YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 14:10-11

ယောရှု 14:10-11 Judson Bible (JBMLE)

ဣ​သ​ရေ​လ​အ​မျိုး​သည် တော၌​လှည့်​လည်​စဉ်​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သို့​မော​ရှေ​အား မိန့်​တော်​မူ​သော​နေ့​မှ​စ၍ ယ​ခု​တိုင်​အောင် အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ အ​နှစ်​လေး​ဆယ်​ငါး​နှစ်​ပတ်​လုံး အ​ကျွန်ုပ်​အ​သက်​ကို ရှင်​စေ​တော်​မူ​သ​ဖြင့်၊ ယ​နေ့​မှာ အ​ကျွန်ုပ်​သည် အ​သက်​ရှစ်​ဆယ်​ငါး​နှစ်​ရှိ​ပါ​ပြီ။ သို့​ရာ​တွင် မော​ရှေ​စေ​လွှတ်​သော​နေ့၌ ခွန်​အား​ရှိ​သ​ကဲ့​သို့ ယ​နေ့၌​ရှိ​ပါ၏။ ထို​အ​ခါ ထွက်​ဝင်​ခြင်း​အ​မှု၊ စစ်​တိုက်​ခြင်း​အ​မှု​ကို ဆောင်​ရွက်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သ​ကဲ့​သို့ ယ​ခု​လည်း​တတ်​စွမ်း​နိုင်​ပါ၏။

ယောရှု 14:10-11 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​ထို​သို့ မိန့်​တော်​မူ​ခဲ့​သည်​မှာ​လေး​ဆယ့်​ငါး​နှစ်​ရှိ ပါ​ပြီ။ ထို​စဉ်​အ​ခါ​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် တော​ကန္တာ​ရ​ကို​ဖြတ်​ကျော် လျက်​ရှိ​ကြ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​အ​တိုင်း အ​ကျွန်ုပ်​အား​ယ​နေ့ တိုင်​အောင်​အ​သက်​ရှင်​လျက်​ရှိ​စေ​တော် မူ​ပါ​၏။ ယ​ခု​အ​ကျွန်ုပ်​သည်​အ​သက်​ရှစ် ဆယ်​ငါး​နှစ်​ရှိ​ပါ​ပြီ။- သို့​ရာ​တွင်​မော​ရှေ​က​အ​ကျွန်ုပ်​အား​ဤ​ပြည် ကို​ထောက်​လှမ်း​ရန်​စေ​လွှတ်​သည့်​အ​ချိန်​မှာ ကဲ့​သို့ ယ​ခု​အ​ချိန်​လည်း​အ​ကျွန်ုပ်​သန်​မာ လျက်​ရှိ​ပါ​၏။ အ​ကျွန်ုပ်​သည်​စစ်​မှု​ထမ်း​ရန် သော်​လည်း​ကောင်း၊ အ​ခြား​တာ​ဝန်​ထမ်း ဆောင်​ရန်​သော်​လည်း​ကောင်း​ခွန်​အား​ရှိ ပါ​သေး​သည်။

ယောရှု 14:10-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယခု ကြည့်ရှု​လော့​။ အစ္စရေး​လူမျိုး​တို့ တောကန္တာရ​တွင်​လှည့်လည်​နေစဉ် ဤ​အကြောင်းအရာ​ကို မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့်​အချိန်​မှစ၍ ယခုချိန်​ထိ ထာဝရဘုရား​သည် အကျွန်ုပ်​ကို လေးဆယ့်​ငါး​နှစ်​ပတ်လုံး​အသက်ရှင်​စေ​ခဲ့​ပါ​၏​။ ယနေ့မှာ အကျွန်ုပ်​အသက် ရှစ်ဆယ့်​ငါး​နှစ် ရှိ​ပါ​ပြီ​။ အကျွန်ုပ်​အား မောရှေ​စေလွှတ်​ခဲ့​သော​နေ့​က​ကဲ့သို့ပင် ယခု အကျွန်ုပ် သန်မာ​ဆဲ​ရှိ​ပါ​၏​။ စစ်ချီထွက်​ရန်​၊ စစ်တိုက်​ရန် ယခင်က ခွန်အား​ရှိ​သကဲ့သို့ ယခု​လည်း ရှိ​ပါ​၏​။