YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 9

9
အ​ဘိ​မ​လက်
1ယေ​ရု​ဗ္ဗာ​လ​သား အ​ဘိ​မ​လက်​သည် ရှေ​ခင်​မြို့​သို့​သွား၍ ဦး​ရီး​များ၊ အ​မိ၏​အ​ဆွေ​အ​မျိုး​များ​အ​ပေါင်း​တို့​နှင့် နှုတ်​ဆက်​လျက်၊ 2ယေ​ရု​ဗ္ဗာ​လ​သား​ခု​နစ်​ဆယ်​တို့​သည် သင်​တို့​ကို အုပ်​စိုး​ကောင်း​သ​လော။ သား​တစ်​ယောက်​တည်း အုပ်​စိုး​ကောင်း​သ​လော။ ငါ​သည် သင်​တို့၏​အ​ရိုး​အ​သား​စစ်​ဖြစ်​ကြောင်း​ကို မ​မေ့​ကြ​နှင့်​ဟု ရှေ​ခင်​မြို့​သား​အ​ပေါင်း​တို့​အား ပြော​ရ​မည်​အ​ကြောင်း​ကို တိုင်​ပင်​လေ၏။ 3ထို​စ​ကား​ကို ဦး​ရီး​တို့​သည် ရှေ​ခင်​မြို့​သား​တို့​အား အ​ကုန်​အ​စင်​ပြန်​ပြော၍၊ သူ​တို့​က၊ အ​ဘိ​မ​လက်​သည် ငါ​တို့​ညီ​အစ်​ကို​ဖြစ်​သည်​ဟု ဆို​လျက် သူ့​နောက်​သို့ လိုက်​ချင်​သော​စိတ် နူး​ညွတ်​သ​ဖြင့်၊ 4ငွေ​ခု​နစ်​ဆယ်​ကို ဗာ​လ​ဗေ​ရိတ်​အိမ်​မှ​ထုတ်၍​ပေး​လျှင်၊ အ​ဘိ​မ​လက်​သည် လျှပ်​ပေါ်​သော​သူ​တို့​ကို ထို​ငွေ​နှင့်​ငှား၍ အ​မှု​ကို​ထမ်း​စေ၏။ 5တစ်​ဖန် ဩ​ဖ​ရ​မြို့၌​ရှိ​သော မိ​မိ​အ​ဘ​အိမ်​သို့ သွား၍၊ မိ​မိ​ညီ​အစ်​ကို ယေ​ရု​ဗ္ဗာ​လ​သား ခု​နစ်​ဆယ်​တို့​ကို ကျောက်​တစ်​ခု​ပေါ်​မှာ သတ်​လေ၏။ သို့​ရာ​တွင်၊ ယေ​ရု​ဗ္ဗာ​လ​သား​အ​ငယ်​ဆုံး ယော​သံ​သည် ပုန်း​ရှောင်၍​နေ​သော​ကြောင့် ကျန်​ရစ်​သ​တည်း။ 6ရှေ​ခင်​မြို့​သား​အ​ပေါင်း​တို့​နှင့် မိ​လ္လော​အ​ဆွေ​အ​မျိုး အ​ပေါင်း​တို့​သည် ရှေ​ခင်​မြို့​တွင်​ရှိ​သော အ​ထိမ်း​အ​မှတ် သ​ပိတ်​ပင်​အ​နား​မှာ​စည်း​ဝေး၍ အ​ဘိ​မ​လက်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​ကြ၏။
