YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 14:6-14

ယောရှု 14:6-14 Judson Bible (JBMLE)

ထို​အ​ခါ ယု​ဒ​အ​မျိုး​သား​တို့​သည်၊ ဂိ​လ​ဂါ​လ​မြို့၌ ယော​ရှု​ထံ​သို့​လာ၍၊ ကေ​နက်​အ​မျိုး ယေ​ဖု​န္နာ၏​သား​ကာ​လက်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်၌ ကိုယ်​တော်​နှင့် အ​ကျွန်ုပ်​ကို​ရည်​ဆောင်၍၊ ဘု​ရား​သ​ခင်၏​လူ​မော​ရှေ​အား မိန့်​တော်​မူ​သော​စ​ကား​ကို ကိုယ်​တော်​သိ​ပါ၏။ ဤ​ပြည်​ကို​စူး​စမ်း​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်၏​ကျွန် မော​ရှေ​သည် အ​ကျွန်ုပ်​ကို ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​မှ စေ​လွှတ်​သော​အ​ခါ၊ အ​ကျွန်ုပ်​သည် အ​သက်​လေး​ဆယ်​ရှိ​ပါ၏။ အ​ကျွန်ုပ်​သည် ကိုယ်​စိတ်​ထင်​သည်​အ​တိုင်း ပြန်​ကြား​လျှောက်​ထား​ပါ၏။ အ​ကျွန်ုပ်​နှင့်​အ​တူ​သွား​သော ညီ​အစ်​ကို​တို့​သည်၊ လူ​များ​စိတ်​ပျက်​စ​ရာ​ကို ပြု​သော်​လည်း၊ အ​ကျွန်ုပ်​သည် အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လုံး​လုံး​လိုက်​ပါ၏။ ထို​နေ့​ရက်၌ မော​ရှေ​က၊ သင်​သည် ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လုံး​လုံး​လိုက်​သော​ကြောင့်၊ အ​ကယ်၍ သင်​နင်း​ပြီး​သော​မြေ​သည် အ​စဉ်​အ​ဆက် သင်၏​အ​မွေ၊ သင်၏​သား​မြေး​တို့၏​အ​မွေ ဖြစ်​ရ​လိမ့်​မည်​ဟု ကျိန်​ဆို​လေ၏။ ဣ​သ​ရေ​လ​အ​မျိုး​သည် တော၌​လှည့်​လည်​စဉ်​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သို့​မော​ရှေ​အား မိန့်​တော်​မူ​သော​နေ့​မှ​စ၍ ယ​ခု​တိုင်​အောင် အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ အ​နှစ်​လေး​ဆယ်​ငါး​နှစ်​ပတ်​လုံး အ​ကျွန်ုပ်​အ​သက်​ကို ရှင်​စေ​တော်​မူ​သ​ဖြင့်၊ ယ​နေ့​မှာ အ​ကျွန်ုပ်​သည် အ​သက်​ရှစ်​ဆယ်​ငါး​နှစ်​ရှိ​ပါ​ပြီ။ သို့​ရာ​တွင် မော​ရှေ​စေ​လွှတ်​သော​နေ့၌ ခွန်​အား​ရှိ​သ​ကဲ့​သို့ ယ​နေ့၌​ရှိ​ပါ၏။ ထို​အ​ခါ ထွက်​ဝင်​ခြင်း​အ​မှု၊ စစ်​တိုက်​ခြင်း​အ​မှု​ကို ဆောင်​ရွက်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သ​ကဲ့​သို့ ယ​ခု​လည်း​တတ်​စွမ်း​နိုင်​ပါ၏။ သို့​ဖြစ်၍ ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော ဤ​တောင်​ကို အ​ကျွန်ုပ်​အား​ပေး​ပါ။ ဤ​တောင်​ပေါ်​မှာ အာ​န​က​လူ​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ကြီး​မား​ခိုင်​ခံ့​သော​မြို့​တို့​နှင့် ပြည့်​စုံ​ကြောင်း​ကို​လည်း​ကောင်း၊ ထို​နေ့၌ ကိုယ်​တော်​သည်​ကြား​ရ​ပြီ။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​နှင့် အ​တူ​ရှိ​တော်​မူ​လျှင်၊ အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ထို​သူ​တို့​ကို​နှင်​ထုတ်​ခြင်း​ငှာ အ​ကျွန်ုပ်​တတ်​စွမ်း​နိုင်​ပါ​သည်​ဟု လျှောက်​ဆို၏။ ထို​အ​ခါ ယော​ရှု​သည် ကောင်း​ချီး​ပေး၏။ ဟေ​ဗြုန်​ပြည်​ကို​လည်း၊ ယေ​ဖု​န္နာ၏​သား​ကာ​လက် အ​မွေ​ခံ​စ​ရာ​ဖို့ အပ်​ပေး​လေ၏။ သို့​ဖြစ်၍ ကေ​နက်​အ​မျိုး ယေ​ဖု​န္နာ၏​သား​ကာ​လက်​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လုံး​လုံး​လိုက်​သော​ကြောင့်၊ ဟေ​ဗြုန်​ပြည်​သည် ယ​နေ့​တိုင်​အောင် ကာ​လက်၏​အ​မွေ​မြေ​ဖြစ်​သ​တည်း။

ယောရှု 14:6-14 Common Language Bible (BCL)

တစ်​နေ့​သ​၌​ယု​ဒ​အ​နွယ်​ဝင်​အ​ချို့​တို့​သည် ဂိ​လ​ဂါ​လ​မြို့​တွင်​ရှိ​သော ယော​ရှု​ထံ​သို့​ရောက် ရှိ​လာ​ကြ​လေ​သည်။ သူ​တို့​အ​နက်​မှ​ကေ​နက် အ​မျိုး​ယေ​ဖုန္နာ​၏​သား​ကာ​လက်​က​ယော​ရှု အား``ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​တွင်​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​၏​အ​စေ​ခံ​မော​ရှေ​အား ကိုယ်​တော်​နှင့်​အ​ကျွန်ုပ်​ကို​ရည်​ဆောင်​၍​မိန့် တော်​မူ​သော​စ​ကား​ကို​ကိုယ်​တော်​သတိ​ရ ပါ​လိမ့်​မည်။- ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​သည် ကျွန်ုပ်​အား ဤ​ပြည်​ကို​ထောက်​လှမ်း​ရန်​ကာ​ဒေ​ရှ ဗာ​နာ​အ​ရပ်​မှ​စေ​လွှတ်​စဉ်​အ​ခါ​က အ​ကျွန်ုပ် သည်​အ​သက်​လေး​ဆယ်​ရှိ​ပါ​၏။ အ​ကျွန်ုပ် သည်​ဟုတ်​တိုင်း​မှန်​ရာ​ကို​ပြန်​ကြား​အ​စီ ရင်​ခံ​ခဲ့​ပါ​သည်။- အ​ကျွန်ုပ်​နှင့်​အ​တူ​သွား​ရောက်​ခဲ့​သူ​တို့​မှာ မူ​ကား လူ​တို့​ကြောက်​ရွံ့​ထိတ်​လန့်​စေ​ရန်​ပြန် ကြား​အ​စီ​ရင်​ခံ​ခဲ့​ကြ​ပါ​သည်။ သို့​ရာ​တွင် အ​ကျွန်ုပ်​သည်​အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​တစ် သ​ဝေ​မ​တိမ်း​လိုက်​လျှောက်​သ​ဖြင့်၊- မော​ရှေ​က`သင်​နင်း​သော​မြေ​ကို​သင်​နှင့်​သင် ၏​သား​သ​မီး​များ​အား နယ်​မြေ​ဝေ​စု​အ ဖြစ်​မု​ချ​ရ​ရှိ​စေ​မည်' ဟု​က​တိ​ပေး​ခဲ့ ပါ​သည်။- ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​ထို​သို့ မိန့်​တော်​မူ​ခဲ့​သည်​မှာ​လေး​ဆယ့်​ငါး​နှစ်​ရှိ ပါ​ပြီ။ ထို​စဉ်​အ​ခါ​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် တော​ကန္တာ​ရ​ကို​ဖြတ်​ကျော် လျက်​ရှိ​ကြ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​အ​တိုင်း အ​ကျွန်ုပ်​အား​ယ​နေ့ တိုင်​အောင်​အ​သက်​ရှင်​လျက်​ရှိ​စေ​တော် မူ​ပါ​၏။ ယ​ခု​အ​ကျွန်ုပ်​သည်​အ​သက်​ရှစ် ဆယ်​ငါး​နှစ်​ရှိ​ပါ​ပြီ။- သို့​ရာ​တွင်​မော​ရှေ​က​အ​ကျွန်ုပ်​အား​ဤ​ပြည် ကို​ထောက်​လှမ်း​ရန်​စေ​လွှတ်​သည့်​အ​ချိန်​မှာ ကဲ့​သို့ ယ​ခု​အ​ချိန်​လည်း​အ​ကျွန်ုပ်​သန်​မာ လျက်​ရှိ​ပါ​၏။ အ​ကျွန်ုပ်​သည်​စစ်​မှု​ထမ်း​ရန် သော်​လည်း​ကောင်း၊ အ​ခြား​တာ​ဝန်​ထမ်း ဆောင်​ရန်​သော်​လည်း​ကောင်း​ခွန်​အား​ရှိ ပါ​သေး​သည်။- ထို့​ကြောင့်​အ​ကျွန်ုပ်​နှင့်​အ​ပေါင်း​အ​ဖော် တို့​သ​တင်း​ပြန်​ကြား​အ​စီ​ရင်​ခံ​သော​နေ့ ၌ ထာ​ဝ​ရ​ဘု​ရား​က​ပေး​မည်​ဟု​က​တိ ထား​တော်​မူ​သော​ဤ​တောင်​ကုန်း​ဒေ​သ ကို​အ​ကျွန်ုပ်​အား​ပေး​ပါ။ ထို​ဒေ​သ​တွင် ကိုယ်​ခန္ဓာ​ထွား​ကြိုင်း​သော​အာ​န​က​အ​မျိုး သား​များ​သည် ခိုင်​ခံ့​သော​မြို့​ရိုး​များ​အ​တွင်း နေ​ထိုင်​ကြောင်း​ကို​အ​ကျွန်ုပ်​တို့​အ​စီ​ရင်​ခံ​ခဲ့ ကြ​ပါ​သည်။ သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား သည်​အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​တော်​မူ​လျှင် က​တိ​တော်​အ​တိုင်း​အ​ကျွန်ု​သည်​ထို​သူ တို့​ကို​တိုက်​ခိုက်​နှင်​ထုတ်​နိုင်​ပါ​လိမ့်​မည်'' ဟု​တောင်း​ဆို​လေ​၏။ ထို​အ​ခါ​ယော​ရှု​သည်​ယေ​ဖုန္နာ​၏​သား ကာ​လက်​အား ကောင်း​ချီး​ပေး​၍​ဟေ​ဗြုန် မြို့​ကို​ဝေ​စု​အ​ဖြစ်​ခွဲ​ဝေ​ပေး​လေ​၏။- ကေ​နက်​အ​မျိုး​ယေ​ဖုန္နာ​၏​သား​ကာ​လက် သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်​လျှောက်​သ​ဖြင့် သူ ၏​အ​ဆက်​အ​နွယ်​တို့​သည်​ဟေ​ဗြုန်​မြို့​ကို ယ​နေ့​တိုင်​အောင်​ပိုင်​ဆိုင်​ကြ​၏။

