YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 5:1-6

ရှင်ယောဟန် 5:1-6 Judson Bible (JBMLE)

ထို​နောက်​မှ ယု​ဒ​ပွဲ​ခံ​စဉ်​တွင်၊ ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ကြွ​တော်​မူ၏။- ယေ​ရု​ရှ​လင်​မြို့၌ သိုး​တံ​ခါး​နား​မှာ ဟေ​ဗြဲ​ဘာ​သာ​စ​ကား​အား​ဖြင့် ဗေ​သေ​သ​ဒ​အ​မည်​ရှိ​သော ရေ​ကန်​ရှိ၏။ ထို​ရေ​ကန်​သည် က​နား​ပြင်​ငါး​ဆောင်​နှင့် ပြည့်​စုံ၏။- ထို​က​နား​ပြင်​တို့၌ မျက်​စိ​ကန်း၊ ခြေ​မ​စွမ်း၊ ကိုယ်​ပိန်​ခြောက်​သော​သူ​တို့​မှ​စ၍ အ​နာ​ရော​ဂါ​စွဲ​သော​သူ​များ အ​ပေါင်း​တို့​သည် ရေ​လှုပ်​ရှား​ခြင်း​ကို မျှော်​လင့်၍ နေ​ကြ၏။- အ​ကြောင်း​မူ​ကား၊ အ​ချိန်​တန်​လျှင် ကောင်း​ကင်​တ​မန်​သည် ရေ​ကန်​သို့​ဆင်း​သက်၍ ရေ​ကို လှုပ်​ရှား​တတ်၏။ ထို​သို့​ရေ​လှုပ်​ရှား​သည်​နောက်၊ ရှေ့ ဦး​စွာ ဝင်​သော​သူ​သည် မိ​မိ၌​စွဲ​သ​မျှ​သော​အ​နာ​ရော​ဂါ​နှင့် ကင်း​လွတ်​ခြင်း​သို့ ရောက်​တတ်၏။ ထို​အ​ခါ သုံး​ဆယ်​ရှစ်​နှစ်​ပတ်​လုံး ရော​ဂါ​စွဲ​သော​သူ​တစ်​ယောက်​သည် ရေ​ကန်​နား​မှာ​ရှိ၏။- ထို​သူ​သည် တုံး​လုံး​နေ​သည်​ကို ယေ​ရှု​မြင်​တော်​မူ၍ ကြာ​လှ​ပြီ​ဟု သိ​တော်​မူ​လျှင်၊ သင်​သည် ကျန်း​မာ​ခြင်း​သို့ ရောက်​လို​သ​လော​ဟု မေး​တော်​မူ၏။

ရှင်ယောဟန် 5:1-6 Common Language Bible (BCL)

