YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 16:21-23

ရှင်ယောဟန် 16:21-23 JBMLE

မိန်း​မ​သည်​သား​ကို ဖွား​စဉ်​အ​ခါ ဖွား​ရ​သော​အ​ချိန်​စေ့​သော​ကြောင့် ဝမ်း​နည်း​ခြင်း​ရှိ၏။ ဖွား​မြင်​ပြီး​မှ ဤ​လော​က၌ လူ​တစ်​ယောက်​ကို​ဖွား​မြင်​သော​ကြောင့် ဝမ်း​မြောက်​ခြင်း​ရှိ၍၊ အ​ထက်​ခံ​ရ​သော​ဝေ​ဒ​နာ​ကို မေ့​လျော့​တတ်၏။- ထို​နည်း​တူ၊ ယ​ခု​တွင် သင်​တို့​သည် ဝမ်း​နည်း​ခြင်း​ရှိ​ကြ​သော်​လည်း၊ နောက်​တစ်​ဖန် သင်​တို့​ကို ငါ​တွေ့​မြင်​သ​ဖြင့် သင်​တို့​သည် စိတ်​နှ​လုံး​ဝမ်း​မြောက်​ခြင်း ရှိ​ကြ​လိမ့်​မည်။ ထို​ဝမ်း​မြောက်​ခြင်း​ကို အ​ဘယ်​သူ​မျှ လု​ယူ​ဖျက်​ဆီး​ခြင်း​ငှာ မ​တတ်​နိုင်။- ထို​နေ့၌ သင်​တို့​သည် ငါ့​ကို​အ​လျှင်း​မ​မေး​မြန်း​ရ​ကြ။ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​သည် ငါ၏​နာ​မ​ကို အ​မှီ​ပြု၍ ခ​မည်း​တော်​မှာ ဆု​တောင်း​သ​မျှ​တို့​ကို ခ​မည်း​တော်​သည် ပေး​တော်​မူ​မည်။

​ရှင်ယောဟန် 16:21-23 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။