ယောရှု 14:10-12
ယောရှု 14:10-12 Judson Bible (JBMLE)
ဣသရေလအမျိုးသည် တော၌လှည့်လည်စဉ်အခါ၊ ထာဝရဘုရားသည် ထိုသို့မောရှေအား မိန့်တော်မူသောနေ့မှစ၍ ယခုတိုင်အောင် အမိန့်တော်ရှိသည်အတိုင်း၊ အနှစ်လေးဆယ်ငါးနှစ်ပတ်လုံး အကျွန်ုပ်အသက်ကို ရှင်စေတော်မူသဖြင့်၊ ယနေ့မှာ အကျွန်ုပ်သည် အသက်ရှစ်ဆယ်ငါးနှစ်ရှိပါပြီ။ သို့ရာတွင် မောရှေစေလွှတ်သောနေ့၌ ခွန်အားရှိသကဲ့သို့ ယနေ့၌ရှိပါ၏။ ထိုအခါ ထွက်ဝင်ခြင်းအမှု၊ စစ်တိုက်ခြင်းအမှုကို ဆောင်ရွက်ခြင်းငှာ တတ်စွမ်းနိုင်သကဲ့သို့ ယခုလည်းတတ်စွမ်းနိုင်ပါ၏။ သို့ဖြစ်၍ ထိုနေ့၌ ထာဝရဘုရားမိန့်တော်မူသော ဤတောင်ကို အကျွန်ုပ်အားပေးပါ။ ဤတောင်ပေါ်မှာ အာနကလူရှိကြောင်းကိုလည်းကောင်း၊ ကြီးမားခိုင်ခံ့သောမြို့တို့နှင့် ပြည့်စုံကြောင်းကိုလည်းကောင်း၊ ထိုနေ့၌ ကိုယ်တော်သည်ကြားရပြီ။ သို့ရာတွင် ထာဝရဘုရားသည် အကျွန်ုပ်နှင့် အတူရှိတော်မူလျှင်၊ အမိန့်တော်ရှိသည်အတိုင်း ထိုသူတို့ကိုနှင်ထုတ်ခြင်းငှာ အကျွန်ုပ်တတ်စွမ်းနိုင်ပါသည်ဟု လျှောက်ဆို၏။
ယောရှု 14:10-12 Common Language Bible (BCL)
ထာဝရဘုရားသည်မောရှေအားထိုသို့ မိန့်တော်မူခဲ့သည်မှာလေးဆယ့်ငါးနှစ်ရှိ ပါပြီ။ ထိုစဉ်အခါကဣသရေလအမျိုး သားတို့သည် တောကန္တာရကိုဖြတ်ကျော် လျက်ရှိကြပါ၏။ ထာဝရဘုရားသည် ကတိတော်အတိုင်း အကျွန်ုပ်အားယနေ့ တိုင်အောင်အသက်ရှင်လျက်ရှိစေတော် မူပါ၏။ ယခုအကျွန်ုပ်သည်အသက်ရှစ် ဆယ်ငါးနှစ်ရှိပါပြီ။- သို့ရာတွင်မောရှေကအကျွန်ုပ်အားဤပြည် ကိုထောက်လှမ်းရန်စေလွှတ်သည့်အချိန်မှာ ကဲ့သို့ ယခုအချိန်လည်းအကျွန်ုပ်သန်မာ လျက်ရှိပါ၏။ အကျွန်ုပ်သည်စစ်မှုထမ်းရန် သော်လည်းကောင်း၊ အခြားတာဝန်ထမ်း ဆောင်ရန်သော်လည်းကောင်းခွန်အားရှိ ပါသေးသည်။- ထို့ကြောင့်အကျွန်ုပ်နှင့်အပေါင်းအဖော် တို့သတင်းပြန်ကြားအစီရင်ခံသောနေ့ ၌ ထာဝရဘုရားကပေးမည်ဟုကတိ ထားတော်မူသောဤတောင်ကုန်းဒေသ ကိုအကျွန်ုပ်အားပေးပါ။ ထိုဒေသတွင် ကိုယ်ခန္ဓာထွားကြိုင်းသောအာနကအမျိုး သားများသည် ခိုင်ခံ့သောမြို့ရိုးများအတွင်း နေထိုင်ကြောင်းကိုအကျွန်ုပ်တို့အစီရင်ခံခဲ့ ကြပါသည်။ သို့သော်လည်းထာဝရဘုရား သည်အကျွန်ုပ်နှင့်အတူရှိတော်မူလျှင် ကတိတော်အတိုင်းအကျွန်ုသည်ထိုသူ တို့ကိုတိုက်ခိုက်နှင်ထုတ်နိုင်ပါလိမ့်မည်'' ဟုတောင်းဆိုလေ၏။
ယောရှု 14:10-12 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယခု ကြည့်ရှုလော့။ အစ္စရေးလူမျိုးတို့ တောကန္တာရတွင်လှည့်လည်နေစဉ် ဤအကြောင်းအရာကို မောရှေအား ထာဝရဘုရားမိန့်တော်မူခဲ့သည့်အချိန်မှစ၍ ယခုချိန်ထိ ထာဝရဘုရားသည် အကျွန်ုပ်ကို လေးဆယ့်ငါးနှစ်ပတ်လုံးအသက်ရှင်စေခဲ့ပါ၏။ ယနေ့မှာ အကျွန်ုပ်အသက် ရှစ်ဆယ့်ငါးနှစ် ရှိပါပြီ။ အကျွန်ုပ်အား မောရှေစေလွှတ်ခဲ့သောနေ့ကကဲ့သို့ပင် ယခု အကျွန်ုပ် သန်မာဆဲရှိပါ၏။ စစ်ချီထွက်ရန်၊ စစ်တိုက်ရန် ယခင်က ခွန်အားရှိသကဲ့သို့ ယခုလည်း ရှိပါ၏။ ထို့ကြောင့် ထိုနေ့က ထာဝရဘုရား ကတိထားတော်မူခဲ့သော ဤတောင်ပေါ်ဒေသကို အကျွန်ုပ်အား ပေးပါလော့။ ထိုနေရာ၌ အာနကလူမျိုးများနေထိုင်ကြကြောင်း၊ ကြီးမားခိုင်ခံ့သောမြို့များရှိကြောင်း ထိုနေ့က သင်ကြားသိခဲ့ရပါ၏။ သို့သော် ထာဝရဘုရားသည် အကျွန်ုပ်နှင့်အတူ ပါရှိတော်မူသဖြင့် ထာဝရဘုရားအမိန့်တော်အတိုင်း ထိုသူတို့ကို နှင်ထုတ်ပါမည်”ဟု ဆိုလေ၏။