ထို​နောက်​ယု​ဒ​အ​မျိုး​သား​တို့​၏​ဘာ​သာ​ရေး ပွဲ​တော်​ရှိ​သ​ဖြင့် သ​ခင်​ယေ​ရှု​သည်​ယေ​ရု ရှ​လင်​မြို့​သို့​ကြွ​တော်​မူ​၏။- ယေ​ရု​ရှ​လင်​မြို့​သိုး​တံ​ခါး​အ​နီး​မှာ​ရေ​ကန် ရှိ​၏။ ထို​ရေ​ကန်​ကို​ဟေ​ဗြဲ​စ​ကား​ဖြင့်​ဗေ​သေ သ​ဒ​ဟု​ခေါ်​၏။ ထို​ရေ​ကန်​ကို​မုခ်​ငါး​ခု​ဖြင့် ခြံ​ရံ​ထား​၏။- ထို​မုခ်​များ​အောက်​တွင်​မျက်​စိ​မ​မြင်​သူ၊ ခြေ​မ​စွမ်း​မ​သန်​သူ၊ လေ​ဖြတ်​သူ​မှ​စ​၍ သူ​နာ​အ​မြောက်​အ​မြား​ပင်​လဲ​လျောင်း လျက်​နေ​ကြ​၏။- (ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​သည်​မ​ကြာ မ​ကြာ​ရေ​ကန်​သို့​ဆင်း​သက်​ကာ​ရေ​ကို​လှုပ်​ရှား လေ့​ရှိ​သ​ဖြင့် ထို​သူ​တို့​သည်​ရေ​လှုပ်​ရှား​မည်​ကို စောင့်​မျှော်​လျက်​နေ​ကြ​၏။ ယင်း​သို့​ရေ​လှုပ်​ရှား လာ​ပြီး​နောက် ဦး​စွာ​ပ​ထ​မ​ရေ​ကန်​တွင်း​သို့ ဆင်း​နိုင်​သူ​သည်​ရော​ဂါ​ပျောက်​သွား​လေ​သည်။)- ထို​နေ​ရာ​တွင်​သုံး​ဆယ့်​ရှစ်​နှစ်​ပတ်​လုံး​မ​ကျန်း မ​မာ​ဖြစ်​နေ​သူ​လူ​တစ်​ယောက်​ရှိ​၏။- ထို​သူ​လဲ​လျောင်း​နေ​သည်​ကို​သ​ခင်​ယေ​ရှု မြင်​တော်​မူ​လျှင် ကာ​လ​ကြာ​မြင့်​စွာ​ဤ​သို့ လဲ​လျောင်း​နေ​ခဲ့​သည့်​အ​ဖြစ်​ကို​သိ​တော်​မူ​၏။ ထို့​ကြောင့်​ကိုယ်​တော်​က ``သင်​သည်​ကျန်း​မာ လို​ပါ​သ​လော'' ဟု​မေး​တော်​မူ​၏။

ရှင်ယောဟန် 5:1-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ဂျူး​လူမျိုး​တို့​၏​ပွဲတော်​ရှိ​သဖြင့် ယေရှု​သည် ဂျေရုဆလင်​မြို့​သို့​တက်​သွား​တော်မူ​၏။ ဂျေရုဆလင်​မြို့​၌ သိုး​တံခါး​အနီး​တွင် ဟေဗြဲ​ဘာသာစကား​အားဖြင့် ဗေသေသဒ​ဟု​ခေါ်​သည့် မုခ်ဆောင်​ငါး​ဆောင်​ရှိ​သော​ရေကန်​တစ်​ကန်​ရှိ​၏။ ထို​မုခ်ဆောင်​တို့​၌ မျက်မမြင်​များ၊ ခြေ​မသန်စွမ်း​သူ​များ၊ အကြောသေ​ချည့်နဲ့​သူ​များ​နှင့် နာမကျန်း​ဖြစ်​သူ​အမြောက်အမြား​တို့​သည် လဲလျောင်း​နေ​ကြ​၏။ [သူ​တို့​သည် ရေ​လှုပ်ရှား​ခြင်း​ကို စောင့်မျှော်​နေ​ခြင်း​ဖြစ်​၏။ အကြောင်းမှာ ကောင်းကင်တမန်​သည် ရေကန်​သို့ တစ်ခါတစ်ရံ​ဆင်း​လာ​ပြီး ရေ​ကို​လှုပ်ရှား​စေ​တတ်​၏။ ထိုသို့ ရေ​လှုပ်ရှား​သည့်​နောက် ရေ​ထဲသို့ အဦးဆုံး​ဆင်း​သော​သူ​သည် မည်သည့်​ရောဂါ​စွဲကပ်​နေ​သည်​ဖြစ်စေ ရောဂါ​ပျောက်ကင်း​တတ်​၏။] ထို​နေရာ​တွင် သုံးဆယ့်​ရှစ်​နှစ်​ပတ်လုံး နာမကျန်း​ဖြစ်​သူ​တစ်​ဦး​ရှိ​၏။ ထို​သူ​လဲလျောင်း​နေ​သည်​ကို ယေရှု​မြင်​တော်မူ​၍ ကာလ​ကြာမြင့်​စွာ​ခံစား​နေ​ရ​သော​အဖြစ်​ကို​သိ​သဖြင့်“သင်​သည် အကောင်း​ပကတိ​ဖြစ်​လို​သလော”​ဟု မေး​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။