YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 8

8
မိ​ဒျန်​အ​မျိုး​သား​တို့​အ​ရေး​နိ​မ့်​ခြင်း
1ဧ​ဖ​ရိမ်​လူ​တို့​က၊ သင်​သည် မိ​ဒျန်​လူ​တို့​ကို တိုက်​သွား​သော​အ​ခါ၊ ငါ​တို့​ကို​မ​ခေါ်​ဘဲ ငါ​တို့၌ အ​ဘယ်​သို့ ပြု​သ​နည်း​ဟု ကျပ်​ကျပ်​အ​ပြစ်​တင်​ကြ၏။ 2ဂိ​ဒေါင်​က​လည်း၊ သင်​တို့​ပြု​သ​ကဲ့​သို့ ငါ​သည် အ​ဘယ်​သို့ ပြု​ပြီး​သ​နည်း။ အ​ဗျေ​ဇာ​စ​ပျစ်​သီး သိမ်း​ခြင်း​ထက် ဧ​ဖ​ရိမ်​လိုက်​ကောက်​ခြင်း​သည် သာ၍​ကောင်း​သည်​မ​ဟုတ်​လော။ 3ဘု​ရား​သ​ခင်​သည် မိ​ဒျန်​ဗိုလ်​ချုပ် ဩ​ရ​ဘ​နှင့်​ဇေ​ဘ​တို့​ကို သင်​တို့​လက်၌ အပ်​တော်​မူ​ပြီ။ သင်​တို့​ပြု​သ​ကဲ့​သို့ ငါ​သည် အ​ဘယ်​သို့ ပြု​နိုင်​သ​နည်း​ဟု ပြန်​ပြော​သော​စ​ကား​ကို သူ​တို့​သည်​ကြား​သော​အ​ခါ စိတ်​ပြေ​ကြ၏။#ဆာ၊ ၈၃:၁၁။
4ဂိ​ဒေါင်​သည် ယော်​ဒန်​မြစ်​သို့​ရောက်​သော​အ​ခါ၊ သူ၌​ရှိ​သော သူ​သုံး​ရာ​တို့​သည် ပင်​ပန်း​လျက်​နှင့် ကူး၍​လိုက်​ကြ၏။ 5သု​ကုတ်​မြို့​သား​တို့​အား​လည်း၊ ငါ့​နောက်​လိုက်​သော​သူ​တို့​အား မုန့်​ကို ပေး​ကြ​ပါ​လော့။ သူ​တို့​သည် ပင်​ပန်း​ကြ​ပြီ။ ငါ​သည် မိ​ဒျန်​မင်း​ကြီး ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မု​န္န​ကို ယ​ခု​လိုက်​ရှာ​ပါ၏​ဟု တောင်း​သော်​လည်း၊ 6သု​ကုတ်​မင်း​တို့​က၊ ငါ​တို့​သည် သင့်​အ​မှု​ထမ်း​တို့​အား မုန့်​ကို​ပေး​ရ​မည်​အ​ကြောင်း၊ ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​သည် သင့်​လက်၌ ရှိ​သ​လော​ဟု ပြန်​ပြော​ကြ၏။ 7ဂိ​ဒေါင်​က​လည်း၊ သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​တို့​ကို ငါ့​လက်၌ အပ်​တော်​မူ​သော​အ​ခါ၊ သင်​တို့ ကျော​ကွဲ​အောင် တော​ဆူး​ပင်​အ​မျိုး​မျိုး​နှင့် ငါ​ရိုက်​မည်​ဟု​ဆို​ပြီး​လျှင်၊ 8ထို​အ​ရပ်​က ပေ​နွေ​လ​မြို့​သို့ သွား၍၊ သူ​တို့​အား ထို​နည်း​တူ​တောင်း​သော်​လည်း၊ သု​ကုတ်​မြို့​သား​တို့ ပြန်​ပြော​သည်​နည်း​တူ၊ ပေ​နွေ​လ​မြို့​သား​တို့​သည် ပြန်​ပြော​ကြ၏။ 9ဂိ​ဒေါင်​က​လည်း၊ ငါ​သည် တစ်​ဖန် ငြိမ်​ဝပ်​စွာ​လာ​သော​အ​ခါ၊ ဤ​ရဲ​တိုက်​ကို ဖြို​ဖျက်​မည်​ဟု သူ​တို့​အား​ဆို၏။
