YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီးမှတ်စာ 7:1-3

တရားသူကြီးမှတ်စာ 7:1-3 MSBU

ဂိဒေါင် ခေါ် ယေရုဗ္ဗာလ​သည် မိမိ​လူ​အားလုံး​နှင့်တကွ နံနက်စောစော စစ်ချီ​သွား​၍ ဟာရုတ်​စမ်းရေတွင်း​နား​၌ စခန်းချ​လေ​၏​။ မိဒျန်​လူမျိုး​တို့​သည် သူ​တို့​၏​မြောက်ဘက်​၊ မောရေ​တောင်ကုန်း​အနီး ချိုင့်ဝှမ်းလွင်ပြင်​၌ စခန်းချ​၏​။ ထာဝရဘုရား​က ဂိဒေါင်​အား “​သင်​နှင့်အတူ ပါလာ​သော​သင့်​လူ​တို့​သည် အလွန်များ​သောကြောင့် သူ​တို့​လက်​သို့ မိဒျန်​လူမျိုး​တို့​ကို ငါ​မ​အပ်​။ အပ်​မည်​ဆိုလျှင် အစ္စရေး​လူမျိုး​တို့​က ‘​ငါ​တို့​၏​လက်ရုံး​သည် ငါ​တို့​ကို​ကယ်တင်​ပြီ​’​ဟု ဝါကြွား​ပြောဆို​ကြ​လိမ့်မည်​။ ထို့ကြောင့် ‘​ကြောက်​တတ်​သော​သူ​၊ သတ္တိမရှိ​သော​သူ မည်သူမဆို ဂိလဒ်​တောင်​မှ လှည့်ပြန်​သွား​ကြ​’​ဟူ၍ လူ​အများ​ကြားသိ​အောင် ကြေညာ​လော့​”​ဟု မိန့်​တော်မူ​၏​။ ထိုသို့ ကြေညာ​ပြီး​သောအခါ လူ​အယောက်​နှစ်သောင်းနှစ်ထောင် ပြန်သွား​သဖြင့် လူ​အယောက်​တစ်သောင်း​သာ ကျန်ရစ်​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။