7ထို​အ​မှု​ကို ယော​သံ​သည် ကြား​သိ​သော​အ​ခါ၊ ဂေ​ရ​ဇိမ်​တောင်​သို့ သွား၍၊ တောင်​ပေါ်​မှာ​ရပ်​လျက် အ​သံ​ကို​လွှင့်၍ ကြွေး​ကြော်​လေ​သည်​မှာ၊ အို​ရှေ​ခင်​မြို့​သား​တို့၊ သင်​တို့​စ​ကား​ကို ဘု​ရား​သ​ခင် နား​ထောင်​တော်​မူ​မည်​အ​ကြောင်း၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ 8သစ်​ပင်​တို့​သည် မိ​မိ​တို့​ကို အုပ်​စိုး​ရ​သော ရှင်​ဘု​ရင်​ကို ခန့်​ထား​လျက် ဘိ​သိက်​ပေး​ခြင်း​ငှာ ထွက်​သွား၍၊ အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​တော်​မူ​ပါ​ဟု သံ​လွင်​ပင်​အား လျှောက်​ကြ​လျှင်၊ 9သံ​လွင်​ပင်​က၊ ဘု​ရား​အ​သ​ရေ၊ လူ​အ​သ​ရေ​ကို ပြု​စု​စ​ရာ ငါ့​အ​ဆီ​အ​ပြား​ကို ငါ​သည်​စွန့်၍ သစ်​ပင်​တို့​အ​ပေါ်​မှာ လွှမ်း​မိုး​ရ​မည်​လော​ဟု ဆို၏။ 10တစ်​ဖန် သင်္ဘော​သ​ဖန်း​ပင်​အား၊ ကိုယ်​တော်​ကြွ၍ အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​တော်​မူ​ပါ​ဟု သစ်​ပင်​တို့​သည် လျှောက်​ကြ​လျှင်၊ 11သင်္ဘော​သ​ဖန်း​ပင်​က၊ ငါ၌ ချို​သော​အ​ရ​သာ​နှင့် ကောင်း​သော​အ​သီး​ကို ငါ​သည်​စွန့်၍ သစ်​ပင်​တို့​အ​ပေါ်​မှာ လွှမ်း​မိုး​ရ​မည်​လော​ဟု ဆို၏။ 12တစ်​ဖန် စ​ပျစ်​ပင်​အား ကိုယ်​တော်​ကြွ၍ အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​တော်​မူ​ပါ​ဟု သစ်​ပင်​တို့​သည် လျှောက်​ကြ​လျှင်၊ 13စ​ပျစ်​ပင်​က၊ ဘု​ရား၏​စိတ်​နှင့် လူ၏​စိတ်​ကို ရွှင်​လန်း​စေ​သော ငါ့​စ​ပျစ်​ရည်​ကို ငါ​သည်​စွန့်၍ သစ်​ပင်​တို့​အ​ပေါ်​မှာ လွှမ်း​မိုး​ရ​မည်​လော​ဟု ဆို၏။ 14တစ်​ဖန် ဆူး​လေ​ပင်​အား ကိုယ်​တော်​ကြွ၍ အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​တော်​မူ​ပါ​ဟု သစ်​ပင်​အ​ပေါင်း​တို့​သည် လျှောက်​ကြ​လျှင်၊ 15ဆူး​လေ​ပင်​က၊ သင်​တို့​သည် ငါ့​ကို သင်​တို့၏ ရှင်​ဘု​ရင်​ဖြစ်​စေ​ခြင်း​ငှာ ခန့်​ထား၍ ဧ​ကန်​အ​မှန် ဘိ​သိက်​ပေး​လို​လျှင်၊ လာ​ကြ၊ ငါ့​အ​ရိပ်​ကို ခို​လှုံ​ကြ။ သို့​မ​ဟုတ် ဆူး​လေ​ပင်​ထဲ​က မီး​ထွက်၍ လေ​ဗ​နုန်​အာ​ရစ်​ပင်​တို့​ကို လောင်​လိမ့်​မည်​ဟု သစ်​ပင်​တို့​အား ပြန်​ပြော၏။ 16ယ​ခု​မှာ သင်​တို့​သည် အ​ဘိ​မ​လက်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​သော​အား​ဖြင့် သ​စ္စာ​တ​ရား​ကို​စောင့်၍၊ ယေ​ရု​ဗ္ဗာ​လ​နှင့် သူ၏​အ​မျိုး​အ​နွယ်​အား ကောင်း​မွန်​စွာ​ပြု​ကြ​ပြီ​လော။ ယေ​ရု​ဗ္ဗာ​လ​သည် ကျေး​ဇူး​ပြု၍ ခံ​ထိုက်​သည်​အ​တိုင်း သူ့​အား ကျေး​ဇူး​ဆပ်​ကြ​ပြီ​လော။ 17ငါ့​အ​ဘ​သည် သင်​တို့​အ​ဖို့ စစ်​တိုက်၍ ကိုယ်​အ​သက်​ကို​စွန့်​စား​လျက်၊ သင်​တို့​ကို မိ​ဒျန်​အ​မျိုး​လက်​မှ ကယ်​နုတ်​လေ​ပြီ။ 18သင်​တို့​သည် ငါ့​အ​ဘ၏​အ​ဆွေ​အ​မျိုး​တစ်​ဖက်၌ ယ​နေ့​ထ၍ သူ၏​သား​ခု​နစ်​ဆယ်​တို့​ကို ကျောက်​တစ်​ခု​ပေါ်​မှာ သတ်​ပြီး​လျှင်၊ သူ၏​ကျွန်​မ​တွင် မြင်​သော​သား အ​ဘိ​မ​လက်​သည် သင်​တို့​ညီ​အစ်​ကို​ဖြစ်​သော​ကြောင့်၊ သူ့​ကို ရှေ​ခင်​မြို့​သား​တို့၏ ရှင်​ဘု​ရင်​ခန့်​ထား​ကြ​ပြီ​တ​ကား။ 19ယ​ခု​မှာ သင်​တို့​သည် ယေ​ရု​ဗ္ဗာ​လ​နှင့် သူ၏​အ​မျိုး​အ​နွယ်​အား သ​စ္စာ​တ​ရား​အ​တိုင်း ယ​နေ့​ပြု​ပြီး​လျှင်၊ အ​ဘိ​မ​လက်​ကို အ​မှီ​ပြု၍ ဝမ်း​မြောက်​ကြ​လော့။ အ​ဘိ​မ​လက်​သည်​လည်း သင်​တို့​ကို အ​မှီ​ပြု၍ ဝမ်း​မြောက်​ပါ​စေ။ 20သို့​မ​ဟုတ်​လျှင် အ​ဘိ​မ​လက်​ထဲ​က မီး​ထွက်၍၊ ရှေ​ခင်​မြို့​သား​နှင့် မိ​လ္လော​အ​ဆွေ​အ​မျိုး​ကို​လောင်​ပါ​စေ။ ရှေ​ခင်​မြို့​သား​နှင့် မိ​လ္လော​အ​ဆွေ​အ​မျိုး​ထဲ​က မီး​ထွက်၍ အ​ဘိ​မ​လက်​ကို လောင်​ပါ​စေ​ဟု ကြွေး​ကြော်​ပြီး​မှ၊ 21အ​လျင်​အ​မြန်​ပြေး၍ အစ်​ကို​အ​ဘိ​မ​လက်​ကို ကြောက်​သော​ကြောင့် ဗေ​ရ​မြို့​သို့ သွား၍​နေ​လေ၏။
22အ​ဘိ​မ​လက်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​စိုး၍ သုံး​နှစ်​စေ့​သော​အ​ခါ၊ 23ဘု​ရား​သ​ခင်​သည် အ​ဘိ​မ​လက်​နှင့် ရှေ​ခင်​မြို့​သား​စပ်​ကြား​မှာ ဆိုး​သော​ဝိ​ညာဉ်​ကို စေ​လွှတ်​တော်​မူ၍၊ ရှေ​ခင်​မြို့​သား​တို့​သည် အ​ဘိ​မ​လက်၏​သ​စ္စာ​ကို​ဖျက်​ကြ၏။ 24အ​ကြောင်း​မူ​ကား၊ ယေ​ရု​ဗ္ဗာ​လ၏​သား​ခု​နစ်​ဆယ်​တို့၌ ကြမ်း​တမ်း​စွာ​ပြု၍ သတ်​မိ​သော​အ​ပြစ်​သည် သူ​တို့​ကို​သတ်​သော သူ​တို့​ညီ​အစ်​ကို အ​ဘိ​မ​လက်​အ​ပေါ်​သို့​လည်း​ကောင်း၊ ညီ​အစ်​ကို​များ​ကို သတ်​သော​အ​မှု၌ ဝိုင်း၍​လက်​ခံ​သော ရှေ​ခင်​မြို့​သား​တို့​အ​ပေါ်​သို့​လည်း​ကောင်း ရောက်​ရ​မည်​အ​ကြောင်း​တည်း။ 25ရှေ​ခင်​မြို့​သား​တို့​သည် အ​ဘိ​မ​လက်​ကို ချောင်း​မြောင်း​စေ​ခြင်း​ငှာ၊ လူ​တို့​ကို တောင်​ထိပ်​ပေါ်​မှာ​ထား၍ ထို​သူ​တို့​သည် ခ​ရီး​သွား​သော​သူ​အ​ပေါင်း​တို့၏ ဥ​စ္စာ​ကို လု​ယူ​ကြ၏။ ထို​သ​တင်း​ကို​လည်း၊ အ​ဘိ​မ​လက်​သည် ကြား၏။ 26ဧ​ဗက်၏​သား​ဂါ​လ​သည် မိ​မိ​ညီ​အစ်​ကို​တို့​နှင့်​အ​တူ ရှေ​ခင်​မြို့​ဘက်​သို့​ဝင်၍ ရှေ​ခင်​မြို့​သား​တို့​သည် သူ့​ကို​ကိုး​စား​ကြ၏။ 27ဥ​ယျာဉ်၌​လည်​လျက် စ​ပျစ်​သီး​ကို သိမ်း​ယူ​လျက် ပျော်​မွေ့​ခြင်း​ကို​ပြု​သ​ဖြင့်၊ မိ​မိ​တို့ ဘု​ရား၏​ကျောင်း​သို့​သွား၍ အ​ဘိ​မ​လက်​ကို ကျိန်​ဆဲ​ကြ၏။ 28ဧ​ဗက်၏​သား ဂါ​လ​က​လည်း၊ ငါ​တို့​သည် အ​ဘိ​မ​လက်​အ​မှု​ကို စောင့်​ရ​မည်​အ​ကြောင်း၊ အ​ဘိ​မ​လက်​ကား အ​ဘယ်​သူ​နည်း၊ ရှေ​ခင်​ကား အ​ဘယ်​သူ​နည်း။ အ​ဘိ​မ​လက်​သည် ယေ​ရု​ဗ္ဗာ​လ​သား မ​ဟုတ်​လော။ ဇေ​ဗု​လ​သည် သူ၏​အ​မှု​ထမ်း​မ​ဟုတ်​လော။ ရှေ​ခင်​အ​ဘ ဟာ​မော်​လူ​တို့၏​အ​မှု​ကို ထမ်း​ကြ​လော့။ အ​ဘိ​မ​လက်​အ​မှု​ကို အ​ဘယ်​ကြောင့် ထမ်း​ရ​မည်​နည်း။ 29ဤ​လူ​တို့​သည် ငါ့​လက်​သို့ ရောက်​ပါ​စေ​သော။ သို့​ဖြစ်​လျှင် အ​ဘိ​မ​လက်​ကို ငါ​ပယ်​မည်​ဟူ၍​လည်း​ကောင်း၊ အ​ဘိ​မ​လက်​အား သင်၏​ဗိုလ်​ခြေ​တို့​ကို ပြင်​ဆင်၍ လာ​တော့​ဟူ၍​လည်း​ကောင်း ဆို၏။ 