YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 16:21-23

ရှင်ယောဟန်ခရစ်ဝင် 16:21-23 MSBU

အမျိုးသမီး​တစ်​ဦး​သည် သားဖွား​သောအခါ မွေးဖွား​ချိန်​ရောက်လာ​သောကြောင့် ပူဆွေး​ခြင်း​ရှိ​တတ်​၏။ သို့ရာတွင် ကလေး​မွေးဖွား​ပြီး​သောအခါ ဤ​လောက​တွင် လူ​တစ်​ယောက်​မွေးဖွား​သည့်​အတွက် ဝမ်းမြောက်​ခြင်း​ရှိ​သဖြင့် ခံစား​ခဲ့​ရ​သော​ဒုက္ခ​ဝေဒနာ​ကို သတိ​မ​ရ​တော့​ပေ။ ထို့အတူ သင်​တို့​သည် ယခု​ဝမ်းနည်း​ခြင်း​ရှိ​ကြ​သော်လည်း ငါ​သည် သင်​တို့​နှင့် တစ်ဖန် ပြန်​တွေ့​မည်​ဖြစ်​သောကြောင့် သင်​တို့​၏​စိတ်နှလုံး​သည် ဝမ်းမြောက်​ခြင်း​ဖြင့် ပြည့်စုံ​ကြ​လိမ့်မည်။ ထို​ဝမ်းမြောက်​ခြင်း​ကို မည်သူမျှ သင်​တို့​ထံမှ မ​နုတ်ယူ​နိုင်​ရာ။ ထို​နေ့​၌ သင်​တို့​သည် မည်သည့်​အရာ​ကို​မျှ ငါ့​အား​မေးမြန်း​ကြ​လိမ့်မည်​မ​ဟုတ်။ သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သင်​တို့​သည် တစ်စုံတစ်ခု​ကို ငါ​၏​နာမ​၌ ခမည်းတော်​ထံ တောင်းလျှောက်​ကြ​လျှင် ခမည်းတော်​သည်​ပေး​တော်မူ​မည်။

​ရှင်ယောဟန်ခရစ်ဝင် 16:21-23 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။