YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 16:21-23

ရှင်ယောဟန် 16:21-23 Judson Bible (JBMLE)

မိန်း​မ​သည်​သား​ကို ဖွား​စဉ်​အ​ခါ ဖွား​ရ​သော​အ​ချိန်​စေ့​သော​ကြောင့် ဝမ်း​နည်း​ခြင်း​ရှိ၏။ ဖွား​မြင်​ပြီး​မှ ဤ​လော​က၌ လူ​တစ်​ယောက်​ကို​ဖွား​မြင်​သော​ကြောင့် ဝမ်း​မြောက်​ခြင်း​ရှိ၍၊ အ​ထက်​ခံ​ရ​သော​ဝေ​ဒ​နာ​ကို မေ့​လျော့​တတ်၏။- ထို​နည်း​တူ၊ ယ​ခု​တွင် သင်​တို့​သည် ဝမ်း​နည်း​ခြင်း​ရှိ​ကြ​သော်​လည်း၊ နောက်​တစ်​ဖန် သင်​တို့​ကို ငါ​တွေ့​မြင်​သ​ဖြင့် သင်​တို့​သည် စိတ်​နှ​လုံး​ဝမ်း​မြောက်​ခြင်း ရှိ​ကြ​လိမ့်​မည်။ ထို​ဝမ်း​မြောက်​ခြင်း​ကို အ​ဘယ်​သူ​မျှ လု​ယူ​ဖျက်​ဆီး​ခြင်း​ငှာ မ​တတ်​နိုင်။- ထို​နေ့၌ သင်​တို့​သည် ငါ့​ကို​အ​လျှင်း​မ​မေး​မြန်း​ရ​ကြ။ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​သည် ငါ၏​နာ​မ​ကို အ​မှီ​ပြု၍ ခ​မည်း​တော်​မှာ ဆု​တောင်း​သ​မျှ​တို့​ကို ခ​မည်း​တော်​သည် ပေး​တော်​မူ​မည်။

ရှင်ယောဟန် 16:21-23 Common Language Bible (BCL)

အ​မျိုး​သ​မီး​တစ်​ဦး​သည်​မီး​ဖွား​ချိန်​ရောက် သော​အ​ခါ​ဝေ​ဒ​နာ​ပြင်း​စွာ​ခံ​စား​ရ​၏။ မီး ဖွား​ပြီး​သော​အ​ခါ​၌​မူ​ကား​လော​က​သို့​လူ တစ်​ယောက်​ဖွား​မြင်​လာ​သ​ဖြင့် မိ​မိ​ခံ​စား ခဲ့​ရ​သော​ဝေ​ဒ​နာ​ကို​သ​တိ​မ​ရ​တော့​ပေ။- သင်​တို့​သည်​လည်း​ယ​ခု​အ​ခါ​ဝမ်း​နည်း​လျက် ရှိ​ကြ​၏။ သို့​သော်​လည်း​သင်​တို့​နှင့်​တစ်​ဖန်​ငါ ပြန်​၍​တွေ့​ဦး​မည်​ဖြစ်​သ​ဖြင့် သင်​တို့​သည် ဝမ်း​မြောက်​ကြ​လိမ့်​မည်။ သင်​တို့​၏​ဝမ်း​မြောက် ခြင်း​ကို​အ​ဘယ်​သူ​မျှ​မ​နုတ်​မ​ယူ​နိုင်။'' ``ထို​နေ့​၌​သင်​တို့​သည်​ငါ့​အား​အ​ဘယ်​အ​ရာ ကို​မျှ​တောင်း​လျှောက်​ကြ​လိမ့်​မည်​မ​ဟုတ်။ အ​မှန် အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား​သင်​တို့ သည် ငါ​၏​နာ​မ​ကို​အ​မှီ​ပြု​၍​တောင်း​လျှောက် သ​မျှ​သော​အ​ရာ​တို့​ကို​ခ​မည်း​တော်​သည်​သင် တို့​အား​ချ​ပေး​တော်​မူ​လိမ့်​မည်။

ရှင်ယောဟန် 16:21-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အမျိုးသမီး​တစ်​ဦး​သည် သားဖွား​သောအခါ မွေးဖွား​ချိန်​ရောက်လာ​သောကြောင့် ပူဆွေး​ခြင်း​ရှိ​တတ်​၏။ သို့ရာတွင် ကလေး​မွေးဖွား​ပြီး​သောအခါ ဤ​လောက​တွင် လူ​တစ်​ယောက်​မွေးဖွား​သည့်​အတွက် ဝမ်းမြောက်​ခြင်း​ရှိ​သဖြင့် ခံစား​ခဲ့​ရ​သော​ဒုက္ခ​ဝေဒနာ​ကို သတိ​မ​ရ​တော့​ပေ။ ထို့အတူ သင်​တို့​သည် ယခု​ဝမ်းနည်း​ခြင်း​ရှိ​ကြ​သော်လည်း ငါ​သည် သင်​တို့​နှင့် တစ်ဖန် ပြန်​တွေ့​မည်​ဖြစ်​သောကြောင့် သင်​တို့​၏​စိတ်နှလုံး​သည် ဝမ်းမြောက်​ခြင်း​ဖြင့် ပြည့်စုံ​ကြ​လိမ့်မည်။ ထို​ဝမ်းမြောက်​ခြင်း​ကို မည်သူမျှ သင်​တို့​ထံမှ မ​နုတ်ယူ​နိုင်​ရာ။ ထို​နေ့​၌ သင်​တို့​သည် မည်သည့်​အရာ​ကို​မျှ ငါ့​အား​မေးမြန်း​ကြ​လိမ့်မည်​မ​ဟုတ်။ သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သင်​တို့​သည် တစ်စုံတစ်ခု​ကို ငါ​၏​နာမ​၌ ခမည်းတော်​ထံ တောင်းလျှောက်​ကြ​လျှင် ခမည်းတော်​သည်​ပေး​တော်မူ​မည်။