10ထို​အ​ခါ ဓား​ကိုင်​သော လူ​တစ်​သိန်း​နှစ်​သောင်း သေ​သော​ကြောင့်၊ အ​ရှေ့​မျက်​နှာ​အ​ရပ်​သား​အ​ပေါင်း​တို့​တွင် ကျန်​ကြွင်း​သော လူ​တစ်​သောင်း​ငါး​ထောင်​ခန့်​မျှ​သာ ပါ​လျက်၊ ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​တို့​သည် ကာ​ကော်​မြို့၌ ရှိ​ကြ၏။ 11ဂိ​ဒေါင်​သည် နော​ဗာ​မြို့၊ ယု​ဗ္ဗေ​ဟ​မြို့​အ​ရှေ့၊ တဲ၌​နေ​သူ​တို့​လမ်း​ဖြင့် ချီ​သွား၍၊ မ​စိုး​ရိမ်​ဘဲ​နေ​သော မိ​ဒျန်​တပ်​ကို လုပ်​ကြံ​သ​ဖြင့်၊ 12မိ​ဒျန်​မင်း​ကြီး​ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​ပြေး​သော​အ​ခါ၊ ဂိ​ဒေါင်​သည်​လိုက်၍ တပ်​ကို​ဖျက်​လေ၏။ 13ယော​ရှ​သား​ဂိ​ဒေါင်​သည် နေ​မ​ထွက်​မီ စစ်​တိုက်​ရာ​မှ​ပြန်​လာ၍၊ 14သု​ကုတ်​မြို့​သား လု​လင်​တစ်​ယောက်​ကို ဖမ်း​မိ၍​မေး​စစ်​လျှင်၊ ထို​သူ​သည် သု​ကုတ်​မြို့​အ​ရာ​ရှိ၊ အ​သက်​ကြီး​သူ ခု​နစ်​ဆယ်​ခု​နစ်​ယောက်​တို့၏ အ​မည်​အ​သီး​အ​သီး​တို့​ကို ပြော​လေ၏။ 15ဂိ​ဒေါင်​သည်​လည်း၊ သု​ကုတ်​မြို့​သား​တို့​ရှိ​ရာ​သို့ လာ၍၊ သင်​တို့​က၊ ပင်​ပန်း​သော သင့်​အ​မှု​ထမ်း​တို့​အား ငါ​တို့​သည် မုန့်​ကို​ပေး​ရ​မည်​အ​ကြောင်း၊ ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​သည် သင့်​လက်၌​ရှိ​သ​လော​ဟု ငါ့​ကို​ကဲ့​ရဲ့၍ သင်​တို့​ပြော​သော ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​ကို ကြည့်​ကြ​လော့​ဟု​ဆို​လျက်၊ 16ထို​မြို့၌ အ​သက်​ကြီး​သူ​တို့​ကို​ခေါ်၍ တော​ဆူး​ပင်​အ​မျိုး​မျိုး​နှင့် သု​ကုတ်​မြို့​သား​တို့​ကို ဆုံး​မ​လေ၏။ 17ပေ​နွေ​လ​မြို့ ရဲ​တိုက်​ကို​လည်း ဖြို​ဖျက်၍ မြို့​သား​တို့​ကို ကွပ်​မျက်​လေ၏။ 18ထို​အ​ခါ ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​တို့​အား တာ​ဗော်​မြို့​မှာ သင်​တို့​သတ်​ခဲ့​သော သူ​တို့​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​သ​နည်း​ဟု မေး​မြန်း​သော်၊ ထို​သူ​တို့​က၊ ကိုယ်​တော်​ဖြစ်​သ​ကဲ့​သို့ သူ​တို့​ရှိ​သ​မျှ​သည် ဖြစ်၍၊ ရှင်​ဘု​ရင်​သား၏ အ​ဆင်း​အ​ရောင်​နှင့် ပြည့်​စုံ​ကြ​ပါ၏​ဟု ပြန်​ပြော​သော်၊ 19ဂိ​ဒေါင်​က၊ ထို​သူ​တို့​သည် ငါ့​အ​မိ၏​သား၊ ငါ့​ညီ​ဖြစ်​ပါ​သည်​တ​ကား၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​သည် သူ​တို့​ကို အ​သက်​ချမ်း​သာ​ပေး​မိ​လျှင်၊ သင်​တို့​ကို ငါ​မ​သတ်​ဘဲ နေ​လိမ့်​မည်​ဟု၊ 20မိ​မိ​သား​ဦး​ယေ​သာ​အား၊ ဤ​သူ​တို့​ကို ထ၍​သတ်​လော့​ဟု ဆို​သော်​လည်း၊ သား​သည် အ​သက်​အ​ရွယ်​ငယ်​သော​ကြောင့်၊ ဓား​ကို​မ​ဆွဲ​မ​ထုတ်​ဘဲ နေ၏။ 21ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​တို့​က​လည်း၊ ကိုယ်​တော်​တိုင်​ထ၍ ငါ​တို့​ကို လုပ်​ကြံ​လော့။ လူ​ဖြစ်​သ​ကဲ့​သို့ သူ့​အ​စွမ်း​သ​တ္တိ ဖြစ်​တတ်​သည်​ဟု​ဆို​လျှင်၊ ဂိ​ဒေါင်​သည်​ထ၍ ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​ကို သတ်​သ​ဖြင့်၊ သူ​တို့​ကု​လား​အုတ်၏ လည်​ပင်း၌​ဆင်​သော တန်​ဆာ​တို့​ကို ချွတ်​ယူ​လေ၏။
22ထို​အ​ခါ ဣ​သ​ရေ​လ​လူ​တို့​က၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ကို မိ​ဒျန်​လူ​တို့​လက်​မှ ကယ်​နုတ်​သော​ကြောင့်၊ သား​စဉ်​မြေး​ဆက်​နှင့်​တ​ကွ အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​တော်​မူ​ပါ​ဟု၊ ဂိ​ဒေါင်​အား လျှောက်​ဆို​ကြ​သော်၊ 23ဂိ​ဒေါင်​က၊ ငါ​သည် သင်​တို့​ကို မ​အုပ်​စိုး​ရ။ ငါ့​သား​လည်း မ​အုပ်​စိုး​ရ။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​အုပ်​စိုး​တော်​မူ​ရ၏ ဟူ၍​လည်း​ကောင်း၊ 24သို့​ရာ​တွင် သင်​တို့​ရှိ​သ​မျှ​သည် လု​ယူ၍​ရ​သော နား​တောင်း​တို့​ကို ပေး​ပါ​မည်​အ​ကြောင်း၊ ငါ​တောင်း​ချင်​သည်​ဟူ၍​လည်း​ကောင်း ဆို​လေ၏။ ရန်​သူ​တို့​သည် ဣ​ရှ​မေ​လ​အ​မျိုး​ဖြစ်၍ ရွှေ​နား​တောင်း​ကို ဆင်​တတ်​ကြ​သ​တည်း။ 25သူ​တို့​က​လည်း၊ စင်​စစ်​ပေး​ပါ​မည်​ဟု​ဆို​လျက် စောင်​ကို​ခင်း၍၊ လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​လု​ယူ၍​ရ​သော နား​တောင်း​များ​ကို ချ​ထား​ကြ၏။ 26ဂိ​ဒေါင်​တောင်း​သော ရွှေ​နား​တောင်း​များ​အ​ချိန်​ကား၊ အ​ခွက်​တစ်​ဆယ်​ခု​နစ်​ပိဿာ ရှိ၏။ ထို​မှ​တစ်​ပါး၊ မိ​ဒျန်​မင်း​ကြီး ဝတ်​ဆင်​သော​တန်​ဆာ၊ လည်​ဆွဲ၊ နီ​မောင်း​သော​အ​ဝတ်၊ ကု​လား​အုတ်​လည်​ကြိုး​များ​ကို ရ​သေး၏။ 27ထို​တန်​ဆာ​တို့​နှင့် ဂိ​ဒေါင်​သည် သင်​တိုင်း​တော်​ကို​လုပ်၍ မိ​မိ​နေ​ရာ ဩ​ဖ​ရ​မြို့​မှာ​ထား​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ မျိုး​သား​အ​ပေါင်း​တို့​သည် ထို​သင်​တိုင်း​တော်​နှင့် မှား​ယွင်း​လျက်​သွား​တတ်​ကြ၏။ ထို​အ​မှု​သည် ဂိ​ဒေါင်​နှင့် သူ၏​အ​မျိုး​ပြစ်​မှား​ရာ​အ​ကြောင်း ဖြစ်​သ​တည်း။ 28ထို​သို့ မိ​ဒျန်​အ​မျိုး​သည် ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှာ​ရှုံး၍၊ နောက်​တစ်​ဖန် အ​စိုး​မ​ရ​ဘဲ နေ​ကြ၏။ ဂိ​ဒေါင်​လက်​ထက် အ​နှစ်​လေး​ဆယ်​တိုင်​တိုင် တစ်​ပြည်​လုံး​ငြိမ်း​လေ၏။
ဂိ​ဒေါင်​ကွယ်​လွန်​ခြင်း
29ယော​ရှ​သား​ယေ​ရု​ဗ္ဗာ​လ​သည် မိ​မိ​အိမ်​သို့​သွား၍​နေ​သ​တည်း။
30ဂိ​ဒေါင်​သည် မ​ယား​များ၍၊ ကိုယ်​ရ​သော သား​ခု​နစ်​ဆယ်​ရှိ၏။ 31ရှေ​ခင်​မြို့၌​နေ​သော မ​ယား​ငယ်​သည် သား​ယောက်ျား​ကို ဖွား​မြင်၍၊ ထို​သား​ကို အ​ဘိ​မ​လက်​အ​မည်​ဖြင့် မှည့်​လေ၏။ 32ယော​ရှ​သား​ဂိ​ဒေါင်​သည် အ​သက်​ကြီး​ရင့်​သော် အ​နိ​စ္စ​ရောက်၍၊ အ​ဗျေ​ဇာ​သား​နေ​ရာ ဩ​ဖ​ရ​မြို့​မှာ၊ အ​ဘ​ယော​ရှ​သင်္ချိုင်း၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​လေ၏။ 33ဂိ​ဒေါင်​သေ​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဖောက်​ပြန်၍ ဗာ​လ​ဘု​ရား​တို့​နှင့် မှား​ယွင်း​သ​ဖြင့်၊ ဗာ​လ​ဗေ​ရိတ်​ကို ဘု​ရား​အ​ရာ၌ ချီး​မြှောက်​ကြ၏။ 34ပတ်​ဝန်း​ကျင်​ရန်​သူ​လက်​မှ ကယ်​နုတ်​တော်​မူ​သော မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မ​အောက်​မေ့​ဘဲ၊ 35ဂိ​ဒေါင်​တည်း​ဟူ​သော ယေ​ရု​ဗ္ဗာ​လ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ပြု​သ​မျှ​သော ကျေး​ဇူး​နှင့်​အ​ညီ၊ သူ၏​အ​မျိုး၌ ကျေး​ဇူး​တုံ့ ပြန်၍​မ​ပြု​ဘဲ နေ​ကြ၏။

လက်ရှိရွေးချယ်ထားမှု

တရားသူကြီး 8: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။