YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 8:37-46

ရှင်ယောဟန် 8:37-46 JBMLE

သင်​တို့​သည် အာ​ဗြ​ဟံ​အ​မျိုး​ဖြစ်​ကြ​သည်​ကို ငါ​သိ၏။ သို့​သော်​လည်း ငါ၏​ဒေ​သ​နာ​သည် သင်​တို့၌ တည်​နေ​ရာ​ကို မ​ရ​သော​ကြောင့် သင်​တို့​သည် ငါ့​ကို သတ်​အံ့​သော​ငှာ ရှာ​ကြံ​ကြ၏။- ငါ​သည်​ငါ့​ခ​မည်း​တော်​ထံ၌ မြင်​ခဲ့​ပြီး​သည်​အ​တိုင်း ဟော​ပြော၏။ သင်​တို့​သည် သင်​တို့၏​အ​ဘ​ထံ၌ မြင်​ခဲ့​ပြီး​သည်​အ​တိုင်း ပြု​ကြ၏​ဟု မိန့်​တော်​မူ၏။- ထို​သူ​တို့​က​လည်း၊ အာ​ဗြ​ဟံ​သည် ငါ​တို့​အ​ဘ​ဖြစ်၏​ဟု ဆို​ကြ၏။ ယေ​ရှု​က​လည်း၊ သင်​တို့​သည် အာ​ဗြ​ဟံ၏​သား​မှန်​လျှင် အာ​ဗြ​ဟံ၏​အ​ကျင့်​ကို ကျင့်​ကြ​လိမ့်​မည်။- ဘု​ရား​သ​ခင့် အ​ထံ​တော်၌ ကြား​ရ​သော​သ​စ္စာ​တ​ရား​ကို သင်​တို့​အား ဟော​ပြော​သော​သူ​တည်း​ဟူ​သော ငါ့​ကို​သတ်​အံ့​သော​ငှာ သင်​တို့​သည် ယ​ခု​ရှာ​ကြံ​ကြ၏။ အာ​ဗြ​ဟံ​သည် ထို​နည်း​တူ​ကျင့်​သည်​မ​ဟုတ်။- သင်​တို့​သည် သင်​တို့​အ​ဘ၏​အ​ကျင့်​ကို ကျင့်​ကြ၏​ဟု မိန့်​တော်​မူ၏။ ထို​သူ​တို့​က​လည်း၊ ငါ​တို့​သည် မျောက်​မ​ထား​သော​အ​မျိုး မ​ဟုတ်။ ဘု​ရား​သ​ခင်​တည်း​ဟူ​သော ငါ​တို့​အ​ဘ​တစ်​ပါး​တည်း​ရှိ​တော်​မူ​သည်​ဟု ဆို​ကြ၏။- ယေ​ရှု​က​လည်း၊ ဘု​ရား​သ​ခင်​သည် သင်​တို့​အ​ဘ​မှန်​လျှင် သင်​တို့​သည် ငါ့​ကို​ချစ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​မှ ထွက်​ကြွ​ရောက်​လာ၏။ ကိုယ်​အ​လို​အ​လျောက် လာ​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ၏။- အ​ဘယ်​ကြောင့်​ငါ့​စ​ကား​ကို နား​မ​လည်​ကြ​သ​နည်း။ ငါ၏​ဒေ​သ​နာ​ကို နား​မ​ခံ​မ​ယူ​နိုင်​သော​ကြောင့်​သာ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​လည်​ကြ။- သင်​တို့​သည် သင်​တို့​အ​ဘ​တည်း​ဟူ​သော မာရ်​နတ်​မှ​ဆင်း​သက်​ကြ၏။ သင်​တို့​အ​ဘ၏​အ​လို​သို့​လည်း လိုက်​တတ်​ကြ၏။ မာရ်​နတ်​သည် ရှေ့​ဦး​စွာ​မှ​စ​၍ လူ​အ​သက်​ကို​သတ်​သော​သူ ဖြစ်၏။ သူ၌​သ​စ္စာ​တ​ရား​မ​ရှိ​သော​ကြောင့် သ​စ္စာ​တ​ရား၌ မ​တည်​မ​နေ။ သူ​သည် မု​သား​စ​ကား​ကို​ပြော​သော​အ​ခါ မိ​မိ​ပ​က​တိ​အ​တိုင်း​ပြော၏။ မု​သား​စ​ကား၌ ကျင်​လည်​သော​သူ​ဖြစ်၏။ မု​သား​၏​အ​ဘ​လည်း ဖြစ်၏။- ငါ​သည်​သ​စ္စာ​စ​ကား​ကို ပြော​သော​ကြောင့် သင်​တို့​မ​ယုံ​ကြ။- ငါ၌ အ​ပြစ်​ရှိ​ကြောင်း​ကို သင်​တို့​တွင် အ​ဘယ်​သူ​ဖော်​ပြ​သ​နည်း။ သ​စ္စာ​စ​ကား​ကို​ငါ​ပြော​သည်​မှန်​လျှင် အ​ဘယ်​ကြောင့်​သင်​တို့ မ​ယုံ​ကြ​သ​နည်း။