YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 7:1-3

တရားသူကြီး 7:1-3 Judson Bible (JBMLE)

ယေ​ရု​ဗ္ဗာ​လ​အ​မည်​ဖြင့် ခေါ်​ဝေါ်​သော ဂိ​ဒေါင်​သည် နံ​နက်​စော​စော​ထ၍၊ ရှိ​သ​မျှ​သော သူ​တို့​နှင့်​တ​ကွ ဟာ​ရုတ်​ရေ​တွင်း​နား​မှာ တပ်​ချ​သ​ဖြင့်၊ မိ​ဒျန်​တပ်​သည် မြောက်​ဘက်၊ မော​ရေ​တောင်​ခြေ​ရင်း​ချိုင့်၌ ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၌​ပါ​သော​လူ​တို့​သည် အ​လွန်​များ၍၊ သူ​တို့​လက်၌ မိ​ဒျန်​လူ​တို့​ကို ငါ​မ​အပ်​ရ။ အပ်​လျှင် ဣ​သ​ရေ​လ​အ​မျိုး​က၊ ငါ့​လက်​ရုံး​သည် ငါ့​ကို​ကယ်​တင်​ပြီ​ဟု ငါ့​တစ်​ဖက်၌ ဝါ​ကြွား​လိမ့်​မည်။ သို့​ဖြစ်၍၊ ကြောက်​လန့်​သော​သူ မည်​သည်​ကား၊ ဂိ​လဒ်​တောင်​မှ စော​စော​ပြန်​သွား​စေ​ဟု လူ​များ​တို့​အား ဟစ်​ကြော်​လော့​ဟု ဂိ​ဒေါင်​အား​မိန့်​တော်​မူ​သ​ဖြင့်၊ လူ​နှစ်​သောင်း​နှစ်​ထောင်​ပြန်​သွား၍ တစ်​သောင်း​ကျန်​ရစ်၏။

တရားသူကြီး 7:1-3 Common Language Bible (BCL)

တစ်​နေ့​သ​၌​ဂိဒေါင်​နှင့်​တ​ကွ​သူ​နှင့်​ပါ​လာ သော​လူ​အ​ပေါင်း​တို့​သည်​နံ​နက်​စော​စော​ထ ၍ ဟာ​ရုတ်​စမ်း​အ​နီး​၌​တပ်​ချ​ကြ​၏။ မိ​ဒျန် အ​မျိုး​သား​တို့​၏​တပ်​စ​ခန်း​သည်​သူ​တို့ ၏​မြောက်​ဘက်​မော​ရ​တောင်​ကုန်း​အ​နီး​ရှိ ချိုင့်​ထဲ​၌​ရှိ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​က​ဂိ​ဒေါင်​အား``သင်​နှင့် အ​တူ​ပါ​လာ​သော​လူ​တို့​သည်​အ​ရေ​အ​တွက် အား​ဖြင့်​များ​လွန်း​သ​ဖြင့် သူ​တို့​အား​မိ​ဒျန် အ​မျိုး​သား​တို့​အ​ပေါ်​အောင်​မြင်​ခွင့်​ကို​ငါ မ​ပေး​လို။ အ​ကယ်​၍​ပေး​ခဲ့​သော်​သူ​တို့​သည် မိ​မိ​တို့​၏​စွမ်း​ရည်​ဖြင့်​အောင်​ပွဲ​ရ​သည်​ဟု ထင်​မှတ်​ကာ​ငါ့​ကျေး​ဇူး​ကို​မ​သိ​ဘဲ​နေ ကြ​လိမ့်​မည်။- သို့​ဖြစ်​၍`ကြောက်​လန့်​သူ​မှန်​သ​မျှ​မိ​မိ​တို့ အိမ်​သို့​ပြန်​ကြ​ပါ။ ငါ​တို့​မူ​ကား​ဤ​ဂိ​လဒ် တောင်​တွင်​နေ​ရစ်​မည်' ဟု​လူ​တို့​အား​ကြေ​ညာ လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​လူ​ပေါင်း နှစ်​သောင်း​နှစ်​ထောင်​တို့​သည်​ပြန်​သွား​ကြ​၏။ လူ​တစ်​သောင်း​မူ​ကား​နေ​ရစ်​ကြ​လေ​သည်။

တရားသူကြီး 7:1-3 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဂိဒေါင် ခေါ် ယေရုဗ္ဗာလ​သည် မိမိ​လူ​အားလုံး​နှင့်တကွ နံနက်စောစော စစ်ချီ​သွား​၍ ဟာရုတ်​စမ်းရေတွင်း​နား​၌ စခန်းချ​လေ​၏​။ မိဒျန်​လူမျိုး​တို့​သည် သူ​တို့​၏​မြောက်ဘက်​၊ မောရေ​တောင်ကုန်း​အနီး ချိုင့်ဝှမ်းလွင်ပြင်​၌ စခန်းချ​၏​။ ထာဝရဘုရား​က ဂိဒေါင်​အား “​သင်​နှင့်အတူ ပါလာ​သော​သင့်​လူ​တို့​သည် အလွန်များ​သောကြောင့် သူ​တို့​လက်​သို့ မိဒျန်​လူမျိုး​တို့​ကို ငါ​မ​အပ်​။ အပ်​မည်​ဆိုလျှင် အစ္စရေး​လူမျိုး​တို့​က ‘​ငါ​တို့​၏​လက်ရုံး​သည် ငါ​တို့​ကို​ကယ်တင်​ပြီ​’​ဟု ဝါကြွား​ပြောဆို​ကြ​လိမ့်မည်​။ ထို့ကြောင့် ‘​ကြောက်​တတ်​သော​သူ​၊ သတ္တိမရှိ​သော​သူ မည်သူမဆို ဂိလဒ်​တောင်​မှ လှည့်ပြန်​သွား​ကြ​’​ဟူ၍ လူ​အများ​ကြားသိ​အောင် ကြေညာ​လော့​”​ဟု မိန့်​တော်မူ​၏​။ ထိုသို့ ကြေညာ​ပြီး​သောအခါ လူ​အယောက်​နှစ်သောင်းနှစ်ထောင် ပြန်သွား​သဖြင့် လူ​အယောက်​တစ်သောင်း​သာ ကျန်ရစ်​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။