YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 8:37-46

ရှင်ယောဟန် 8:37-46 Judson Bible (JBMLE)

သင်​တို့​သည် အာ​ဗြ​ဟံ​အ​မျိုး​ဖြစ်​ကြ​သည်​ကို ငါ​သိ၏။ သို့​သော်​လည်း ငါ၏​ဒေ​သ​နာ​သည် သင်​တို့၌ တည်​နေ​ရာ​ကို မ​ရ​သော​ကြောင့် သင်​တို့​သည် ငါ့​ကို သတ်​အံ့​သော​ငှာ ရှာ​ကြံ​ကြ၏။- ငါ​သည်​ငါ့​ခ​မည်း​တော်​ထံ၌ မြင်​ခဲ့​ပြီး​သည်​အ​တိုင်း ဟော​ပြော၏။ သင်​တို့​သည် သင်​တို့၏​အ​ဘ​ထံ၌ မြင်​ခဲ့​ပြီး​သည်​အ​တိုင်း ပြု​ကြ၏​ဟု မိန့်​တော်​မူ၏။- ထို​သူ​တို့​က​လည်း၊ အာ​ဗြ​ဟံ​သည် ငါ​တို့​အ​ဘ​ဖြစ်၏​ဟု ဆို​ကြ၏။ ယေ​ရှု​က​လည်း၊ သင်​တို့​သည် အာ​ဗြ​ဟံ၏​သား​မှန်​လျှင် အာ​ဗြ​ဟံ၏​အ​ကျင့်​ကို ကျင့်​ကြ​လိမ့်​မည်။- ဘု​ရား​သ​ခင့် အ​ထံ​တော်၌ ကြား​ရ​သော​သ​စ္စာ​တ​ရား​ကို သင်​တို့​အား ဟော​ပြော​သော​သူ​တည်း​ဟူ​သော ငါ့​ကို​သတ်​အံ့​သော​ငှာ သင်​တို့​သည် ယ​ခု​ရှာ​ကြံ​ကြ၏။ အာ​ဗြ​ဟံ​သည် ထို​နည်း​တူ​ကျင့်​သည်​မ​ဟုတ်။- သင်​တို့​သည် သင်​တို့​အ​ဘ၏​အ​ကျင့်​ကို ကျင့်​ကြ၏​ဟု မိန့်​တော်​မူ၏။ ထို​သူ​တို့​က​လည်း၊ ငါ​တို့​သည် မျောက်​မ​ထား​သော​အ​မျိုး မ​ဟုတ်။ ဘု​ရား​သ​ခင်​တည်း​ဟူ​သော ငါ​တို့​အ​ဘ​တစ်​ပါး​တည်း​ရှိ​တော်​မူ​သည်​ဟု ဆို​ကြ၏။- ယေ​ရှု​က​လည်း၊ ဘု​ရား​သ​ခင်​သည် သင်​တို့​အ​ဘ​မှန်​လျှင် သင်​တို့​သည် ငါ့​ကို​ချစ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​မှ ထွက်​ကြွ​ရောက်​လာ၏။ ကိုယ်​အ​လို​အ​လျောက် လာ​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ၏။- အ​ဘယ်​ကြောင့်​ငါ့​စ​ကား​ကို နား​မ​လည်​ကြ​သ​နည်း။ ငါ၏​ဒေ​သ​နာ​ကို နား​မ​ခံ​မ​ယူ​နိုင်​သော​ကြောင့်​သာ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​လည်​ကြ။- သင်​တို့​သည် သင်​တို့​အ​ဘ​တည်း​ဟူ​သော မာရ်​နတ်​မှ​ဆင်း​သက်​ကြ၏။ သင်​တို့​အ​ဘ၏​အ​လို​သို့​လည်း လိုက်​တတ်​ကြ၏။ မာရ်​နတ်​သည် ရှေ့​ဦး​စွာ​မှ​စ​၍ လူ​အ​သက်​ကို​သတ်​သော​သူ ဖြစ်၏။ သူ၌​သ​စ္စာ​တ​ရား​မ​ရှိ​သော​ကြောင့် သ​စ္စာ​တ​ရား၌ မ​တည်​မ​နေ။ သူ​သည် မု​သား​စ​ကား​ကို​ပြော​သော​အ​ခါ မိ​မိ​ပ​က​တိ​အ​တိုင်း​ပြော၏။ မု​သား​စ​ကား၌ ကျင်​လည်​သော​သူ​ဖြစ်၏။ မု​သား​၏​အ​ဘ​လည်း ဖြစ်၏။- ငါ​သည်​သ​စ္စာ​စ​ကား​ကို ပြော​သော​ကြောင့် သင်​တို့​မ​ယုံ​ကြ။- ငါ၌ အ​ပြစ်​ရှိ​ကြောင်း​ကို သင်​တို့​တွင် အ​ဘယ်​သူ​ဖော်​ပြ​သ​နည်း။ သ​စ္စာ​စ​ကား​ကို​ငါ​ပြော​သည်​မှန်​လျှင် အ​ဘယ်​ကြောင့်​သင်​တို့ မ​ယုံ​ကြ​သ​နည်း။

