YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယော​ရှု 10:1-15

ယော​ရှု 10:1-15 BCL

ယေ​ရု​ရှ​လင်​မြို့​၏​ဘု​ရင်​အ​ဒေါ​နိ​ဇေ​ဒက် သည်​ယေ​ရိ​ခေါ​မြို့​ကို​ယော​ရှု​တိုက်​ခိုက်​သိမ်း ပိုက်​၍ ၎င်း​၏​ဘု​ရင်​ကို​ကွပ်​မျက်​ခဲ့​သည့်​နည်း တူ​အာ​ဣ​မြို့​ကို​တိုက်​ခိုက်​သိမ်း​ပိုက်​၍ ၎င်း​၏ ဘု​ရင်​ကို​လည်း​ကွပ်​မျက်​ခဲ့​ကြောင်း​ကြား သိ​ရ​လေ​သည်။ ထို့​အ​ပြင်​ဂိ​ဗောင်​မြို့​သား တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ငြိမ်း​ချမ်း​ရေး​စာ​ချုပ်​ချုပ်​၍​အ​တူ​တ​ကွ နေ​ထိုင်​ကြ​ကြောင်း​ကို​လည်း​ကြား​သိ​ရ လေ​သည်။- ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည်​အ​လွန်​ကြောက် လန့်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ဂိ​ဗောင် မြို့​သည်​မင်း​နေ​ပြည်​တော်​မြို့​များ​ကဲ့​သို့ ကြီး​ကျယ်​ခမ်း​နား​သော​မြို့​ဖြစ်​သော​ကြောင့် လည်း​ကောင်း၊ အာ​ဣ​မြို့​ထက်​ကြီး​၍​မြို့​သား တို့​သည်​တိုက်​ရည်​ခိုက်​ရည်​ကောင်း​သူ​များ ဖြစ်​သော​ကြောင့်​လည်း​ကောင်း​ဖြစ်​သ​တည်း။- သို့​ဖြစ်​၍​ယေ​ရု​ရှ​လင်​မြို့​ဘု​ရင်​မင်း​ကြီး အ​ဒေါ​နိ​ဇေ​ဒက်​သည်​ဟေ​ဗြုန်​ဘု​ရင်​ဟော​ဟံ၊ ယာ​မုတ်​ဘု​ရင်​ဝိ​ရံ၊ လာ​ခိ​ရှ​ဘု​ရင်​ယာ​ဖျာ၊ ဧ​ဂ​လုန်​ဘု​ရင်​ဒေ​ပိ​ရ​တို့​ထံ​သို့​သံ​တ​မန် များ​ကို​စေ​လွှတ်​၍၊- ``ဂိ​ဗောင်​မြို့​သား​တို့​သည်​ယော​ရှု​နှင့်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​နှင့် ငြိမ်း​ချမ်း​ရေး​စာ ချုပ်​ချုပ်​ထား​ကြ​သော​ကြောင့် ဂိ​ဗောင်​မြို့​ကို တိုက်​ခိုက်​ရန်​ငါ့​ထံ​သို့​စစ်​ကူ​ပို့​ကြ​ပါ'' ဟု​ပြော​စေ​၏။- ထို​ကြောင့်​အာ​မော​ရိ​ဘု​ရင်​ငါး​ပါး​ဖြစ် သော​ယေ​ရု​ရှ​လင်​ဘု​ရင်၊ ဟေ​ဗြုန်​ဘု​ရင်၊ ယာ​မုတ်​ဘု​ရင်၊ လာ​ခိ​ရှ​ဘု​ရင်၊ ဧ​ဂ​လုန် ဘု​ရင်​တို့​သည်​စု​ပေါင်း​၍ မိ​မိ​တို့​၏​စစ် သည်​အ​လုံး​အ​ရင်း​နှင့်​ချီ​တက်​လာ​ကြ ပြီး​လျှင်​ဂိ​ဗောင်​မြို့​ကို​ဝိုင်း​ရံ​တိုက်​ခိုက် ကြ​လေ​သည်။ ထို​အ​ခါ​ဂိ​ဗောင်​မြို့​သား​တို့​သည်​ဂိ​လ ဂါ​လ​စ​ခန်း​တွင်​ရှိ​သော​ယော​ရှု​ထံ​သို့ လူ​စေ​လွှတ်​၍``ကိုယ်​တော်​၏​ကျွန်​တို့​ကို​စွန့်​ပစ် ထား​တော်​မ​မူ​ပါ​နှင့်။ အ​လျင်​အ​မြန်​ကြွ ၍​အ​ကျွန်ုပ်​တို့​အား​ကယ်​တင်​တော်​မူ​ပါ။ တောင်​ကုန်း​ဒေ​သ​မှ​အာ​မော​ရိ​မင်း​အ​ပေါင်း တို့​သည်​စု​ပေါင်း​၍​အ​ကျွန်ုပ်​တို့​အား​တိုက် ခိုက်​ပါ​ပြီ'' ဟု​အ​ကြောင်း​ကြား​လျှောက် ထား​လေ​သည်။ ထို့​ကြောင့်​ယော​ရှု​သည်​လက်​ရွေး​စင်​စစ်​သူ​ရဲ များ​ပါ​ဝင်​သော ဣ​သ​ရေ​လ​တပ်​မ​တော်​တစ် တပ်​လုံး​နှင့်​ဂိ​လ​ဂါ​လ​မြို့​မှ​ချီ​တက်​လာ လေ​သည်။- ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``သူ​တို့​ကို မ​ကြောက်​နှင့်။ ငါ​သည်​သူ​တို့​ကို​သင့်​လက်​သို့ အပ်​ပြီ။ မည်​သူ​မျှ​သင့်​ကို​မ​ခု​ခံ​နိုင်'' ဟူ​၍ မိန့်​တော်​မူ​၏။- ယော​ရှု​သည်​ဂိ​လ​ဂါ​လ​မြို့​မှ​ဂိ​ဗောင်​မြို့ သို့​တစ်ည​လုံး​ချီ​တက်​လာ​၍ အာ​မော​ရိ​တပ် များ​ကို​ရုတ်​တ​ရက်​တိုက်​ခိုက်​လေ​သည်။- ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​တို့​အား​ဖ​ရို ဖ​ရဲ​ထွက်​ပြေး​စေ​တော်​မူ​၏။ ထို​အ​ခါ ဣ​သ​ရေ​လ​တပ်​သား​တို့​သည်​ဂိ​ဗောင်​မြို့ တွင်​ရန်​သူ​အ​မြောက်​အ​မြား​ကို​သတ်​ဖြတ် ၍ ဗေ​သော​ရုံ​တောင်​ကြား​ကို​လွန်​လျက်​တောင် ဘက်​အ​ဇေ​ကာ​မြို့​နှင့်​မက္က​ဒါ​မြို့​များ​သို့ တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက်​ကြ​လေ​သည်။- ဣ​သ​ရေ​လ​တပ်​သား​များ​တိုက်​ခိုက်​သ​ဖြင့် အာ​မော​ရိ​တပ်​သား​တို့​သည် တောင်​ကြား​လမ်း သို့​ဆင်း​ပြေး​ကြ​စဉ်​အ​ဇေ​ကာ​မြို့​အ​ထိ လမ်း​တစ်​လျှောက်​လုံး​တွင်​ကောင်း​ကင်​မှ​မိုး​သီး လုံး​ကြီး​များ​ကို​သူ​တို့​အ​ပေါ်​သို့​ထာ​ဝ​ရ ဘု​ရား​ရွာ​ကျ​စေ​တော်​မူ​၏။ မိုး​သီး​ဒဏ် ကြောင့်​သေ​သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​လက်​ချက်​ကြောင့်​သေ​သူ​တို့ ထက်​ပို​၍​များ​သ​တည်း။ အာ​မော​ရိ​တပ်​သား​များ​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​လက်​သို့ ထာ​ဝ​ရ​ဘု​ရား အပ်​တော်​မူ​သော​နေ့​၌​ယော​ရှု​က၊ ``အ​သင်​နေ​မင်း၊ဂိ​ဗောင်​မြို့​ပေါ်​တွင်​ရပ် တန့်​၍​နေ​လော့။ အ​သင်​လ​မင်း၊အာ​ဂ​လုန်​မြို့​ချိုင့်​ဝှမ်း​တွင် ရပ်​တန့်​၍​နေ​လော့'' ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​၌​မြွက်​ဆို​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ရန်​သူ​များ ကို​အောင်​မြင်​စွာ​နှိမ်​နင်း​ပြီး​သည်​အ​ထိ နေ နှင့်​လ​တို့​သည်​မ​ရွေ့​လျား​ဘဲ​ရပ်​တန့်​၍​နေ ကြ​၏။ ထို​အ​ကြောင်း​ကို​ယာ​ရှာ​၏​စာ​စောင် တွင်​ဖော်​ပြ​ထား​လေ​သည်။ တစ်​နေ့​လုံး​နေ သည်​မ​ဝင်​ဘဲ​ကောင်း​ကင်​အ​လယ်​တွင်​ရပ် တန့်​၍​နေ​၏။- ထာ​ဝ​ရ​ဘု​ရား​သည်​လူ​သား​တစ်​ယောက် ၏​စ​ကား​ကို​ထို​နေ့​၌​နား​ထောင်​ခဲ့​တော် မူ​၏။ ယင်း​သို့​တစ်​ခါ​မျှ​မ​ဖြစ်​စ​ဖူး၊ နောင် အ​ခါ​၌​လည်း​ဖြစ်​လိမ့်​မည်​မ​ဟုတ်။ ထာ​ဝ​ရ ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘက်​မှ​စစ်​ကူ​၍​တိုက်​ခိုက်​တော်​မူ​ပါ​သည် တ​ကား။ ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား​တို့ သည် ဂိ​လ​ဂါ​လ​စ​ခန်း​သို့​ပြန်​လာ​ကြ​လေ သည်။