ယောရှု 14:6-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်နေ့တွင် ယုဒ​အမျိုးသား​တို့​သည် ဂိလဂါလ​အရပ်​ရှိ ယောရှု​ထံသို့ လာ​၍ ကေနက်​အမျိုး​၊ ယေဖုန္နာ​၏​သား ကာလက်​က “​ကာဒေရှဘာနာ​အရပ်​၌ ထာဝရဘုရား​သည် သင်​နှင့်​ကျွန်ုပ်​ကို ရည်ညွှန်း​၍ ဘုရားသခင်​၏​လူ​မောရှေ​အား မိန့်​တော်မူ​ခဲ့​သည့်​စကား​များ​ကို သင်​သိ​ပါ​၏​။ ထာဝရဘုရား​၏​အစေအပါး​မောရှေ​က အကျွန်ုပ်​အား ဤ​ပြည်​ကို​စူးစမ်း​ရန် ကာဒေရှဗာနာ​အရပ်​မှ စေလွှတ်​စဉ်က အကျွန်ုပ်​အသက် လေးဆယ် ရှိ​ပါ​၏​။ အကျွန်ုပ် အမှန်​အတိုင်း ပြန်လည်​လျှောက်တင်​ခဲ့​ပါ​၏​။ သို့သော် အကျွန်ုပ်​နှင့်အတူ လိုက်သွား​သော​ညီအစ်ကို​တို့​သည် လူ​တို့​ကို စိတ်ပျက်အားလျော့​စေ​ခဲ့​ပါ​၏​။ အကျွန်ုပ်​ကား ဘုရားသခင်​ထာဝရဘုရား​နောက်​တော်​သို့ အစဉ်တစ်စိုက်​လိုက်​ပါ​၏​။ ထို့ကြောင့် ထို​နေ့​တွင် မောရှေ​က ‘​သင်​သည် ငါ​၏​ဘုရားသခင် ထာဝရဘုရား​နောက်​တော်​သို့ အစဉ်တစ်စိုက်​လိုက်​သောကြောင့် သင်​ခြေချ​သော​မြေ​သည် သင်​နှင့်​သင့်​သားမြေး​တို့​အတွက် အမွေမြေ​အစဉ်​ဖြစ်​ရ​မည်​’​ဟု ကျိန်ဆို​ခဲ့​ပါ​၏​။ ယခု ကြည့်ရှု​လော့​။ အစ္စရေး​လူမျိုး​တို့ တောကန္တာရ​တွင်​လှည့်လည်​နေစဉ် ဤ​အကြောင်းအရာ​ကို မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့်​အချိန်​မှစ၍ ယခုချိန်​ထိ ထာဝရဘုရား​သည် အကျွန်ုပ်​ကို လေးဆယ့်​ငါး​နှစ်​ပတ်လုံး​အသက်ရှင်​စေ​ခဲ့​ပါ​၏​။ ယနေ့မှာ အကျွန်ုပ်​အသက် ရှစ်ဆယ့်​ငါး​နှစ် ရှိ​ပါ​ပြီ​။ အကျွန်ုပ်​အား မောရှေ​စေလွှတ်​ခဲ့​သော​နေ့​က​ကဲ့သို့ပင် ယခု အကျွန်ုပ် သန်မာ​ဆဲ​ရှိ​ပါ​၏​။ စစ်ချီထွက်​ရန်​၊ စစ်တိုက်​ရန် ယခင်က ခွန်အား​ရှိ​သကဲ့သို့ ယခု​လည်း ရှိ​ပါ​၏​။ ထို့ကြောင့် ထို​နေ့​က ထာဝရဘုရား ကတိထား​တော်မူ​ခဲ့​သော ဤ​တောင်ပေါ်ဒေသ​ကို အကျွန်ုပ်​အား ပေး​ပါ​လော့​။ ထို​နေရာ​၌ အာနက​လူမျိုး​များ​နေထိုင်​ကြ​ကြောင်း​၊ ကြီးမား​ခိုင်ခံ့​သော​မြို့​များ​ရှိ​ကြောင်း ထို​နေ့​က သင်​ကြားသိ​ခဲ့​ရ​ပါ​၏​။ သို့သော် ထာဝရဘုရား​သည် အကျွန်ုပ်​နှင့်အတူ ပါရှိ​တော်မူ​သဖြင့် ထာဝရဘုရား​အမိန့်​တော်​အတိုင်း ထို​သူ​တို့​ကို နှင်ထုတ်​ပါ​မည်​”​ဟု ဆို​လေ​၏​။ ယောရှု​သည် ယေဖုန္နာ​၏​သား ကာလက်​ကို ကောင်းချီးပေး​၍ ဟေဗြုန်​မြို့​ကို​လည်း အမွေမြေ​အဖြစ် ပေး​လေ​၏​။ ထိုသို့ ကေနက်​အမျိုး ယေဖုန္နာ​၏​သား ကာလက်​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​နောက်​တော်​သို့ အစဉ်တစိုက်​လိုက်​သောကြောင့် ဟေဗြုန်​မြို့​သည် ယနေ့​တိုင်အောင် သူ​၏​အမွေမြေ​ဖြစ်​လေ​၏​။