YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 14:1-5

ယောရှု 14:1-5 Judson Bible (JBMLE)

ခါ​နာန်​ပြည်၌​လည်း ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်၏​သား​ယော​ရှု​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့၌ မင်း​ဖြစ်​သော​သူ​တို့​သည် အ​မွေ​ဝေ​ဖန်၍ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် အ​မွေ​ခံ​ရ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကိုး​မျိုး​နှင့် တစ်​ဝက်​တို့​သည် စာ​ရေး​တံ​ပြု၍ အ​မွေ​ခံ​ရ​ကြ၏။ မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​နှစ်​မျိုး​နှင့် တစ်​ဝက်​တို့​အား၊ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၌ အ​မွေ​ပေး​နှင့်​ပြီ။ လေ​ဝိ​သား​တို့​အား အ​ခြား​သော​အ​မျိုး​နှင့်​ရော၍ အ​မွေ​မ​ပေး။ ယော​သပ်​အ​မျိုး​သား​တို့​သည် မ​နာ​ရှေ​အ​မျိုး၊ ဧ​ဖ​ရိမ်​အ​မျိုး နှစ်​မျိုး​ဖြစ်၍၊ လေ​ဝိ​သား​တို့​နေ​စ​ရာ​မြို့၊ သူ​တို့​တိ​ရ​စ္ဆာန်​နှင့် ဥ​စ္စာ​ကို​ထား​စ​ရာ​မြို့​နယ်​မှ​တစ်​ပါး အ​ခြား​သော​မြေ​ကို မ​ပေး။ မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပြု၍ မြေ​ကို​ဝေ​ဖန်​ကြ၏။

ယောရှု 14:1-5 Common Language Bible (BCL)

ယော်​ဒန်​မြစ်​အ​နောက်​ဘက်​ရှိ​ခါ​နာန်​ပြည် ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ခွဲ​ဝေ ပေး​ပုံ​ကို​ဖော်​ပြ​ပေ​အံ့။ ယဇ်​ပု​ရော​ဟိတ် ဧ​လာ​ဇာ၊ နုန်​၏​သား​ယော​ရှု​နှင့်​ဣ​သ​ရေ​လ အ​နွယ်​များ​၏​မိ​သား​စု​ခေါင်း​ဆောင်​တို့​က ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ထို​ပြည် ကို​ခွဲ​ဝေ​ပေး​ကြ​၏။- ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​မိန့်​မှာ တော်​မူ​သည့်​အ​တိုင်း ယော်​ဒန်​မြစ်​အ​နောက် ဘက်​ရှိ​နယ်​မြေ​ကို​ဣ​သ​ရေ​လ​အ​နွယ်​ကိုး နွယ်​နှင့်​အ​နွယ်​တစ်​ဝက်​တို့​အား​မဲ​ချ ၍​ခွဲ​ဝေ​ပေး​လေ​သည်။- မော​ရှေ​သည်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ နယ်​မြေ​ကို​ဣ​သ​ရေ​လ​အ​နွယ်​နှစ်​နွယ်​နှင့် အ​နွယ်​တစ်​ဝက်​တို့​အား​ခွဲ​ဝေ​ပေး​ခဲ့​ပြီး ဖြစ်​သည်။ (ယော​သပ်​၏​အ​ဆက်​အ​နွယ်​တို့ ကို​မ​နာ​ရှေ​အ​နွယ်​နှင့်​ဧ​ဖ​ရိမ်​အ​နွယ်​ဟူ ၍​နှစ်​စု​ခွဲ​ထား​သည်။) မော​ရှေ​သည်​လေ​ဝိ အ​နွယ်​အား​နယ်​မြေ​ဝေ​စု​မ​ပေး​ခဲ့​ချေ။ သို့​ရာ​တွင်​သူ​တို့​အား​နေ​ထိုင်​ရန်​မြို့​များ နှင့်​တ​ကွ​တိရစ္ဆာန်​စား​ကျက်​များ​ကို​ခွဲ​ဝေ ပေး​ခဲ့​သည်။- ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​မိန့်​မှာ တော်​မူ​သည်​အ​တိုင်း ဣ​သ​ရေ​လ​အမျိုး သား​တို့​သည်​နယ်​မြေ​ကို​ခွဲ​ဝေ​ကြ​လေ သည်။

ယောရှု 14:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ခါနာန်​ပြည်​တွင် ယဇ်ပုရောဟိတ် ဧလာဇာ​၊ နုန်​၏​သား ယောရှု​နှင့် အစ္စရေး​အမျိုးအနွယ်​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ​က အမွေခွဲ​ပေး​၍ အစ္စရေး​အမျိုးသား​တို့ ရရှိ​သော​အမွေမြေ​ကား ဤသို့​တည်း​။ မောရှေ​အား ထာဝရဘုရား မိန့်မှာ​ခဲ့​သည့်​အတိုင်း အစ္စရေး​အမျိုးအနွယ် ကိုး​နွယ်​နှင့်​တစ်ဝက်​တို့​အား အမွေမြေ​ကို မဲချ​ခွဲဝေ​ပေး​၏​။ မောရှေ​သည် အစ္စရေး​အမျိုးအနွယ် နှစ်​နွယ်​နှင့်​တစ်ဝက်​ကို ဂျော်ဒန်​မြစ်​အရှေ့ဘက်ခြမ်း​တွင် အမွေမြေ​ပေး​ခဲ့​ပြီး​ဖြစ်​၏​။ လေဝိ​အမျိုး​ကို​ကား အမွေမြေ မ​ခွဲပေး​။ ယောသပ်​၏​သား​တို့​သည် မနာရှေ​အမျိုးအနွယ်​နှင့် ဧဖရိမ်​အမျိုးအနွယ်​ဟူ၍ အမျိုးအနွယ်​နှစ်​နွယ်​ဖြစ်လာ​၏​။ လေဝိ​အမျိုး​ကို အမွေမြေ မ​ခွဲပေး​သော်လည်း သူ​တို့​နေစရာ​မြို့​နှင့် သူ​တို့​ပိုင်ဆိုင်​သော​တိရစ္ဆာန်​များ​အတွက် စားကျက်မြေ​များ​ကို​မူ ပေး​ထား​၏​။ အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ထာဝရဘုရား မိန့်မှာ​ထား​သည့်​အတိုင်း ပြု​၍ အမွေ​မြေ​ကို ခွဲဝေ​ယူ​ကြ​၏​။