ယောန 4:1-5
ယောန 4:1-5 Judson Bible (JBMLE)
ယောနသည် အလွန်စိတ်ညစ်၍ အမျက်ထွက်သဖြင့်၊ အို ထာဝရဘုရား၊ အကျွန်ုပ်တောင်းပန်ပါ၏။ အကျွန်ုပ်သည် ကိုယ်ပြည်၌ရှိစဉ်၊ ဤသို့ပြောပါပြီမဟုတ်လော။ ထိုကြောင့်၊ ကိုယ်တော်ထံမှ တာရှုမြို့သို့ ကြိုးစား၍ ပြေးပါ၏။ ကိုယ်တော်သည် သနားစုံမက်တတ်သောဘုရားဖြစ်၍ စိတ်ရှည်သောသဘော၊ ကျေးဇူးပြုချင်သောသဘော၊ အပြစ်ဒဏ်ပေးမည့်အမှုကို နောင်တရတတ်သော သဘောရှိတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။ သို့ဖြစ်၍၊ အို ထာဝရဘုရား၊ အကျွန်ုပ်အသက်ကို နုတ်ယူတော်မူပါ။ အကျွန်ုပ်အသက်ရှင်ခြင်းထက် သေခြင်းသည် သာ၍ကောင်းပါသည်ဟု တောင်းလျှောက်လေ၏။ ထာဝရဘုရားကလည်း၊ သင်သည် အမျက်ထွက် ကောင်းသလောဟု မေးတော်မူ၏။ ယောနသည် မြို့၌ အဘယ်သို့ဖြစ်မည်ကို သိမြင်ခြင်းငှာ၊ မြို့ပြင်သို့ထွက်၍ မြို့အရှေ့မျက်နှာ၌ တဲမိုးကိုလုပ်ပြီးလျှင်၊ အမိုးအရိပ်တွင် ထိုင်၍နေ၏။
ယောန 4:1-5 Common Language Bible (BCL)
ဤသို့ဖြစ်ရခြင်းကြောင့်ယောနသည်လွန်စွာ စိတ်မကျေမချမ်းဖြစ်၍စိတ်ဆိုးသဖြင့်၊- ``အို ထာဝရဘုရား၊ အကျွန်ုပ်သည်အကျွန်ုပ် တိုင်းပြည်မှမထွက်ခွာမီကပင်ကိုယ်တော် ဤသို့ပြုတော်မူမည်ဟု အကျွန်ုပ်ကြိုတင် ပြောခဲ့သည်မဟုတ်ပါလော။ ဤအကြောင်း ကြောင့်အကျွန်ုပ်သည်တာရှုမြို့သို့ထွက်ပြေး ရန်ကြိုးစားခဲ့ပါ၏။ ကိုယ်တော်သည်မေတ္တာ ကရုဏာရှိတော်မူသော၊ အစဉ်စိတ်ရှည် လျက်အကြင်နာတရားရှိတော်မူသော၊ အပြစ်ဒဏ်ခတ်သင့်သော်လည်းမခတ်ဘဲ ချမ်းသာပေးတော်မူသောဘုရားသခင် ဖြစ်တော်မူသည်ကိုအကျွန်ုပ်သိပါ ၏။- သို့ဖြစ်၍ အို ထာဝရဘုရား၊ ယခုပင်လျှင် အကျွန်ုပ်အားသေရသောအခွင့်ကိုပေး တော်မူပါ။ အကျွန်ုပ်အတွက်အသက်ရှင် ရခြင်းထက်သေရခြင်းကသာ၍ကောင်း ပါ၏'' ဟုဆုတောင်းလေ၏။ ထာဝရဘုရားက``သင်ဤသို့အမျက် ထွက်သင့်သလော'' ဟုမေးတော်မူ၏။ ထိုနောက်ယောနသည်မြို့အရှေ့ဘက်သို့ ထွက်၍ မိမိအတွက်တဲထိုးပြီးလျှင်တဲ၏ အရိပ်အောက်တွင်ထိုင်လျက် နိနေဝေမြို့ မည်သို့ဖြစ်မည်ကိုစောင့်ကြည့်နေ၏။
ယောန 4:1-5 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယောနသည် ထိုအမှုအရာကို အလွန်ပင်ဘဝင်မကျနိုင်အောင်ဖြစ်လျက် အမျက်ထွက်ပြီး ထာဝရဘုရားထံ “အို ထာဝရဘုရား၊ အကျွန်ုပ်၏နေရင်းပြည်၌ရှိစဉ်က ဤသို့ဖြစ်မည်ဟု အကျွန်ုပ်ပြောခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် ကျွန်ုပ်လည်း တာရှုပြည်သို့ အမြန်ထွက်ပြေးခဲ့ပါ၏။ စင်စစ် ကိုယ်တော်သည် ကျေးဇူးပြုတတ်သော၊ သနားစုံမက်တတ်သော၊ စိတ်ရှည်သော၊ မေတ္တာကရုဏာကြွယ်ဝသောဘုရား ဖြစ်တော်မူ၍ ဘေးဆိုးကျရောက်စေမည့်အမှုမှ စိတ်တော်ပြောင်းလဲတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။ ထို့ကြောင့် အို ထာဝရဘုရား၊ အကျွန်ုပ်၏အသက်ကို ယခုပင်နုတ်ယူတော်မူပါ။ အကျွန်ုပ် အသက်ရှင်သည်ထက် သေသည်က သာ၍ကောင်းပါ၏”ဟု ဆုတောင်းလေ၏။ ထာဝရဘုရားကလည်း သူ့အား “သင်အမျက်ထွက်သင့်သလော”ဟု မေးတော်မူ၏။ ထိုအခါ ယောနသည် မြို့ပြင်သို့ထွက်သွား၍ မြို့အရှေ့ဘက်တွင် ထိုင်နေ၏။ ထိုနေရာတွင် ယာယီတဲထိုး၍ မြို့ထဲတွင် မည်သို့ဖြစ်ပျက်မည်ကို သိနိုင်ရန် တဲရိပ်အောက်တွင် ထိုင်ကြည့်နေ၏။