YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 5:31-47

ရှင်ယောဟန် 5:31-47 Judson Bible (JBMLE)

ငါ​သည် ကိုယ်​အ​ကြောင်း​ကို သက်​သေ​ခံ​လျှင် ငါ့​သက်​သေ​မ​တည်။- ငါ၏​အ​ကြောင်း​ကို သက်​သေ​ခံ​သော​သူ တစ်​ပါး​ရှိ​သေး၏။ ထို​သူ၏​သက်​သေ​တည်​ကြောင်း​ကို ငါ​သိ၏။- သင်​တို့​သည် ယော​ဟန်​ထံ​သို့​စေ​လွှတ်​ကြ၏။ သူ​သည် သ​မ္မာ​တ​ရား​ဘက်၌ သက်​သေ​ခံ၏။- သို့​သော်​လည်း လူ​ပေး​သော​သက်​သေ​ကို ငါ​သည်​ပ​မာ​ဏ​မ​ပြု။ သင်​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း ဤ​စ​ကား​ကို ငါ​ပြော၏။- ယော​ဟန်​သည် ညှိ​ထွန်း၍​လင်း​သော ဆီ​မီး​ဖြစ်၏။ သင်​တို့​သည် သူ၏​အ​လင်း၌ ခ​ဏ​သာ​မွေ့​လျော်​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။- ယော​ဟန်၏​သက်​သေ​ထက် သာ၍​ကြီး​သော​သက်​သေ​သည် ငါ၌​ရှိ၏။ အ​ကြင်​အ​မှု​တို့​ကို ငါ​ပြီး​စီး​စေ​ခြင်း​ငှာ ခ​မည်း​တော်​သည် ငါ့​လက်​သို့ အပ်​ပေး​တော်​မူ၍၊ ငါ​ပြု​သော ထို​အ​မှု​တို့​သည်​လည်း ငါ့​ဘက်၌​နေ၍၊ ခ​မည်း​တော်​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သည်​အ​ကြောင်း​ကို သက်​သေ​ခံ​ကြ၏။- ခ​မည်း​တော်​သည်​လည်း ငါ့​ဘက်၌ သက်​သေ​ခံ​တော်​မူ၏။ ခ​မည်း​တော်၏​စ​ကား​သံ​တော်​ကို သင်​တို့​သည် မ​ကြား၊ သ​ဏ္ဌာန်​တော်​ကို မ​မြင်၊- နှုတ်​က​ပတ်​တော်​သည်​လည်း သင်​တို့၌​မ​တည်။ အ​ကြောင်း​မူ​ကား၊ စေ​လွှတ်​တော်​မူ​သော​သူ​ကို သင်​တို့​သည် မ​ယုံ​ကြည်​ဘဲ​နေ​ကြ၏။ ကျမ်း​စာ​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ကို​ရ​မည်​ဟု စိတ်​ထင်​နှင့် သင်​တို့​သည် ကျမ်း​စာ​ကို​စေ့​စေ့​ကြည့်​ရှု​ကြ၏။ ထို​ကျမ်း​စာ​ပင် ငါ၏​သက်​သေ​ဖြစ်၏။- သင်​တို့​သည် အ​သက်​ကို​ရ​အောင် ငါ့​ထံ​သို့ လာ​ခြင်း​ငှာ အ​လို​မ​ရှိ​ကြ၊- လူ​ပေး​သော​ဘုန်း​အ​သ​ရေ​ကို ငါ​မ​ခံ။- သို့​သော်​လည်း ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​မေ​တ္တာ​သည် သင်​တို့၌ မ​ရှိ​သည်​ကို ငါ​သိ၏။- ငါ​သည်​ခ​မည်း​တော်၏​အ​ခွင့်​နှင့် ရောက်​လာ​သော်​လည်း သင်​တို့​သည် ငါ့​ကို​လက်​မ​ခံ​ကြ။ အ​ခြား​သော​သူ​သည် မိ​မိ​အ​ခွင့်​နှင့်​ရောက်​လာ​လျှင် ထို​သူ​ကို လက်​ခံ​ကြ​လိမ့်​မည်။- အ​ချင်း​ချင်း​ပေး​သော ဘုန်း​အ​သ​ရေ​ကို​သာ​ခံ၍၊ ဘု​ရား​သ​ခင်​သာ​လျှင် ပေး​တော်​မူ​တတ်​သော