30ဧ​ဗက်၏​သား ဂါ​လ​စ​ကား​ကို မြို့​အုပ်​ဇေ​ဗု​လ​ကြား​သော​အ​ခါ အ​မျက်​ထွက်၍ 31ပ​ရိ​ယာယ်​အား​ဖြင့် အ​ဘိ​မ​လက်​ထံ​သို့ စေ​လွှတ်​လျက်၊ ဧ​ဗက်၏​သား​ဂါ​လ​သည် မိ​မိ​ညီ​အစ်​ကို​တို့​နှင့်​အ​တူ ရှေ​ခင်​မြို့​သို့​လာ၍ ကိုယ်​တော်​တစ်​ဖက်၌ မြို့​ကို​ပြင်​ဆင်​ကြ​ပါ၏။ 32သို့​ဖြစ်၍ ည​အ​ခါ ကိုယ်​တော်​သည် ပါ​သော​သူ​တို့​နှင့်​တ​ကွ​ထ၍၊ တော၌ ချောင်း​မြောင်း​လျက် နေ​တော်​မူ​ပါ။ 33နံ​နက်​စော​စော နေ​ထွက်​စ​က​ထ၍ မြို့​ကို​တိုက်​တော်​မူ​ပါ။ ဂါ​လ​သည် သူ၌​ပါ​သော လူ​တို့​နှင့်​တ​ကွ ဆီး၍​ကြို​သော​အ​ခါ၊ အ​ဆင်​သင့်​သည်​အ​တိုင်း​ပြု​တော်​မူ​ပါ​ဟု ကြား​လျှောက်​လေ။
34အ​ဘိ​မ​လက်​သည် သူ၌​ပါ​သ​မျှ​သော လူ​တို့​နှင့်​တ​ကွ ည​အ​ခါ​ထ၍ တပ်​လေး​တပ်​ခွဲ​ပြီး​လျှင်၊ ရှေ​ခင်​မြို့​ကို ချောင်း​မြောင်း​လျက်​နေ​ကြ၏။ 35ဧ​ဗက်၏​သား​ဂါ​လ​သည် ထွက်၍ မြို့​တံ​ခါး​ဝ၌​ရပ်​လျှင်၊ အ​ဘိ​မ​လက်​သည် မိ​မိ၌​ပါ​သော သူ​တို့​နှင့်​တ​ကွ ချောင်း​မြောင်း​ရာ​မှ​ထ​ကြ၏။ 36ဂါ​လ​သည် ထို​လူ​တို့​ကို မြင်​လျှင်၊ တောင်​ပေါ်​မှ လူ​များ​ဆင်း​လာ​ကြ​သည်​ဟု ဇေ​ဗု​လ​အား​ဆို​သော်၊ ဇေ​ဗု​လ​က တောင်​အ​ရိပ်​သည် လူ​ကဲ့​သို့ ထင်​သည်​ဟု ပြန်​ပြော၏။ 37တစ်​ဖန် ဂါ​လ​က၊ ကြည့်​ပါ။ လူ​အ​ချို့​တို့​သည် တောင်​ရိုး​ပေါ်​မှ ဆင်း​လာ​ကြ၏။ အ​ချို့​တို့​သည် မော​နေ​နိမ် သ​ပိတ်​တော​လမ်း​ဖြင့်​လာ​ကြ၏​ဟု ပြော​ဆို​လျှင်၊ 38ဇေ​ဗု​လ​က၊ ငါ​တို့​သည် အ​ဘိ​မ​လက်​အ​မှု​ကို ထမ်း​ရ​မည်​အ​ကြောင်း၊ အ​ဘိ​မ​လက်​သည် အ​ဘယ်​သူ​နည်း​ဟု သင်​ဆို​သော​နှုတ်​သည် ယ​ခု​အ​ဘယ်​မှာ ရှိ​သ​နည်း။ ထို​လူ​တို့​သည် သင်​မ​ထီ​မဲ့​မြင်​ပြု​သော သူ​မ​ဟုတ်​လော။ ထွက်၍ သူ​တို့​ကို စစ်​တိုက်​ပါ​လော့​ဟု ဆို​သော်၊ 39ဂါ​လ​သည် ရှေ​ခင်​မြို့​သား​တို့​ရှေ့​မှာ ထွက်၍ အ​ဘိ​မ​လက်​ကို