YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 5:21-29

ရှင်ယောဟန် 5:21-29 Judson Bible (JBMLE)

ခ​မည်း​တော်​သည် သေ​လွန်​သော​သူ​တို့​ကို ထ​မြောက်​ရှင်​ပြန်​စေ​တော်​မူ​သ​ကဲ့​သို့၊ ထို​နည်း​တူ သား​တော်​သည်​လည်း အ​လို​ရှိ​သ​မျှ​သော သူ​တို့​ကို ရှင်​စေ၏။- လူ​အ​ပေါင်း​တို့​သည် ခ​မည်း​တော်​ကို ရို​သေ​သည်​နည်း​တူ၊- သား​တော်​ကို ရို​သေ​စေ​မည်​အ​ကြောင်း၊ ခ​မည်း​တော်​သည် အ​ဘယ်​သူ​ကို​မျှ တ​ရား​စီ​ရင်​တော်​မ​မူ။ တ​ရား​စီ​ရင်​ခြင်း​အ​ခွင့် ရှိ​သ​မျှ​ကို သား​တော်​အား အပ်​ပေး​တော်​မူ၏။ သား​တော်​ကို မ​ရို​သေ​သော​သူ​သည်​ကား၊ သား​တော်​ကို​စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​ကို မ​ရို​သေ​သော​သူ​ဖြစ်၏။- ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​စ​ကား​ကို နား​ထောင်၍ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို ရ​သည်​ဖြစ်၍ အ​ပြစ်​စီ​ရင်​ခြင်း​ကို​မ​ခံ​ရ။ သေ​ခြင်း​မှ​အ​သက်​ရှင်​ခြင်း​သို့ ကူး​မြောက်​သော​သူ​ဖြစ်၏။ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သေ​လွန်​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​သား​တော်၏ စ​ကား​သံ​ကို​ကြား၍၊ ကြား​သော​အား​ဖြင့် အ​သက်​ရှင်​ရ​မည့်​အ​ချိန်​ကာ​လ​သည် လာ၍ ယ​ခု​ပင်​ရောက်​လျက်​ရှိ၏။- အ​ကြောင်း​မူ​ကား၊ ခ​မည်း​တော်​သည် ကိုယ်၌ အ​သက်​ရှိ​တော်​မူ​သည်​နည်း​တူ၊ သား​တော်​သည် မိ​မိ၌ အ​သက်​ရှိ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။- သား​တော်​သည် လူ​သား​ဖြစ်​သော​ကြောင့် တ​ရား​စီ​ရင်​ခြင်း​အ​ခွင့်​ကို​လည်း အပ်​ပေး​တော်​မူ၏။- ဤ​အ​မှု​အ​ရာ​ကို အံ့​ဩ​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်္ချိုင်း​များ​မှာ​ရှိ​သော သူ​အ​ပေါင်း​တို့​သည် သား​တော်၏ စ​ကား​သံ​ကို​ကြား၍၊- ထွက်​ရ​မည့်​အ​ချိန်​ကာ​လ ရောက်​လ​တ္တံ့။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​တို့​သည် အ​သက်​ရှင်​ရာ ထ​မြောက်​ခြင်း​သို့​လည်း​ကောင်း၊ ဆိုး​ယုတ်​သော​အ​ကျင့်​ကို ကျင့်​သော​သူ​တို့​သည် အ​ပြစ်​စီ​ရင်​ရာ ထ​မြောက်​ခြင်း​သို့​လည်း​ကောင်း ထွက်​ရ​ကြ​လ​တ္တံ့။

ရှင်ယောဟန် 5:21-29 Common Language Bible (BCL)

ခမည်း​တော်​သည်​သူ​သေ​များ​ကို​အ​သက်​ပြန် ရှင်​စေ​တော်​မူ​သ​ကဲ့​သို့ သား​တော်​သည်​လည်း မိ​မိ​အ​လို​ရှိ​သူ​များ​ကို​အ​သက်​ရှင်​စေ တော်​မူ​၏။- ခ​မည်း​တော်​သည်​အ​ဘယ်​သူ​ကို​မျှ​တ​ရား စီ​ရင်​တော်​မ​မူ။- သား​တော်​အား​တ​ရား​စီ​ရင်​ပိုင်​ခွင့်​ရှိ​သ​မျှ ကို​ပေး​အပ်​ထား​တော်​မူ​၏။ သို့​ဖြစ်​၍​လူ​တို့ သည်​ခ​မည်း​တော်​အား​ရို​သေ​ကြ​သည်​နည်း တူ သား​တော်​အား​ရို​သေ​ရ​ကြ​မည်။ သား​တော် အား​မ​ရို​သေ​သော​သူ​သည်​သား​တော်​ကို​စေ လွှတ်​တော်​မူ​သော​ခ​မည်း​တော်​အား​မ​ရို​သေ သူ​ဖြစ်​၏။ ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​၏​စ​ကား​ကို​ကြား​နာ​၍ ငါ့​ကို​စေ​လွှတ် တော်​မူ​သော​အ​ရှင်​ကို​ယုံ​ကြည်​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​၏။ သူ​သည်​တ​ရား စီ​ရင်​တော်​မူ​ခြင်း​ကို​မ​ခံ​ရ​ဘဲ သေ​ခြင်း မှ​အ​သက်​ရှင်​ခြင်း​သို့​ကူး​မြောက်​သော​သူ ဖြစ်​၏။- အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သူ​သေ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​တော် အ​သံ​ကို​ကြား​ရ​သည့်​အ​ချိန်​ကျ​ရောက် လာ​လိမ့်​မည်။ ထို​အ​ချိန်​သည်​ယ​ခု​ပင်​ကျ ရောက်​လျက်​ရှိ​ပြီ။ သား​တော်​၏​အ​သံ​ကို ကြား​ရ​သော​သူ​တို့​သည်​အ​သက်​ပြန်​၍ ရှင်​ကြ​လိမ့်​မည်။- ခ​မည်း​တော်​မှာ​အ​သက်​ပေး​ပိုင်​သော​တန်​ခိုး ရှိ​တော်​မူ​သည်​နည်း​တူ သား​တော်​တွင်​လည်း​ရှိ စေ​ရန်​ထို​တန်​ခိုး​ကို​သား​တော်​အား​အပ်​နှင်း ထား​တော်​မူ​၏။- သား​တော်​သည်​လူ​သား​ဖြစ်​တော်​မူ​သည်​နှင့် အ​ညီ တ​ရား​စီ​ရင်​ပိုင်​သော​တန်​ခိုး​အပ်​နှင်း ခြင်း​ကို​ခံ​ရ​၏။- ဤ​အ​ခြင်း​အ​ရာ​ကို​သင်​တို့​မ​အံ့​သြ​ကြ​နှင့်။ သင်္ချိုင်း​မှ​သူ​သေ​တို့​သည်​သား​တော်​၏​အ​သံ တော်​ကို​ကြား​၍​ထွက်​လာ​ကြ​မည့်​အ​ချိန်​ကျ ရောက်​လိမ့်​မည်။- အ​ကျင့်​ကောင်း​ကို​ပြု​ခဲ့​သူ​တို့​သည်​ထ​မြောက် ၍​အ​သက်​ရှင်​ကြ​ရ​လိမ့်​မည်။ အ​ကျင့်​ဆိုး​ကို ပြု​ခဲ့​သူ​တို့​မူ​ကား ထ​မြောက်​၍​အ​ပြစ်​စီ​ရင် ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

