YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 15:10-21

ယေရမိ 15:10-21 Judson Bible (JBMLE)

အို မိ​ခင်၊ ငါ၌ အ​မင်္ဂ​လာ​ရှိ၏။ မိ​ခင်​သည် တစ်​ပြည်​လုံး​ရန်​တွေ့​သော​သူ၊ ငြင်း​ဆန်​သော​သူ​ဖြစ်​သော ငါ့​ကို ဖွား​မြင်​ပါ​ပြီ။ ငါ​သည် သူ​တစ်​ပါး​ကို အ​တိုး​နှင့် မ​ချေး။ သူ​တစ်​ပါး​သည်​လည်း ငါ့​ကို​အ​တိုး​နှင့်​မ​ချေး။ သို့​သော်​လည်း၊ လူ​ခပ်​သိမ်း​တို့​သည် ငါ့​ကို ကျိန်​ဆဲ​တတ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် သင့်​ကို ငါ​ချမ်း​သာ​ပေး​မည်။ အ​မှု​ရောက်​သော​ကာ​လ၊ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော ကာ​လ၌၊ ရန်​သူ​သည် သင့်​ထံ​မှာ​တောင်း​ပန်​မည်​အ​ကြောင်း၊ အ​ကယ်​စင်​စစ် ငါ​စီ​ရင်​မည်။ သံ​ချင်း​တိုက်​သော​အ​ခါ မြောက်​ပြည်​သံ​ကို​လည်း​ကောင်း၊ သံ​မ​ဏိ​ကို​လည်း​ကောင်း ချိုး​နိုင်​သ​လော။ သင်၏​ပြည် တစ်​လျှောက်​လုံး၌ သင်​ပြု​သော​အ​ပြစ်​များ​ကြောင့်၊ သင်၏​ဥ​စ္စာ​ဘ​ဏ္ဍာ​ကို အ​ဖိုး​မ​ခံ​ဘဲ လု​ယူ​သော သူ​တို့​လက်​သို့ ငါ​ပေး​မည်။ သင်​မ​သိ​သော​ပြည်​သို့ ရန်​သူ​နှင့်​အ​တူ သင့်​ကို​ငါ​သွား​စေ​မည်။ သင်​တို့​ကို လောင်​သော​မီး​သည် ငါ့​အ​မျက်​အား​ဖြင့် ရှို့​လျက်​ရှိ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သိ​တော်​မူ၏။ အ​ကျွန်ုပ်​ကို​အောက်​မေ့​လျက် အ​ကြည့်​အ​ရှု​ကြွ​လာ၍၊ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​သူ​တို့​ကို တ​ရား​သ​ဖြင့် ပေး​တော်​မူ​ပါ။ သူ​တို့​ကို​သည်း​ခံ၍၊ အ​ကျွန်ုပ်​ကို သုတ်​သင်​ပယ်​ရှင်း​တော် မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​အ​တွက် ကဲ့​ရဲ့​ခြင်း​ခံ​ရ​ကြောင်း​ကို အောက်​မေ့​တော်​မူ​ပါ။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တွေ့​သော နှုတ်​က​ပတ်​တော်​စ​ကား​ကို ခံ​ယူ​ပါ​ပြီ။ နှုတ်​က​ပတ်​တော်​သည် အ​ကျွန်ုပ် ဝမ်း​မြောက်​ရွှင်​လန်း​စ​ရာ​အ​ကြောင်း ဖြစ်​ပါ၏။ နာ​မ​တော်​ဖြင့် အ​ကျွန်ုပ်​ကို ခေါ်​ဝေါ်​ပါ၏။ ပွဲ​ခံ​သော​သူ အ​စည်း​အ​ဝေး၌ အ​ကျွန်ုပ်​မ​ထိုင်​ပါ။ ပျော်​ရွှင်​ခြင်း​အ​မှု​ကို မ​ပြု​ပါ။ လက်​တင်​တော်​မူ​သော​ကြောင့်၊ တစ်​ယောက်​တည်း ထိုင်​ပါ​ပြီ။ အ​ကျွန်ုပ်​ကို ဒေါ​သ​အ​မျက်​နှင့် ပြည့်​စေ​တော်​မူ​ပြီ။ အ​ကျွန်ုပ်​ခံ​ရ​သော​ဝေ​ဒ​နာ​သည် အ​ဘယ်​ကြောင့် မြဲ​ပါ​သ​နည်း။ မ​ပျောက်​လို၊ မ​ပျောက်​နိုင်​သော​အ​နာ​ကို အ​ဘယ်​ကြောင့် ခံ​ရ​ပါ​သ​နည်း။ အ​ကယ်​စင်​စစ် ကိုယ်​တော်​သည်​ပျောက်​တတ်၍၊ လှည့်​စား​သော​ရေ​ကဲ့​သို့ အ​ကျွန်ုပ်၌ ဖြစ်​တော်​မူ​ပါ​ပြီ​တ​ကား။ ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည်​ပြန်​လာ​လျှင်၊ သင့်​ကို​ငါ​ဆောင်​ခဲ့၍၊ သင်​သည် ငါ၏​အ​မှု​ကို ထမ်း​ရ​လိမ့်​မည်။ သင်​သည် မြတ်​သော​အ​ရာ​နှင့် ယုတ်​သော​အ​ရာ​တို့​ကို ပိုင်း​ခြား​ခွဲ​ထား​လျှင်၊ ငါ့​နှုတ်​ကဲ့​သို့ ဖြစ်​ရ​လိမ့်​မည်။ သူ​တို့​သည် သင့်​ထံ​သို့ ပြန်​လာ​ကြ​လိမ့်​မည်။ သင်​သည် သူ​တို့​ရှိ​ရာ​သို့ ပြန်၍​မ​သွား​ရ။ ငါ​သည်​လည်း သင့်​ကို ဤ​လူ​မျိုး​တစ်​ဖက်၌ ခိုင်​ခံ့​သော​ကြေး​ဝါ​မြို့​ရိုး ဖြစ်​စေ​မည်။ သူ​တို့​သည် သင့်​ကို​တိုက်၍ မ​နိုင်​ရ​ကြ။ ငါ​သည် သင့်​ကို နုတ်​ယူ​ကယ်​တင်​ခြင်း​ငှာ သင့်​ဘက်၌​နေ​မည်။ လူ​ဆိုး​လက်​မှ သင့်​ကို​ငါ​နုတ်၍၊ ကြောက်​မက်​ဖွယ်​သော သူ​တို့​လက်​မှ ရွေး​ယူ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ယေရမိ 15:10-21 Common Language Bible (BCL)

ငါ​သည်​ပျော်​ရွှင်​မှု​ကင်း​မဲ့​သူ​ဖြစ်​ပါ​သည် တ​ကား။ ငါ​၏​အ​မိ​သည်​အ​ဘယ်​ကြောင့်​ငါ့​အား ဤ​လော​က​ထဲ​သို့​မွေး​ထုတ်​ပါ​သ​နည်း။ ဤ​ပြည် တွင်​ရှိ​သ​မျှ​သော​သူ​တို့​နှင့်​ငါ​သည်​စ​ကား များ​ရ​ငြင်း​ခုံ​ရ​ပါ​၏။ ငါ​သည်​သူ​တစ်​ပါး တို့​အား​လည်း​ကောင်း၊ သူ​တစ်​ပါး​တို့​ထံ​မှ လည်း​ကောင်း​ငွေ​ကြေး​မ​ချေး​ငှား​ခဲ့။ သို့ ပါ​လျက်​လူ​အ​ပေါင်း​တို့​သည်​ငါ့​အား ကျိန်​ဆဲ​ကြ​ပါ​၏။- ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ကောင်း​ကျိုး ရ​စေ​အံ့​ငှာ​သင့်​ကို​ကယ်​ဆယ်​မည်။ ဘေး အန္တ​ရာယ်​ပူ​ပင်​သော​က​ရောက်​သော​အ​ချိန် တွင် သင်​၏​ရန်​သူ​တို့​သည်​အ​ထံ​တော်​သို့ လျှောက်​လဲ​ပန်​ကြား​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။- (သံ​ကို​အ​ထူး​သ​ဖြင့်​မြောက်​အ​ရပ်​မှ​ရ​ရှိ သည့်​သံ​နှင့်​ကြေး​ရော​သော​သံ​ကို​အ​ဘယ် သူ​မျှ​မ​ချိုး​ဖြတ်​နိုင်​ပါ။) ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ငါ​သည်​တစ် ပြည်​လုံး​တွင်​ငါ​၏​လူ​မျိုး​တော်​ကူး​လွန် သည့်​အ​ပြစ်​များ​အ​တွက်​ဒဏ်​ခတ်​မည်။ သူ တို့​၏​စည်း​စိမ်​ဥစ္စာ​ရွှေ​ငွေ၊ ရ​တ​နာ​များ ကို​သိမ်း​ယူ​ရန်​ရန်​သူ​များ​ကို​စေ​လွှတ်​မည်။- ငါ​၏​အ​မျက်​တော်​သည်​မီး​နှင့်​တူ​၍​ထာ​ဝ​စဉ် တောက်​လောင်​လျက်​ရှိ​သ​ဖြင့် ငါ​သည်​မိ​မိ​လူ မျိုး​တော်​အား​သူ​တို့​မ​ရောက်​ဘူး​သည့်​ပြည် တွင်​ရန်​သူ​များ​၏​အ​စေ​အ​ပါး​ကို​ခံ​စေ မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​ငါ​က``ကိုယ်​တော်​ရှင်​သိ​ရှိ​နား​လည် တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​ကို​အောက်​မေ့ သတိ​ရ​၍​ကူ​မ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ကို ညှင်း​ဆဲ​နှိပ်​စက်​သူ​တို့​အား​လက်​စား​ချေ​ရ သော​အ​ခွင့်​ကို​ပေး​တော်​မူ​ပါ။ သူ​တို့​သည် ကျွန်​တော်​မျိုး​အား​သတ်​ဖြတ်​ကြ​သည့်​တိုင် အောင်​သည်း​ခံ​လျက်​နေ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​အ​စော်​ကား​ခံ​ရ​သည်​မှာ ကိုယ်​တော်​ရှင်​၏​အ​တွက်​ကြောင့်​ဖြစ်​သည် ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။- ကိုယ်​တော်​ရှင်​ဗျာ​ဒိတ်​ပေး​တော်​မူ​သော​အ​ခါ ကျွန်​တော်​မျိုး​သည်​လုံး​စေ့​ပတ်​စေ့​နား​ထောင် ပါ​၏။ နှုတ်​က​ပတ်​တော်​တို့​သည်​ကျွန်​တော်​မျိုး ၏​စိတ်​နှ​လုံး​ကို​ရွှင်​ပြုံး​အား​ရ​စေ​ပါ​၏။ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​၏ နာ​မ​တော်​ကို​ဆောင်​ပါ​၏။- ကျွန်​တော်​မျိုး​သည်​အ​ခြား​သူ​များ​နှင့် ရယ်​မော​လျက် အ​ပျော်​အ​ပါး​လိုက်​စား​လျက် အ​ချိန်​မ​ဖြုန်း​ပါ။ ကိုယ်​တော်​ရှင်​ပေး​အပ်​ထား တော်​မူ​သည့်​အ​လုပ်​တာ​ဝန်​ကြောင့် ကျွန်​တော် မျိုး​သည်​တစ်​ဦး​တစ်​ယောက်​တည်း​နေ​ထိုင် ကာ​အ​မျက်​ဒေါ​သ​နှင့်​ပြည့်​၍​လာ​ပါ​၏။- ကျွန်​တော်​မျိုး​သည်​အ​ဘယ်​ကြောင့် ဆက်​လက် ၍​ဝေ​ဒ​နာ​ခံ​ရ​ပါ​သ​နည်း။ ကျွန်​တော်​မျိုး ၏​အနာ​များ​သည်​အ​ဘယ်​ကြောင့် ကု​သ​၍ မ​ပျောက်​နိုင်​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​ထို အ​နာ​များ​မ​ကျက်​ဘဲ​နေ​ပါ​သ​နည်း။ ကိုယ် တော်​ရှင်​သည်​နွေ​အ​ခါ​ခန်း​ခြောက်​သည့်​ချောင်း ရေ​မ​ထွက်​သည့်​စမ်း​ကဲ့​သို့​ကျွန်​တော်​မျိုး အား​စိတ်​ပျက်​စေ​လို​တော်​မူ​ပါ​သ​လော'' ဟု​လျှောက်​၏။ ယင်း​သို့​လျှောက်​ထား​သော​အ​ခါ ထာ​ဝ​ရ ဘု​ရား​က``အ​ကယ်​၍​သင်​သည်​နောင်​တ​ရ မည်​ဆို​လျှင် သင့်​အား​ငါ​ပြန်​လက်​ခံ​မည်။ သင်​သည်​လည်း​ငါ​၏​အ​စေ​ခံ​ဖြစ်​ပြန်​ရ လိမ့်​မည်။ အ​ကယ်​၍​သင်​သည်​တန်​ဖိုး​မဲ့​သော စ​ကား​ကို​မ​ပြော​ဘဲ​အ​ကျိုး​ရှိ​သည့်​စ​ကား ကို​ပြော​မည်​ဆို​က ငါ​၏​ပ​ရော​ဖက်​ဖြစ်​ပြန် ရ​လိမ့်​မည်။ ပြည်​သူ​တို့​သည်​သင်​၏​ထံ​သို့ ပြန်​လာ​ကြ​လိမ့်​မည်။ သင်​သည်​သူ​တို့​ထံ သို့​သွား​ရန်​မ​လို​တော့​ပေ။- ထို​သူ​တို့​အား​ခု​ခံ​တိုက်​ခိုက်​နိုင်​ရန် ငါ​သည် သင့်​အား​ကြေး​ဝါ​တံ​တိုင်း​သ​ဖွယ်​ဖြစ်​စေ​မည်။ သူ​တို့​သည်​သင့်​ကို​တိုက်​ခိုက်​ကြ​မည်​ဖြစ်​သော် လည်း​သင့်​ကို​နှိမ်​နင်း​နိုင်​လိမ့်​မည်​မ​ဟုတ်။ သင့် ကို​ကွယ်​ကာ​စောင့်​ရှောက်​၍​ဘေး​မဲ့​လုံ​ခြုံ​စွာ ထား​ရှိ​နိုင်​ရန်​ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​တော် မူ​မည်'' ဟု​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။- ``သင့်​ကို​သူ​ယုတ်​မာ​တို့​၏​လက်​မှ​ကယ်​ဆယ် ၍ အ​ကြမ်း​ဖက်​သ​မား​တို့​၏​ဘေး​မှ​ကယ် တင်​မည်။''

ယေရမိ 15:10-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ငါ့​မွေးသမိခင်​၊ ငါ​၌​အမင်္ဂလာ​ရှိ​၏​။ ငါ​သည် မြေ​တစ်ပြင်လုံး​နှင့်​ခိုက်ရန်ဖြစ်ပွား​သော​သူ​၊ အငြင်းပွား​သော​သူ ဖြစ်​ရ​ပါ​ပြီ​တကား​။ ငါ​သည် သူ​တို့​ကို မ​ချေးငှား​ပေး​ဖူး​ပါ​။ သူ​တို့​ထံမှ မ​ချေးယူ​ဖူး​ပါ​။ သို့ရာတွင် သူ​တို့​အားလုံး​က ငါ့​ကို​ကျိန်ဆဲ​ကြ​ပါ​၏​။ ထာဝရဘုရား​က “​အကယ်စင်စစ် သင်​၏​ကောင်းကျိုးချမ်းသာ​အတွက် သင့်​ကို ငါ​ကယ်တင်​မည်​။ ဘေး​ရောက်​ချိန်​၊ ဆင်းရဲဒုက္ခ​ရောက်​ချိန်​၌ ရန်သူ​တို့​က သင့်​ကို တောင်းပန်​လာ​စေ​ရ​မည်​။ သံ​၊ အထူးသဖြင့် မြောက်အရပ်​မှ​သံ​၊ သို့မဟုတ် ကြေးနီ​ကို ချိုး​နိုင်​သော​သူ​ရှိ​သလော​။ သင့်​ပြည်​တစ်လျှောက်လုံး​တွင် သင်​ပြု​သော​အပြစ်​ကြောင့် သင်​၏​ဥစ္စာပစ္စည်း​၊ သင်​၏​ဘဏ္ဍာ​တို့​ကို လုယူဖျက်ဆီး​ရာ​အဖြစ် အဖိုးအခမဲ့ ငါ​ပေး​လိုက်​မည်​။ တောက်လောင်​သော​ငါ့​အမျက်​မီး​သည် သင်​တို့​ကို​လောင်ကျွမ်း​မည်​ဖြစ်၍ သင်​မ​သိ​သော​ပြည်​သို့ ရန်သူ​တို့​နှင့်အတူ သင်​လိုက်ပါ​သွား​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သိ​တော်မူ​ပါ​၏​။ အကျွန်ုပ်​ကို​အောက်မေ့​တော်မူ​ပါ​။ အကျွန်ုပ်​ကို​အကြည့်အရှု​ကြွလာ​တော်မူ​ပါ​။ အကျွန်ုပ်​ကို​လိုက်လံညှဉ်းဆဲ​သူ​တို့​အား လက်တုံ့ပြန်​ပေး​တော်မူ​ပါ​။ ကိုယ်တော်​သည် စိတ်ရှည်​သည်းခံ​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​ကို အဝေး​သို့​မ​နှင်​လိုက်​ပါ​နှင့်​။ ကိုယ်တော်​ကြောင့် အကျွန်ုပ်​ကဲ့ရဲ့ပြစ်တင်​ခြင်း​ခံရ​ကြောင်း​ကို သိမှတ်​တော်မူ​ပါ​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို တွေ့ရှိ​ပါ​ပြီ​၊ မှီဝဲ​ပါ​ပြီ​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​သည် အကျွန်ုပ်​၏​စိတ်နှလုံး​ကို ရွှင်လန်း​ဝမ်းမြောက်​စေ​ပါ​၏​။ အို ကောင်းကင်​ဗိုလ်ခြေ​အရှင်​ဘုရားသခင်​ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​နာမ​တော်​ဖြင့် ခေါ်ဝေါ်​ခြင်း​ခံရ​သူ​ဖြစ်​ပါ​၏​။ အပျော်အပါး​လိုက်စား​သော​သူ​တို့​၏​အစည်းအဝေး​၌ အကျွန်ုပ်​မ​ထိုင်​ပါ​။ ပျော်ပါး​၍​လည်း မ​နေ​ပါ​။ အကျွန်ုပ်​အပေါ်​၌ ကိုယ်တော်​၏​လက်​တော်​သက်ရောက်​သောကြောင့် အကျွန်ုပ်​တစ်ယောက်တည်း​နေ​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို အမျက်ဒေါသ​နှင့်​ပြည့်​စေ​တော်မူ​ပါ​၏​။ အကျွန်ုပ်​၏​ဝေဒနာ​သည် အဘယ်ကြောင့် အတောမသတ်​နိုင်​ပါ​သနည်း​။ အကျွန်ုပ်​၏​ဒဏ်ရာ​သည် အဘယ်ကြောင့် ကုသ​၍ မပျောက်ကင်း​နိုင်​ပါ​သနည်း​။ ကိုယ်တော်​သည် အကျွန်ုပ်​အားထား​၍​မ​ရ​သော​၊ အကျွန်ုပ်​ကို​လှည့်စား​သော​စမ်းရေ​ကဲ့သို့ ဖြစ်​တော်မူ​၍​လော​။ ထို့ကြောင့် ထာဝရဘုရား​က “​သင်​ပြန်လာ​လျှင် သင့်​ကို ငါ​လက်ခံ​မည်​။ ငါ့​ရှေ့​၌ သင်​ရပ်​ရ​လိမ့်မည်​။ အကျိုးမဲ့​သော​စကား​ထက် အကျိုးရှိ​သော​စကား​ကို​ပြော​လျှင် သင်​သည် ငါ​၏​နှုတ်​ကဲ့သို့ ဖြစ်​လိမ့်မည်​။ သင်​သည် သူ​တို့​ရှိ​ရာ​သို့ ပြန်​မ​သွား​ရ​။ သူ​တို့​သည် သင်​ရှိ​ရာ​သို့ ပြန်လာ​ကြ​လိမ့်မည်​။ ငါ​သည် ဤ​လူ​တို့​ရှေ့​၌ သင့်​ကို ခိုင်ခံ့​သော​ကြေးနီ​မြို့ရိုး​ဖြစ်​စေ​မည်​။ သူ​တို့​သည် သင့်​ကို​တိုက်ခိုက်​သော်လည်း နိုင်​မည်​မ​ဟုတ်​။ အကြောင်းမူကား ငါ​သည် သင်​နှင့်အတူ​ရှိ​၍ သင့်​ကို​ရွေးနုတ်​ကယ်တင်​မည်”​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က “ဆိုးညစ်​သော​သူ​တို့​လက်​ထဲမှ သင့်​ကို​ကယ်နုတ်​မည်​။ ကြမ်းကြုတ်​သော​သူ​၏​လက်​ထဲမှ သင့်​ကို​ရွေးနုတ်​မည်​”​ဟု မိန့်​တော်မူ​၏​။