YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောလ 2:1-2

ယောလ 2:1-2 Common Language Bible (BCL)

ဘု​ရား​သ​ခင်​၏​တောင်​တော်​မြတ်​တည်း​ဟူ​သော ဇိ​အုန်​တောင်​ပေါ်​တွင်​တံ​ပိုး​ခ​ရာ​မှုတ်​ကြ​လော့။ နှိုး​ဆော်​သံ​ပေး​ကြ​လော့။ ယု​ဒ​ပြည်​သူ​တို့​တုန်​လှုပ်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက် ကာ​လ​သည်​မ​ကြာ​မီ​ကျ​ရောက်​လာ​လိမ့်​မည်။ ထို​နေ့​သည်​မှောင်​မိုက်​အုံ့​ဆိုင်း​သော​နေ့၊မည်း နက်​လျက် မိုး​တိမ်​ထူ​ထပ်​သော​နေ့​ဖြစ်​လိမ့်​မည်။ တောင်​ရိုး​များ​ကို​လွှမ်း​ခြုံ​လိုက်​သည့် မှောင်​ရိပ်​ကဲ့​သို့၊ကျိုင်း​ကောင်​အုပ်​ကြီး​သည်​ရှေ့​သို့ ချီ​တက်​လာ​လေ​သည်။ ဤ​သို့​အ​ဘယ်​အ​ခါ​က​မျှ​ဖြစ်​ပျက်​ခဲ့​ဘူး​သည်​မ​ရှိ။ နောင်​အ​ဘယ်​အ​ခါ​၌​မျှ​လည်း​ဖြစ်​ပျက်​လိမ့်​မည် မ​ဟုတ်။

ယောလ 2:1-2 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဇိအုန်​တောင်​ပေါ်တွင် တံပိုး​မှုတ်​ကြ​လော့​။ ငါ​၏​သန့်ရှင်း​ရာ​တောင်​တော်​ပေါ်တွင် သတိပေးသံပြု​ကြ​လော့​။ ထာဝရဘုရား​၏​နေ့ရက်​သည် လာ​နေ​ပြီ​၊ အမှန်ပင် ရောက်​လု​နီး​ပြီ​ဖြစ်​သောကြောင့် ပြည်သူပြည်သား​အပေါင်း​တို့​၊ ထိတ်လန့်တုန်လှုပ်​ကြ​လော့​။ ထို​နေ့​သည် အမှောင်​တကာ့​အမှောင်​နေ့​၊ မိုးအုံ့​၍​အမှောင်​ကျ​သော​နေ့ ဖြစ်​၏​။ တောင်​ပေါ်တွင် အရုဏ်ဦး​အလင်း​ဖြာကျ​သကဲ့သို့ အင်အားကြီး​သော​လူမျိုး​ကြီး​တစ်​မျိုး ပေါ်လာ​မည်​။ ဤ​အဖြစ်မျိုး​သည် ရှေး​က​လည်း မ​ဖြစ်​ဖူး​။ နောင်ကာလ​မျိုးဆက်​အစဉ်အဆက်​တွင်​လည်း ဖြစ်​လိမ့်မည်​မ​ဟုတ်​။