​သားမြေး​တို့​သည် အရေဖျားလှီး​ခြင်း​ကို​မ​ခံ​ရ​သေး​သော​သူ​များ​ဖြစ်​၍ ခရီး​သွား​နေစဉ်​အတွင်း အရေဖျားလှီး​ခြင်း​မ​ခံရ​သေး​သောကြောင့် ယောရှု​သည် သူ​တို့​ကို အရေဖျားလှီး​ပေး​၏​။ တစ်မျိုးသားလုံး အရေဖျားလှီး​ခြင်း​ကို ခံ​ပြီး​သောအခါ အနာပျောက်​သည်​အထိ တပ်စခန်း​၌​သာ နား​နေ​ကြ​၏​။ တစ်ဖန် ထာဝရဘုရား​က ယောရှု​အား “​သင်​တို့​ခံရ​သော​အီဂျစ်​ပြည်သား​တို့​၏​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို ယနေ့ ငါ​ဖယ်ရှား​ပစ်​ပြီ​”​ဟု မိန့်​တော်မူ​၏​။ ထို့ကြောင့် ထို​အရပ်​ကို ဂိလဂါလ​ဟု ယနေ့​တိုင်​ခေါ်ဆို​လေ​၏​။