တိုက်​လေ၏။ 40အ​ဘိ​မ​လက်​လိုက်၍ ဂါ​လ​ပြေး​သ​ဖြင့် များ​သော​သူ​တို့​သည် မြို့​တံ​ခါး​ဝ​တိုင်​အောင် အ​ထိ​အ​ခိုက်​ခံ​လျက် လဲ၍​သေ​ကြ၏။ 41အ​ဘိ​မ​လက်​သည် အ​ရု​မ​မြို့​မှာ​နေ၍ ဇေ​ဗု​လ​သည် ဂါ​လ​နှင့် သူ၏​ညီ​အစ်​ကို​တို့​ကို ရှေ​ခင်​မြို့၌ မ​နေ​စေ​ခြင်း​ငှာ နှင်​ထုတ်​လေ၏။ 42နက်​ဖြန်​နေ့၌ လူ​များ​တို့​သည် မြို့​ပြင်​သို့ ထွက်​မည်​အ​ကြောင်း​ကို အ​ဘိ​မ​လက်​သည် ကြား​လျှင်၊ 43မိ​မိ​လူ​တို့​ကို သုံး​စု​ခွဲ၍ တော၌ ချောင်း​မြောင်း​လျက် နေ​သ​ဖြင့်၊ မြို့​သား​တို့​သည် ထွက်​လာ​ကြ​သော​အ​ခါ ထ၍​လုပ်​ကြံ​လေ၏။ 44အ​ဘိ​မ​လက်​သည် မိ​မိ​လူ​တစ်​စု​နှင့် မြို့​တံ​ခါး​ဝ​သို့ ပြေး​တက်၍ စောင့်​နေ၏။ အ​ခြား​သော လူ​နှစ်​စု​တို့​သည် တော၌​ရှိ​သော လူ​တို့​ဆီ​သို့​ပြေး၍ သတ်​ကြ၏။ 45အ​ဘိ​မ​လက်​သည် တစ်​နေ့​လုံး​မြို့​ကို တိုက်၍​ရ​သော​အ​ခါ၊ မြို့၌​တွေ့​သော​သူ​တို့​ကို သတ်​ပြီး​လျှင် မြို့​ရိုး​ကို​ဖြို​ဖျက်၍ မြို့​ရာ​ကို ဆား​နှင့် ကြဲ​ဖြန့်​လေ၏။
46ထို​သ​တင်း​ကို ရှေ​ခင်​ရဲ​တိုက်​သား​အ​ပေါင်း​တို့​သည် ကြား​လျှင်၊ ဗေ​ရိတ်​ဘု​ရား၏​ကျောင်း၌ ခိုင်​ခံ့​သော အ​ခန်း​ထဲ​မှာ စု​ဝေး​ကြ၏။ 47ရှေ​ခင်​ရဲ​တိုက်​သား​အ​ပေါင်း​တို့​သည် စု​ဝေး​ကြောင်း​ကို အ​ဘိ​မ​လက်​သည် ကြား​လတ်​သော်၊ 48ကိုယ်​တိုင်​မှ​စ၍ ပါ​သော​သူ​အ​ပေါင်း​တို့​သည် ဇ​လ​မုန်​တောင်​သို့ သွား​ပြီး​လျှင်၊ အ​ဘိ​မ​လက်​သည် ပု​ဆိန်​နှင့် သစ်​ခက်​ကို​ခုတ်၍ မိ​မိ​ပု​ခုံး​ပေါ်​မှာ တင်​ထမ်း​လျက်၊ ငါ​ပြု​သည်​ကို သင်​တို့ မြင်​သည်​အ​တိုင်း အ​လျင်​အ​မြန်​ပြု​ကြ​လော့​ဟု လိုက်​သော​သူ​တို့​အား​ဆို​လျှင်၊ 49သူ၏​လူ​အ​ပေါင်း​တို့​သည် ထို​အ​တူ အ​သီး​အ​သီး​သစ်​ခက်​တို့​ကို ခုတ်၍ အ​ဘိ​မ​လက်​နောက်​သို့ လိုက်​လျက် ခိုင်​ခံ့​သော​အ​ခန်း​ကို မီး​ရှို့​ကြ၏။ ထို​သို့ ရှေ​ခင်​ရဲ​တိုက်​သား​အ​ပေါင်း​တို့​နှင့်​အ​တူ တစ်​ထောင်​သော ယောက်ျား​မိန်း​မ​တို့​သည် သေ​ကြ​ကုန်၏။
