YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 10:1-15

ယောရှု 10:1-15 Judson Bible (JBMLE)

ယော​ရှု​သည် ယေ​ရိ​ခေါ​မြို့​နှင့် မင်း​ကြီး​ကို ပြု​သ​ကဲ့​သို့၊ အာ​ဣ​မြို့​နှင့် မင်း​ကြီး​ကို တိုက်​ယူ၍ ရှင်း​ရှင်း​ဖျက်​ဆီး​ကြောင်း​ကို​လည်း​ကောင်း၊ ဂိ​ဗောင်​မြို့​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့၍ အ​တူ​နေ​ကြောင်း​ကို​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မင်း​ကြီး အ​ဒေါ​နိ​ဇေ​ဒက်​သည် ကြား​သော​အ​ခါ၊ ဂိ​ဗောင်​မြို့​သည် မြို့​တော်​ကဲ့​သို့ ကြီး​စွာ​သော​မြို့၊ အာ​ဣ​မြို့​ထက်​ကြီး၍ မြို့​သား​ယောက်ျား​အ​ပေါင်း​တို့​သည် ခွန်​အား​နှင့်​ပြည့်​စုံ​သော​ကြောင့် အ​လွန်​ကြောက်​ရွံ့​ကြ၏။ ထို​အ​ခါ ယေ​ရု​ရှ​လင်​မင်း​ကြီး အ​ဒေါ​နိ​ဇေ​ဒက်​သည်၊ ဟေ​ဗြုန်​မင်း​ကြီး​ဟော​ဟံ၊ ယာ​မုတ်​မင်း​ကြီး​ပိ​ရံ၊ လာ​ခိ​ရှ​မင်း​ကြီး​ယာ​ဖျာ၊ ဧ​ဂ​လုန်​မင်း​ကြီး​ဒေ​ပိ​ရ​တို့​ထံ​သို့ စေ​လွှတ်၍၊ ဂိ​ဗောင်​မြို့​သည် ယော​ရှု​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​သော​ကြောင့်၊ ထို​မြို့​ကို လုပ်​ကြံ​ခြင်း​ငှာ ငါ့​ထံ​သို့​လာ၍ ငါ​နှင့်​အ​တူ​ကူ​ညီ​ကြ​ပါ​ဟု နှိုး​ဆော်​သည်​အ​တိုင်း၊ ယေ​ရု​ရှ​လင်​မင်း​ကြီး၊ ဟေ​ဗြုန်​မင်း​ကြီး၊ ယာ​မုတ်​မင်း​ကြီး၊ လာ​ခိ​ရှ​မင်း​ကြီး၊ ဧ​ဂ​လုန်​မင်း​ကြီး​တည်း​ဟူ​သော အာ​မော​ရိ​မင်း​ကြီး​ငါး​ပါး​တို့​သည် စည်း​ဝေး၍ မိ​မိ​တို့​ဗိုလ်​ပါ​စစ်​သည် အ​ပေါင်း​တို့​နှင့်​တ​ကွ စစ်​ချီ၍၊ ဂိ​ဗောင်​မြို့​ရှေ့​မှာ​တပ်​ချ​လျက် စစ်​တိုက်​ကြ၏။ ဂိ​ဗောင်​မြို့​သား​တို့​သည် ယော​ရှု​ရှိ​ရာ ဂိ​လ​ဂါ​လ​မြို့​သို့ စေ​လွှတ်၍၊ ကိုယ်​တော်၏​ကျွန်​တို့​ကို​ကြည့်​ရှု​လျက် နေ​တော်​မ​မူ​ပါ​နှင့်။ အ​လျင်​အ​မြန်​ကြွ၍ မ​စ​ကယ်​တင်​တော်​မူ​ပါ။ တောင်​ပေါ်​မှာ​နေ​သော အာ​မော​ရိ​မင်း​ကြီး​အ​ပေါင်း​တို့​သည် ကျွန်​တော်​တို့​ကို​တိုက်​ခြင်း​ငှာ စည်း​ဝေး​ကြ​ပါ​ပြီ​ဟု လျှောက်​ကြ၏။ ယော​ရှု​သည်​လည်း၊ စစ်​မှု၌​ကျင်​လည်​သော​သူ၊ ခွန်​အား​ကြီး​သော သူ​ရဲ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ဂိ​လ​ဂါ​လ​မြို့​မှ တက်​သွား​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ​တို့​ကို မ​ကြောက်​နှင့်။ သင်၏​လက်၌ ငါ​အပ်​မည်။ သင့်​ရှေ့​မှာ လူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ခံ​မ​ရပ်​နိုင်​ရာ​ဟု ယော​ရှု​အား​မိန့်​တော်​မူ၏။ ယော​ရှု​သည် ဂိ​လ​ဂါ​လ​မြို့​မှ တစ်​ည​လုံး​ချီ​သွား၍၊ ရန်​သူ​တို့​ကို အ​မှတ်​တ​မဲ့​တိုက်​လာ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှာ​ရှုံး​စေ၍၊ ဂိ​ဗောင်​မြို့​အ​နား​မှာ ကြီး​စွာ​သော​လုပ်​ကြံ​ခြင်း​အား​ဖြင့်​သတ်၍၊ ဗေ​သော​ရုံ​မြို့​သို့​သွား​သော​လမ်း၌ လိုက်​လျက်၊ အ​ဇေ​ကာ​မြို့၊ မ​က္က​ဒါ​မြို့​တိုင်​အောင် လုပ်​ကြံ​တော်​မူ၏။ ထို​သူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့​ရှေ့​မှာ​ပြေး၍ ဗေ​သော​ရုန်​မြို့​သို့ ဆင်း​သွား​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်​မှ ကြီး​စွာ​သော မိုး​သီး​ကို အ​ဇေ​ကာ​မြို့​တိုင်​အောင် သူ​တို့​အ​ပေါ်၌ ချ​တော်​မူ၍၊ သူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့၏ ဓား​ကြောင့်​သေ​သည်​ထက် မိုး​သီး​ကြောင့် သာ၍​သေ​ကြ၏။ ထို​သို့ အာ​မော​ရိ​လူ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ အပ်​တော်​မူ​သော​နေ့​မှာ၊ ယော​ရှု​သည် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​ပြီး​လျှင်၊ အို နေ သင်​သည်​ဂိ​ဗောင်​မြို့၌​လည်း​ကောင်း၊ အို လ သင်​သည်​အာ​ယ​လုန်​ချိုင့်၌​လည်း​ကောင်း ငြိမ်​ဝပ်​စွာ​နေ​လော့​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​များ​ရှေ့​တွင် မြွက်​ဆို​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​လူ​တို့​သည် ရန်​သူ​တို့​အား အ​ပြစ်​ဒဏ်​မ​ပေး​မီ​တိုင်​အောင် နေ​သည် ငြိမ်​ဝပ်​စွာ​နေ၍ လ​သည်​ရပ်​လေ၏။ ယာ​ရှာ၏​စာ၌​ပါ​သည်​ကား၊ မိုး​ကောင်း​ကင်​အ​လယ်၌ နေ​သည်​ရပ်​နေ၏။ ဝင်​မြဲ​ဝင်​အံ့​သော​ငှာ တစ်​နေ့​လုံး​အ​လျှင်း​မ​ပြု​ဟု ပါ​သည်​မ​ဟုတ်​လော။ ထာ​ဝ​ရ​ဘု​ရား​သည် လူ​စ​ကား​ကို နား​ထောင်၍၊ ထို​သို့​သော​နေ့​တစ်​နေ့​မျှ မ​ဖြစ်​စ​ဖူး။ နောက်​တစ်​ဖန်​လည်း​မ​ဖြစ်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ဘက်​မှာ စစ်​တိုက်​တော်​မူ၏။ ထို​နောက်၊ ယော​ရှု​သည်၊ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ဂိ​လ​ဂါ​လ​တပ်​သို့ ပြန်​သွား၏။

ယောရှု 10:1-15 Common Language Bible (BCL)

ယေ​ရု​ရှ​လင်​မြို့​၏​ဘု​ရင်​အ​ဒေါ​နိ​ဇေ​ဒက် သည်​ယေ​ရိ​ခေါ​မြို့​ကို​ယော​ရှု​တိုက်​ခိုက်​သိမ်း ပိုက်​၍ ၎င်း​၏​ဘု​ရင်​ကို​ကွပ်​မျက်​ခဲ့​သည့်​နည်း တူ​အာ​ဣ​မြို့​ကို​တိုက်​ခိုက်​သိမ်း​ပိုက်​၍ ၎င်း​၏ ဘု​ရင်​ကို​လည်း​ကွပ်​မျက်​ခဲ့​ကြောင်း​ကြား သိ​ရ​လေ​သည်။ ထို့​အ​ပြင်​ဂိ​ဗောင်​မြို့​သား တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ငြိမ်း​ချမ်း​ရေး​စာ​ချုပ်​ချုပ်​၍​အ​တူ​တ​ကွ နေ​ထိုင်​ကြ​ကြောင်း​ကို​လည်း​ကြား​သိ​ရ လေ​သည်။- ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည်​အ​လွန်​ကြောက် လန့်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ဂိ​ဗောင် မြို့​သည်​မင်း​နေ​ပြည်​တော်​မြို့​များ​ကဲ့​သို့ ကြီး​ကျယ်​ခမ်း​နား​သော​မြို့​ဖြစ်​သော​ကြောင့် လည်း​ကောင်း၊ အာ​ဣ​မြို့​ထက်​ကြီး​၍​မြို့​သား တို့​သည်​တိုက်​ရည်​ခိုက်​ရည်​ကောင်း​သူ​များ ဖြစ်​သော​ကြောင့်​လည်း​ကောင်း​ဖြစ်​သ​တည်း။- သို့​ဖြစ်​၍​ယေ​ရု​ရှ​လင်​မြို့​ဘု​ရင်​မင်း​ကြီး အ​ဒေါ​နိ​ဇေ​ဒက်​သည်​ဟေ​ဗြုန်​ဘု​ရင်​ဟော​ဟံ၊ ယာ​မုတ်​ဘု​ရင်​ဝိ​ရံ၊ လာ​ခိ​ရှ​ဘု​ရင်​ယာ​ဖျာ၊ ဧ​ဂ​လုန်​ဘု​ရင်​ဒေ​ပိ​ရ​တို့​ထံ​သို့​သံ​တ​မန် များ​ကို​စေ​လွှတ်​၍၊- ``ဂိ​ဗောင်​မြို့​သား​တို့​သည်​ယော​ရှု​နှင့်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​နှင့် ငြိမ်း​ချမ်း​ရေး​စာ ချုပ်​ချုပ်​ထား​ကြ​သော​ကြောင့် ဂိ​ဗောင်​မြို့​ကို တိုက်​ခိုက်​ရန်​ငါ့​ထံ​သို့​စစ်​ကူ​ပို့​ကြ​ပါ'' ဟု​ပြော​စေ​၏။- ထို​ကြောင့်​အာ​မော​ရိ​ဘု​ရင်​ငါး​ပါး​ဖြစ် သော​ယေ​ရု​ရှ​လင်​ဘု​ရင်၊ ဟေ​ဗြုန်​ဘု​ရင်၊ ယာ​မုတ်​ဘု​ရင်၊ လာ​ခိ​ရှ​ဘု​ရင်၊ ဧ​ဂ​လုန် ဘု​ရင်​တို့​သည်​စု​ပေါင်း​၍ မိ​မိ​တို့​၏​စစ် သည်​အ​လုံး​အ​ရင်း​နှင့်​ချီ​တက်​လာ​ကြ ပြီး​လျှင်​ဂိ​ဗောင်​မြို့​ကို​ဝိုင်း​ရံ​တိုက်​ခိုက် ကြ​လေ​သည်။ ထို​အ​ခါ​ဂိ​ဗောင်​မြို့​သား​တို့​သည်​ဂိ​လ ဂါ​လ​စ​ခန်း​တွင်​ရှိ​သော​ယော​ရှု​ထံ​သို့ လူ​စေ​လွှတ်​၍``ကိုယ်​တော်​၏​ကျွန်​တို့​ကို​စွန့်​ပစ် ထား​တော်​မ​မူ​ပါ​နှင့်။ အ​လျင်​အ​မြန်​ကြွ ၍​အ​ကျွန်ုပ်​တို့​အား​ကယ်​တင်​တော်​မူ​ပါ။ တောင်​ကုန်း​ဒေ​သ​မှ​အာ​မော​ရိ​မင်း​အ​ပေါင်း တို့​သည်​စု​ပေါင်း​၍​အ​ကျွန်ုပ်​တို့​အား​တိုက် ခိုက်​ပါ​ပြီ'' ဟု​အ​ကြောင်း​ကြား​လျှောက် ထား​လေ​သည်။ ထို့​ကြောင့်​ယော​ရှု​သည်​လက်​ရွေး​စင်​စစ်​သူ​ရဲ များ​ပါ​ဝင်​သော ဣ​သ​ရေ​လ​တပ်​မ​တော်​တစ် တပ်​လုံး​နှင့်​ဂိ​လ​ဂါ​လ​မြို့​မှ​ချီ​တက်​လာ လေ​သည်။- ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``သူ​တို့​ကို မ​ကြောက်​နှင့်။ ငါ​သည်​သူ​တို့​ကို​သင့်​လက်​သို့ အပ်​ပြီ။ မည်​သူ​မျှ​သင့်​ကို​မ​ခု​ခံ​နိုင်'' ဟူ​၍ မိန့်​တော်​မူ​၏။- ယော​ရှု​သည်​ဂိ​လ​ဂါ​လ​မြို့​မှ​ဂိ​ဗောင်​မြို့ သို့​တစ်ည​လုံး​ချီ​တက်​လာ​၍ အာ​မော​ရိ​တပ် များ​ကို​ရုတ်​တ​ရက်​တိုက်​ခိုက်​လေ​သည်။- ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​တို့​အား​ဖ​ရို ဖ​ရဲ​ထွက်​ပြေး​စေ​တော်​မူ​၏။ ထို​အ​ခါ ဣ​သ​ရေ​လ​တပ်​သား​တို့​သည်​ဂိ​ဗောင်​မြို့ တွင်​ရန်​သူ​အ​မြောက်​အ​မြား​ကို​သတ်​ဖြတ် ၍ ဗေ​သော​ရုံ​တောင်​ကြား​ကို​လွန်​လျက်​တောင် ဘက်​အ​ဇေ​ကာ​မြို့​နှင့်​မက္က​ဒါ​မြို့​များ​သို့ တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက်​ကြ​လေ​သည်။- ဣ​သ​ရေ​လ​တပ်​သား​များ​တိုက်​ခိုက်​သ​ဖြင့် အာ​မော​ရိ​တပ်​သား​တို့​သည် တောင်​ကြား​လမ်း သို့​ဆင်း​ပြေး​ကြ​စဉ်​အ​ဇေ​ကာ​မြို့​အ​ထိ လမ်း​တစ်​လျှောက်​လုံး​တွင်​ကောင်း​ကင်​မှ​မိုး​သီး လုံး​ကြီး​များ​ကို​သူ​တို့​အ​ပေါ်​သို့​ထာ​ဝ​ရ ဘု​ရား​ရွာ​ကျ​စေ​တော်​မူ​၏။ မိုး​သီး​ဒဏ် ကြောင့်​သေ​သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​လက်​ချက်​ကြောင့်​သေ​သူ​တို့ ထက်​ပို​၍​များ​သ​တည်း။ အာ​မော​ရိ​တပ်​သား​များ​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​လက်​သို့ ထာ​ဝ​ရ​ဘု​ရား အပ်​တော်​မူ​သော​နေ့​၌​ယော​ရှု​က၊ ``အ​သင်​နေ​မင်း၊ဂိ​ဗောင်​မြို့​ပေါ်​တွင်​ရပ် တန့်​၍​နေ​လော့။ အ​သင်​လ​မင်း၊အာ​ဂ​လုန်​မြို့​ချိုင့်​ဝှမ်း​တွင် ရပ်​တန့်​၍​နေ​လော့'' ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​၌​မြွက်​ဆို​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ရန်​သူ​များ ကို​အောင်​မြင်​စွာ​နှိမ်​နင်း​ပြီး​သည်​အ​ထိ နေ နှင့်​လ​တို့​သည်​မ​ရွေ့​လျား​ဘဲ​ရပ်​တန့်​၍​နေ ကြ​၏။ ထို​အ​ကြောင်း​ကို​ယာ​ရှာ​၏​စာ​စောင် တွင်​ဖော်​ပြ​ထား​လေ​သည်။ တစ်​နေ့​လုံး​နေ သည်​မ​ဝင်​ဘဲ​ကောင်း​ကင်​အ​လယ်​တွင်​ရပ် တန့်​၍​နေ​၏။- ထာ​ဝ​ရ​ဘု​ရား​သည်​လူ​သား​တစ်​ယောက် ၏​စ​ကား​ကို​ထို​နေ့​၌​နား​ထောင်​ခဲ့​တော် မူ​၏။ ယင်း​သို့​တစ်​ခါ​မျှ​မ​ဖြစ်​စ​ဖူး၊ နောင် အ​ခါ​၌​လည်း​ဖြစ်​လိမ့်​မည်​မ​ဟုတ်။ ထာ​ဝ​ရ ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘက်​မှ​စစ်​ကူ​၍​တိုက်​ခိုက်​တော်​မူ​ပါ​သည် တ​ကား။ ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား​တို့ သည် ဂိ​လ​ဂါ​လ​စ​ခန်း​သို့​ပြန်​လာ​ကြ​လေ သည်။

ယောရှု 10:1-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယောရှု​သည် အာဣ​မြို့​ကို​သိမ်း​၍ ဂျေရိခေါ​မြို့​နှင့်​ဘုရင်​ကို ပြု​သကဲ့သို့ အာဣ​မြို့​နှင့်​ဘုရင်​ကို​ပြု​၍ ချေမှုန်း​ခဲ့​ကြောင်း​ကို​လည်းကောင်း​၊ ဂိဗောင်​မြို့သား​တို့​သည် အစ္စရေး​လူမျိုး​တို့​နှင့် မိတ်ဖွဲ့​ပြီး အတူ​နေထိုင်​ကြောင်း​ကို​လည်းကောင်း ဂျေရုဆလင်​ဘုရင်​အဒေါနိဇေဒက်​မင်းကြီး ကြား​သောအခါ အလွန်​ကြောက်​လေ​၏​။ အကြောင်းမူကား ဂိဗောင်​မြို့​သည် မင်းနေပြည်တော်​မြို့​ကဲ့သို့ ခမ်းနားကြီးကျယ်​သော​မြို့​ဖြစ်​၏​။ အာဣ​မြို့​ထက်​ကြီး​၍ ထို​မြို့​ရှိ​ယောက်ျား​အပေါင်း​တို့​သည်​လည်း စစ်သူရဲ​များ​ဖြစ်​ကြ​၏​။ ထို့ကြောင့် ဂျေရုဆလင်​ဘုရင်​အဒေါနိဇေဒက်​မင်းကြီး​သည် ဟေဗြုန်​ဘုရင်​ဟောဟံ​မင်းကြီး​၊ ယာမုတ်​ဘုရင်​ပိရံ​မင်းကြီး​၊ လာခိရှ​ဘုရင်​ယာဖျာ​မင်းကြီး​၊ ဧဂလုန်​ဘုရင်​ဒေဗိရ​မင်းကြီး တို့​ထံသို့ လူ​လွှတ်​ကာ “​ဂိဗောင်​မြို့သား​တို့​သည် ယောရှု​နှင့်​လည်းကောင်း​၊ အစ္စရေး​အမျိုးသား​တို့​နှင့်​လည်းကောင်း မိတ်ဖွဲ့​ပြီ​ဖြစ်၍ ဂိဗောင်​မြို့​ကို တိုက်ခိုက်​ရန် ငါ့​ကို လာ​ကူညီ​ကြ​ပါ​”​ဟု မှာလိုက်​၏​။ ထို့ကြောင့် အာမောရိ​ဘုရင်​ငါး​ပါး​ဖြစ်​သော ဂျေရုဆလင်​ဘုရင်​၊ ဟေဗြုန်​ဘုရင်​၊ ယာမုတ်​ဘုရင်​၊ လာခိရှ​ဘုရင်​၊ ဧဂလုန်​ဘုရင်​တို့​သည် သူ​တို့​၏​စစ်သည်​အပေါင်း​တို့​နှင့်တကွ ပူးပေါင်း​စစ်ချီ​ကြ​၏​။ ဂိဗောင်​မြို့​အနီး​၌ စခန်းချ​၍ ဂိဗောင်​မြို့​ကို တိုက်ခိုက်​ကြ​၏​။ ထိုအခါ ဂိဗောင်​မြို့သား​တို့​သည် ဂိလဂါလ​အရပ်​၌​တပ်စခန်း​ချ​နေ​သော​ယောရှု​ထံသို့ လူ​လွှတ်​၍ “​တောင်ပေါ်ဒေသ​၌​နေထိုင်​သော အာမောရိ​ဘုရင်​တို့ ပူးပေါင်း​ပြီး အကျွန်ုပ်​တို့​ကို လာတိုက်​ပါ​ပြီ​။ သို့ဖြစ်၍ အရှင့်​အစေအပါး​တို့​ကို ပစ်​မ​ထား​ပါ​နှင့်​။ အကျွန်ုပ်​တို့​ထံသို့ အလျင်အမြန်​လာ​၍ ကူညီ​ကယ်တင်​ပါ​လော့​”​ဟု လျှောက်ဆို​စေ​၏​။ ယောရှု​သည်​လည်း ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​အပေါင်း​တို့​နှင့်တကွ စစ်တပ်​တစ်တပ်လုံး​ကို​ခေါ်​၍ ဂိလဂါလ​အရပ်​မှ စစ်ချီထွက်​လေ​၏​။ ထာဝရဘုရား​က ယောရှု​အား “​သူ​တို့​ကို သင့်​လက်​သို့ ငါ​အပ်​ပြီ​ဖြစ်၍ သူ​တို့​ကို မ​ကြောက်​နှင့်​။ သင့်​ရှေ့​၌ ထို​သူ​တို့​တစ်ယောက်မျှ ခံရပ်​နိုင်​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။ ယောရှု​သည် ဂိလဂါလ​အရပ်​မှ တစ်ညလုံး​စစ်ချီ​၍ ရန်သူ​တို့​ကို အလစ်​ဝင်တိုက်​လေ​၏​။ ထာဝရဘုရား​သည် ထို​သူ​တို့​ကို အစ္စရေး​စစ်သည်​တို့​ရှေ့​၌ ကစဥ့်ကလျား​ဖြစ်စေ​တော်မူ​၏​။ အစ္စရေး​စစ်သည်​တို့​သည် ဂိဗောင်​မြို့​၌ ရန်သူ​အမြောက်အမြား​ကို တိုက်ခိုက်​သတ်ဖြတ်​ပြီး ဗေသောရုန်​မြို့​သို့​တက်သွား​သော​လမ်း​အတိုင်း အဇေကာ​မြို့​၊ မက္ကဒါ​မြို့​တိုင်အောင် လိုက်လံ​တိုက်ခိုက်​ကြ​၏​။ ထို​သူ​တို့​သည် အစ္စရေး​စစ်သည်​တို့​ရှေ့​မှ ထွက်ပြေး​ကြ​၍ ဗေသောရုန်​မြို့​မှ ဆင်းသွား​ရာ​လမ်း​တွင် အဇေကာ​မြို့​တိုင်အောင် ထာဝရဘုရား​သည် ကောင်းကင်​မှ မိုးသီးလုံးကြီး​များ​ကို သူ​တို့​အပေါ် ကျ​စေ​တော်မူ​သဖြင့် သူ​တို့​သေ​ကုန်​၏​။ အစ္စရေး​အမျိုးသား​တို့​၏​ဓား​ဖြင့်​သေ​သော​သူ​ထက် မိုးသီး​ကြောင့်​သေ​သော​သူ​ပိုများ​၏​။ အာမောရိ​လူမျိုး​တို့​ကို အစ္စရေး​အမျိုးသား​တို့​လက်​သို့ ထာဝရဘုရား​အပ်​တော်မူ​သော​နေ့​၌ ယောရှု​သည် ထာဝရဘုရား​ထံ ဆုတောင်း​ပြီးလျှင် အစ္စရေး​အမျိုးသား​တို့​၏​ရှေ့မှောက်​တွင် “​အို နေ​၊ ဂိဗောင်​မြို့​ပေါ် တန့်​နေ​လော့​။ အို လ​၊ အာယလုန်​ချိုင့်ဝှမ်း​ပေါ် တန့်​နေ​လော့​”​ဟု ဆို​၏​။ လူမျိုး​တော်​တို့​သည် ရန်သူ​တို့​ကို လက်တုံ့ပြန်​ပြီး​သည်​အထိ နေ​သည် ငြိမ်ဝပ်​လျက်​၊ လ​သည် တန့်​လျက် နေ​၏​။ ထို​အကြောင်း​ကို ယာရှာ​စာအုပ်​၌ ရေးဖွဲ့​ထား​၏​။ နေ​သည် တစ်နေ့လုံး မ​ရွေ့​မ​လျား ကောင်းကင်​အလယ်​၌ တန့်​လျက်​နေ​၏​။ ထာဝရဘုရား​သည် ထို​နေ့​ကဲ့သို့ လူ​၏​စကား​ကို နားညောင်း​သော​အဖြစ်​မျိုး ယခင်က မ​ဖြစ်​ဖူး​၊ နောင်​လည်း ဖြစ်​မည်​မ​ဟုတ်​။ စင်စစ် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​အတွက် စစ်တိုက်​တော်မူ​ခဲ့​၏​။ ယောရှု​နှင့် အစ္စရေး​စစ်သည်​အပေါင်း​တို့​သည် မိမိ​တို့​စခန်းချ​ရာ ဂိလဂါလ​အရပ်​သို့ ပြန်လာ​ခဲ့​ကြ​၏​။