YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 9:1-12

ရှင်ယောဟန် 9:1-12 Judson Bible (JBMLE)

လမ်း၌​သွား​တော်​မူ​စဉ်၊ အ​မိ​ဝမ်း​တွင်း​က​ပင် မျက်​စိ​ကန်း​သော​သူ​တစ်​ယောက်​ကို တွေ့​မြင်​သော်​မူ၏။- တ​ပည့်​တော်​တို့​က၊ အ​ရှင်​ဘု​ရား၊ ဤ​သူ​သည် အ​ဘယ်​သူ၏​အ​ပြစ်​ကြောင့် မျက်​စိ​ကန်း​သ​နည်း။ ကိုယ်​အ​ပြစ်​ကြောင့် ကန်း​သ​လော။ မိ​ဘ​အ​ပြစ်​ကြောင့် ကန်း​သ​လော​ဟု မေး​လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ ကိုယ်​အ​ပြစ်​ကြောင့်​မ​ဟုတ်။ မိ​ဘ​အ​ပြစ်​ကြောင့်​လည်း မ​ဟုတ်။ ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို သူ၌​ထင်​ရှား​စေ​မည်​အ​ကြောင်း​တည်း။- ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ၏​အ​မှု​ကို နေ့​အ​ချိန်၌​ရှိ​စဉ်​တွင် ငါ​ပြု​ရ​မည်။ အ​ဘယ်​သူ​မျှ အ​မှု​မ​ပြု​နိုင်​သော အ​ချိန်​တည်း​ဟူ​သော ည​အ​ချိန်​လာ​သေး၏။- ငါ​သည် ဤ​လော​က၌ ရှိ​စဉ်​တွင် ဤ​လော​က၏​အ​လင်း​ဖြစ်၏​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊- မြေ​ပေါ်​မှာ ထွေး၍ တံ​တွေး​နှင့်​ရွှံ့​လုပ်​ပြီး​မှ၊ ကန်း​သော​သူ၏​မျက်​စိ​ကို​ရွှံ့​နှင့်​လူး၍၊- သင်​သွား​လော့။ ရှိ​လောင်​ရေ​ကန်၌ မျက်​စိ​ကို​ဆေး​လော့​ဟု မိန့်​တော်​မူ၏။ ရှိ​လောင်​အ​နက်​ကား စေ​လွှတ်​သည်​ဟု ဆို​လို​သ​တည်း။ ထို​သူ​သည် သွား၍​ဆေး​ပြီး​မှ၊ မျက်​စိ​မြင်​လျက်​ပြန်​လေ၏။ သူ​သည် သူ​တောင်း​စား​ဖြစ်​သည်​ကို အိမ်​နီး​ချင်း​မှ​စ၍ မြင်​ဖူး​သော​သူ​တို့​က၊ ဤ​သူ​သည် ထိုင်၍ တောင်း​သော​သူ မ​ဟုတ်​လော​ဟု ဆို​ကြ၏။- လူ​အ​ချို့​က၊ ဟုတ်​ကဲ့​ဟု​ဆို​ကြ၏။ အ​ချို့​က​လည်း၊ ထို​သူ​နှင့်​တူ​သည်​ဟု ဆို​ကြ၏။ ထို​သူ​က​လည်း၊ အ​ကျွန်ုပ်​သည် ထို​သူ​ပင်​ဖြစ်​သည်​ဟု ဆို၏။- သူ​တို့​က​လည်း၊ အ​ဘယ်​သို့ သင်၏​မျက်​စိ​ပွင့်​သ​နည်း​ဟု မေး​မြန်း​ကြ​လျှင်၊- ထို​သူ​က၊ ယေ​ရှု​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် ရွှံ့​လုပ်၍ ကျွန်ုပ်​မျက်​စိ​ကို​လူး​ပြီး​မှ၊ ရှိ​လောင်​ရေ​ကန်​သို့​သွား၍ မျက်​စိ​ကို​ဆေး​လော့​ဟု ဆို​သည်​အ​တိုင်း အ​ကျွန်ုပ်​သွား၍​ဆေး​လျှင် မျက်​စိ​မြင်​သည်​ဟု​ဆို၏။- လူ​များ​က​လည်း၊ ထို​သူ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​မြန်း​ကြ​လျှင်၊ အ​ကျွန်ုပ်​မ​သိ​ဟု​ဆို၏။

ရှင်ယောဟန် 9:1-12 Common Language Bible (BCL)

ကိုယ်​တော်​သည်​လမ်း​လျှောက်​၍​ကြွ​တော်​မူ​စဉ် ဝမ်း​တွင်း​ပါ​မျက်​မ​မြင်​တစ်​ဦး​ကို​တွေ့​ရှိ တော်​မူ​၏။- တ​ပည့်​တော်​တို့​က ``အ​ရှင်​ဘု​ရား၊ ဤ​သူ​မျက်​စိ မ​မြင်​သည်​မှာ​မိ​မိ​၏​အ​ပြစ်​ကြောင့်​လော၊ မိ​ဘ တို့​၏​အ​ပြစ်​ကြောင့်​လော'' ဟု​မေး​လျှောက်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``သူ​၏​အ​ပြစ်​ကြောင့်​မ​ဟုတ်၊ မိ​ဘ​တို့​၏​အ​ပြစ်​ကြောင့်​လည်း​မ​ဟုတ်။ သူ မျက်​စိ​မ​မြင်​ရ​ခြင်း​မှာ ဘု​ရား​သ​ခင်​၏ တန်​ခိုး​တော် သူ​၌​ထင်​ရှား​လာ​စေ​ရန်​ပင် ဖြစ်​၏။- ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​မှု တော်​မြတ်​ကို​နေ့​အ​ချိန်​၌​ငါ​တို့​လုပ်​ဆောင် ကြ​ရ​မည်။ အ​ဘယ်​သူ​မျှ​မ​လုပ်​ဆောင်​နိုင် သည့်​ညဥ့်​အ​ချိန်​ကျ​ရောက်​လာ​လိမ့်​မည်။- ငါ​သည်​ဤ​လော​က​မှာ​ရှိ​နေ​စဉ်​လော​က ၏​အ​လင်း​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​သည် မြေ​ပေါ်​သို့​တံ​တွေး​ထွေး​၍​ရွှံ့​ပြု​လုပ်​တော် မူ​၏။ မျက်​မ​မြင်​၏​မျက်​စိ​ကို​ရွှံ့​နှင့်​လူး​၍၊- ``သွား​လော့၊ ရှိ​လောင်​ရေ​ကန်​တွင် ဆေး​လော့'' ဟု မိန့်​တော်​မူ​၏။ (ရှိ​လောင်​၏​အ​နက်​ကား ``စေ​လွှတ် သည်'' ဟု​ဆို​လို​သ​တည်း။) ထို​သူ​သည်​သွား​၍ မျက်​စိ​ကို​ဆေး​ပြီး​နောက်​မျက်​စိ​မြင်​လျက် ပြန်​လာ​၏။ သူ​သည်​သူ​တောင်း​စား​ဖြစ်​သ​ဖြင့်​ယ​ခင်​က သူ့​ကို​မြင်​ဖူး​သူ​များ​နှင့်​အိမ်​နီး​ချင်း​များ က ``ဤ​သူ​သည်​ထိုင်​၍​ကြေး​ငွေ​တောင်း​ခံ​လေ့ ရှိ​သူ​မ​ဟုတ်​ပါ​လော'' ဟု​ဆို​ကြ​၏။ လူ​အ​ချို့​တို့​က ``ဟုတ်​ပါ​သည်'' ဟူ​၍​လည်း​ကောင်း၊ အ​ချို့​က ``ထို​သူ​မ​ဟုတ်၊ ထို​လူ​နှင့်​တူ​သူ​ဖြစ်​၏'' ဟူ​၍​လည်း​ကောင်း​ဆို​ကြ​၏။ သူ​ကိုယ်​တိုင်​က​မူ ``အ​ကျွန်ုပ်​သည်​ထို​သူ​ပင်​တည်း'' ဟု​ဆို​၏။ လူ​တို့​က ``သင်​အ​ဘယ်​သို့​မျက်​စိ​မြင်​လာ သ​နည်း'' ဟု​မေး​ကြ​၏။ ထို​သူ​က ``ယေ​ရှု​ဆို​သူ​သည်​ရွှံ့​အ​နည်း​ငယ်​လုပ် ၍​အ​ကျွန်ုပ်​၏​မျက်​စိ​ကို​လူး​ပြီး​လျှင် အ​ကျွန်ုပ် အား​ရှိ​လောင်​ရေ​ကန်​သို့​သွား​၍​မျက်​စိ​ကို​ဆေး ခိုင်း​ပါ​၏။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​သည်​သွား​၍​ဆေး လိုက်​ရာ မျက်​စိ​မြင်​လာ​ပါ​သည်'' ဟု​ပြန်​ပြော​၏။ လူ​တို့​က ``ထို​သူ​သည်​အ​ဘယ်​မှာ​နည်း'' ဟု မေး​လျှင်၊ သူ​တောင်း​စား​က ``အ​ကျွန်ုပ်​မ​သိ​ပါ'' ဟု​ဆို​၏။