50ထို​နောက်​မှ အ​ဘိ​မ​လက်​သည် သေ​ဗက်​မြို့​သို့​သွား၍ တပ်​ချ​ပြီး​လျှင် တိုက်​ယူ​လေ၏။ 51သို့​ရာ​တွင် မြို့​ထဲ​မှာ ခိုင်​ခံ့​သော ရဲ​တိုက်​တစ်​ခု​ရှိ၍၊ မြို့​သား ယောက်ျား​မိန်း​မ​အ​ပေါင်း​တို့​သည် ထို​ရဲ​တိုက်​ထဲ​သို့ ပြေး​ဝင်​ကြ၏။ တံ​ခါး​ကို​လည်း ပိတ်​ထား၍ ရဲ​တိုက်​အ​ပေါ်​သို့ တက်​ကြ၏။ 52အ​ဘိ​မ​လက်​သည် ရဲ​တိုက်​ကို လာ၍​တိုက်​လျက်၊ ရဲ​တိုက်​တံ​ခါး​ကို မီး​ရှို့​ခြင်း​ငှာ ချဉ်း​ကပ်​သော​အ​ခါ၊ 53မိန်း​မ​တစ်​ယောက်​သည် ကြိတ်​ဆုံ​ကျောက်​တစ်​ဖဲ့​ကို အ​ဘိ​မ​လက်​ခေါင်း​ပေါ်​သို့ ပစ်​ချ၍ ဦး​ခေါင်း​ခွံ​ပေါက်​ကွဲ​လေ၏။#၂​ရာ၊ ၁၁:၂၁။ 54သူ​သည် လက်​နက်​ကိုင်​လု​လင်​ကို အ​လျင်​အ​မြန်​ခေါ်၍ မိန်း​မ​သည် အ​ဘိ​မ​လက်​ကို သတ်​သည်​ဟု ပြော​စ​ရာ​မ​ရှိ​စေ​ခြင်း​ငှာ၊ သင့်​ဓား​ကို​ထုတ်၍ ငါ့​ကို​သတ်​လော့​ဟု ဆို​သည်​အ​တိုင်း၊ လု​လင်​သည်​ထိုး၍ အ​ဘိ​မ​လက် သေ​လေ၏။ 55အ​ဘိ​မ​လက်​သေ​ကြောင်း​ကို ဣ​သ​ရေ​လ​လူ​တို့​သည် သိ​မြင်​လျှင်၊ အ​သီး​အ​သီး မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ၏။ 56ထို​သို့ အ​ဘိ​မ​လက်​သည် မိ​မိ​ညီ​အစ်​ကို​ခု​နစ်​ဆယ်​တို့​ကို သတ်၍ ပြု​မိ​သော ဒု​စ​ရိုက်​အ​ပြစ်​ကို ဘု​ရား​သ​ခင် ဆပ်​ပေး​တော်​မူ၏။ 57ရှေ​ခင်​မြို့​သား​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ကို​လည်း သူ​တို့​ခေါင်း​ပေါ်​သို့ ဘု​ရား​သ​ခင် ရောက်​စေ​တော်​မူ​သ​ဖြင့်၊ ယေ​ရု​ဗ္ဗာ​လ​သား ယော​သံ​ကျိန်​သော စ​ကား​အ​တိုင်း သူ​တို့​သည် ခံ​ရ​ကြ၏။

လက်ရှိရွေးချယ်ထားမှု

တရားသူကြီး 9: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