ရှင်ယောဟန် 8:37-46 Common Language Bible (BCL)

သင်​တို့​သည်​အာ​ဗြ​ဟံ​၏​သား​မြေး​ဖြစ်​သည်​ကို ငါ​သိ​၏။ သို့​ရာ​တွင်​သင်​တို့​သည်​ငါ​၏​သွန်​သင် ချက်​ကို​လက်​မ​ခံ​လို​သ​ဖြင့် ငါ့​ကို​သတ်​ရန် ကြိုး​စား​ကြ​၏။- ငါ​သည်​ငါ့​ခမည်း​တော်​ထံ​မှ​သိ​ရှိ​သော​အ​ရာ များ​ကို​ဟော​ပြော​၏။ သင်​တို့​မူ​ကား​သင်​တို့ အ​ဖ​ညွှန်​ကြား​သည့်​အ​တိုင်း​ပြု​ကြ​၏'' ဟု မိန့်​တော်​မူ​၏။ ထို​သူ​တို့​က ``အ​ကျွန်ုပ်​တို့​၏​အ​ဖ​သည် အာ​ဗြ​ဟံ​ဖြစ်​ပါ​၏'' ဟု​ဆို​ကြ​၏။ သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​အာ​ဗြ​ဟံ​၏ သား​မြေး​များ​ဖြစ်​ပါ​မူ အာ​ဗြ​ဟံ​ကဲ့​သို့ ပြု​ကျင့်​ကြ​လိမ့်​မည်။- ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကြား​နာ​ခဲ့​ရ​သည့် သမ္မာ​တ​ရား​ကို သင်​တို့​အား​ဟော​ပြော​သူ​ငါ့ ကို​သတ်​ရန်​သင်​တို့​ကြံ​စည်​လျက်​နေ​ကြ​၏။ အာ​ဗြ​ဟံ​ကား​ဤ​သို့​မ​ကျင့်​ခဲ့။- သင်​တို့​သည်​သင်​တို့​အ​ဖ​ကဲ့​သို့​ကျင့်​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​တို့​က ``အ​ကျွန်ုပ်​တို့​သည်​ဖ​ခင်​မဲ့​မွေး သော​သား​များ​မ​ဟုတ်။ အ​ကျွန်ုပ်​တို့​မှာ​ဘု​ရား သ​ခင်​တည်း​ဟူ​သော​ဖ​ခင်​တစ်​ပါး​တည်း​ရှိ​၏'' ဟု​ဆို​ကြ​၏။ သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​သည်​သင်​တို့​၏ အ​ဖ​ဖြစ်​ပါ​မူ သင်​တို့​သည်​ငါ့​ကို​ချစ်​ကြ​လိမ့် မည်။ ငါ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​မှ​လာ​၍ ယ​ခု​ဤ​အ​ရပ်​သို့​ရောက်​ရှိ​နေ​၏။ ကိုယ်​ပိုင် အ​ခွင့်​အာ​ဏာ​အ​ရ​လာ​သည်​မ​ဟုတ်။ ကိုယ် တော်​သည်​ငါ့​ကို​စေ​လွှတ်​တော်​မူ​၏။- ငါ​ဟော​ပြော​သည့်​တ​ရား​ကို​အ​ဘယ်​ကြောင့် သင်​တို့​နား​မ​လည်​ကြ​သ​နည်း။ သင်​တို့​တွင် ငါ​၏​တ​ရား​ကို နာ​ယူ​နိုင်​စွမ်း​မ​ရှိ​သော​ကြောင့် ပင်​ဖြစ်​၏။- သင်​တို့​၏​အ​ဖ​သည်​မာရ်​နတ်​ဖြစ်​၏။ သို့​ဖြစ်​၍ သင်​တို့​အ​ဖ​၏​အ​လို​သို့​လိုက်​၍​သင်​တို့​ပြု ကြ​၏။ မာရ်​နတ်​သည်​အ​စ​က​ပင်​လျှင်​လူ သတ်​သ​မား​ဖြစ်​၏။ သူ​သည်​သမ္မာ​တ​ရား ကင်း​မဲ့​သူ​ဖြစ်​၍​သမ္မာ​တ​ရား​တွင်​မ​ကျင် လည်၊ လိမ်​လည်​ပြော​ဆို​တတ်​သူ​ဖြစ်​၏။ သူ သည်​ကား​မု​သား​၏​အ​ဖ​ဖြစ်​၍ မိ​မိ​ပင်​ကို ဇာ​တိ​သ​ဘော​အ​ရ​မု​သား​ကို​ပြော​တတ်​၏။- ငါ​သည်​သစ္စာ​စ​ကား​ကို​ပြော​သော​ကြောင့်​သင် တို့​ငါ့​ကို​မ​ယုံ​ကြ။- ငါ​သည်​အ​ပြစ်​ကူး​သူ​ဖြစ်​ကြောင်း​အ​ဘယ် သူ​သက်​သေ​ပြ​နိုင်​သ​နည်း။ ငါ​သည်​သစ္စာ​စ​ကား ကို​ပြော​ဆို​လျှင်​အ​ဘယ်​ကြောင့်​သင်​တို့​မ​ယုံ ကြ​သ​နည်း။