ရှင်ယောဟန် 5:21-29 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ခမည်းတော်​သည် သေလွန်​သော​သူ​တို့​ကို ထမြောက်​စေ​၍ အသက်ရှင်​စေ​တော်မူ​သကဲ့သို့ သား​တော်​သည်​လည်း မိမိ​အလိုရှိ​သော​သူ​တို့​ကို အသက်ရှင်​စေ​၏။ လူ​အပေါင်း​တို့​သည် ခမည်းတော်​ကို​ရိုသေ​သကဲ့သို့ သား​တော်​ကို​ရိုသေ​ကြ​ရန် ခမည်းတော်​သည် မည်သူ့​ကို​မျှ​တရား​စီရင်​တော်​မ​မူ​ဘဲ တရား​စီရင်​ခြင်း​အခွင့်​ရှိသမျှ​ကို သား​တော်​အား​ပေးအပ်​တော်မူ​ပြီ​။ သား​တော်​ကို​မ​ရိုသေ​သော​သူ​သည် သား​တော်​ကို​စေလွှတ်​တော်မူ​သော ခမည်းတော်​ကို​မ​ရိုသေ​။ သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ့​စကား​ကို​နားထောင်​၍ ငါ့​ကို​စေလွှတ်​တော်မူ​သော​သူ​ကို ယုံကြည်​သော​သူ​သည် ထာဝရ​အသက်​ကို​ရရှိ​သည်​ဖြစ်၍ အပြစ်​စီရင်​ခြင်း​ကို​မ​ခံရ​ဘဲ သေ​ခြင်း​မှ အသက်ရှင်​ခြင်း​သို့ ကူးပြောင်း​ပြီ​ဖြစ်​၏။ သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သေလွန်​သော​သူ​တို့​သည် ဘုရားသခင်​သား​တော်​၏​အသံ​ကို​ကြား​၍ ကြား​သော​သူ​တို့​သည် အသက်ရှင်​မည့်​အချိန်​ရောက်​လာ​မည်​ဖြစ်ရာ ယခု​ပင်​ရောက်​လာ​လေ​ပြီ။ အကြောင်းမူကား ခမည်းတော်​သည် မိမိ​၌​အသက်​ကို​ပိုင်ဆိုင်​တော်မူ​သည်​နည်းတူ သား​တော်​အား​လည်း မိမိ​၌​အသက်​ကို​ပိုင်ဆိုင်​ခွင့်​ပေး​တော်မူ​၏။ သား​တော်​သည် လူ့သား​ဖြစ်​သောကြောင့် ခမည်းတော်​သည် တရား​စီရင်​ပိုင်ခွင့်​ကို​လည်း သား​တော်​အား​ပေး​အပ်​တော်မူ​ပြီ။ ဤ​အမှုအရာ​ကို အံ့သြ​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်္ချိုင်း​များ​၌​ရှိ​သော​သူ​အပေါင်း​တို့​သည် သား​တော်​၏​အသံ​ကို​ကြား​၍ ထွက်လာ​မည့်​အချိန်​ရောက်​လာ​လိမ့်မည်။ ကောင်း​သော​အမှု​ကို​ပြု​သော​သူ​တို့​သည် အသက်ရှင်​ခြင်း​နှင့်ဆိုင်သော​ရှင်ပြန်​ထမြောက်​ခြင်း​သို့​လည်းကောင်း၊ ဆိုးညစ်​သော​အမှု​ကို​ပြုကျင့်​သော​သူ​တို့​သည် အပြစ်​စီရင်​ခြင်း​နှင့်ဆိုင်သော​ရှင်ပြန်​ထမြောက်​ခြင်း​သို့​လည်းကောင်း အသီးသီး​ထွက်လာ​ကြ​လိမ့်မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။