YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 8:22-24

တရားသူကြီး 8:22-24 Judson Bible (JBMLE)

ထို​အ​ခါ ဣ​သ​ရေ​လ​လူ​တို့​က၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ကို မိ​ဒျန်​လူ​တို့​လက်​မှ ကယ်​နုတ်​သော​ကြောင့်၊ သား​စဉ်​မြေး​ဆက်​နှင့်​တ​ကွ အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​တော်​မူ​ပါ​ဟု၊ ဂိ​ဒေါင်​အား လျှောက်​ဆို​ကြ​သော်၊ ဂိ​ဒေါင်​က၊ ငါ​သည် သင်​တို့​ကို မ​အုပ်​စိုး​ရ။ ငါ့​သား​လည်း မ​အုပ်​စိုး​ရ။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​အုပ်​စိုး​တော်​မူ​ရ၏ ဟူ၍​လည်း​ကောင်း၊ သို့​ရာ​တွင် သင်​တို့​ရှိ​သ​မျှ​သည် လု​ယူ၍​ရ​သော နား​တောင်း​တို့​ကို ပေး​ပါ​မည်​အ​ကြောင်း၊ ငါ​တောင်း​ချင်​သည်​ဟူ၍​လည်း​ကောင်း ဆို​လေ၏။ ရန်​သူ​တို့​သည် ဣ​ရှ​မေ​လ​အ​မျိုး​ဖြစ်၍ ရွှေ​နား​တောင်း​ကို ဆင်​တတ်​ကြ​သ​တည်း။

တရားသူကြီး 8:22-24 Common Language Bible (BCL)

ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဂိ​ဒေါင်​အား``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား မိ​ဒျန်​အ​မျိုး​သား​များ​လက်​မှ​ကယ်​ဆယ်​ခဲ့ ပါ​၏။ ထို့​ကြောင့်​ကိုယ်​တော်​နှင့်​သား​မြေး​စဉ် ဆက်​အပေါင်း​သည် အ​ကျွန်ုပ်​တို့​ကို​အုပ်​စိုး တော်​မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။ ဂိ​ဒေါင်​က​လည်း``ငါ​သည်​သင်​တို့​အား​အုပ် စိုး​လိမ့်​မည်​မ​ဟုတ်။ ငါ​၏​သား​သည်​လည်း အုပ်​စိုး​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​အား​ထာ​ဝ​ရ ဘု​ရား​အုပ်​စိုး​တော်​မူ​လိမ့်​မည်'' ဟု​ပြန် ပြော​လေ​သည်။- သို့​ရာ​တွင်​သူ​သည်​ဆက်​လက်​၍``သင်​တို့​ထဲ မှ​ငါ​တောင်း​ခံ​လို​သည့်​အ​ရာ​တစ်​ခု​ရှိ​ပါ သည်။ သင်​တို့​ရ​ယူ​ထား​သည့်​ရွှေ​နား​ကွင်း များ​ကို​ငါ့​အား​ပေး​ကြ​လော့'' ဟု​ဆို​၏။ (မိ​ဒျန်​အ​မျိုး​သား​တို့​သည်​အခြား​သဲ​ကန္တာ​ရ နေ​သူ​များ​ကဲ့​သို့​ပင် ရွှေ​နား​ကွင်း​များ​ကို တပ်​ဆင်​လေ့​ရှိ​သ​တည်း။)

တရားသူကြီး 8:22-24 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ အစ္စရေး​လူမျိုး​တို့​က ဂိဒေါင်​အား “​သင်​သည် အကျွန်ုပ်​တို့​ကို မိဒျန်​လူမျိုး​တို့​လက်​မှ​ကယ်တင်​ခဲ့​သည်​ဖြစ်၍ သင်​နှင့် သင်​၏​သား​မြေး​တို့​သည် အကျွန်ုပ်​တို့​ကို​အုပ်စိုး​ပါ​”​ဟု ဆို​ကြ​၏​။ ဂိဒေါင်​က​လည်း “​ငါ​သည် သင်​တို့​ကို မ​အုပ်စိုး​ရ​။ ငါ့​သား​လည်း မ​အုပ်စိုး​ရ​။ ထာဝရဘုရား​သာလျှင် သင်​တို့​ကို​အုပ်စိုး​တော်မူ​မည်​”​ဟု သူ​တို့​အား ပြန်ပြော​လေ​၏​။ သို့သော် ဂိဒေါင်​က “သင်​တို့​ဆီ​မှ တစ်​ခု​ကို တောင်းဆို​လို​ပါ​သည်​။ သင်​တို့​ရ​ထား​သော လုယူပစ္စည်း​များ​ထဲမှ နားကွင်း​တစ်ကွင်းစီ​ကို ငါ့​အား ပေး​ကြ​လော့​”​ဟု သူ​တို့​အား ဆို​၏​။ (​မိဒျန်​လူမျိုး​တို့​သည် ဣရှမေလ​လူမျိုး​တို့​ကဲ့သို့ ရွှေ​နားကွင်း​များ​ကို ဝတ်ဆင်​တတ်​ကြ​၏​။​)

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။