ရှင်ယောဟန် 8:37-46 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​သည် အာဗြဟံ​၏​အမျိုးအနွယ်​ဖြစ်​ကြောင်း​ကို ငါ​သိ​၏။ သို့ရာတွင် ငါ​၏​တရား​စကား​သည် သင်​တို့​ထဲ၌​နေရာ​မ​ရ​သောကြောင့် သင်​တို့​သည် ငါ့​ကို​သတ်​ရန် ရှာကြံ​နေ​ကြ​၏။ ငါ​သည် ခမည်းတော်​ထံ၌​မြင်​ရ​သော​အရာ​များ​ကို ဟောပြော​၏။ သင်​တို့​မူကား သင်​တို့​၏​အဖ​ထံမှ​ကြား​ခဲ့​ရ​သော​အရာ​များ​ကို ပြု​ကြ​၏”​ဟု မိန့်​တော်မူ​လျှင် ထို​သူ​တို့​က “အကျွန်ုပ်​တို့​၏​အဖ​သည် အာဗြဟံ​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ ယေရှု​က​လည်း“သင်​တို့​သည် အာဗြဟံ​၏​သားသမီး​များ​ဖြစ်​ကြ​သည်​မှန်​လျှင် အာဗြဟံ​ပြု​သော​အမှု​များ​ကို ပြု​ကြ​လိမ့်မည်။ သို့သော် ယခု​တွင် ဘုရားသခင်​ထံမှ​ကြား​ရ​သည့်​သမ္မာတရား​ကို သင်​တို့​အား​ဟောပြော​ခဲ့​သူ​ငါ့​ကို သတ်​ရန် သင်​တို့​ရှာကြံ​နေ​ကြ​၏။ အာဗြဟံ​ကား ဤသို့​ပြု​ခဲ့​သည်​မ​ဟုတ်။ သင်​တို့​သည် သင်​တို့​အဖ​ပြု​သော​အမှု​များ​ကို ပြု​ကြ​၏”​ဟု မိန့်​တော်မူ​လျှင် ထို​သူ​တို့​က “အကျွန်ုပ်​တို့​သည် တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အားဖြင့် မွေး​လာ​သော​သူ​များ​မ​ဟုတ်။ အကျွန်ုပ်​တို့​၌ တစ်ပါးတည်း​သော​အဖ​ဘုရားသခင်​ရှိ​သည်”​ဟု ဆို​ကြ​၏။ ယေရှု​က“ငါ​သည် ဘုရားသခင်​ထံမှ​ကြွလာ​ပြီး ယခု​ရောက်​ရှိ​နေ​ပြီ​ဖြစ်၍ ဘုရားသခင်​သည် သင်​တို့​၏​အဖ​ဖြစ်​လျှင် သင်​တို့​သည် ငါ့​ကို​ချစ်​ခဲ့​ကြ​ပေ​လိမ့်မည်။ အကြောင်းမူကား ငါ​သည် ကိုယ့်​ဆန္ဒ​အလျောက်​လာ​သည်​မ​ဟုတ်။ ဘုရားသခင်​သည် ငါ့​ကို​စေလွှတ်​တော်မူ​၏။ သင်​တို့​သည် ငါ​ပြောဆို​သော​စကား​ကို အဘယ်ကြောင့်​နား​မ​လည်​ကြ​သနည်း။ ငါ​၏​တရား​စကား​ကို သင်​တို့​နာယူ​နိုင်စွမ်း​မ​ရှိ​သောကြောင့်​ဖြစ်​၏။ သင်​တို့​သည် သင်​တို့​၏​အဖ​မာရ်နတ်​နှင့်​စပ်ဆိုင်​ကြ​ပြီး သင်​တို့​အဖ​၏​ဆန္ဒ​အတိုင်း​ပြု​လို​ကြ​၏။ မာရ်နတ်​သည် အစအဦး​ကပင် လူသတ်သမား​ဖြစ်​၏။ သူ​၌​သမ္မာတရား​မ​ရှိ​သောကြောင့် သမ္မာတရား​၌​မ​ရပ်တည်။ သူ​သည် လိမ်လည်​သော​သူ​ဖြစ်​ပြီး လိမ်လည်​ခြင်း​၏​အဖ​လည်း​ဖြစ်​သောကြောင့် လိမ်လည်​ပြောဆို​သောအခါ မိမိ​ပင်ကိုစရိုက်​အတိုင်း​ပြောဆို​၏။ ငါ​မူကား သမ္မာတရား​ကို​ပြောဆို​သောကြောင့် သင်​တို့​သည် ငါ့​ကို​မ​ယုံကြည်​ကြ။ သင်​တို့​တွင် မည်သူ​သည် ငါ​၌​အပြစ်​ရှိ​ကြောင်း ဖော်ပြ​နိုင်​သနည်း။ သမ္မာတရား​ကို ငါ​ပြောဆို​သည်​မှန်​လျှင် အဘယ်ကြောင့် သင်​တို့​သည် ငါ့​ကို​မ​ယုံကြည်​ကြ​သနည်း။