ဘုန်း​အ​သ​ရေ​ကို အ​လို​မ​ရှိ​သော​သင်​တို့​သည် အ​ဘယ်​သို့ ယုံ​ကြည်​နိုင်​မည်​နည်း။- ခ​မည်း​တော်​ရှေ့၌ ငါ​သည် သင်​တို့​ကို​အ​ပြစ်​တင်​မည်​ဟု မ​ထင်​ကြ​နှင့်။ သင်​တို့​ကို အ​ပြစ်​တင်​သော​သူ တစ်​ပါး​ရှိ​သေး၏။ ထို​သူ​ကား သင်​တို့​ကိုး​စား​သော မော​ရှေ​ပေ​တည်း။- သင်​တို့​သည် မော​ရှေ၏​စ​ကား​ကို ယုံ​လျှင် ငါ့​စ​ကား​ကို မ​ယုံ​ဘဲ​မ​နေ​နိုင်​ကြ။ အ​ကြောင်း​မူ​ကား၊ မော​ရှေ​သည် ငါ့​အ​ကြောင်း​ကို ရေး​ထား၏။- သူ​ရေး​ထား​သော​စာ​ကို သင်​တို့​သည်​မ​ယုံ​လျှင်၊ ငါ့​စ​ကား​ကို အ​ဘယ်​သို့​ယုံ​နိုင်​မည်​နည်း​ဟု ယု​ဒ​လူ​တို့​အား မိန့်​တော်​မူ၏။

ရှင်ယောဟန် 5:31-47 Common Language Bible (BCL)

``ငါ​သည်​မိ​မိ​၏​အ​ကြောင်း​ကို​သက်​သေ​ခံ​လျှင် ငါ​၏​သက်​သေ​ခံ​ချက်​သည်​ခိုင်​လုံ​ခြင်း​မ​ရှိ။- သို့​ရာ​တွင်​ငါ့​အ​ကြောင်း​ကို​သက်​သေ​ခံ​သူ တစ်​ပါး​ရှိ​၏။ သူ​၏​သက်​သေ​ခံ​ချက်​သည်​မှန် ကန်​ကြောင်း​ကို​ငါ​သိ​၏။- သင်​တို့​သည်​ယော​ဟန်​၏​ထံ​သို့​စေ​တ​မန်​များ စေ​လွှတ်​ခဲ့​ကြ​၏။ သူ​သည်​သမ္မာ​တ​ရား​ဘက် က​သက်​သေ​ခံ​၏။- ငါ့​အ​ကြောင်း​ကို​လူ​တစ်​စုံ​တစ်​ယောက်​က သက်​သေ​ခံ​ရန်​လို​၍​မ​ဟုတ်။ သင်​တို့​ကယ်​တင် ခြင်း​ခံ​ရ​စေ​ရန်​သာ​ဤ​စ​ကား​ကို​ငါ​ပြော ၏။- ယော​ဟန်​သည်​အ​လျှံ​ထ​၍​ထွန်း​လင်း​နေ​သော ဆီ​မီး​ခွက်​သ​ဖွယ်​ဖြစ်​သ​ဖြင့် သင်​တို့​သည်​သူ ၏​အ​လင်း​ရောင်​တွင်​ခ​ဏ​မျှ​သာ​ပျော်​မွေ့​လို ကြ​၏။- သို့​ရာ​တွင်​ယော​ဟန်​၏​သက်​သေ​ခံ​ချက်​ထက် ကြီး​မြတ်​သည့်​သက်​သေ​ခံ​ချက်​ငါ့​မှာ​ရှိ​၏။ ခ​မည်း​တော်​ငါ့​အား​ပေး​အပ်​သ​ဖြင့် ယ​ခု​ငါ လုပ်​ဆောင်​လျက်​ရှိ​သည့်​အ​မှု​အ​ရာ​များ​က​ပင် ငါ့​ကို​ခ​မည်း​တော်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို သက်​သေ​ခံ​ကြ​၏။- ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​ကိုယ် တိုင်​က​လည်း ငါ့​အ​ကြောင်း​ကို​သက်​သေ​ခံ​တော် မူ​၏။ သင်​တို့​သည်​ခ​မည်း​တော်​၏​အ​သံ​တော် ကို​အ​ဘယ်​အ​ခါ​က​မျှ​မ​ကြား​ဘူး​ကြ။ သဏ္ဌာန်​တော်​ကို​လည်း​မ​မြင်​ဘူး​ကြ။- ခ​မည်း​တော်​စေ​လွှတ်​တော်​မူ​သော​သူ​ကို မ​ယုံ​ကြည်​ကြ​သ​ဖြင့် နှုတ်​က​ပတ်​တော်​သည် သင်​တို့​၏​စိတ်​နှ​လုံး​တွင်​မ​ကိန်း​အောင်း။- ကျမ်း​စာ​တော်​တွင်​ရှာ​ဖွေ​၍​ထာ​ဝ​ရ​အ​သက် ကို​တွေ့​ရှိ​လိမ့်​မည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​သ​ဖြင့် ကျမ်း​စာ​တော်​ကို​အ​ပတ်​တ​ကုတ်​လေ့​လာ​ကြ​၏။ ထို​ကျမ်း​စာ​တော်​က​ပင်​လျှင်​ငါ့​အ​ကြောင်း​ကို သက်​သေ​ခံ​၏။- သို့​သော်​လည်း​သင်​တို့​သည်​အ​သက်​ရ​အံ့​သော ငှာ​ငါ့​ထံ​သို့​မ​လာ​လို​ကြ။ ``လူ​တို့​ချီး​မွမ်း​ဂုဏ်​ပြု​ခြင်း​ကို​ငါ​မ​ခံ​လို။ သို့​ရာ​တွင်​သင်​တို့​အ​ကြောင်း​ကို​ငါ​သိ​၏။ သင်​တို့​စိတ်​နှ​လုံး​တွင်​ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​မ​ရှိ​ကြ။- ငါ​သည်​ခ​မည်း​တော်​၏​အ​ခွင့်​အာ​ဏာ​နှင့် ရောက်​ရှိ​လာ​သော်​လည်း သင်​တို့​သည်​ငါ့​ကို လက်​မ​ခံ​ကြ။ အ​ခြား​သူ​တစ်​ဦး​တစ်​ယောက် သည် ကိုယ်​ပိုင်​အ​ခွင့်​အာ​ဏာ​နှင့်​ရောက်​ရှိ​လာ ပါ​မူ သင်​တို့​လက်​ခံ​ကြ​လိမ့်​မည်။- သင်​တို့​သည်​အ​ချင်း​ချင်း​ချီး​မွမ်း​ဂုဏ်​ပြု​ခြင်း ကို​ခံ​လို​ကြ​၏။ သို့​ရာ​တွင်​တစ်​ဆူ​တည်း​ရှိ​တော် မူ​သော​ဘု​ရား​သ​ခင်​၏​ချီး​မွမ်း​ဂုဏ်​ပြု​ခြင်း ကို​ခံ​ရန်​ကို​မူ​မ​ကြိုး​စား​ကြ။ သို့​ဖြစ်​၍​သင် တို့​သည်​ငါ့​ကို​အ​ဘယ်​သို့​ယုံ​ကြည်​နိုင်​ကြ မည်​နည်း။- သို့​သော်​ငါ​သည်​သင်​တို့​အား​ခ​မည်း​တော်​၏ ရှေ့​တော်​၌ အ​ပြစ်​တင်​စွပ်​စွဲ​လိမ့်​မည်​ဟု​မ​ထင် ကြ​နှင့်။ သင်​တို့​အား​အ​ပြစ်​တင်​မည့်​သူ​ကား သင်​တို့​ကိုး​စား​သော​မော​ရှေ​ပင်​ဖြစ်​၏။- မော​ရှေ​သည်​ငါ​၏​အ​ကြောင်း​ကို​ရေး​သား ဖော်​ပြ​ခဲ့​၏။ ထို့​ကြောင့်​မော​ရှေ​ကို​သင်​တို့ ယုံ​လျှင်​ငါ့​ကို​လည်း​ယုံ​ကြ​လိမ့်​မည်။- သို့​ရာ​တွင်​သင်​တို့​သည်​မော​ရှေ​ရေး​သား ဖော်​ပြ​ချက်​များ​ကို​မ​ယုံ​ကြ​သ​ဖြင့် အ​ဘယ် သို့​လျှင်​ငါ​၏​စ​ကား​ကို​ယုံ​နိုင်​ကြ​မည်​နည်း'' ဟု​မိန့်​တော်​မူ​၏။

ရှင်ယောဟန် 5:31-47 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​သည် ကိုယ့်​အကြောင်း​ကို​သက်သေခံ​လျှင် ငါ​၏​သက်သေခံ​ချက်​သည် မှန်ကန်​မှု​မ​ရှိ။ ငါ့​အကြောင်း​ကို​သက်သေခံ​သည့် အခြား​သော​အရှင်​တစ်​ပါး​ရှိ​၏။ ထို​အရှင်​ပေး​သည့် ငါ​နှင့်​ပတ်သက်​သော​သက်သေခံ​ချက်​သည် မှန်ကန်​ကြောင်း​ကို ငါ​သိ​၏။ သင်​တို့​သည် ယောဟန်​ထံသို့ လူ​ကို​စေလွှတ်​ကြ​ရာ သူ​သည် သမ္မာတရား​ဘက်​၌​သက်သေခံ​ခဲ့​၏။ ထိုသို့ဆိုသော် လူ​၏​သက်သေခံ​ချက်​ကို ငါ​ခံယူ​သည်​မ​ဟုတ်။ သို့ရာတွင် သင်​တို့​ကယ်တင်​ခြင်း​ခံရ​ရန် ဤ​အရာ​များ​ကို ငါ​ပြော​၏။ ယောဟန်​သည် တောက်လောင်​၍​ထွန်းလင်း​သော​ဆီမီး​ဖြစ်​၏။ သင်​တို့​သည် သူ​၏​အလင်း​၌ ခေတ္တ​ခဏ​ရွှင်မြူး​လို​ကြ​၏။ ငါ​၌​မူကား ယောဟန်​ထက် ကြီးမြတ်​သော​သက်သေခံ​ချက်​ရှိ​၏။ ငါ​ပြီးမြောက်​အောင်​ဆောင်ရွက်​ရန် ငါ့​အား​ခမည်းတော်​ပေးအပ်​တော်မူ​သော​အမှု​များ​ဖြစ်​သည့် ယခု​ငါ​ပြု​နေ​သော​အမှု​များ​က​ပင် ခမည်းတော်​သည် ငါ့​အား​စေလွှတ်​တော်မူ​ကြောင်း​ကို သက်သေခံ​ကြ​၏။ ငါ့​ကို​စေလွှတ်​တော်မူ​သော ခမည်းတော်​ကိုယ်တိုင်​သည်​လည်း ငါ့​အကြောင်း​ကို သက်သေခံ​တော်မူ​၏။ သင်​တို့​မူကား တစ်ခါမျှ သူ​၏​အသံ​တော်​ကို​မ​ကြား၊ အဆင်း​သဏ္ဌာန်​တော်​ကို​လည်း​မ​မြင်​ဖူး​ကြ။ သူ​၏​နှုတ်ကပတ်​တော်​သည်​လည်း သင်​တို့​၌​မ​တည်​မ​ရှိ။ အဘယ်ကြောင့်​ဆိုသော် ခမည်းတော်​စေလွှတ်​တော်မူ​သော​သူ​ကို သင်​တို့​မ​ယုံကြည်​ကြ​သောကြောင့်​ဖြစ်​၏။ သင်​တို့​သည် ကျမ်းစာ​အားဖြင့် ထာဝရ​အသက်​ကို​ရရှိ​မည်​ဟု​ထင်မှတ်​၍ ကျမ်းစာ​ကို​စူးစမ်း​လေ့လာ​နေ​ကြ​၏။ ထို​ကျမ်းစာ​က​ပင် ငါ့​အကြောင်း​ကို သက်သေခံ​လျက်​ရှိ​၏။ သို့သော် သင်​တို့​သည် အသက်​ကို​ရရှိ​ရန် ငါ့​ထံသို့​မ​လာ​လို​ကြ။ ငါ​သည် လူ​တို့​ပေး​သော ဘုန်း​အသရေ​ကို​မ​ခံ​မ​ယူ။ မည်သို့ပင်ဖြစ်စေ သင်​တို့​၌ ဘုရားသခင်​ကို​ချစ်​သော​စိတ်​မ​ရှိ​ကြောင်း​ကို ငါ​သိ​၏။ ငါ​သည် ငါ့​ခမည်းတော်​၏​နာမ​အားဖြင့် ရောက်လာ​သော်လည်း သင်​တို့​သည် ငါ့​ကို​လက်​မ​ခံ​ကြ။ အခြား​သော​သူ​သည် မိမိ​ကိုယ်ပိုင်​နာမ​အားဖြင့် ရောက်လာ​လျှင် ထို​သူ​ကို သင်​တို့​လက်ခံ​ကြ​လိမ့်မည်။ အချင်းချင်း​ပေး​သော ဘုန်း​အသရေ​ကို​ခံယူ​ကြ​ပြီး တစ်ဆူတည်း​သော​ဘုရားသခင်​ပေး​သော ဘုန်း​အသရေ​ကို​မ​လိုလား​သော သင်​တို့​သည် မည်သို့​ယုံကြည်​နိုင်​ကြ​မည်နည်း။ ငါ​သည် ခမည်းတော်​ရှေ့၌ သင်​တို့​ကို​စွပ်စွဲ​မည်​ဟု​မ​ထင်​ကြ​နှင့်။ သင်​တို့​ကို​စွပ်စွဲ​သူ​မှာ သင်​တို့​မျှော်လင့်​အားထား​သော​မောရှေ​ပင်​ဖြစ်​၏။ မောရှေ​သည် ငါ့​အကြောင်း​ကို​ရေး​ထား​သည်​ဖြစ်၍ သင်​တို့​သည် မောရှေ​ကို​ယုံကြည်​ခဲ့​လျှင် ငါ့​ကို​လည်း ယုံကြည်​ခဲ့​ကြ​ပေ​လိမ့်မည်။ သို့ရာတွင် မောရှေ​၏​ကျမ်း​များ​ကို သင်​တို့​မ​ယုံကြည်​ကြ​လျှင် ငါ​၏​စကား​တို့​ကို မည်သို့​ယုံကြည်​ကြ​မည်နည်း”​ဟု မိန့်​တော်မူ​၏။