YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 5:21-29

ရှင်ယောဟန် 5:21-29 BCL

ခမည်း​တော်​သည်​သူ​သေ​များ​ကို​အ​သက်​ပြန် ရှင်​စေ​တော်​မူ​သ​ကဲ့​သို့ သား​တော်​သည်​လည်း မိ​မိ​အ​လို​ရှိ​သူ​များ​ကို​အ​သက်​ရှင်​စေ တော်​မူ​၏။- ခ​မည်း​တော်​သည်​အ​ဘယ်​သူ​ကို​မျှ​တ​ရား စီ​ရင်​တော်​မ​မူ။- သား​တော်​အား​တ​ရား​စီ​ရင်​ပိုင်​ခွင့်​ရှိ​သ​မျှ ကို​ပေး​အပ်​ထား​တော်​မူ​၏။ သို့​ဖြစ်​၍​လူ​တို့ သည်​ခ​မည်း​တော်​အား​ရို​သေ​ကြ​သည်​နည်း တူ သား​တော်​အား​ရို​သေ​ရ​ကြ​မည်။ သား​တော် အား​မ​ရို​သေ​သော​သူ​သည်​သား​တော်​ကို​စေ လွှတ်​တော်​မူ​သော​ခ​မည်း​တော်​အား​မ​ရို​သေ သူ​ဖြစ်​၏။ ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​၏​စ​ကား​ကို​ကြား​နာ​၍ ငါ့​ကို​စေ​လွှတ် တော်​မူ​သော​အ​ရှင်​ကို​ယုံ​ကြည်​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​၏။ သူ​သည်​တ​ရား စီ​ရင်​တော်​မူ​ခြင်း​ကို​မ​ခံ​ရ​ဘဲ သေ​ခြင်း မှ​အ​သက်​ရှင်​ခြင်း​သို့​ကူး​မြောက်​သော​သူ ဖြစ်​၏။- အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သူ​သေ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​တော် အ​သံ​ကို​ကြား​ရ​သည့်​အ​ချိန်​ကျ​ရောက် လာ​လိမ့်​မည်။ ထို​အ​ချိန်​သည်​ယ​ခု​ပင်​ကျ ရောက်​လျက်​ရှိ​ပြီ။ သား​တော်​၏​အ​သံ​ကို ကြား​ရ​သော​သူ​တို့​သည်​အ​သက်​ပြန်​၍ ရှင်​ကြ​လိမ့်​မည်။- ခ​မည်း​တော်​မှာ​အ​သက်​ပေး​ပိုင်​သော​တန်​ခိုး ရှိ​တော်​မူ​သည်​နည်း​တူ သား​တော်​တွင်​လည်း​ရှိ စေ​ရန်​ထို​တန်​ခိုး​ကို​သား​တော်​အား​အပ်​နှင်း ထား​တော်​မူ​၏။- သား​တော်​သည်​လူ​သား​ဖြစ်​တော်​မူ​သည်​နှင့် အ​ညီ တ​ရား​စီ​ရင်​ပိုင်​သော​တန်​ခိုး​အပ်​နှင်း ခြင်း​ကို​ခံ​ရ​၏။- ဤ​အ​ခြင်း​အ​ရာ​ကို​သင်​တို့​မ​အံ့​သြ​ကြ​နှင့်။ သင်္ချိုင်း​မှ​သူ​သေ​တို့​သည်​သား​တော်​၏​အ​သံ တော်​ကို​ကြား​၍​ထွက်​လာ​ကြ​မည့်​အ​ချိန်​ကျ ရောက်​လိမ့်​မည်။- အ​ကျင့်​ကောင်း​ကို​ပြု​ခဲ့​သူ​တို့​သည်​ထ​မြောက် ၍​အ​သက်​ရှင်​ကြ​ရ​လိမ့်​မည်။ အ​ကျင့်​ဆိုး​ကို ပြု​ခဲ့​သူ​တို့​မူ​ကား ထ​မြောက်​၍​အ​ပြစ်​စီ​ရင် ခြင်း​ကို​ခံ​ရ​လိမ့်​မည်။