YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 5:1-6

ရှင်ယောဟန်ခရစ်ဝင် 5:1-6 MSBU

ထို့နောက် ဂျူး​လူမျိုး​တို့​၏​ပွဲတော်​ရှိ​သဖြင့် ယေရှု​သည် ဂျေရုဆလင်​မြို့​သို့​တက်​သွား​တော်မူ​၏။ ဂျေရုဆလင်​မြို့​၌ သိုး​တံခါး​အနီး​တွင် ဟေဗြဲ​ဘာသာစကား​အားဖြင့် ဗေသေသဒ​ဟု​ခေါ်​သည့် မုခ်ဆောင်​ငါး​ဆောင်​ရှိ​သော​ရေကန်​တစ်​ကန်​ရှိ​၏။ ထို​မုခ်ဆောင်​တို့​၌ မျက်မမြင်​များ၊ ခြေ​မသန်စွမ်း​သူ​များ၊ အကြောသေ​ချည့်နဲ့​သူ​များ​နှင့် နာမကျန်း​ဖြစ်​သူ​အမြောက်အမြား​တို့​သည် လဲလျောင်း​နေ​ကြ​၏။ [သူ​တို့​သည် ရေ​လှုပ်ရှား​ခြင်း​ကို စောင့်မျှော်​နေ​ခြင်း​ဖြစ်​၏။ အကြောင်းမှာ ကောင်းကင်တမန်​သည် ရေကန်​သို့ တစ်ခါတစ်ရံ​ဆင်း​လာ​ပြီး ရေ​ကို​လှုပ်ရှား​စေ​တတ်​၏။ ထိုသို့ ရေ​လှုပ်ရှား​သည့်​နောက် ရေ​ထဲသို့ အဦးဆုံး​ဆင်း​သော​သူ​သည် မည်သည့်​ရောဂါ​စွဲကပ်​နေ​သည်​ဖြစ်စေ ရောဂါ​ပျောက်ကင်း​တတ်​၏။] ထို​နေရာ​တွင် သုံးဆယ့်​ရှစ်​နှစ်​ပတ်လုံး နာမကျန်း​ဖြစ်​သူ​တစ်​ဦး​ရှိ​၏။ ထို​သူ​လဲလျောင်း​နေ​သည်​ကို ယေရှု​မြင်​တော်မူ​၍ ကာလ​ကြာမြင့်​စွာ​ခံစား​နေ​ရ​သော​အဖြစ်​ကို​သိ​သဖြင့်“သင်​သည် အကောင်း​ပကတိ​ဖြစ်​လို​သလော”​ဟု မေး​တော်မူ​၏။

​ရှင်ယောဟန်ခရစ်ဝင် 5:1-6 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။