ရှင်ယောဟန် 9:1-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​သည် လမ်း​၌​ကြွ​တော်မူ​စဉ် မွေးရာပါ​မျက်မမြင်​တစ်​ဦး​ကို တွေ့​တော်မူ​၏။ ထိုအခါ တပည့်​တော်​တို့​က “ရဗ္ဗိ၊ မည်သူ​က အပြစ်​ပြု​သောကြောင့် ဤ​သူ​သည် မျက်မမြင်​အဖြစ်​မွေး​လာ​ရ​သနည်း။ သူ​ကိုယ်တိုင်​လော​၊ သို့မဟုတ် သူ​၏​မိဘ​လော”​ဟု ကိုယ်တော်​အား မေးလျှောက်​ကြ​၏။ ယေရှု​က“ဤ​သူ​အပြစ်​ပြု​သောကြောင့်​မ​ဟုတ်၊ သူ့​မိဘ​က​အပြစ်​ပြု​သောကြောင့်​လည်း​မ​ဟုတ်။ သူ​၌ ဘုရားသခင်​၏​အမှု​တော်​များ​ထင်ရှား​စေရန်​အတွက်​သာ​ဖြစ်​၏။ ငါ​တို့​သည် ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​၏​အမှု​တော်​များ​ကို နေ့​အချိန်​ရှိ​စဉ် လုပ်ဆောင်​ရ​မည်။ မည်သူမျှ​အလုပ်​မ​လုပ်​နိုင်​သော ည​အချိန်​ရောက်​လာ​လိမ့်မည်။ ငါ​သည် ဤ​လောက​၌​ရှိ​နေ​စဉ် ဤ​လောက​၏​အလင်း​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထိုသို့​မိန့်​တော်မူ​ပြီးနောက် မြေ​ပေါ်သို့​တံတွေး​ထွေး​၍ တံတွေး​နှင့်​ရွှံ့​လုပ်​ပြီးလျှင် မျက်မမြင်​၏​မျက်စိ​ကို ထို​ရွှံ့​နှင့်​လူး​လျက် “ရှိလောင်​ရေကန်​သို့​သွား​၍ ဆေး​လော့”​ဟု မိန့်​တော်မူ​၏။ (ရှိလောင်​၏​အဓိပ္ပာယ်​မှာ စေလွှတ်​ခြင်း​ခံရ​သူ ဟူ၍​ဖြစ်​၏။) ထို့ကြောင့် သူ​သည်​သွား​၍​ဆေး​လိုက်​ရာ မျက်စိ​မြင်​လျက်​ပြန်လာ​၏။ ထိုအခါ အိမ်နီးချင်း​များ​နှင့် ယခင်​က သူ​သည် သူတောင်းစား​ဖြစ်​ခဲ့​ကြောင်း​ကို သိမြင်​သော​သူ​တို့​က “ဤ​သူ​သည် ထိုင်​လျက်​တောင်းစား​နေ​ခဲ့​သူ​မ​ဟုတ်​လော”​ဟု ဆို​ကြ​၏။ လူ​အချို့​တို့​က “ထို​သူ​ပင်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ အချို့​တို့​က​လည်း “မ​ဟုတ်​ပါ။ ထို​သူ​နှင့်​တူ​ရုံ​သာ​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ သူ​ကိုယ်တိုင်​က “အကျွန်ုပ်​ပင်​ဖြစ်​သည်”​ဟု ဆို​၏။ လူ​တို့​က​လည်း “သို့ဖြစ်လျှင် သင်​သည် မည်ကဲ့သို့​မျက်စိ​မြင်​လာ​သနည်း”​ဟု မေးမြန်း​ကြ​၏။ ထို​သူ​က “ယေရှု​ဟု​ခေါ်​သော​သူ​တစ်​ဦး​သည် ရွှံ့​လုပ်​၍ အကျွန်ုပ်​၏​မျက်စိ​ကို​လူး​လျက်‘ရှိလောင်​ရေကန်​သို့​သွား​၍ ဆေး​လော့’​ဟု ဆို​သည့်​အတိုင်း အကျွန်ုပ်​သွား​၍​ဆေး​လိုက်​ရာ မျက်စိ​မြင်​လာ​ပါ​သည်”​ဟု ဖြေကြား​၏။ သူ​တို့​က​လည်း “ထို​သူ​သည် အဘယ်မှာ​ရှိ​သနည်း”​ဟု မေးမြန်း​ကြ​သော် သူ​က “အကျွန်ုပ်​မ​သိ​ပါ”​ဟု ဆို​၏။